Channel Myanmar

Cliffhanger (1993)

ActionAdventure

6.5
IMDB: 6.5 /10 votes

380875

Report error

Sylvester Stallone ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေအကြောင်းကို ပြောမယ်ဆိုရင်

Cliffhanger ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။

442

မင်းသားဆို ဗလတောင့်တောင့်၊ ရုပ်ကြမ်းကြမ်းနဲ့မှ ပရိသတ်နှစ်ထောင်းအားရဖြစ်ကြတဲ့

ဟောလိဝုဒ်အက်ရှင်ကားတွေဟာလည်း ၉၀ ခုနှစ်များရဲ့ အမှတ်တရတွေလို့ ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။

အားလပ်ရက်များမှာ အမှတ်တရပြန်ကြည့်ဖြစ်ကြမယ့် ရုပ်ရှင်စာရင်းတွေထဲမှာလည်း Cliffhanger က တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော်ကီတောင်တန်းကယ်ဆယ်ရေးရဲ့ ရိန်းဂျား နှစ်ယောက်ဖြစ်ကြတဲ့ ဂေ့ဘ်ဝေါ်ကာ (Sylvester Stallone) နဲ့

ဟဲလ်တက်ကာ (Michael Rooker) တို့နှစ်ယောက်ဟာ သူတို့ကိုသွေးကွဲသွားစေမ‌ယ့် အဖြစ်ဆိုးကြီးဖြစ်မလာခင်အထိ

အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။

တစ်ရက်မှာတော့ ရည်းစားနဲ့အတူတောင်တက်ရင်း ဒဏ်ရာရကာ အခက်အခဲတွေ့နေတဲ့ ဟဲလ် နဲ့ ဆယ်ရာ တို့စုံတွဲကို

ဂေ့ဘ် နဲ့ ဂျက်ဆီတို့ စုံတွဲက ကယ်ဆယ်ဖို့ ဖြစ်လာခဲ့ပါတယ်။

ရာသီဥတုအခြေအနေကြောင့် ချောက်ကမ်းပါးပေါ် ကြိုးသွယ်တန်းပြီး ကယ်ဆယ်ရတဲ့ အခြေအနေမှာ

ဟဲလ်က တစ်ဖက်ခြမ်းကို ချောချောမွေ့မွေ့ ရောက်သွားနိုင်ခဲ့ပေမယ့်။

ဆယ်ရာကတော့ ကြိုးသိုင်းကလစ်ပြုတ်ထွက်ပြီး ပြုတ်ကျမလိုဖြစ်နေတာကြောင့်

နှစ်ယောက်ဒဏ်မခံနိုင်တဲ့ကြိုးပေါ်ကို ဂေ့ဘ်ကိုယ်တိုင် တက်ရောက်ကယ်ဆယ်ခဲ့ရပါတယ်။

ဆယ်ရာကို အမိအရဖမ်းဆုပ်ထားနိုင်ခဲ့ပေမယ့် ဆက်ပြီးတော့ တွဲခိုကာလှမ်းမတက်နိုင်ခဲ့တဲ့ဆယ်ရာဟာ

ကံမကောင်းအကြောင်းမလှဘဲ ဂေ့ဘ်လက်ကနေပဲ ချောက်ထဲကို ကျသွားခဲ့ပါတယ်။

အပြစ်ရှိစိတ်ရဲ့ဖိအားပေးမှုကြောင့် ဂေ့ဘ်ဟာ ရိန်းဂျားအလုပ်ကိုရော အားလုံးကိုပါ ရှောင်တိမ်းခဲ့ပါတယ်။

၁ နှစ်ကြာပြီးတဲ့နောက် သူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုချင်တာကလည်း တစ်ကြောင်း၊

သူ့ရဲ့ရည်းစားဂျက်ဆီကိုလည်း သူနဲ့တပါတည်း ခေါ်ခဲ့ဖို့ သိမ်းသွင်းချင်တာကြောင့် ရော်ကီတောင်တန်းကယ်ဆယ်ရေးဆီကို ပြန်လာခဲ့ပါတယ်။

သူထင်မှတ်ထားသလိုဖြစ်မလာခဲ့ဘဲ သူ ရှောင်တိမ်းခဲ့တဲ့တောင်တက်သမားဘဝကသူ့ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့ပါတော့တယ်။

ဂျက်ဆီကလည်း သူနဲ့အတူလိုက်ဖို့ ငြင်းဆန်ခဲ့တဲ့အပြင်.

တောင်ပေါ်မှာ ဒုက္ခရောက်နေတဲ့အဖွဲ့ကို ကူညီဖို့ ရာသီဥတုဆိုးရွားနေတဲ့ကြားက

ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဟဲလ်ကို ပါဝင်အားဖြည့်ဖို့ ဂျက်ဆီက ဂေ့ဘ်ကို နားချခဲ့ပါတယ်။

သူ့ရဲ့အပြစ်ရှိစိတ်ကို ကုစားနိုင်ဖို့အတွက်အပြင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဟဲလ်နဲ့ ဆက်ဆံရေးကို

ပြန်လည်ရယူနိုင်ဖို့ ဒီအဖွဲ့ကို ကယ်ဆယ်မယ့်ဂေ့ဘ်ဟာ

သူ့ကို စောင့်ကြိုနေတဲ့အန္တရာယ် နဲ့ ပြဿနာအရှုပ်အထွေးတွေကိုတော့ ကြိုမမြင်နိုင်ခဲ့ပါဘူး…

 

 

File Size :  9.4 GB, 2 GB, 1 GB
Quality : Blu-Ray HEVC 4K / 1080p / 720p
Running Time : 1hr 53min
Format : Mkv and Mp4
Audio : AAC & E-AC-3
Genre : Action, Adventure
Subtitle : Myanmar Subtitle (Hard Sub)
Translated by : Sai Sumali
Encode by : Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies