IMDB rating 7 နဲ့ Rotten Tomatoes 72% ရရှိထားတဲ့ ဒီဇာတ်ကားဟာ
ခုချိန်ထိအောင် quote တွေအများကြီးနဲ့ နာမည်ကျော်တဲ့ comdey/indie flim တစ်ခုပါ။
ဇာတ်လမ်းက
Idaho, Preston မြို့မှာနေတဲ့ ဆယ်ကျော်သက်အထက်တန်းကျောင်းသားအရွယ်
နပိုလီယန်ဒိုင်းနမိုက်ဆိုတဲ့ ခပ်ကြောင်ကြောင်ကောင်လေးတစ်ယောက်ရဲ့
မိသားစုရေးရာ၊ အချစ်ကိစ္စ၊ လူငယ်ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြတ်ကျော်တဲ့အကြောင်းပေါ့
သူ့နေ့စဉ်ဘဝမှာ ပါဝင်တဲ့သူတွေက ကစ်ပ် ဆိုတဲ့ cage fighter ဖြစ်ချင်တဲ့
အိမ်မှာပဲ ၂၄/၇ နေပြီး စော်နဲ့ အွန်လိုင်းကနေ chatting ထိုင်နေတတ်တဲ့
ပိုးဟပ်ဖြူခန္ဓာကိုယ်နဲ့အစ်ကိုရယ်
အတိတ်မှာ သူသာ ဒဏ်ရာမရခဲ့ရင် အခုချိန် ပြည်နယ်ချန်ပီယံဖြစ်နေလောက်ပြီဆိုပြီး
ယူကြုံးမရဖြစ်နေလို့ အိမ်လိုက်ပတ်ပြီး ပစ္စည်းတွေ ဂျင်းထည့်ရောင်း ပိုက်ဆံစုပြီး
အချိန်ခရီးသွားစက်ဝယ်ဖို့ပြင်နေတဲ့ ဦးလေးဖြစ်သူ အန်ကယ် ရီကို ရယ်
ကျောင်းမှာ သိပ်ဝင်မဆံ့တဲ့ နပိုလီယန်ရဲ့တစ်ဦးတည်းသောသူငယ်ချင်း
ကျောင်းပြောင်းလာတဲ့ စပိန်သား အင်္ဂလိပ်စကားမပီတပီ ပက်ဒရို ဆိုတဲ့ကောင်လေးရယ်
ကောလိပ်တက်ဖို့ တိုလီမိုလီ လက်လုပ် accessory တွေနဲ့ အလှဓာတ်ပုံရိုက်ဆရာလုပ်ပြီးပိုက်ဆံစုနေတဲ့
ဒက်ဘ် ဆိုတဲ့ကောင်မလေးရယ်
သူတို့တွေနဲ့ နပိုလီယန်ရဲ့ အခက်အခဲအရှုပ်အထွေးတွေကို ဖြေရှင်းဖြတ်သန်းကြတာကို ကြည့်ရမှာပါ
ဒီကားက ပထမဆုံးအကြိမ်ကြည့်ရင် နားမလည်ဘူး
ထပ်ခါထပ်ခါ အေးအေးဆေးဆေး ပြန်ကြည့်မှ ဇာတ်ကားရဲ့သဘောကို နားလည်ရမယ့် ဇာတ်ကားမျိုးပါ။
CM ပရိသတ်ကြီးလည်း ဘယ်လိုခံစားရမလဲသိရအောင် ကြည့်ရှုခံစားကြည့်ကြပါဦး
File Size : 3 GB / 1 GB
Quality : BluRay 1080p / 720p
Running Time : 1hr 40min
Format : Mp4
Genre :Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by :
Encode by : Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။