Eternal (2024)
ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။
အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။
အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအမြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲကြပါတော့တယ်။
အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။
အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။
ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။
သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။
သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလား
ကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး..
(အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)
File size…(1.5 GB) / (730 MB)
Quality….Blu-Ray 1080p HEVC / 720p
Format…. mkv/mp4
Genre….Drama, Sci-Fi
Duration….01:42:42
Subtitle….Myanmar Subtitle (Hardsub)
Encoder….Benjamin
Translated by Rubyjane
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။