Channel Myanmar

Documentary

Rise of Empires: Ottoman (2020) 7.354
Rise of Empires: Ottoman (2020) Rise Of Empires: Ottoman Season 1 (2020)သမိုင်းဖြစ်ရပ်မှန်များကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်ရမယ့် series တစ်ခုလာပါပြီ။ အော့တမန်အင်ပါယာကို အင်အားကြီးစေပြီး သမိုင်းလမ်းကြောင်းကိုလဲ ကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့ အော့တမန်ဘုရင် စူလ်တန်မာမက်ရဲ့သမိုင်းကြောင်းပါ။ စူလ်တန်မာမက်ကတော့ သူ့ခမည်းတော်နတ်ရွာစံအပြီးမှာ ၁၉ နှစ်အရွယ်နဲ့နန်းတက်ခဲ့တဲ့စူလ်တန်ငယ်တစ်ပါးပါ။ အသက်အရွယ်ငယ်တော့ သူ့အင်ပါယာတွင်းကရော အပြင်ကရန်သူကပါ သွေးတိုးစမ်းမှုတွေနဲ့ကြုံရပါတယ်။ မာမက်ကလဲ သူ့စွမ်းရည်ကိုပြသဖို့ရာအတွက် ဘိုင်ဇင်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကိုသိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာကတော့ အရှေ့ရိုမန်အင်ပါယာပါပဲ။ သူတို့မြို့တော် ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဘာသာရေးအရ အထွတ်အမြတ်နေရာလဲဖြစ်ပြီး ဒီမြို့ကိုသိမ်းပိုက်ချင်ခဲ့တဲ့တခြားတပ်ပေါင်း၂၃ တပ်က အရှုံးပေးလက်လျှော့ပြန်ခဲ့ရတဲ့မြို့ပါ။ အဲ့ဒီတပ်တွေထဲမှာ မာမက်ဖခမည်းတော် စူလ်တန်မူရက်ဒ်ရဲ့တပ်လဲအပါအဝင်ပါပဲ။ ဒီဇာတ်လမ်းမှာတော့ ၁၉နှစ်သားအရွယ်စူလ်တန် မာမက်ရဲ့ကွန်စတန်တီနိုပယ်ကို ကြိုးပမ်းမှုအကြောင်းအဓိကကြည့်ရမှာပါ။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ Docudrama အဖြစ်ဖန်တီးထားခြင်းပါပဲ။ ဒီဒရာမာဇာတ်လမ်းသွားထဲမှာပဲ ပညာရှင်တွေရဲ့အမြင်တွေရှင်းလင်းချက်တွေကို တစ်ပါထဲထည့်ပေးထားတော့ ဒီသမိုင်းကြောင်းကိုကိုယ်သိမထားရင်တောင် ဂူဂဲလ်သွားရှာစရာမလိုပဲ အဆင်ပြေပြေကြည့်နိုင်သွားသလို ပါဝင်တဲ့ဇာတ်ကောင် အဲ့ဒီခေတ်ရဲ့အနေအထား အယူအဆတွေကိုလဲတစ်ပါထဲသိရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်သိချင်တဲ့မေးခွန်းတွေကိုလဲဖြေပေးမယ့် စပွိုင်လာလဲမပေးမယ့်သူမျိုး ဘေးမှာရှိနေသလိုပေါ့။အဲ့ဒါအပြင် နောက်ခံစကားပြောသူကလဲ GOT ထဲက အားလုံးသဘောကျနှစ်ခြိုက်ရသူကြီး တိုင်ဝင်လန်နစ်စတာ (Charles Dance) ဆိုတော့ သူ့အသံပါဝါ အနိမ့်အမြင့် အစွဲအငင်တွေရဲ့ ပံ့ပိုးမှုကလဲ ဒီစီးရီးကိုအသက်ဝင်စေတာမို့ တော်တော်ပြည့်စုံတဲ့စီးရီးတစ်ခုပါပဲ။အညွှန်းကိုတော့ ...
7.354
TMDb: 7.354/10 240 votes
tv

Rise of Empires: Ottoman (2020)

2020
Gunther’s Millions (2023) 6.3
Gunther’s Millions (2023) Gunther's Millions (2023)ကာလိုတီ လီဘင်စတိုင်းဆိုတဲ့ ဂျာမန်မြို့စားကတော်ကြီးတစ်ယောက်က သေခါနီးမှာ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို “ဂွန်သာ” လို့ခေါ်တဲ့ ဂျာမန်သိုးထိန်းခွေးကို အမွေပေးခဲ့ပါတယ်။အဆိုတော်မက်ဒေါနားရဲ့ မိုင်ယာမီက အပန်းဖြေအိမ်ကြီးကို ဒေါ်လာ ၇.၅ သန်းနဲ့ဝယ်ခဲ့တဲ့ ဂျာမန်သိုးထိန်းခွေးဆိုတာ အဲဒီ “ဂွန်သာ”ပါပဲ။ဂွန်သာက ဒေါ်လာ သန်း(၄၀၀) လောက် ချမ်းသာပြီးတော့ ကိုယ်ပိုင်စားဖိုမှူး အထူးပြင်ဆင်ပေးတဲ့ အသားကို ကျကျနန ပွဲတော်တည်လေ့ရှိပါတယ်။ခရီးသွားရင် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားပြီးတော့ ကိုယ်ပိုင် အပျော်စီးသင်္ဘောနဲ့ ပင်လယ်ပြင်မှာ day out ထွက်ရတာကိုလည်း သဘောကျပါတယ်။ဂွန်သာ့မှာ အစောင့်အရှောက်တွေအပြင် ဂွန်သာပြန်ကြာရေးအဖွဲ့၊ ဂွန်သာလူမှုဆက်ဆံရေးအဖွဲ့၊ ဂွန်သာပြောရေးဆိုခွင့်ရှိသူ စတာတွေလည်း ရှိပါတယ်။ ပြောရရင် ရှင်ဘုရင်တစ်ပါးလို စိုးစံနေတဲ့ ခွေးပါ။ဒါပေမဲ့ “ခွေးဆိုတာက ခွေးပဲ” ဖြစ်လေတော့ ဂွန်သာရဲ့ ပစ္စည်းဥစ္စာတွေကို Gunther Trust ဆိုတဲ့ အဖွဲ့ကြီးက စီမံခန့်ခွဲပေးရပါတယ်။အဲဒီအဖွဲ့ကြီးရဲ့ပဲ့ကိုင်ရှင်ကတော့ မာရိဇီယို မီရန်ဆိုတဲ့ အီတလီကြီးပါ။ဒီ documentary က ဒီပုဂ္ဂိုလ်ကြီးရဲ့ စီမံခန့်ခွဲပုံနဲ့ “ထူးဆန်းတဲ့ ပရောဂျက်တွေ”အကြောင်းကို အင်တာဗျူး ...
6.3
TMDb: 6.3/10 10 votes
tv

