Channel Myanmar

The Attack (2012)

CrimeDramaMystery

7.1
IMDB: 7.1/10 votes

35255

Report error

442

2012 က ထွက်ရှိကာ IMDb 7.1 ရရှိထားပြီး လူမျိုးရေး၊ နိုင်ငံရေးတွေကြားထဲမှာ ခက်ခဲစွာရုန်းကန်နေရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Dramaကားလေးတစ်ကားပါ

ဇာတ်လမ်းအညွှန်းကတော့….

ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျာ‌ဖာရီဟာ သူ့ရဲ့ဘဝကို ပျော်ရွှင်အောင်မြင်စွာနဲ့ပဲဖြတ်သန်းနေတာပါ။ သူ့ကို အရမ်းချစ်တဲ့ ဇနီးလှလှလေးတစ်ယောက်ရထားတယ်.. သူ့ဘဝကလည်း ခွဲစိတ်ဆရာဝန်အ‌ဖြစ် အောင်မြင်နေတယ် ထို့အပြင် တစ်နှစ်မှာ တစ်ခါပဲကျင်းပတဲ့ ဆရာဝန်တွေအတွက် ဆုပေးပွဲမှာလဲ အကောင်းဆုံးဆုရထားတယ်။ ဒါပေမဲ့ ဂြိုလ်ဆိုးဝင်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ဆုပေးပွဲအပြီး နောက်တစ်ရက်မှာပဲ စားသောက်ဆိုင်တစ်ခုမှာ ဗုံးထပေါက်တယ်။ စိတ်မကောင်းစရာက ထိုဗုံးပေါက်တဲ့ထဲမှာ သူ့ရဲ့ဇနီးပါသွားပါတယ်။ အဲဒါနဲ့ သူမရဲ့ bodyကို ရင်ခွဲရုံကို ယူလာတဲ့အချိန်မှာတော့ အံ့ဩစရာကောင်းတာက သူမသေဆုံးတဲ့ပုံဟာ ဗုံးပေါက်တဲ့အထဲကို မတော်တဆပါသွားတဲ့ပုံစံမဟုတ်ပဲ ဗုံးကို သူ့ကိုယ်မှာကပ်ပြီး အသေခံဖောက်ခွဲသွားတဲ့ပုံစံဖြစ်နေတာပါ။

အမြဲတမ်းအေးအေးနေပြီး ဘဝမှာအပူအပင်လုံးဝမရှိတဲ့ သူ့ရဲ့ဇနီးက ဒီလိုအသေခံပြီး လူတွေအများကြီးကို ဗုံးခွဲသွားတယ်ဆိုတာကို သူကဘယ်လိုယုံနိုင်မှာလဲ။ ဒါနဲ့ပဲ သူဟာ ထိုဖြစ်ရပ်ကို လိုက်စုံစမ်းပါတော့တယ်။ သူ့ဇနီးကဘာလို့ ဒီလိုလုပ်သွားခဲ့တာလဲ? သူ့ဇနီးက သူထင်သလို အပြစ်ကင်းလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး

 

File size…(736 Mb)
Quality….Blu-Ray 720p
Format…mp4
Duration….01:42:00
Genre…Crime, Drama, Mystery
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Maestro



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Attack (2012)


No downloads available

Genres



Related movies