Camellia (2010)
*****************
ဒီတစ်ခါမှာတော့ ဂျပန် ၊ ကိုးရီးယား ၊ ထိုင်း သုံးနိုင်ငံက ဒါရိုက်တာ ပူးပေါင်းဖန်တီးထားတဲ့
Busan Project လို့ အမည်ရတဲ့ Camellia ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
ဒီရုပ်ရှင်မှာတော့ ဇာတ်လမ်းတိုလေး သုံးခု ပါဝင်ပြီး အဲဒီဇာတ်လမ်းတို သုံးခုကို သုံးနိုင်ငံက
ဒါရိုက်တာ တစ်ယောက်စီက ရိုက်ကူးထားတာပါ ။
ပထမဆုံး ဇာတ်လမ်းတိုမှာတော့ Iron Pussy လို့ ခေါ်တဲ့ ထိုင်းလူမျိုးစပိုင်တစ်ယောက်ဟာ
မစ်ရှင်တစ်ခုအတွက် ဘူဆန်ကို ရောက်လာရင်း ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်
သွားတဲ့အကြောင်းကို ဖော်ပြထားပါတယ် ။ အဲဒီနောက် သူ ချစ်နေတဲ့သူက သူ့မစ်ရှင်ရဲ့ အဓိက
ပစ်မှတ်ဖြစ်နေတဲ့အခါ Iron Pussy ရဲ့ ခံစားချက်ကို နောက်ခံသီချင်းတွေ အသားပေးပြီး
ရိုက်ကူးထားတာဖြစ်ပါတယ် ။
ဒုတိယမြောက်ဇာတ်လမ်းတိုကတော့ ဂျပန်လူမျိုး ဒါရိုက်တာ Isao Yukisada က ရိုက်ကူး
ထားတာဖြစ်ပြီး ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရယ်
ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ကိုးရီးယား-ဂျပန်ကပြားမိန်းကလေးတစ်ယောက်ရယ်
အကြောင်းကို အဓိက ရိုက်ကူးထားတာပါ ။
နောက်ဆုံး ဇာတ်လမ်းတိုလေးကတော့ ကိုးရီးယားလူမျိုး ဒါရိုက်တာ Jang Joon Hwan က
ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ Song Hyekyo နဲ့ Kang Dongwon တို့က
ပါဝင်သရုပ်ဆောင်ထားတာပါ ။ ဇာတ်လမ်းတိုရဲ့ အဓိက theme ကတော့ ဦးနှောက်ထဲကနေ
အချစ်ကို ထုတ်ပြီး အရောင်းအဝယ်လုပ်လို့ရလာတဲ့ ခေတ်မျိုးမှာ ဒီအချစ်ကြောင့် လူတွေ
ဘယ်လောက်တောင်ရူးသွပ်နိုင်ကြသလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။
(အညွှန်းကို Hazelle မှ ရေးသားထားပါတယ်)
File size…2.39GB / 1.18 GB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….2h 23m
Genre ….. Comedy, Romance, Sci-Fi, Fantasy
Subtitle….Myanmar Subtitle (Hard Sub)
Translated by Hazelle
Encoded by AHtet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။