Gunther’s Millions (2023)

2023
Super Junior: The Last Man Standing (2023) 10
Super Junior: The Last Man Standing (2023) Super Junior : The Last Man Standing (2023)မရေတွက်နိုင်တဲ့‌ အောင်မြင်မှုသမိုင်းတွေရေး‌ဆွဲခဲ့ကြတဲ့ Super Junior နဲ့အတူတူ E.L.F တွေအနေနဲ့ အမှတ်တရခရီးတွေဆီကို နယ်ချဲ့နိုင်ပြီး အမျိုးမျိုးသောခံစားချက်တွေကိုယူ‌ဆောင်လာမယ့် The Last Man Standing documentary လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အချိန်အကြာကြီးအတူတူရှိလာခဲ့ကြတဲ့ Super Junior အဖွဲ့ဝင်တွေကြားက ခိုင်မာတဲ့သံယောဇဉ်တွေ၊ ယုံကြည်မှုတွေကို သေချာကြီးမြင်တွေ့ရမှာဖြစ်ပြီးတော့ အမှတ်တရတွေကို ပြန်လည်‌သတိရမိစေနိုင်မှာလည်းဖြစ်ပါတယ်။Super Junior စတင်ရာက‌နေ အခုအချိန်အထိ အတူတူ ကျော်ဖြတ်ခဲ့ကြတာတွေ ၊ ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေ၊ ဝမ်းနည်းမှုတွေ ၊ အခက်အခဲတွေကို မျှဝေခံစားနိုင်မယ့် Documentary ကောင်းလေးတစ်ခုမို့ ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Documentary Quality…. 720p | 480p File size… 1.1GB | 525MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle ...
10
TMDb: 10/10 1 votes
tv

Super Junior: The Last Man Standing (2023)

2023
Beast of Bangalore: Indian Predator (2022) 6
Beast of Bangalore: Indian Predator (2022) Beast of Bangalore: Indian Predator (2022) ================================IMDb (6.1/10)ဖြစ်ရပ်မှန်ရာဇဝတ်မှုအကြောင်းအရာတွေကိုရိုက်ကူးပြထားတဲ့ ဒီ docuseries ရဲ့ ဒီတစ်ခေါက်အကြောင်းအရာကတော့ Bangalore က အမျိုးသမီးတွေရဲ့ လုံခြုံမှုမရှိတဲ့ ချောက်ချားဖွယ်ရာအမှောင်ယံနေ့ရက်တွေ နဲ့ ဒီလိုအားနွဲ့တဲ့အပြစ်မဲ့အမျိုးသမီးတွေကို စော်ကားပြီး ရက်ရက်စက်စက်သတ်ဖြတ်ပစ်တဲ့ သားရဲကောင်တစ်ကောင်ရဲ့အကြောင်းပါ။ဆယ်ကျော်သက်၊ အပျိုအရွယ်၊ ကိုယ်ဝန်သည်၊ မုဆိုးမ စတဲ့ ၁၈ ယောက်သောအမျိုးသမီးတွေအပေါ် ရက်စက်ခဲ့ပြီး သူ့ကိုမဖမ်းမိမချင်း စိတ်အေးလက်အေးမနေနိုင်လောက်အောင်ယုတ်မာခဲ့တဲ့ သားရဲကောင်က တကယ်တော့ ပြည်သူတွေကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့ ရဲဝန်ထမ်း Umesh Reddy ပါ။ဘာအကြောင်းအရင်းကြောင့် သူ ဒီလိုတွေလုပ်ခဲ့ရတာလဲ .. ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်ကြီးရဲ့ နောက်ဆုံးဇာတ်သိမ်းကဘာဖြစ်မလဲ .. တကယ့်ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို မှတ်တမ်းရုပ်ရှင်သဖွယ်ပြန်ဖန်တီးပြထားတာမို့ ရာဇဝတ်မှုအကြောင်းတွေကို စိတ်ဝင်စားသူတို့အဖို့ ကြက်သီးတထထနဲ့ကြည့်လို့ကောင်းဦးမှာအသေအချာပါပဲ။File Size –1GB / 500MBQuality – 1080p NF WEB DL AAC5.1CH / 720pDuration – minute (@Episode)Total Episodes: 3EpsSubtitle – Myanmar ...
6
TMDb: 6/10 2 votes
tv

Beast of Bangalore: Indian Predator (2022)

