Channel Myanmar

Big Fat Liar (2002)

AdventureComedy

IMDB: /10 votes

27643

Report error

442

Imdb – 5.5/10

၂၀၀၂ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားလေးက အမေရိကန်​ ဆယ်​ကျော်​သက်​ဟာသ ရုပ်ရှင်​ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်​တွေမှာ အဓိက​ဇာတ်​ကောင်​အဖြစ်​ ပါဝင်​သရုပ်ဆောင်​ခဲ့တဲ့ Frankie Muniz က ဒီ​ဇာတ်​ကားထဲမှာ​Jason အဖြစ်​ ပါဝင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Jason က Greenbury မြို့​မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ်​ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်​ကြံ​ဇာတ်လမ်း​တွေ ဖန်တီး​လိမ်လည်တဲ့နေရာမှာ ထူးချွန်​သူဖြစ်ပါတယ်။

တစ်နေ့မှာ​ ဆရာမ ပေးလိုက်​တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်​စာ အက်​ဆေးကို အချိန်​မီထပ်ဖို့ ကျောင်း​ကို​အသွား Marty Wolf ဆိုတဲ့​ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်​ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်း​အထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကား​ထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ​ အချိန်​ပိုကျောင်း တက်​လိုက်​ရပြီး အဲဒီ​အချိန်​မှာ Marty Wolf ကတော့ Jason ရဲ့ အက်​ဆေးထဲက ဇာတ်လမ်း​ကို Big Fat​Liar​ လို့ အမည်​ရတဲ့ ရုပ်ရှင်​ကားကြီးအဖြစ် ရိုက်ကူး​ဖို့ ကြေငြာ​လိုက်ပါတယ်။

ဒီအကြောင်း​တွေကို​ Jason​ သိသွားတဲ့အခါမှာ သူငယ်​ချင်း​မိန်းကလေး​ဖြစ်သူ​ Kaylee နဲ့အတူ Marty​ Wolf နေထိုင်​ရာ ဟောလီးဝုဒ်​အထိ လိုက်သွားပြီး Marty​ Wolf​ ကို Jason ရဲ့ဇာတ်လမ်းကို ခိုးယူကြောင်း ဝန်​ခံခိုင်းပါတယ်။ Marty က လက်​မခံတဲ့အခါမှာတော့ သူငယ်ချင်း​နှစ်ယောက်​ Marty ကို နည်း​မျိုးစုံ​သုံး​ပြီး ပညူပြဖို့ ကြိုး​စား​ရပါတော့တယ်။

၂၀၀၀ ခုနှစ်​ကျော်ကာလတွေက အဟုန်​ပြင်းပြင်းနဲ့ ထွက်​ရှိခဲ့တဲ့ Teen/Comedy ရုပ်ရှင်​တွေ​ထဲက တစ်ခု​ဖြစ်​ပြီး ဝင်​ငွေ​အရ​ အောင်မြင်​မှုရရှိခဲ့ပါတယ်။ နာမည်ကြီး​သရုပ်ဆောင်​ Paul Giamatti က ဘဝင်​မြင့်​မောက်​မာပြီး ဆောင့်ကြွားကြွားနိုင်တဲ့ ဟောလီးဝုဒ်​ထုတ်လုပ်​သူ Marty Wolf အဖြစ်​ ပါဝင်​ထားပါ​တယ်။ မိသားစု​နဲ့အတူ ကြည့်​ပျော်​တဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။

File size…(2.1 GB)/(1.1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:46:00
Genre…  Family, Comedy, Adventure 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Swan Min Htet
Translated by Wolfenheim 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Big Fat Liar (2002)
Big Fat Liar (2002)
Big Fat Liar (2002)
Big Fat Liar (2002)
Big Fat Liar (2002)
Big Fat Liar (2002)


No downloads available

Genres



Related movies