Channel Myanmar

Raja Hindustani 1996 ကြမ္မာချစ်သူ
Imdb 6.1/10

ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကို
ပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်း

442

အောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာ
အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီး

ကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့ အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်

ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ်
အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီး

ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့
ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်

တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီး ခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်

အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ
နွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ပါလန်ခက်ရွာလေးဆီကို သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်

သူ့ရည်ရွယ်ချက်ကတော့ မိခင်ဖြစ်သူ မကွယ်လွန်ခင်က ပိုင်ဆိုင်ခဲ့တဲ့ ရွာအိမ်လေးကို မြင်တွေ့ချင်တဲ့ ဆန္ဒကြောင့်ပါ
အာရ်တီက ပါလန်ခက်ကိုရောက်ဖို့ တက္ကစီဌားရပါတော့တယ် အဲဒီမှာပဲ ရာဂျာနဲ့ မထင်မှတ်ဘဲ ဆုံဆည်းမိကြပြီး

သူတို့နှစ်ဦးရဲ့ ဘဝလမ်းကြောင်းတွေဟာ အဲဒီကစပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်မိသွားပါတော့တယ် ရာဂျာက
အာရ်တီကို ရွာအိမ်လေးဆီ ပို့ဆောင်ပေးရင်း သူတို့နှစ်ဦးဟာ တဖြည်းဖြည်း ရင်းနှီးလာကြပြီး မြို့ပြက ချမ်းသာတဲ့

ကောင်မလေးနဲ့ ရိုးသားတဲ့ တက္ကစီဒရိုင်ဘာလေးတို့ကြားက ဆုံဆည်းမှုဟာ ဘယ်လိုဆက်ပြီး ဖြစ်ပေါ်လာမလဲဆိုတာကတော့
လိုက်ပါစီးမျောလိုက်ပါဦး တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားဖြစ်လို့

အချစ်ကားကောင်းကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါလို့ ညွှန်းဆိုရင်း…
( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

File size…4.3 GB / 2 GB
Quality…WEB DL 1080p HEVC / 720p
Format…mkv/mp4
Duration….2h 57min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Raja Hindustani (1996)
Raja Hindustani (1996)


No downloads available

Genres



Related movies