ဒီတစ်ခါမှာတော့ CM ကနေယှဉ်ပြိုင်ခြင်းကိုမှနှစ်ခြိုက်တဲ့ပရိသတ်တွေအတွက်
ကားမောင်းပြိုင်ပွဲကိုအဓိကဇာတ်အိမ်တည်ထားတဲ့ ဟောင်ကောင်နာမည်ကြီး
ဇာတ်လမ်းလေးဖြစ်တဲ့ Echoes of the Thunderကားလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာတော့ မာရှန့်ရူံက ဟောက်ရှန့်လုပ်ငန်းစု
ပိုင်ရှင်ရဲ့သားဖြစ်ပြီး အင်မတန်မှချမ်းသာတာကြောင့်
ပြိုင်ကားကစားသမားအဖွဲ့တည်ထောင်ထားထားတာပေါ့။
ဒီအဖွဲ့ထဲမှာ လီဝေနန်ဆိုတဲ့လူက အပျော်တမ်းပြိုင်ကားမောင်းသမားဖြစ်ပြီး
အင်မတန်မှာထူးချွန်တဲ့ပြိုင်ကားမောင်းသမားလည်းဖြစ်တယ်။
သူ့အပြင် ဟောင်ကောင်မှောင်ခိုပြိုင်ကားလောကမှာ နာမည်ကြီးဆရာတစ်ဆူဖြစ်တဲ့
အစ်ကိုဟော်ကတော့ ကားဝပ်ရှော့ဆိုင်လည်း
ဖွင့်ထားတာပေါ့။ အစပိုင်းမှာလီဝေနန်နဲ့အစ်ကိုဟော်တို့ကို
ဆင်းရဲတဲ့အပြင်ဘာမှလုပ်ကိုင်စားသောက်စရာမရှိခဲ့ပဲသူများကားတွေကို
လိုက်လံပြင်တဲ့အလုပ် လုပ်ခဲ့ရာကနေ မာရှန့်ရူံနဲ့တွေ့ပြီးသုံးယောက်သား
သွေးသောက်ညီအစ်ကိုတွေဖြစ်သွားခဲ့ကြတယ်။
ဒီလိုနဲ့လီဝေနန်မှာ နှလုံးရောဂါရှိတဲ့သားလေးတစ်ယောက်ရှိပြီး
ခွဲစိတ်မှုပိုက်ဆံလိုနေတဲ့အပြင် အစ်ကိုဟော်ကလည်း ကားဝပ်ရှော့ဆိုင်
အရင်းအနှီးလိုနေတာကြောင့် မာရှန့်ရူံက အပျော်တမ်းလို့ခေါ်တဲ့
တရားမဝင်ပြိုင်ကားမောင်းပြိုင်ပွဲက ပိုက်ဆံမရတဲ့အတွက်
ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အကြံပေးခဲ့တယ်။
ဒီလိုနဲ့ မာရှန့်ရူံကြောင့်နှစ်ဦးသား ငွေကြေးအဆင်ပြေခဲ့ပြီး
တစ်နေ့မှာ မာကာအိုဘုရင့်ဖလားကားမောင်းပြိုင်ပွဲကြီးရောက်ရှိလို့လာခဲ့ပါတော့တယ်။
ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာဖော်ကြူးထားတဲ့ ညီအစ်ကိုတွေရဲ့စိတ်ဓါတ်နဲ့
ကားမောင်းသမားတွေရဲ့အသက်စွန့်စားယှဉ်ပြိုင်မှုတွေကိုပါ မြင်တွေ့ရမှာကြောင့်
ဒီဇာတ်လမ်းလေးကို CM ကနေစောင့်မျှော်ကြည့်ရူလိုက်ရအောင်
Filesize : 1.65 GB / 857 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Drama
Runtime : 1h 34 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Ann Chi
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။