Tennessee Williams ရဲ့ နာမည်ကြီးပြဇာတ်ကို Marlon Brando နဲ့ Vivien Leigh တို့နဲ့ အကောင်းဆုံးပုံဖော်ထားပုံက ကြက်သီးထစရာကောင်းလောက်အောင်ပါပဲ။ ညီမလင်မယားနဲ့ အတူနေဖို့ရောက်လာခဲ့တဲ့ မိန်းမတစ်ယောက် ဖြည်းဖြည်းချင်း လက်တွေ့နဲ့စိတ်ကူးယဉ်မှုကို ခွဲခြားမရတော့ဘဲ သူအလိုချင်အတောင့်တဆုံးအရာတွေကို မရနိုင်တော့တဲ့အခါ…..
ဘလန့်ခ်ျဟာ ဒီဇိုင်းယား(Desire) လို့ခေါ်တဲ့ရထားငယ်လေးကိုစီးပြီး သူ့ညီမရှိတဲ့နေရာဆီ လာခဲ့ပေမဲ့ သူ့ညီမအခြေအနေက သူထင်သလိုဟုတ်မနေခဲ့။ တစ်ချိန်က ရွှေထီးဆောင်းခဲ့တဲ့ ဘလန့်ခ်ျဟာ အခုချိန်မှာအထည်ကြီးပျက်ဖြစ်နေပေမဲ့ သူ့ရဲ့လိုအင်ဆန္ဒတွေကိုတော့ လုံး၀လက်မလွှတ်ဘူး။
ညီမဖြစ်သူရဲ့အမျိုးသား စတန်လီက အောက်ခြေလူတန်းစားဖြစ်ပြီး သူ့ရဲ့ တည့်တိုးဆန် ပွင့်လင်းပြီး လက်ရဲဇက်ရဲနိုင်တာတွေက ဘလန့်ခ်ျမျှော်လင့်နေတဲ့ လူကြီးလူကောင်းဆန်မှုတွေ အမျိုးသမီးဦးစားပေးမှုတွေနဲ့ တစ်ခုမှကိုက်ညီမှုရှိမနေခဲ့။ အဆင့်အတန်းကွာခြားမှုကို သတိထားမိတဲ့စတန်လီကလည်း ဘလန့်ခ်ျ အထိမခံတဲ့ အတိတ်ကအကြောင်းတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားလေတော့..
File size…(1.9 GB)/(1.4 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 02:02:00
Genre… Tragedy, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Su
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။