Channel Myanmar

10 Days of a Curious Man (2024)

CrimeDramaMysteryThriller

5.8
IMDB: 5.8/10 votes

27951

Report error

 

2023တုန်းက ထွက်ရှိခဲ့တဲ့ 10 Days of a Good Man နဲ့

442

10 Days of a Bad Man တို့ရဲ့ sequel ရုပ်ရှင်ကားကိုတင်ဆက်

ပေးလိုက်ချင်ပါတယ်။

အရှေ့နှစ်ကားရဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ဆာဒစ်ဟာ

ဘဲလက်ဆိုတဲ့မြို့လေးမှာ တစ်ကိုယ်တည်း အေးအေးဆေးဆေး

စာလေးတွေရေးရင်း နေထိုင်နေပုံကနေ ဇာတ်လမ်းကိုစတင်

ထားပါတယ်။

ရှေ့မှာသူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို စာမူရေးပြီး ပုံနှိပ်တိုက်‌

တွေကို ပေးပို့ခဲ့ပေမဲ့ အယ်ဒီတာဘက်ကသဘောမကျဘူးပေါ့လေ။

ဒီလိုနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ရေးမယ်ဆိုပြီး အကြံ

ထုတ်နေတုန်း ဆာဒစ်ရဲ့ အိမ်ရှေ့နားမှာ ကြောင်လေးတွေကို

အစာလာကျွေးနေကျအဘွားကြီးက အစာလာမကျွေးတော့တာကို

သတိထားမိသွားပါတယ်။ အဘွားကြီး ဘာလို့မလာတော့လဲဆိုတာကို

သွားစုံစမ်းရင်း ‌ကြောင်စာတွေထောက်ပံ့နေကျဖြစ်တဲ့ မူတဲနာဆိုတဲ့

ကောင်မလေးရဲ့ပျောက်ဆုံးမှုကိုသိလိုက်ရပါတယ်။

တစ်ဖက်မှာလည်း ရပ်ကွက်ထဲမှာ အိမ်တွေကိုမီးလိုက်ရှို့နေတဲ့

လူတစ်စုလည်းရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ စာမူရေးဖို့ ဇာတ်အိမ်

ကုန်ကြမ်းရှာနေတဲ့ ဆာဒစ်တစ်ယောက် မူတဲနာဆိုတဲ့ကောင်မလေးရဲ့

ပျောက်ဆုံးမှုကို စတင်စုံစမ်းပါတော့တယ်။

Crime/mystery အမျိုးအစားဖြစ်တာကြောင့် မထင်မှတ်ထားတဲ့

ဇာတ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းချိတ်ဆက်ပုံတွေကို

ကောင်းကောင်းကြီးကြည့်ရှုရမှာပါ။

လူကောင်းရော လူဆိုးပါဖြစ်ခဲ့ပြီးတဲ့ ဆာဒစ်တစ်ယောက်

လူပျောက်မှုကို စပ်စုမိတဲ့အခါမှာတော့ ဘာတွေဖြစ်ဦးမလဲဆိုတာ

ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

 

File size… (1.89GB) / (979MB )
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration….1h 50m
Genre ….. Crime , Drama , Mystery , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Muse



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

10 Days of a Curious Man (2024)
10 Days of a Curious Man (2024)
10 Days of a Curious Man (2024)
10 Days of a Curious Man (2024)


No downloads available

Genres



Related movies