2022
Blood, Sex & Royalty (2022) 6.0
Blood, Sex & Royalty (2022) Blood, Sex & Royalty (2022) ==================== IMDb Rating - 5.8/10ဥရောပရဲ့သမိုင်းကြောင်းရာဇဝင်မှာ အကြီးမားဆုံးဖြစ်ရပ် တွေဖြစ်ခဲ့တဲ့ ၁၆ ရာစုနှစ်၊ ယူသမျှမိဖုရားတိုင်းကို စိတ်အလို မကျတာနဲ့ ကွပ်မျက်ဖို့ကြိုးစားခဲ့တဲ့ အင်္ဂလန်ပြည်ရဲ့ပြည့်ရှင် ဘုရင်ဖြစ်သူ အဋ္ဌမမြောက်ဟင်နရီ၊ ခရစ်ယာန်ဘာသာရဲ့ရိုမန် ကတ်သလစ်နဲ့ ပရိုတက်စတင့်ဆိုပြီး စတင်ပြိုကွဲမှုတွေဖြစ်ပွား ခဲ့တဲ့ ရာစုနှစ်၊ နပိုလီယန်ရဲ့ခေတ်မတိုင်ခင် ကြီးမားတဲ့ပြောင်းလဲမှု ပေါင်းများစွာ ရှုပ်ထွေးမှုပေါင်းများစွာ သောင်းပြောင်းထွေလာရှိ နေခဲ့တဲ့ ရာစုနှစ်ကတော့ ၁၆ ရာစုနှစ်ပါပဲ။ဒီရာစုနှစ်ရဲ့ ဥရောပနိုင်ငံတွေမှာ ပဒေသရာဇ်စနစ်သာ စိုးမိုးနေ တာကြောင့် ပဒေသရာဇ်စနစ်ရဲ့စိုးယုတ်ရက်စက်မှုအကြောင်းတွေ၊ ခရစ်ယာန်ဘာသာ နှစ်ပိုင်းစတင်ကွဲခဲ့ရခြင်းအကြောင်းတွေကို ဒီစီးရီးမှာ အရိပ်အမြွတ်အနေနဲ့ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။ ဒီသမိုင်းကြောင်းတွေကို ဖတ်ထားဖူးသူတွေအတွက်တော့ စာအုပ် ထဲမှာမပါသေးတဲ့ အချို့အချက်တွေပါ သိရမှာဖြစ်ပြီး မဖတ်ထားဖူး သေးသူတွေအတွက်လည်း ပေါ့ပေါ့ပါးပါးနဲ့ အလွန်ကြည့်ရကောင်း စေမယ့်စီးရီးတစ်ခုပါ။ဒီစီးရီးဟာ Blood Mary လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်္ဂလန် ဘုရင်မကြီးရဲ့ ဖခင်ဖြစ်သူ Henry VIII ရဲ့ ဒုတိယမြောက် မိဖုရား အန်းဘိုလင်းအကြောင်း ရိုက်ကူးထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ဝတ္ထုဖတ်ထားဖူးတဲ့ ကျွန်တော့်အနေနဲ့ကတော့ အန်းဘိုလင်းရဲ့ဘဝ ဇာတ်ကြောင်းကို အခုလိုစီးရီးတစ်ခုအနေနဲ့ ကြည့်ပြီးတဲ့အခါမှာတော့ အလွန်သဘောကျမိတယ်ပဲဆိုပါတော့ဗျာ။ ဒီတော့ ...
6.0
TMDb: 6.0/10 1958 votes
tv

Blood, Sex & Royalty (2022)

2022
Sean eternos: Campeones de América (2022) Complete 8.7
Sean eternos: Campeones de América (2022) Complete Sean eternos: Campeones de América (2022) Completed Mini Series ၂၀၂၁ခုနှစ်၊ ဇူလိုင်၂၁ရက် ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ မာရာကာနာကွင်းကြီးမှာ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကိုပါအ​မေရိကဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ​ကမ္ဘာ့​​​ဘောလုံးအင်အားကြီးနိုင်ငံအသင်း နှစ်သင်းက ​တောင်အ​မေရိကရဲ့ ဂုဏ်သိက္ခာအကြီးဆုံးဆုဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ​တွေ့ဆုံကြတာဖြစ်လို့ လူစိတ်ဝင်စားမှု များခဲ့သလို တစ်ဘက်မှာလည်း ပွဲကိုပိုအရှိန်တက်​​စေမယ့် ​​​စေ့​ဆော်မှု ပိုများ​စေတဲ့ အ​ကြောင်းရင်းတစ်ချက် ရှိပါ​သေးတယ်။ အဲဒါက​တော့ ဘောလုံးသမိုင်းတလျှောက် အ​ကောင်းဆုံးလို့တင်စားခံရ​ပေမဲ့ နိုင်ငံအသင်းနဲ့ ဆုဖလားမရယူနိုင်​သေးလို့ ဝေဖန်မှု​တွေ အမြဲလိုလို ခံခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ နိုင်ငံအသင်းအောင်မြင်မှုနဲ့ ကြံဖန်ကပ်လွဲ​နေတဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ​နေမာဂျူနီယာတို့ရဲ့ အားပြိုင်မှုပဲ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာ​​တော့ အာဂျင်တိုင်းသား​တွေဟာ အိန်ဂျယ်ဒီမာရီယာ သွင်းယူခဲ့တဲ့ တစ်လုံးတည်း​သောသွင်းဂိုးနဲ့အတူ ၂၈နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့သလို GOAT ကြီးတစ်​ယောက်လို့ တင်စားခံရတဲ့ လီယွန်နယ်မက်ဆီအတွက်လည်း ကစားသမားဘဝ အမည်းစက်လို ဖြစ်​နေတဲ့ ...
8.7
TMDb: 8.7/10 69 votes
tv

Sean eternos: Campeones de América (2022) Complete

2022
Limitless with Chris Hemsworth (2022)
Limitless with Chris Hemsworth (2022) Limitless with Chris Hemsworth (2022) ============================= IMDb Rating - 8.1/10ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကတော့ MCUရဲ့ Thor အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworthရဲ့ ဒီရက်ပိုင်း Hit ဖြစ်နေတဲ့ သတင်းတစ်ခုကိုတော့ ကြားဖူးထား လောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် သူ့ရဲ့မျိုးရိုးလိုက်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါအကြောင်း သိရှိပြီးတဲ့နောက်မျာတော့ ရုပ်ရှင် ရိုက်ကူးမှုတွေ ရပ်နားထားမှာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ရိုက်ကူး ဖြစ်မလဲတော့ အတိအကျ ပြောဆိုထားခြင်း မရှိသေးပါဘူး။ သူက Avengers ရိုက်ကူးနေစဉ်ကာလကတည်းက စိတ်ဖိစီးမှု ဒဏ်တွေ အများအပြားခံစားခဲ့ရပြီး သူ့ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေကိုပါပြောင်းလဲပစ်ခဲ့ရသူပါ။ဒီ documentary မှာတော့ Chris Hemsworth ရဲ့ လက်ရှိကြုံ တွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်သွားနိုင်မဲ့ အပြင်းစား စိန်ခေါ်မှုကြီးခြောက်ခုကို လုပ်ဆောင်ပြသွားမှာဖြစ်ပါတယ်။စိတ်ဖိစီးမှုဒဏ်ကို တွန်းလှန်နိုင်ဖို့က အဲဒီလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အဆိုအရ သူအရမ်းကြောက်တဲ့ သူမလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ စိန်ခေါ်မှု အကြီးစားတွေကို လုပ်ဆောင်ရင်း သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေ ပေးသွားမှာမျိုးပါ။သူနဲ့အတူတူ သူ့ရဲ့ညီအစ်ကိုရင်းချာတွေဖြစ်တဲ့ မင်းသား Liam ...

