Channel Myanmar

Wine Country (2019)

Comedy

5.5
IMDB: 5.5/10 votes

15609

Report error

Wine Country (2019)
********************

“ဟဲ့ မသာမကြီး ဟိုကောင်မ” စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုန်းမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့

442

ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်…အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘဝက

ငယ်သူငယ်ချင်းတွေပေါ့…အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကို

လျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူငယ်ချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်…

ဘဝကိုယ်စီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကစဉ့်ကလျားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့

အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမဲ့ အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်…

ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမဲ့ ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ…

ကိုယ့်ဆန္ဒထက်ဦးစားပေးရမဲ့ လက်ရှိဘဝလေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေအကုန်လုံး

ပျက်ကုန်ကြတာပဲမဟုတ်လား…ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဖူးတဲ့သူ ခပ်ရှားရှားပါပဲ…

ဇာတ်လမ်းအညွှန်း
————–

ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့

အသက် ၅၀ပြည့်မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်…ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့…

သူတို့အဖွဲ့ကတော့ တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်…ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း

ပြောစရာရှိပြောကြဆိုကြနဲ့ပေါ့…ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလို

ပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်…

ခံစားကြည့်လိုက်ပါဦးလို့ပဲ ပြောပါရစေ…

File Size : 2.06GB / 997MB
Quality : WEB-DL 1080p 5.1ch / 720p
Duration : 01:43:00
Genre : Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Jthekoala
Encoded by Heather Oo

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)
Wine Country (2019)


No downloads available

Genres



Related movies