Book of Shadows: Blair Witch 2 (2000)
ဒီရုပ်ရှင်မှာက ပရိသတ်ကိုအတွေးစတွေ ချန်ထားခဲ့မှာဖြစ်ပါတယ် ။ဒါကတော့ ဂျက်ဖ်တို့လူစုကြုံရတာကအစုလိုက်အပြုံလိုက် အရူးထတာလားဒါမှမဟုတ်သဘာလွန်ဖြစ်ရပ်လားဆိုတာပါပဲ။
ဒီဇတ်ကားကလည်း ငွေကြေးအရအောင်မြင်တဲ့ဇတ်ကားဖြစ်ခဲ့ပါတယ်။ဒါရိုက်တာကတော့ မှတ်တမ်းတင်ရုပ်ရှင်တွေရိုက်လေ့ရှိတဲ့ Joe Berlingerဖြစ်ပါတယ်။
အခုတိုးတက်ပြီးယဥ်ကျေးပါတယ်ပါတယ်ဆိုတဲ့ဥပရောတိုက်သားတွေကစုန်းအတတ်နဲ့ပြုစားပါတယ်လို့စွပ်စွဲပြီး၁၄၀၀ခုနှစ်ကနေ၁၇၇၅ထိ လူ၃၀၀၀၀ကနေ ၆၀၀၀၀ကို သတ်ခဲ့တယ်ဆိုရင်အံသြသွားကြမယ်ထင်ပါတယ်။
ရောမအင်ပါယာ ဂျာမဏီ ပြင်သစ် အင်္ဂလန် ဆွစ်ဇာလန် စကော့တလန် ဆွီဒင် အင်္ဂလိပ်ကိုလိုနီဖြစ်တဲ့အမေရိကနဲ့မက္ကဆီကိုတို့မှာစုန်းတွေကိုလိုက်ရှာပြီးသတ်ဖြတ်တာတွေလုပ်ခဲ့ကြပါတယ်။
အကျော်ကြားဆုံးစွပ်စွဲသတ်ခံရတဲ့သူကတော့ ပြင်သစ်အာဇာနည် “ဂျုံး”ပါ။ စုန်းအယူအဆကတော့နတ်ဆိုးနဲ့ဆက်နွယ်ပြီးလူတွေကို ကျိန်စာတိုက်ပြီးမကောင်းတာတွေဖြစ်စေတယ်ဆိုပါတယ်။
စုန်းအယူအဆကအာဖရိကနဲ့မြန်မာမှာလည်းရှိပါတယ်။အနောက်တိုင်းနဲ့တော့ကွဲပြားပါတယ်။
၁၉၉၉ မှာထွက်တဲ့ Blair Witch Project ရုပ်ရှင်က ထိတ်လန့်သည်းဖို ရုပ်ရှင်ဖန်တွေကြားတော်တော်ကိုပေါက်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။
တော်တော်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်လို့ဆိုကြပါတယ် ။ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ် ။
ရုပ်ရှင်ရိုက်တဲ့အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်”ဘာ့ခ်ကစ်ဗေး”မြို့လည်း ကျော်ကြားသွားပြီးခရီးသည်တွေကြိတ်ကြိတ်တိုးလာကြလို့အမှတ်တရပစ္စည်းတွေလည်းရောင်းကောင်းသွားပါတယ်။
“ဘလဲယားစုန်းမစီမံချက်”ဇတ်ကားကဖြစ်ရပ်မှန်မဟုတ်ပေမယ့်ရုပ်ရှင်ထဲကစုန်းမလို့စွပ်စွဲခံရပြီး ၁၇၈၅ခုနှစ်မှာရွာကနှင်ထုတ်ခံရ နှင်းတောထဲမှာသေအောင်ပစ်ထားခံရတဲ့ကယ်လီကက်ထ်ဝါ့ဒ်အကြောင်းကတော့
အမေရိကန်တောင်ပိုင်းရဲ့“ဘဲလ်စုန်းမခြောက်လှန့်ခြင်း”(Bell WitchHaunting)ဒဏ္ဍာရီကိုအခြေခံထားတယ်လို့ဆိုပါတယ်။
Book of Shadows: Blair Witch 2ကတော့“ဘလဲယားစုန်းမစီမံချက်”ရုပ်ရှင်ကိုအခြေခံပြီးရိုက်ထားတာပါ။
ဇတ်လမ်းအကျဥ်း
ဘလဲယားစုန်းမစီမံချက်ဇတ်ကားဝက်ဝက်ကွဲအောင်မြင်ပြီး ဘာ့ခ်ကစ်ဗေးမြို့လေးက ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားတွေရုပ်ရှင်ပရိသတ်တွေနဲ့စည်ကားနေတဲ့အချိန်မှာ
မြို့ခံ ဂျက်ဖ်ပက်တာဆန်က ရုပ်ရှင်ရဲ့ကျော်ကြားမှုကို စီးပွါးရေးအရအမြတ်ထုတ်ပြီး၁၉၉၉နိုဝင်ဘာလမှာခရီးစဥ်တစ်ခုကိုစတင်လိုက်ပါတယ် ။