Limitless with Chris Hemsworth (2022)

2022
Indian Predator: Murder in a Courtroom (2022) 9
Indian Predator: Murder in a Courtroom (2022) Indian Predators Season2 (2022)Season 1မှာတုန်းက ၁၉၉၈ခုနှစ်ကနေ ၂၀၀၇ခုနှစ်အထိ ၉နှစ်တာလူသတ်မှု၈မှုကျူးလွန်ခဲ့ပြီး အမှုတိုင်းမှာလည်း ပလက်စတစ်နဲ့ထုပ်ပြီး ရဲစခန်းရှေ့သွားပစ်ထားတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်ကိုမှတ်မိကြမယ်ထင်ပါတယ် အခုလည်းဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတဲ့ Season 2 လည်း Netflix မှထွက်ရှိလို့လာပါပြီတရားခွင်ထဲမှလူသတ်မှု : ထိုးသွင်းဒဏ်ရာ၇၅ချက်နဲ့သေဆုံးခဲ့တဲ့တရားခံ အကူရာဒေ့ဗ် ဒီမှတ်တမ်းကတော့ တရားရုံးထဲမှာတရားခံကို လူအုပ်ကြီးကဝိုင်းသတ်ကြတဲ့အမှုပါ ရဲတွေရှေ့နေ့တွေတရားသူကြီးတွေရှေ့မှာ အမျိုးသမီး အယောက်၅၀ခန့်လူအုပ်ကြီးက တရားခွင်ထဲဝင်လာကြီး တရားခံကိုသတ်သွားကြတဲ့ မကြုံစဖူးဖြစ်စဉ်မို့ နေရာအနှံ့ကသတင်းထောက်တွေကြားဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့တယ်ခေါင်းစဉ်တွေမျိုးစုံနဲ့သတင်းထွက်လာခဲ့ပြီး မျက်မြင်သက်သေပြောဆိုချက်အရ အမျိုးသမီး၅ဦးကိုသာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆူပူအုံကြွမှုတွေဖြစ်ခဲ့ပြီး ကတ်စတူဘာနာဂ်ဂါက ၄၀၀သော အမျိုးသမီးတွေကလာအဖမ်းခံခဲ့တဲ့ဖြစ်စဉ်ဒီတရားခံအပေါ်သူတို့ဘယ်လိုအမုန်းတရားတွေရှိနေမလဲ ရက်စက်ကြမ်းကြုတ်စွာလူသတ်မှုတွေကျူးလွန်ခဲ့တဲ့အကူရာဒေ့ဗ်ကို လအနည်းငယ်နဲ့ပြန်ပြန်လွှတ်ပေးခဲ့တဲ့ ရဲတွေရဲ့ညံ့ဖျင်းမှုကြောင့် ဒီလိုအမှုဖြစ်လာတယ်လို့အယုံရှိကြတဲ့လူကတစ်ဖွဲ့၊ အမျိုးသမီးတွေကိုအသုံးချကြိုးကိုင်ပြီး စိတ်ဝမ်းကွဲအောင် ဆူပူမှုဖန်တီးတယ်လို့လက်ခံတဲ့တစ်ဖုံနဲ့ SMS ကနေ မဲအရေအတွက်နဲ့ Voting ခွဲခဲ့ရတဲ့ဖြစ်ရပ်မှန်ဒီမှတ်တမ်းရုပ်ရှင်ကို အသည်းတယားယား ခံပြင်းစွာနဲ့ကြည့်ရှုရမှာပါ IMDb မှာလည်း 7.3ထိရရှိထားပြီး Netflix ကထုတ်လွှင့်တာဖြစ်လို့မကောင်းမှာတော့မပူရပါဘူးရှင်Quality : 1080p NF WEB DL /  720pTotal Episodes : 3EpsFormat : mp4Genres :Documentry , CrimeDuration : 2h 48mSubtitle : Myanmar Subtitle ( ...
9
TMDb: 9/10 3 votes
tv

Indian Predator: Murder in a Courtroom (2022)

2022
Matchday: Inside FC Barcelona(2019) 7.773
Matchday: Inside FC Barcelona(2019) Matchday: Inside FC Barcelona(2019) အညွှန်း******************************************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး2019 မှာ ဘာကာရဲ့ line up ကလည်း အထင်ကရတစ်ခုပဲ...ဒီကာလရဲ့ ရင်ခုန်စိတ်လှုပ်ရှားဆုံးပွဲစဉ်တွေကို အဓိက ထားရိုက်ပြထားတာဆိုတော့တခြား Documentary တွေထက် ပိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတယ်..ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာတော့ဘာစီလိုနာဆိုတာ အကောင်းဆုံးဆိုတဲ့ အသင်းတွေထဲကတစ်သင်းဆိုတာ ဘယ်သူမှစောဒကတက်ကြမယ်မထင်ပါဘူး ... ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ကြပြီဆိုတာနဲ့ ပြိုင်ဖက်အသင်းတွေက အနည်းငယ်တော့ ဖြုံသွားကြတာပဲမဟုတ်လား... ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံခဲ့ကြရတဲ့ မာရာဒိုနာ ရော်နယ်ဒင်ဟို လီယိုမက်ဆီတို့လို ကစားသမားတွေရဲ့ ဂန္တဝင်အဖြစ် မွေးဖွားလာရာ အသင်းတစ်သင်းဖြစ်သလို အောင်မြင်မှုတွေကိုလဲ အကြိမ်ကြိမ်ရယူနိုင်ခဲ့တဲ့ စပိန်ဘီလူး အသင်းကြီးတစ်သင်းဖြစ်ပါတယ်.... ဒီစီးရီးတိုလေးမှာ ဘာစီလိုနာတို့ရဲ့ 2018-2019 နောက်ပိုင်း ဖြတ်သန်းလာရတဲ့ ပွဲကြီးပွဲကောင်းတွေ အဝတ်လဲခန်းထဲက စိတ်‌ဓာတ်တွေ အဓိကကစားသမားတွေရဲ့ ဘဝနေထိုင်ဖြတ်သန်းပုံတွေ ဥရောပမှာ အကြီးမားဆုံးဖြစ်တဲ့ ကမ့်နူးကွင်းကြီးရဲ့ အရှိန်အဝါတွေ ဘောလုံးလောကမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဆိုတဲ့ ရီးရဲမက်ဒရစ်နဲ့ ကလက်စီကိုပွဲ ရင်ဆိုင်ရတဲ့အတွေ့အကြုံတွေ ကို ဝေဝေဆာဆာ တင်ပြထားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဘာစီလိုနာပရိတ်သတ်မဟုတ်ရင်တောင်မှ ကြည့်သင့်တဲ့ စီးရီးဖြစ်ပြီး အခြား Documentary တွေနဲ့မတူပဲကွဲပြားတဲ့ အရသာကို ခံစားရမှာဖြစ်ပါတယ်.... Episodes: 8File ...
7.773
TMDb: 7.773/10 119 votes
tv

