Picnic (2024)
*************
IMDb… 6.5
CMမှ ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကတော့ ပရိသတ်ကြီးနဲ့
မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြတဲ့ Na Moon-hee, Kim Young-ok, Park Geun-hyungတို့
အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Picnicဆိုတဲ့ ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
ဆိုးလ်မြို့ကြီးမှာ သားသမီးတွေနဲ့ အတူမနေဘဲ တစ်ယောက်တည်း အထီးကျန်စွာ
နေထိုင်ဖြတ်သန်းနေသူတစ်ဦးဖြစ်တဲ့ အသက် ၈၀အရွယ် အွန်းရှင်း (Na Moon-hee) ဟာ
သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူကို အိပ်မက်ထဲမှာ ထပ်ခါတလဲလဲ မြင်တွေ့နေရပြီး
ပါကင်ဆန်ရောဂါကို ခံစားနေရသူတစ်ယောက်ပါ။
တစ်နေ့မှာတော့ အွန်းရှင်းဆီကို ဆယ်စုနှစ်စု တစ်ခုကျော်ကြာ မတွေ့ဖြစ်တဲ့ သူငယ်ချင်းလည်းဖြစ်
ခမည်းခမက်လည်း ဖြစ်တဲ့ ဂွန်းဆွန်း (Kim Young-ok) ဟာ ကြိုတင်အကြောင်းမကြားဘဲ
ရောက်ချလာခဲ့ပြီးနောက်မှာတော့ အွန်းရှင်းတစ်ယောက် အနှစ် ၆၀ကြာ မပြန်ဖြစ်ခဲ့တဲ့
မွေးရပ်မြေဖြစ်တဲ့ နမ်ဟယ်ကို ပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။
အဲဒီလိုနဲ့ မွေးရပ်မြေကို ပြန်ရောက်သွားချိန်မှာ တစ်ချိန်က သူမကို တိတ်တခိုး ချစ်နေခဲ့တဲ့
ထယ်ဟို (Park Geun-hyung) နဲ့ ပြန်လည်ဆုံတွေ့ခဲ့ရကာ ငယ်ဘဝက မေ့လျော့နေခဲ့တဲ့
အမှတ်တရတွေဟာ သူမရဲ့ မှတ်ဉာဏ်ထဲမှာ တစ်စတစ်စ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတော့တယ်။
ဘဝရဲ့နေဝင်ချိန်နဲ့ နီးကပ်နေပြီဖြစ်တဲ့ သူငယ်ချင်း သုံးဦးသား ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို
မွေးရပ်မြေလေးမှာ ဘယ်လို အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းသွားကြမလဲဆိုတာ ဆွေးဆွေးမြေ့မြေ့လေး
ကြည့်ရှုခံစားရမဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်တာကြောင့် ကြည့်ရှုပေးကြပါဦးနော်…
(ဇာတ်လမ်းအညွှန်းကိုတော့ Phyo မှ ရေးသားပေးထားပါတယ်ပါတယ်။)
File Size : 2.06GB/ 900MB
Quality : WEB-DL 1080p/ 720p
Format…mp4
Duration…01:53:55
Genre : Family, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyo, PanNu Thway & Vanessa
Encoded by Tiff
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။