သူ့ရဲ့ခရီးစဥ်မှာပါတဲ့သူတွေကရုပ်ရှင်နဲ့ပါတ်သက်ပြီးအစုလိုက်အပြုံလိုက်စွဲလမ်းမှုဖြစ်တာနဲ့လျို့ဝှက်ဆန်းကြယ်တာကိုသုတေသနပြုနေတဲ့ဘွဲ့လွန်ကျောင်သားစတီဖင်ပတ်ကားနဲ့ ကိုယ်ဝန်ရှိနေတဲ့သူ့ ရည်းစား ထရစ်စတန်ရိုင်လာ၊
ခေတ်သစ်ဝှစ်ကာမှော်ဘာသာရေးလိုက်စားတဲ့အဲရစ်ကာဂီယာဆန်နဲ့ဂို့သ်လိုဝတ်စားနေထိုင်တဲ့ကင်မ်ဒိုင်းမွန်းတို့ပါဝင်ပါတယ်။
သူတို့တွေကခရီးစထွက်တဲ့ညမှာပဲရပ်စတင်ပါးလ်ရဲ့အိမ်အပျက်အစီးမှာ (ရပ်စတင်ပါးလ်က ဘလဲယားစုန်းမစီမံချက်ရုပ်ရှင်ထဲကလူသတ်သမားပါ) စခန်းချကြပါတယ်။
ဂျက်ဖ်က သဘာဝလွန်ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ရအောင်ဆိုပြီး ကင်မရာတွေကိုဆင်ထားပါတယ်။
အဲဒီအချိန်မှာပဲလူငါးယောက်ပါတဲ့ခရီးသွားအုပ်စုကရောက်လာပြီးသူတို့လည်းဒီနေရာမှာစခန်းချမယ်ပြောလာတဲ့အတွက်ခေါင်းတလားကျောက်တုံးဘက်မှာစိတ်ဝင်စားစရာတွေ့တယ်ပြောပြီးစတီဖင်တို့ပဲလက်ရှိနေရာမှာစခန်းချမယ်ပြောလိုက်ပါတယ်။
အဲဒီခရီးသည်အုပ်စုထွက်သွားပြီးတဲ့နောက် ဂျက်ဖ်တို့အုပ်စုကအရက်သောက် ဆေးခြောက်ချပြီးတစ်ညလုံးမအိပ်ပဲနေမယ်ဆိုပြီးကဲနေကြပါတယ်။
မနက်ရောက်တော့ အားလုံးအိပ်ပျော်သွားမိတာသိရပြီး စတီဖင်တို့ရဲ့ သုတေသနမှတ်တမ်းတွေရောဂျက်ဖ်ရဲ့ကင်မရာတွေပါဖျက်ဆီးခံရပါတယ်။ဂျက်ဖ်ရဲ့တိတ်ခွေတွေပဲကျန်ခဲ့ပါတယ်။
သူတို့တွေမနေ့ညက အဖြစ်အပျက်ကိုမမှတ်မိကြပါဘူး။အခြားခရီးသွားအုပ်စုနဲ့တွေ့ခဲ့တာပဲနောက်ဆုံးမှတ်မိကြပါတယ်။ထရစ်စတန်ကရုတ်တရက်ကိုယ်ဝန်ပျက်ကျပြီးဆေးရုံကိုပြေးရပါတယ်။
ဆေးရုံကဆင်းလာတော့ ဂျက်ဖ်ရဲ့အိမ် တစ်ဖြစ်လဲသစ်တောထဲကစက်ရုံဟောင်းတစ်ခုကိုသွားကြပါတယ်။
အဲဒီမှာသူတို့ကမနေ့ညကဘာဖြစ်ခဲ့သလဲသိရအောင်ဗွီဒီယိုတိတ်တွေကိုပြန်ကြည့်ရင်းသူတို့ထဲကတစ်ယောက်ကိုမသင်္ကာဖြစ်လာပါတယ်။
ထရစ်စတန်ကလည်းထူးထူးဆန်းဆန်းတွေပြောလာပြီး စျေးဝယ်ထွက်သွားတဲ့ကင်မ်ကရပ်စတင်ပါးသတ်လိုက်တဲ့တစ္ဆေကလေးတွေကိုရှောင်လိုက်လို့ကားရှေ့ဘန်ပါပျက်သွားတယ်ပြောသလိုစတီဖင်ကလည်းဒီမြို့ကနေထွက်သွားဖို့လုပ်လာပါတယ်။
မြို့ကရဲအရာရှိက ခေါင်းတလားကျောက်တုံးမှာ ခရီးသွားငါးယောက်ကို ဘလဲယားစုန်းမစီမံချက်ကားထဲကအတိုင်းသတ်ထားတာတွေ့ပြီးဂျက်ဖ်ရဲ့တိတ်ခွေကိုအခင်းဖြစ်တဲ့နေရာမှာတွေ့တာကြောင့်
သူတို့ငါးယောက်ကိုဘယ်မှထွက်မသွားဖို့ဖုန်းဆက်ပြောလာတဲ့အခါမှာတော့..ဘာဆက်ဖြစ်သလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်ကြပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)
File size…(1.8 GB) / (1.1 GB)
Quality….Blu-Ray 1080p HEVC / 720p
Format…. mkv/mp4
Genre….Horror, Mystery, Thriller
Duration….01:30:40
Subtitle….Myanmar Subtitle (Hardsub)
Encoder….Benjamin
Translated by Khin Sakar Khin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။