Matchday: Inside FC Barcelona(2019)

2019
Hurts Like Hell (2022)
Hurts Like Hell (2022) Hurts Like Hell (2022)IMDb rating 8.6 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် Netflix ရဲ့ နောက်ထပ် Documentary Series ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ Series မှာတော့ ထိုင်းနိုင်ငံရဲ့ လက်ဝှေ့လောကရဲ့ အမှောင်ခြမ်းကို တစ်စိတ်တစ်ပိုင်းမျှ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ဝှေ့ကိုလည်း စိတ်ဝင်စားတယ် Documentary Series ကိုလည်း ကြိုက်တယ်ဆိုရင် လက်မလွှတ်တမ်း ကြည့်ရှု့သင့်တဲ့ Series တစ်ခုပါ။ လောင်းကစားဟာ ထိုင်းလက်ဝှေ့လောကရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ထိုလောကသားလည်း ၅ သိန်းခန့်ရှိပြီး နှစ်တစ်နှစ်တွင် လောင်းကစားမှာ ငွေကြေး လည်ပတ်မှုဟာ ထိုင်းဘတ်ငွေ ဘီလီလျံ ၄၀ မှ ၅၀ အထိရှိပါတယ် လက်‌‌ဝှေ့ရုံမှာ ကြည့်ရှု့သူရဲ့ ၉၈ ရာခိုင်နှုန်းဟာ လောင်းကစားသမားတွေပါ။ ထိုကဲ့သို့ ကြီးကျယ်လှတဲ့ လောကကြီးထဲမှာ ဒုစရိုက်ကိစ္စတွေကဲ့သို့ မကောင်းတဲ့အရာတွေဆိုတာ ဖြစ်တတ်စမြဲပါပဲ။ အဆိုပါလောကသားတွေကရော ဘယ်လိုကျင်လည်နေကြလဲ ဘယ်လိုတွေ ရှင်သန်နေလဲဆိုတာ စိတ်ဝင်စားဖွယ် ...

Hurts Like Hell (2022)

2022
The Pogmentary: Born Ready(2022) 8.0
The Pogmentary: Born Ready(2022) The Pogmentary: Born Ready(2022)*********************************အပိုင်း (၁ မှ ၅ ) အထိ စ/ဆုံး"ကျွန်တော်ပါဝင်တဲ့ ပရော့ဂျက်တစ်ခုအသင်းမှာဖြစ်စေချင်တာ..ပြီးတော့ မန်ယူရဲ့ ဂန္တဝင်ကစားသမားလည်းဖြစ်ချင်တယ်..ဒါပေမဲ့ လက်ရှိမှာတော့ မန်ယူမှာ ကျွန်တော့်အတွက် ပရော့ဂျက်ရှိပုံမရှိဘူး"ဂျူဗီကိုအလွတ်နဲ့ပြောင်းရွှေ့သွားတဲ့ ပေါ့ဘာဟာအထက်ပါစကားလေးတစ်ခွန်းကိုပြောခဲ့ပါတယ်...တကယ်တော့ ပေါ့ဟာဟာ ကွင်းလယ်လူထဲမှာ ခြေစွမ်းမြင့်ကစားသမားစာရင်းထဲမှာပါတယ်ဆိုတာကိုထွေထူးတော့ပြောစရာလိုမယ်မထင်ပါဘူး..အခု Documentary  ထဲမှာတော့ သူ့ဘဝရဲ့ အရေးပါတဲ့ အသက် (၁၈)နှစ်အရွယ်မန်ယူကစားသမားဘဝက စလို့ လက်ရှိအချိန်ထိအရေးကြီးဆုံးအပိုင်းတွေကိုရိုက်ပြထားပါတယ်...ဖာဂူဆန်ကြီးနဲ့ ရိုင်အိုလာတို့ ပေါ့ဘာ စာချုပ်ကိစ္စ အဆင်မပြေတဲ့အကြောင်းတွေတောင်ပါ ပါတယ်...ဒါ့အပြင် ပေါ့ဘာရဲ့ အေးဂျင့် ရိုင်အိုလာရဲ့" ဒီလို စာချုပ်မျိုးကမ်းလှမ်းရင်တော့ ကျွန်တော့ ပေါ့ဘာကိုလေ့ကျင့်ရေးကွင်းက မြက်တောင် ဖြတ်မနင်းခိုင်းဘူးဗျ"" ဘယ်သူတွေဘာမြင်မြင် ကျွန်တော် ဂရုမစိုက်ဘူးဗျ...ဘုရားသခင်တောင် လူတိုင်းမချစ်လို့ ကားစင်တင်သတ်ကြတာပဲမလားဗျ"ဒီလိုအပြောတွေလည်းပါလေရဲ့...Amazon Prime ကရိုက်ကူးထားပြီး နောက်ခံ music ခပ်လန်းလန်းတွေနဲ့မို့ဘောလုံးပရိတ်သတ်တွေကြည့်လို့ရအောင် တင်ပေးထားပါတယ်...Episodes: 5File Size: 800MB & 300 MBQuality ...
8.0
TMDb: 8.0/10 5 votes
tv

