Channel Myanmar

An Arrow Through the Heart ( 2024 )

1h 28 min ActionDramaWar

5.8
IMDB: 5.8/10 525 votes

, , , , , , ,

China

125048

Report error

မြို့တော်မှာ နေတဲ့ယန်မိသားစုတစ်စုကတစ်နေ့မှာတော့ လုပ်ကြံသူတွေ
သတ်ဖြတ်တာခံလိုက်ရပေမဲ့ သားဖြစ်သူယန်ဟိုင်ကိုလွတ်မြောက်အောင်
ကာကွယ်ပေးခဲ့တာပေါ့။ဒီလိုနဲ့ ယန်ဟိုင်တစ်ယောက်ယန်ရှီပါးရှိတဲ့နေရာဆီ
သွားရှာခဲ့တယ်။ယန်ရှီပါးက ရှောင်ဟိုင်အဖေဆီကနေကြားနေကျမြှားပစ်တဲ့နေရာမှာ
ဆရာတစ်ဆူလိုထူးချွန်တဲ့ နတ်လေးသမားပေါ့။

ဒါပေမဲ့ရှောင်ဟိုင်လာတဲ့ အချိန်နောက်ကျသွားပြီး
ယန်ရှီပါးတစ်ယောက်ဟာလွန်ခဲ့တဲ့ (၂) နှစ်လောက်တည်းက
ဆုံးပါးသွားခဲ့တယ်။သမီးဖြစ်သူ ယန်ရှောင်ဖျင်ကတော့
မျက်မမြင်ဖြစ်ပေမဲ့လေးအတတ်ကိုအဖေအမွေဆက်ခံသူပီပီ ထူ
းချွန်ပြောင်မြောက်လှတယ်။သူနဲ့အတူနေတဲ့ ရှောင်ပုကတော့
စစ်မြေပြင်ကနေကောက်ယူလာတဲ့ မိဘမဲ့ဖြစ်ပြီးရှောင်ဟိုင်က သေဆုံးသွားတဲ့မိဘတွေကို
လက်စားချေဖို့ ရှောင်ဖျင်ဆီကနေလေးအတတ်ကိုသင်ယူခဲ့တယ်။

442

ဒီလိုနဲ့ ၃ ယောက်သားအေးအေးချမ်းချမ်းဖြတ်သန်းနေကြတဲ့
ချင်းဆွေရွာမှာတစ်နေ့တော့ ပင်လယ်ဓါးပြတွေ
တိုက်ခိုက်တာခံရပါတော့တယ်။ အကြောင်းရင်းကတော့
ဝေါတိုင်းပြည်ဓါးပြခေါင်းဆောင်ရဲ့သမီးဖြစ်သူနဲ့ရှောင်ဟိုင်တို့တွေ့ပြီး
သမီးဖြစ်သူကမြင်မြင်ချင်းချင်းမှာတင်ရှောင်ဟိုင်ကို
ချစ်မိသွားရာ သူနေထိုင်တဲ့ချင်းဆွေရွာကိုသွားပြီး
ရှောင်ဟိုင်ကိုဖမ်းခေါ်ပြီး သူ့ဘေးနားမှာ
ထားဖို့ကြံစည်ပါတော့တယ်။ ဓါးပြခေါင်းဆောင်သမီးဖြစ်သူကလည်း နှလုံးရောဂါကြောင့်
တစ်နှစ်ပဲအသက်ရှင်တော့ရတယ်ဆိုပေမဲ့
မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့နှလုံးကိုစားပါက
ရောဂါပျောက်နိုင်တယ်လို့သမားတော်ကပြောခဲ့တဲ့အပေါ် ရှောင်ဖျင်ကိုမြင်မြင်ချင်းချင်း
မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့ နှလုံးကိုယူဖို့ကြိုးစားပါတော့တယ်။

ဒီလိုနဲ့ ပင်လယ်ဓါးပြတစ်ဖွဲ့လုံးချင်းဆွေရွာက
ရွာသားတွေကိုဖမ်းဆီးသတ်ဖြတ်ထားတာကို
ရှောင်ဟိုင်ပြန်လာတဲ့အချိန်တွေ့သွားတဲ့အခါ
ရှောင်ဖျင်ကိုကယ်ဖို့ လိုက်ရှာရင်းဘာတွေဆက်ဖြစ်ကြမလဲ။
လေးအတတ်အင်မတန်တတ်ကျွမ်းလှတဲ့မျက်မမြင်ရှောင်ဖျင်တစ်ယောက်
ဘယ်လိုတွေအရည်အချင်းတွေများဖုံးကွယ်ထားသေးလဲစတာတွေကို
ဒီဇာတ်လမ်းလေးထဲမှာ ဖော်ပြသွားတာမို့လို့ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ရအောင်

Filesize : 1.58 GB / 818 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Action , Drama , War
Runtime : 1h 28 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Ann Chi
Encoded by LK

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies