ဟာသဆိုသော်လည်းဟာသသာမကဂရုဏာပါသက်စေမယ့်အပြင် အခြားရုပ်ရှင်များနဲ့ကွဲထွက်နေတဲ့ နိုင်ငံတကာထိပါ အောင်မြင်နေတဲ့ ဇတ်ကားကောင်းတစ်ခု။
ဒီဇတ်ကားကပြင်သစ်စကားပြောရုပ်ရှင်ကားဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်ထားတဲ့သားအဖနှစ်ယောက်က မမျှော်လင့်ပဲရဲလက်ကနေ
လွတ်အောင်ပြေးရင်းနွေရာသီစခန်းချအပျော်ခရီးထွက်လာတဲ့မသန်မစွမ်းသူလူငယ်များနဲ့စခန်းချရာအိမ်ကိုလိုက်ပါဖြစ်သွားပါတယ်။ သားကမသန်မစွမ်းသူအဖေကကျောင်း ဆရာအဖြစ်ဟန်ဆောင်ရင်းဂွတီးဂွကျအ ဖြစ်တွေကြုံရတာကိုရိုက်ပြထားသလိုမ သန်မစွမ်းသူလူငယ်အမျိုးသားအမျိုးသမီး လေးများရဲ့ဇတ်ကောင်စရိုက်ကိုလည်းသေချာရိုက်ပြထားပါတယ်။
ခမ်းနားတဲ့သရုပ်ဆောင်တွေမပါပေမယ့် လည်းပြင်ပဘဝကတကယ့်မသန်မစွမ်းလူငယ်အချို့ရဲ့သရုပ်ဆောင်မှုနဲ့ဇတ်ကွက်က သူတို့လေးတွေကိုဂရုဏာသက်ချစ်သွားစေမှာအမှန်ဖြစ်ပါတယ်။ ဆိုးတာတွေရှိနေတာတောင်လူတွေမှာ ကောင်းမြတ်တဲ့စိတ်နှလုံးသားလည်းရှိနေ ပါသေးတယ်ဆိုတာကိုပြချင်တာလည်းဖြစ်တယ်။
သားအဖနှစ်ယောက်ရဲတွေလက်ကလွတ် မလာ။းဘာအလှည့်အပြောင်းတွေကြုံရ မလဲ။ အဖေ(အော်ရပီ)အဖြစ်သရုပ်ဆောင်တဲ့ Clovic Cornillac(ကလိုဗစ်စ် ကော် နီးလ်ယာကာ)ရဲ့သရုပ်ဆောင်ချက်ကလည်းမျက်နှာပေးကအစသဘာဝကျသမ္ဘာကျလှပါတယ်။ သား(ဆီလီဗန်း)အဖြစ်သရုပ်ဆောင်တဲ့ Atus(အေးတပ်စ်)ကဇတ်ကားရဲ့သရုပ် ဆောင်ဒါရိုက်တာဇတ်ညွှန်းရေးသူဖြစ်တယ်။
တစ်ချို့ရိုက်ချက်တွေကစကားအများကြီးပြောစရာမလိုပြစရာမလိုပဲအဖြစ်အပျက်တွေကိုပေါ်လွင်ပြီးနှလုံးသားထိအောင်ရိုက်ပြသွားနိုင်ပါတယ်။ ပြင်သစ်သီချင်းလေးတွေကိုလည်းခံစားနားဆင်ရမှာဖြစ်တယ်။
၂၀၂၄ ပြင်သစ်နိုင်ငံလက်မှတ်ရောင်း box officeမှာထိပ်ဆုံးပြေးနေတဲ့ဇတ်ကား ဖြစ်ပါတယ် ။ ဘတ်ဂျက်ဒေါ်လာ၆.၅၅သန်းသာကုန်ပေမယ့်ခုချိန်ထိတစ်ကမ္ဘာလုံးဝင်ငွေအနေနဲ့ဒေါ်လာ၈၄သန်းကျော်ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် သင်လက်မလွှတ်သင့်တဲ့ ဇတ်ကားကောင်းဖြစ်ပါတယ်။
File size…(2.1 GB)/(1.2 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 01:39:00
Genre… Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Khin Sakar Khin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။