The Pogmentary: Born Ready(2022)

2022
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside The Golden Triangle (2021) Traffickers: Inside the Golden Triangle (2021) Ep 3 - The Playboy Drug Lord ငွေနည်းနည်းလိုချင်ရင် လခစားလုပ်၊ ငွေများများလိုချင်ရင် အောင်မြင်အောင်ဈေးရောင်းစား၊ ဒီထက်လိုချင်ရင်တော့ အာဏာရှင်တို့ ခရိုနီတို့လုပ်၊ ဒီထက်လိုချင်သေးရင်တော့ ရွှေတြိဂံမှာ မူးယစ်ရာဇာသာလုပ်စား။ ဒီစကားက အလွယ်ပြောလိုက်တာပေမဲ့ ခင်ဗျားသာ မူးယစ်ရာဇာဖြစ်လာရင် ဒေါ်လာရာတန်တွေချည်း ခင်းအိပ်လို့ရသလို၊ ဇိမ်ခံကား၀ယ်စီးချင်လည်း ရပါတယ်။ ပထမခွန်ဆာနဲ့ နော်ခမ်းတို့လည်း မဟားဒရားတွေ ချမ်းသာခဲ့ကြသလို ခုတစ်ယောက်ဆိုလည်း ဇိမ်ခံကားရာချီ၀ယ်နိုင်တဲ့အထိ ချမ်းသာခဲ့ပါတယ်။ ရွှေတြိဂံဒေသက ဘိန်းရာဇာတွေ မူးယစ်ရာဇာတွေထဲက ကမ္ဘာ့အဆိုးဆုံးစာရင်း၀င်ဖြစ်တဲ့ ခွန်ဆာတို့၊ တရုတ်ရဲ့ မဟာရန်သူဖြစ်တဲ့ နော်ခမ်းတို့ ပြီးတဲ့နောက်မှာ ဒီတစ်ခါကတော့ လာအိုက မီသမ်ဖက်တမင်းရောင်းတဲ့ မူးယစ်ရာဇာအကြောင်းပါ။ သူက ထူးတော့ထူးပါတယ်။ ခွန်ဆာတို့ နော်ခမ်းတို့က တောထဲမှာ နေခဲ့ကြပေမဲ့ သူက မြို့ပေါ်မှာ ဇိမ်ခံကားထည်လဲစီး တိုက်အကောင်းစားတွေပတ်၀ယ် မင်းသားတွေမင်းသမီးတွေ ဆယ်လီတွေနဲ့လည်း ခင်နေတဲ့သူပါပဲ။ သူ့ကိုမိသွားပုံကလည်း ...

Traffickers: Inside The Golden Triangle (2021)

2021
MAMAMOO: Where Are We Now (2022)
MAMAMOO: Where Are We Now (2022) MAMAMOO Documentary "Where Are We Now"" ကျွန်မတို ဒီလေးယောက်ကြားမှာ လူတွေအရမ်းများလာတယ်အဲ့အခါ နားမထောင်ချင်တဲ့စကားတွေ နားထောင်ရတဲ့အခါ အရမ်းပင်ပန်းရတယ်.အဲ့အစား debutမတိုင်ခင်က ရန်ဖြစ်လိုက်ကြ စကားများလိုက်ကြနဲ့အချိန်တွေကအများကြီးပိုကောင်းနေပါလားလို.... " - Moonbyulဒီdocumentaryကတော့ MooMoo တွေအတွက်အဓိပ္ပါယ်အပြည့်နဲ့ အဖိုးတန်documentaryလေးတစ်ခုဖြစ်မှာပါ.MAMAMOO ဆိုတဲ့အဖွဲလေးဟာ debutချိန်ကစလို အခုထိ ၇နှစ်တာအတွင်းမှာပင်ပန်းမှုမျိုးစုံရော အခက်အခဲမျိုးစုံရော ထိုက်တန်တဲ့အောင်မြင်မှုကြီးကြီးမားမား ရခဲ့ပါတယ်ဒီအောင်မြင်မှုနောက်ကွယ်က သူတိုရဲ့ခံစားချက်တွေကျော်ဖြတ်ခဲ့ရပုံတွေနဲ့ သူတိုလေးယောက်ကြားက bondလေးကို heartwarming ဖြစ်စွာ emotionalဖြစ်စွာနဲ့ကြည့်ရှုကြမှာပါ(အညွှန်းကို Sim Jinnie မှရေးသားထားပြီးတော့ CM Variety Team မှဘာသာပြန်ဆိုထားပါသည်)File Size – 300MB / 15oMB@EpisodeQuality – 720p / 360pDuration – 50minute (@Episode)Total Episodes: 4EpsSubtitle – Myanmar HardsubFormat – Mp4Genre ...

MAMAMOO: Where Are We Now (2022)

2022
Our Great National Parks (2022) 10
Our Great National Parks (2022) Our Great National Parks ဆိုတဲ့ Docuseries လေးမှာ Narrator အနေနဲ့အမေရိကားရဲ့ သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ Barack Obama ပါ၀င်ထားတာက ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်။Netflix Original ဖြစ်တဲ့အတွက် ကြည့်မကောင်းမှာကိုတော့ စိတ်ပူစရာ မလိုပါဘူး။ကမ္ဘာကြီးပေါ်မှာ မျိုးတုံး‌ပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေကို ထိန်းသိမ်းထားတဲ့ကမ္ဘာ့နေရာ အနှံ့အပြားမှာရှိတဲ့ သဘာ၀ရဲ့ အမျိုးသားဥယာဉ်ကြီးတွေကို တွေ့မြင်ရမှာ။Discovery ကိုကြည့်ရတာကြိုက်တဲ့လူရော မကြိုက်တဲ့လူရော ကြည့်ပြီးရင်အသိပညာတွေတိုးပွားစေမယ့် showဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိနေတဲ့ သားရဲတိရစ္ဆာန်တွေရဲ့ တည်ရှိမှုက လူသားတွေကိုဘယ်လို အကျိုးပြုပေးနေပြီး ဂေဟဗေဒ စနစ်ကို ထိန်းညှိပေးထားကြောင်းတွေကိုလဲထောက်ပြထားတဲ့ အချက်တွေလဲ အများကြီးပါ၀င်ပါတယ်။ဥယာဉ်လို့ သတ်မှတ်ထားတဲ့ အတိုင်းအတာက ဘယ်လောက်ကျယ်၀န်းလဲ၊ဘယ်လိုမျိုးစုံတဲ့ ကိုယ်မမြင်ဖူးတဲ့ တောရိုင်း တိရစ္ဆာန်တွေကို မြင်ရမလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ Obama နဲ့အတူလိုက်ပါ ခံစားကြည့်လိုက်ပါ။File Size –2GB / 800MB @EpisodeQuality –1080p NF WEB DL AAC ...
10
TMDb: 10/10 2 votes
tv

