အချစ်ကိုကြောက်လို့ ချစ်သူမထားရဲတော့ဘဲ သူငယ်ချင်းလေးတွေနဲ့ပဲ
အဆင့်လေးတွေတက်တဲ့သူတွေကိုမြင်ဖူးကြားဖူးကြမှာပါ။သူတို့ကိုတော့
ဒီဇာတ်ကားနာမည်အတိုင်း Amigos Sem Compromisso လို့ခေါ်ကြပြီး
အင်္ဂလိပ်လိုဆိုရင်တော့ Friends With Benefits လို့ခေါ်ကြပါတယ်။
ဒီဇာတ်ကားလေးကအဲ့လို အချစ်ကိုကြောက်နေကြတဲ့လူနှစ်ယောက်
အခွင့်အရေးလေးတွေရတဲ့သူငယ်ချင်းအဆင့်ကနေ အဲ့လိုနေလာတာကြာလာပြီး
ဘယ်လိုပြောင်းလဲမှုတွေနဲ့ကြုံလာရမယ်ဆိုတာကိုဒရာမာအပြည့်နဲ့ရိုက်ကူးတင်ဆက်
ထားတာဖြစ်ပါတယ်။
ဂျူလီယာနဲ့ဒန်နီရယ်တို့နှစ်ယောက်က မတူညီတဲ့မြို့တွေမှာနေကြသူတွေ
ဆိုပေမဲ့ သူတို့နှစ်ယောက်လုံးရည်းစားတွေနဲ့ပြတ်တဲ့အချိန်တွေကတော့
အတူတူလောက်ပါပဲ။ဒီလိုနဲ့နှစ်ယောက်လုံးအတည်ပေါက်ရည်းစားထားရတဲ့
အချစ်ကိုကြောက်နေကြပြီး အဲ့လိုဆက်ဆံရေးမျိုးထပ်မထားဖို့ဆုံးဖြတ်
လိုက်ကြပါတော့တယ်။
ကံကြမ္မာရဲ့ဆုံစည်းပေးမှုကြောင့်ဒန်နီရယ်ကအလုပ်ကိစ္စနဲ့ဂျူလီယာတို့ရှိရာ
မြို့ကိုရောက်လာပြီး အသည်းကွဲသူအချင်းချင်းအရမ်းရင်းနှီးသွားကြ
ပါတော့တယ်။ဒါပေမယ့်လူဆိုတာအသွေးအသားလိုအင်ဆန္ဒရှိတာဖြစ်တဲ့အတွက်
နှစ်ယောက်လုံးလိင်ကိစ္စပဲလုပ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲနေကြဖို့
သဘောတူလိုက်ပါတော့တယ်။
ဒီလိုနဲ့သူတို့နှစ်ယောက်တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးရင်း
အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပေမဲ့ အချိန်တွေကြာလာတဲ့အခါမှာ
ဒီလိုတစ်သက်လုံးနေသွားလို့မဖြစ်ဘူးဆိုတာကိုသိလာကြတဲ့အခါမှာတော့
မြန်မာကားဆန်ဆန်လေးကို နိုင်ငံခြား Vibe လေးတွေနဲ့ကြည့်ရှုရမဲ့ဒရာမာ
ဇာတ်ကားလေးပဲဖြစ်ပါတယ်။
File size…1.84GB / 774MB
Quality…WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 37m
Genre ….. Comedy , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။