IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကားကောင်းလေးတစ်ကားပါ။
ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။
(ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။
အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်….. နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ
လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။
ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ko Soe Htwe ပဲဖြစ်ပါတယ်။)
File size…(2.2 GB)/(1.1 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 01:35:00
Genre… Martial Art, Action, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Soe Htwe
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။