Acoustic (2010)
*****************
ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ High Kick ဇာတ်လမ်းတွဲတွေနဲ့
နာမည်ရလာခဲ့ကြတဲ့ မင်းသမီး Shin Se Kyung, Baek Jin Hee အပါအဝင် နာမည်ကြီး
အဆိုတော်အဖွဲ့ 2 AM အဖွဲ့ဝင် Im Seul Ong ၊ CN Blue အဖွဲ့ဝင် Kang Min Hyuk နဲ့
အဖွဲ့ဝင်ဟောင်း Lee Jong Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဆယ်ဂယောင်းလို့ ခေါ်တဲ့ မိန်းကလေးဟာ အလွန်ရှားပါးတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး
ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ စားလို့ရတဲ့သူဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးလို့ဆိုရမယ့်
သီချင်းတစ်ပုဒ်ကို လူတွေဆီ ချပြချင်တဲ့စိတ်နဲ့ ဆေးရုံကထွက်ပြေးလာတဲ့သူပါ။
ဆောင်းဝန်းနဲ့ ဟယ်ဝန်းတို့ ၂ ယောက်ဟာ ဂီတသမားတွေဖြစ်ကြပေမဲ့ စားဝတ်နေရေးခက်ခဲ
လာတဲ့အတွက် သူတို့ရဲ့ဂီတာကို ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သတိမေ့တတ်တဲ့
ဟယ်ဝန်းကြောင့် ဂီတာသွားရောင်းတဲ့လမ်းမှာပဲ ဂီတာပျောက်ခဲ့ပါတော့တယ်။
ဂျင်ဟီးဆိုတဲ့ မိန်းကလေးကတော့ အမှတ်တရသီချင်းတစ်ပုဒ်ကို ထိန်းသိမ်းထားချင်ပြီး ဂျီဟူကတော့
ဂျင်ဟီးကို သဘောကျနေတာပဲဖြစ်ပါတယ်။
အပိုင်း ၃ ပိုင်းပါဝင်တဲ့ ဒီဇာတ်ကားလေးကတော့ အချစ်၊ မျှော်လင့်ချက်နဲ့ ဂီတကို သရုပ်ဖော်ထားတဲ့
ဇာတ်လမ်းပေါင်းချုပ်ပုံစံ ရိုက်ကူးထားတာမျိုးလေးပါ ..
စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ..
သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို ..
ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါနော်။
(အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်)
File size…1.82GB / 739MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….1h 27m
Genre ….. Music, Romance
Subtitle….Myanmar Subtitle (Hard Sub)
Translated by Nyein Sandi
Encoded by AHtet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။