Our Great National Parks (2022)

2022
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside The Golden Triangle (2021) Traffickers: Inside the Golden Triangle (2021) Ep 2 - The Mekong River Pirate မဲခေါင်ပင်လယ်ဓားပြ စိုင်းနော်ခမ်း ၂၀၁၁မှာ မဲခေါင်မြစ်ထဲ တရုတ်သင်္ဘောသား ၁၃ယောက်ကို သတ်တဲ့အမှုနဲ့ ၂၀၁၃မှာ တရုတ်မှာ သေဒဏ်ပေးခံခဲ့ရတဲ့ စိုင်းနော်ခမ်းအကြောင်း ဟိုးလေးတကြော်ဖြစ်ခဲ့ဖူးတော့ သူ့ကို အားလုံးသိကြမှာပါပဲ။ ဒီ‌သတ်ဖြတ်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း တရုတ်ပြင်ပမှာ တရုတ်လူမျိုးသေဆုံးတဲ့အမှုတွေထဲ အကြီးဆုံးအမှုတစ်ခုပေါ့။ တရုတ်ပြည်တစ်ပြည်လုံးရဲ့ အာရုံစိုက်ခံခဲ့ရတဲ့ အမှုလည်းဟုတ်ပါတယ်။ နော်ခမ်းဟာ လားရှိုးမြို့မှာ မွေးခဲ့တဲ့ ပအို့လူမျိုးအဖေနဲ့ ရှမ်းလူမျိုးအမေရဲ့ သားပါပဲ။ မဲခေါင်မြစ်ကို ဖြတ်တဲ့ သင်္ဘောတွေကနေ ဆက်ကြေးကောက်လို့ မဲခေါင်ပင်လယ်ဓားပြလို့ နာမည်ကြီးခဲ့တဲ့ နော်ခမ်းဟာ‌ ရွှေတြိဂံက မူးယစ်ရာဇာတစ်‌ဦးပါ။ ဒီလိုမဖြစ်ခင်က နော်ခမ်းဟာ ခွန်ဆာဆီမှာ ရေဒီယိုအော်ပရေတာအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ဖူးပြီး ခွန်ဆာလက်နက်ချသွားပြီးနောက်ပိုင်းမှာ သူ့ကိုယ်ပိုင်အဖွဲ့ကို ထူထောင်ခဲ့တာပါ။ ထိုင်းက ဘတ်၂သန်းဆုငွေကြေညာရတဲ့အထိ နာမည်ကြီးခဲ့တဲ့ မူးယစ်ရာဇာလည်း ဟုတ်ပါတယ်။ နော်ခမ်းကို တစ်ချို့က ...

Traffickers: Inside The Golden Triangle (2021)

2021
Traffickers: Inside The Golden Triangle (2021)
Traffickers: Inside The Golden Triangle (2021) Traffickers: Inside the Golden Triangle (2021) Ep 1 - The Opium King တစ်ကမ္ဘာလုံးက နံပါတ်တစ် ဘိန်းဘုရင်ပါလို့ လက်ခံထားခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရှိတယ်။ သူ့နာမည်က ခွန်ဆာ။ မူးယစ်ဆေးလောကမှာတော့ သူ့ခေတ်သူ့အခါက ခွန်ဆာကို ဘယ်သူမှမမီဘူး။ အတ်စကိုဘားလည်း မမီဘူး။ မြန်မာ ထိုင်းနဲ့ အမေရိကန်ကပါ သူ့ကို မရမကဖမ်းဖို့ကြိုးစားခဲ့ကြတယ်။ အမေရိကန်ဆို ခွန်ဆာကိုဖမ်းဖို့ သီးသန့်အဖွဲ့တွေပါ ဖွဲ့ခဲ့ရတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ၂၀၀၇အထိ အေးဆေးနေရင်း ရောဂါနဲ့ပဲ ‌ဆုံးသွားခဲ့တယ်။ " ခွန်ဆာနဲ့ ဘိန်းလုပ်ငန်း " ခွန်ဆာဟာ ရွှေတြိဂံလို့ခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံစပ်က ဘိန်းထုတ်လုပ်ရေးနဲ့ နာမည်ကြီးတဲ့နေရာက နာမည်အကြီးဆုံး ဘိန်းဘုရင်ပါ။ သူ့ဆီက ဘိန်းတွေက ၉၅%သန့်တာကြောင့် အမေရိကဘိန်းဈေးကွက်တစ်ခုလုံး သူ့ဘိန်းတွေကို အသည်းစွဲကြိုက်ကြတယ်။ ခွန်ဆာကြောင့်နဲ့ ရွှေတြိဂံဟာ အဲဒီခေတ်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနေရာဖြစ်ခဲ့တယ်။ ...

