Channel Myanmar

442

 

Dinosaur (2000)

IMDb Rating (6.4) / Rotten Tomatoes (65%)

 

ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု..

ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။

ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။

ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။

လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။

 

ဇတ်လမ်းအကျဥ်း

လွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။

အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။

ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။

ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ မိသားစုလေးယောက်နဲ့ အလက်ဒါတို့အသက်လုထွက်ပြေးရပါတယ်။

ထွက်ပြေးရင်းနောက်ကနေစားဖို့လိုက်လာတဲ့ကာနိုတောရပ်စ်အသားစားဒိုင်နိုဆောတွေလက်ကနေလွတ်အောင်အသက်လုပြေးရပြန်ပါတယ်။

သိပ်မကြာခင်မှာပဲ တစ်ခြားဒိုင်နိုဆောအုပ်နဲ့သွားတွေ့ပါတယ် ။ သူတို့က ဥဥပြီးအသိုက်လုပ်မယ့် နေရာကိုသွားနေကြတာပါ။

နောက်ကျကျန်ရစ်တဲ့သက်ကြီးဒိုင်နိုဆောတွေကို အလက်ဒါကစောင့်ခေါ်ပေးပါတယ် ။ သူတို့ကအမှီမလိုက်နိုင်လို့စောင့်ခေါ်ပေးဖို့ အုပ်စုခေါင်းဆောင်“ခရွန်”ကိုပြောတဲ့အခါခရွန်ကလက်မခံပါဘူး ။

အလက်ဒါက ခရွန့်ရဲ့ ညီမ” နီးရာ” နဲ့စတွေ့ပါတယ်။ အသားစားကာနိုတောရစ်ပ်တွေက နောက်ကဆက်လိုက်လာပါတယ်။

အလက်ဒါတို့အုပ်စုဘာတွေကြုံရမလဲခရွန်တို့အုပ်စုဘာတွေဖြစ်ကြမလဲ ဥဥပြီးအသိုက်လုပ်မယ့်နေရာကဘယ်လိုမျိုးလဲ ရောက်ရောရောက်ကြပါ့မလားဆိုတာကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်ကြပါ။

ဇတ်ကားမှာ သဘောကျမိတဲ့အချက်တွေဒီကားမှာတေးဂီတပိုင်းကိုကြိုက်ပါတယ်။

ဥက္ကာပျံဥက္ကာခဲတွေကျပြီးတစ်တောလုံးမီးလောင်လို့ကျန်တဲ့သူတွေအကုန်သေဆုံးကုန်တာကို ဝမ်းပမ်းတနည်းငေးကြည့်နေကြတဲ့အခန်းမှာသုံးထားတဲ့ဂီတကတကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။

ဇတ်ကားသမိုင်းကိုရှာကြည့်တော့ ဒီဇတ်ကားရဲ့ တေးဂီတကဆုတွေရထားပါတယ်။ နောက်ခံ အသံသရုပ်ဆောင်တွေကလည်းတစ်အားကောင်းပါတယ်။ သဘာဝကျသလိုဆွဲဆောင်မှုရှိပြီးဇတ်ကောင်တွေကအသက်ဝင်လာပါတယ်။

အလက်ဒါအဖြစ်သရုပ်ဆောင်တဲ့Daniel Bernard Sweeney ရဲ့အသံချိုချိုလေးက သဘောကျစရာကောင်းပါတယ်။ ဇတ်သိမ်းမှာပလီယိုပြောတဲ့စကားလေးတွေကလည်းတကယ်ကိုနှစ်သက်စရာကောင်းပါတယ်။

ဟုတ်ပါတယ် ဒီရုပ်ရှင်လေးကြောင့်ပဲပရိသတ်တွေက “သူတို့ရဲ့အဲဒီမှာရှိခဲ့တဲ့ချိန်တွေကိုနည်းနည်းလေးဖြစ်ဖြစ်နောင်မှာအမှတ်ရနေကြမှာပါ”

ကွန်ပြူတာနဲ့ ဇတ်ကောင်တွေကိုဖန်တီးထားပေမယ့်နောက်ခံကတော့ရိုက်ကွင်းအစစ်တွေကိုသုံးထားပြီးဗင်နီဇွဲလားနိုင်ငံ အမျိုသားဥယျဥ်နဲ့အိန်ဂျယ်ရေတံခွန်ကိုတွေ့ရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ထဲကနေရာတွေ ဖလော်ရီဒါပြည်နယ်ထဲကနေရာတွေ ဟာဝိုင်ယီကျွန်းစုထဲကကျွန်းနှစ်ကျွန်းသြစတေးလျနိုင်ငံနေရာတစ်ချို့ ဆမ်မိုအာကမ်းခြေနဲ့ဂျော်ဒန်နိုင်ငံရိုက်ကွင်းတွေပါပါတယ်။

ဒါကြောင့်မို့ ရူခင်းရူကွက်တွေကတကယ်ကို သဘာဝကျလှပနေတာပါ။ ဒါရိုက်တာက Eric Leighton နဲ့RalphZondag ဖြစ်ပါတယ်။ တကယ်ကိုကောင်းပါတယ် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။

 

(အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)

 

File size…(1.6 GB) / (930 MB)
Quality….Blu-Ray 1080p HEVC / 720p
Format…. mkv/mp4
Genre….Adventure, Animation, Drama, Family
Duration….01:22:57
Subtitle….Myanmar Subtitle (Hardsub)
Encoder….Benjamin
Translated by Khin Sakar Khin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)
Dinosaur (2000)


No downloads available

Genres



Related movies