A Merry Royal Christmas 2024
=======================
ဒီတစ်ခါမှာတော့ မိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ၂၀၂၄ ထွက်
ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။
မင်္ဂလာပွဲစီစဥ်သူဖလစ်စတီဟာ အလုပ်ထွက်ခါနီးဆဲဆဲ
အင်္ဂလိပ်တော်ဝင်မျိုးနွယ်တစ်ခုရဲ့ မင်္ဂလာပွဲကို စီစဥ်ပေးဖို စေလွှတ်ခံရပါတယ်။
တော်ဝင်မင်္ဂလာပွဲတွေဟာ ခရစ်စမတ်နေ့မှာပဲလုပ်ကြတာကြောင့်
အားလပ်ရက်မှာ အမေရိကန်ကနေ အင်္ဂလန်ကို ခရီးထွက်လာရင်း လမ်းမှာ
သူစိမ်းတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်။ နောက်မှသူသိလိုက်ရတာက
ဒီသူစိမ်းက သူမင်္ဂလာပွဲစီစဥ်ပေးရမယ့် သတိုသမီးရဲ့မောင် ၊ ထီးနန်းဆက်ခံမယ့်မင်းသား ဖြစ်နေတာပါပဲ။
မင်္ဂလာပွဲနီးလာတာနဲ့အမျှ ဖလစ်စတီနဲ့ မင်းသားတိုနှစ်ယောက်သား
တော်ဝင်စံနှုန်းတွေနဲ့ကိုက်ညီအောင် ပွဲစီစဥ်ရင်း နှစ်ဦးကြားမှာ
သံယောဇဥ်နဲ့ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။
အညတရအမေရိကန်ကောင်မလေးနဲ့ အင်္ဂလိပ်တော်ဝင်မင်းသားတိုနှစ်ယောက်
လွတ်လပ်မှုနဲ့နဲ့ ထုံးတမ်းစဥ်လာ ၊ အချစ်စစ်နဲ့တိုင်းပြည်တာဝန်ကြား လွန်ဆွဲပွဲမှာ
ဘာကိုစွန့်လွှတ်ပြီး ဘာကိုရွေးချယ်ကြမလဲ။
ဒီရုပ်ရှင်မှာ ခရစ်စမတ်ရဲ့ ကြည်နူးဖွယ်ရိုက်ချက်လေးတွေနဲ့အတူ
လေးနက်တဲ့တော်ဝင်မင်္ဂလာဆောင်တွေရဲ့ ထုံးတမ်းအစဥ်အလာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ။
ပွဲစီစဥ်သူ ဖလစ်စတီအဖြစ် ကက်သရင်းဒေးဗစ် ၊
မင်းသားနေရာမှာ ဂျက်မူရေးနဲ့ သတိုသမီးအဖြစ်
ရေဗက်ကာဖင်းတိုက အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
File size… 2 GB / 976 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1h 28m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Morizz
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။