ဒီ Bonnie ဆိုတဲ့ဇာတ်ကားလေးက 2024 ကထွက်ခဲ့တဲ့
အင်ဒိုဇာတ်ကားလေးဖြစ်ပါတယ် Action,Drama &
High school life Genre ဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်း
++++++++
ယောက်ျားဖြစ်သူ ရန်ပွဲမှာ သေဆုံးသွားလို့ တစ်ချိန်လုံး
အရက်သောက်,လောင်းကစားလုပ်နေတဲ့ အမေကိုစိတ်နာပြီး
ကိုယ်ခံပညာကလည်း တတ်တော့သူ့ရဲ့မကျေနပ်ချက်တွေကို
လက်သီးသုံးပြီး ဖြေရှင်းတတ်တဲ့ကျောင်းသူ ကောင်မလေး
တစ်ယောက်ရဲ့အကြောင်းပါ…
သူက မတရားအနိုင်ကျင့်တာတွေ မိန်းကလေးတွေအပေါ်
ဖိနှိပ်တာတွေ, sexual assault လုပ်တတ်တဲ့ကောင်မျိုးတွေနဲ့
ဆုံတိုင်း မနက်မှာတွေ့ရင် ဟဲ့ကောင်တွေ မနက်စာစားနေကြ
တာလားလို့မေးပြီး ဗျင်းလိုက် , ညတွေ့ရင် ညစာစားနေတာ
လားမေးရင်းနဲ့ တီးလွှတ်လိုက်နဲ့ အကုန်ပတ်တီးနေတဲ့
ပတ်တီးလေးဆိုတော့ ကျောင်းတွေလည်း ဒီနေ့စတက် မနက်ဖြန်
ထွက်ဆိုသလို ခဏခဏပြောင်းရတဲ့ Main Lead ကောင်မလေးရဲ့
ဇာတ်လမ်းပါ ဇာတ်ကြောင်းက အင်မတန်ရိုးရှင်းပြီး run-time
သိပ်မကြာဘူးဆိုတော့ ဇာတ်လမ်းအကြောင်းတော့ အများကြီး
မပြောတော့ပါဘူး ပေးရတဲ့အချိန်နဲ့ ပြန်ရတာနဲ့ တန်တယ်လို့
ယူဆလို့ရပါတယ်…
Main Lead ဖြစ်တဲ့ Bonnie နေရာမှာသရုပ်ဆောင်တဲ့
Livi Ciananta ဆိုတဲ့မင်းသမီးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီးတော့
ဒီဇာဝာ်ကားအတွက်မင်းသမီးကိုယ်တိုင် Stuntသမားမသုံးပဲ
Martial Arts training တွေကိုယ်တိုင်အချိန်ပေးလေ့ကျင့်ပြီး
အင်ဒိုနီးရှားမှာ နာမည်ကြီးတဲ့ ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာပါ..
ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ရုပ်ရှင်ထဲမှာ ကဗျာ
စာသားလေးတွေ ပြန့်ကျဲပြီး နောက်ခံစကားပြောအနေနဲ့
ပါဝင်နေတာပါပဲ Indonesian to English , English to
Burmese ဘာသာပြန်ရတဲ့အတွက်ကြောင့် ကဗျာလေးတွေကို
ဘာသာပြန်တဲ့နေရာမှာ လိုအပ်ချက်လေးတွေရှိရင် နားလည်ပေး
ကြပါ…..
ကဗျာလေးတွေရဲ့ Message ကို အတတ်နိုင်ဆုံးခံစားပြီး ဘာသာ
ပြန်ပေးထားပါတယ်….
တချို့ ကဗျာစာသားလေးတွေက အတော်လေးနက်လို့
ဘာသာပြန်ရင်း ကဗျာပိုးပါဝင်ပြီး ဇာတ်ကားထဲမှာပါတဲ့
ကိုယ့်ကိုကိုယ်သိထားတာ အကောင်းဆုံးပဲဆိုတဲ့ ကဗျာ
စာသားလေးကို မှီငြမ်းပြီးတော့ ကဗျာလေးနှစ်ကြောင်းပါ
စပ်လိုက်ပါသေးတယ်….
” In life , it’s better to know your own voice
While you’re sailing through the sea of noise ”
ကဲ ကဗျာလေးပါ မေတ္တာလက်ဆောင်ထည့်ပေးထားတယ်
ဆိုတော့ အားပေးကြပါဦးခင်ဗျာ………………
( အညွှန်းနဲ့ ဘာသာပြန်ကတော့ Nice Guy ဖြစ်ပါတယ် )
File size… (1.51GB) / (840MB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….2h
Genre …..Action , Drama , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Nice Guy
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။