Channel Myanmar

Report error

100 Crores (2024) “ကုဋေ ၁၀၀ ရှာပုံတော်”

ရိုးရိုးအချစ်ကားတွေချည်း ကြည့်ရတာ
ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက် ရသတစ်မျိုးပေးစွမ်းမဲ့
မှုခင်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။

442

မှုခင်းဇာတ်လမ်းဆိုပေမဲ့ ဇာတ်ကောင်စရိုက်စုံစုံလင်လင်နဲ့
twist အမျိုးမျိုးကို ပေါ့ပေါ့ပါးပါး ကြည့်ကြရမှာပါ။

ဇာတ်လမ်းအစမှာတော့ ဆိုင်ကယ်ပြင်ဆိုင်က စက်ပြင်ဆရာလေးရယ်၊
သူ့ချစ်သူရယ်၊ အခွန်ရှောင်တဲ့ သူဌေးကြီးရယ်၊ သူ့ရဲ့စမောလေးရယ်၊
သူဌေးကြီးရဲ့၀န်ထမ်းရယ်နဲ့ ရဲတစ်စုရဲ့နေ့စဉ်ဘ၀နဲ့
အဖြစ်အပျက်တွေကို ခပ်ရိုးရိုးပဲ ပုံဖော်ထားပါတယ်။

တစ်နေ့မှာတော့ စမောလေးနဲ့ပျော်ပါးနေတဲ့ သူဌေးကြီးဟာ
သူ့အိမ်ကို အခွန်ဌာနက ရှောင်တခင်၀င်စစ်မဲ့သတင်းကြောင့်
ဖွက်ထားတဲ့ပိုက်ဆံတွေကို အိတ်တွေနဲ့ထုပ်ပိုးပြီး အိမ်ပေါ်ကနေ
အိမ်နောက်ဖက်ကို ပစ်ချထားလိုက်ပါတယ်။ လာစစ်တဲ့သူတွေ
ပြန်သွားတဲ့နောက် သူ့ပိုက်ဆံထုပ်တွေလည်း
ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာကြောင့် သူဌေးကြီးလည်း
ရှော့ခ်ရပြီး သေဆုံးသွားခဲ့ပါတယ်။

အဲဒီအခါ ကုဋေချီတဲ့ပိုက်ဆံတွေကို ရှာဖွေဖို့အတွက် ရဲတွေရော
လောဘသားကောင်တွေပါ အလုပ်များကုန်ပါတော့တယ်။
အဲဒီပိုက်ဆံတွေ ဘယ်လိုပျောက်ဆုံးသွားတာလဲ၊
ဘယ်သူတွေက ဘယ်လိုလှည့်ကွက်တွေ သုံးနေတာလဲဆိုတာ
စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

File size… 2 GB / 1 GB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1h 52min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

100 Crores (2024)


No downloads available

Genres



Related movies