ဒီဇာတ်ကားလေးကတော့ West Coast ဆရာကြီး Ice Cube ရဲ့ action ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tyson Bucum လို့ခေါ်တဲ့ Bounty hunter တစ်ယောက်ဟာ တစ်နေ့ Reggie Wright လို့ခေါ်တဲ့ သူခိုးတစ်ယောက်ကိုလိုက်ဖမ်းရင်း နှစ်ကောင်သား စိန်ခိုးဂိုဏ်းတစ်ခုအကြောင်းကိုသိသွားခဲ့ပါတယ်။
ဖြစ်ချင်တော့ စိန်ခိုးဂိုဏ်းခိုးလာတဲ့စိန်တွေကအတုတွေပါ။ Reggie ကလည်း သန်းခြောက်ဆယ်တန် ထီလက်မှတ်ပေါက်ထားပေမယ့် ထီလက်မှတ်က စိန်ခိုးဂိုဏ်းဆီပါသွားတဲ့ ပိုက်ဆံအိတ်ထဲရောက်သွားတော့ သူ့ကိုလိုက်ဖမ်းနေတဲ့ Tyson Bucum ကိုစည်းရုံးပြီး စိန်ခိုးဂိုဏ်းကိုဖမ်းကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Black Leading actor တွေပါတဲ့အလျောက်ဆဲသံဆိုသံကတော့ တစ်ကားလုံးတစ်ညံ့ညံ့နဲ့ကြည့်ရမှာဖြစ်ပါတယ်။
စကားများတဲ့လူပိန်လေး Reggie နဲ့ လူရိုးတုတ်ရိုက် Bucum တို့နှစ်ယောက် ဘယ်လိုမျိုးအလွဲတွေနဲ့အတူ နှစ်ပါးသွားကြမလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ Bad Boys ဇာတ်လမ်းမျိုးသဘောကျတဲ့သူတွေအတွက်တော့ ရွေးချယ်စရာဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
File size…(2.4 GB)/(1.2 GB)
Quality….Webrip HEVC 1080p / 720p
Format…mp4/ mkv
Duration….01:48:00
Genre…Action, Adventure, Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Saw Forlife
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။