Channel Myanmar

Thala (2024)

BollywoodMystery

6.5
IMDB: 6.5/10 5.1k votes

Inida

74855

Report error

Thala (2024) “ကံကြမ္မာလှည့်ကွက်”

CM Bollywood ပရိသတ်ကြီးအတွက် ဒရာမာရော သည်းထိတ်ရင်ဖို ဇာတ်၀င်ခန်းတွေပါကြည့်ရမဲ့
ရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

442

ရမ်ဘာဘူဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ အမေဖြစ်သူနဲ့အတူ
အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြီးပြင်းလာရသူပါ။ အမေကိုသည်းသည်းလှုပ်ချစ်တဲ့သူပေါ့။

တစ်နေ့တော့ သူ့‌အမေနေမကောင်းရာကအစပြုလို့ ဖခင်ဖြစ်သူကို လိုက်ရှာဖို့အကြောင်းဖန်လာပါတယ်။
သူ့ရည်ရွယ်ချက်က‌တော့ သူ့အမေရဲ့ဆန္ဒတစ်ခုပြည့်ဖို့ သူ့အဖေကို သူ့အမေဆီအရောက်ခေါ်လာဖို့ပါပဲ။

ဒီလိုနဲ့ သူ့အဖေဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပေမဲ့ သူ့အဖေက နောက်အိမ်ထောင်ကျနေပါပြီ။
ဒါကြောင့် သူ့ကိုယ်သူသားလို့၀န်မခံဘဲ မိဘမဲ့ချန်ဒရာဘ၀နဲ့ ဖခင်ရဲ့ကြက်သားဆိုင် အလုပ်၀င်အလုပ်လုပ်ခဲ့ပါတယ်။

ပုရွတ်ဆိတ်တစ်ကောင်တောင် မသတ်ရက်ခဲ့တဲ့ လူငယ်လေးရမ်ဘာဘူဟာ
အခြေအနေအရ ကြက်သားဆိုင်မှာ ကြက်တွေသတ်ခဲ့ရပါတယ်။

တစ်နေ့မှာ ဘာသာရေးဗန်းပြပြီး လူတွေကိုသတ်ဖြတ်အနိုင်ကျင့်နေတဲ့
အစွန်းရောက်လူတစ်စုနဲ့ ကြုံလာရတဲ့အခါမှာတော့…။

ရမ်ဘာဘူတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ၊ ဘာတွေကြုံလာရဦးမလဲ၊
ဖခင်ဖြစ်သူကိုရော သူ့မိခင်ဆီ ခေါ်သွားနိုင်ပါ့မလားဆိုတာကို
ဇာတ်အလှည့်အပြောင်းကြမ်းကြမ်းလေးနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ToMo~V ပါ။)

File size…3.1 GB / 1.6 GB
Quality…WEB DL 1080p HEVC / 720p
Format…mkv/mp4
Duration….2h 2min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Cym~KKKZ~ToMo~V



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Thala (2024)


No downloads available

Genres



Related movies