ဒီတစ်ခါမှာတော့ Horror ဇာတ်ကားတွေကို
ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်
ဇာတ်ကားသစ်လေးတစ်ကားကို ယူဆောင်လာပါပြီ။
ဒါရိုက်တာ Stephen Cognetti က ရိုက်ကူးထားတာ
ဖြစ်ပြီးတော့ Joe Falcone, Elizabeth Vermilyea,
Kathryn Miller စတဲ့သရုပ်ဆောင်တွေ ပါဝင်
ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွင်း အဖြစ်
အပျက်ဆိုးတစ်ခုကိုကြုံခဲ့ရတဲ့ Chuck Wilson ဟာ
မိန်းမဖြစ်သူ Maria, ညီမဖြစ်သူ Isabelle တို့နဲ့အတူ
ဘဝသစ်စတင်ဖို့်အတွက် Ashland Falls ဆိုတဲ့မြို့လေး
ဆီကို ပြောင်းလာပါတယ်။ ဒါပေမယ့် မြို့လေးဟာ
တကယ်တမ်းတော့ ကျိန်စာသင့်နေတာပါ။
၁၉၄၀ ခုနှစ်လောက်တုန်းက ကိုယ့်ကိုကိုယ်အဆုံးစီရင်
ပြီးတော့ ဝိညာဉ်ဖြစ်သွားတဲ့ Helen Foster ဟာ
ဒီမြို့လေးကို ခြောက်လှန့်နေပါတယ်။ တဖြည်းဖြည်းနဲ့
သူတို့ကိုလည်း ဝိညာဉ်က စတင်ခြောက်လှန့်လာပါ
တော့တယ်။ မိသားစုကိုကာကွယ်ဖို့အတွက် Chuck ဟာ
မြေပုံပေါ်မှာမရှိတော့တဲ့ Helen ရဲ့အိမ်ဖြစ်တဲ့ 825
Forest Road ကိုရှာဖွေရင်း သူ့မိသားစုကိုကယ်တင်နိုင်ဖို့
အတွက် ဝိညာဉ်ဆိုးနဲ့ရင်ဆိုင်ပုံကို ခြောက်ခြားဖွယ်
ကြည့်ရှုကြရမှာပါ။
ဇာတ်လမ်းက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းပြီးတော့
ကြည့်လို့ကောင်းတဲ့ သည်းထိပ်ရင်ဖို Horror ဇာတ်ကား
ကောင်းလေးတစ်ကားဖြစ်ပါတယ်။
File size… (1.14 GB) / (628 MB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 41m
Genre …..Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Austin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။