Traffickers: Inside The Golden Triangle (2021)

2021
I Am Georgina (2022) 6.2
I Am Georgina (2022) I Am Georgina (2022) ====================== IMDb Rating - 6.2/10ရုပ်၀တ္တုလောကဆန်ဆန် နှိုင်းယှဉ်ပြောရမယ်ဆို သူဟာ influencer, စီးပွားရေးပညာရှင်တစ်ယောက် ။ Instagram မှာ followers အများဆုံးသော ကမ္ဘာကျော်အမျိုးသားရဲ့ လက်တွဲဖော်တစ်ယောက်။ပကာသနတွေ မပါဘဲ တင်စားရမယ်ဆိုရင်တော့ သူဟာ မိခင်တစ်ယောက်။ အချစ်ကြောင့် ပြောင်းလဲသွားခဲ့သူတစ်ယောက်ပေါ။ သူဆိုတာ Georgina Rodriguez။ Cristiano Ronaldo ကို ပိုင်ဆိုင်ထားတဲ့၊ မီဒီယာမှာ မျက်နှာပန်းလှတဲ့၊ အောင်မြင်နေတဲ့ အမျိုးသမီးပါ။ လူတိုင်းဟာ အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အဘက်ဘက်ကနေ ဒီအမျိုးသမီးကို အားကျကြတယ်။ လေးစားကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ မဂ္ဂဇင်း ကာဗာတွေရဲ့ နောက်ကွယ်၊ အင်စတာဂရမ်ပုံတွေရဲ့ ‌နောက်ကွယ်၊ ကောဇောခင်းနီတွေရဲ့ နောက်ကွယ် ခြုံငုံပြောရရင် အောင်မြင်မှုဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်က သူ့ဘ၀ကို ချပြဖို့ ဆုံးဖြတ်ခဲ့ပါပြီ။လူထဲက လူတစ်ယောက်ပေမဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်လာတဲ့အခါ သူ့ရဲ့ Personal Life ကအစ စိတ်၀င်စားစရာဖြစ်လာပါတယ်။ ဒီတော့ ဒီ reality show မှာရော ...
6.2
TMDb: 6.2/10 2300 votes
tv

I Am Georgina (2022)

2022
Neymar: The Perfect Chaos (2022) 8.4
Neymar: The Perfect Chaos (2022) Neymar : The Perfect Chaos (2022) မြန်မာစာတန်းထိုး******************************************IMDb - 7အပိုင်း ၁ မှ ၃ (အစ-အဆုံး) ''ခင်ဗျား ကျွန်တော့်ကိုမကြိုက်ဘူးမလား"၊ "အဲဒါ ခင်ဗျားကိစ္စလေ"၊  "ကျွန်တော်ကတော့ ကျွန်တော်နေချင်သလိုနေမှာပဲ" သတင်းထောက်ကို နေမာပြန်ပြောခဲ့တဲ့စကား။ တကယ်ဘုကျတဲ့ကောင်။ခင်ဗျားဟာ ဘောလုံးလောကနဲ့ မရင်းနှီးတဲ့လူတစ်‌ယောက်ဆိုရင်တောင် နေမာကိုတော့ ခင်ဗျားကြားဖူးနားဝရှိနေလိမ့်မယ်။ သူဟာ ရော်နယ်ဒို၊ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နာမည်ကျော် ဘာစီလိုနာအသင်းမှာ ငါးနှစ်ကြာကစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ မှာ ပြင်သစ်လိဂ် ပီအက်စ်ဂျီအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းလာခဲ့ပါတယ်။ ဆိုတော့ သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘယ်လောက်တဲ့လဲဆိုရင် ယူရို ၂၂၂ သန်းပါ။ အခုငွေလဲနှုန်းနဲ့ဆို မြန်မာငွေ သိန်းပေါင်း ၄၄ သိန်းကျော်ပါ။ 2022 ခုနှစ်မှာ နေမာရဲ့ကြွယ်ဝမှုဟာ မြန်မာငွေ သိန်းပေါင်း 35 သိန်းချမ်းသာကြွယ်ဝပါတယ်။ဝင်ငွေအရကြည့်မယ်ဆိုရင် သူဟာ တစ်စက္ကန့်ကို သုံးဒေါ်လာနှုန်း ...
8.4
TMDb: 8.4/10 46 votes
tv

Neymar: The Perfect Chaos (2022)

2022
The Beatles: Get Back (2021) (Completed Docu-Series) 8.8
The Beatles: Get Back (2021) (Completed Docu-Series) The Beatles: Get Back (2021) ကျွန်တော်တို့ ရူးသွပ်စွဲလမ်းခဲ့ရတဲ့ အနုပညာရှင်တွေက ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာထက် ပိုသွားတဲ့အခိုက်အတန့်လေးတွေ ကြုံဖူးကြမှာပါ။ ကိုယ့်မျက်လုံး ကိုယ့်နှလုံးသားထဲမှာ သူတို့ ဘယ်လောက်ခမ်းနားကြီးကျယ်ခဲ့တယ်ဆိုတာကလည်း ပျော်စရာအမှတ်တရတွေထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူခဲ့ကြတာမျိုးပေါ့။ သူတို့ရဲ့ ပိုစတာလေးတွေ ဓာတ်ပုံလေးတွေ သူတို့ရဲ့ အနုပညာလက်ရာလေးတွေက ကျွန်တော်တို့ တစ်ကိုယ်ရည်အိပ်ခန်းလေးထဲမှာ တခမ်းတနား နေရာယူနေတတ်ကြပါတယ်။ အခုတင်ဆက်ပေးမယ့် ရုပ်သံမှတ်တမ်းလေးကတော့ ဗြိတိန် ရော့ခ်အင်ရိုး ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ The Beatles ပါပဲ။ ဒီနေရာမှာ တစ်ခုပြောစရာရှိလာပါတယ်။ ကျွန်တော်တို့ ဂီတဖျော်ဖြေပွဲတစ်ခုကို ကိုယ်တိုင်ကြည့်တာပဲဖြစ်ဖြစ် တီဗွီမှာပဲဖြစ်ဖြစ် အားပေးကြည့်ရှုတဲ့အချိန်မှာ သူတို့က သိပ်ကိုပျော်ရွှင် တက်ကြွနေပြီး သိပ်ကို ခမ်းနားတင့်တယ်လွန်းတာမျိုးပေါ့။ အချင်းချင်း နောက်ပြောင်လိုက်ကြ အဆိုတော်က ဂစ်တာသမားနားကိုပြေးသွားပြီး အတူဒွန့်လိုက်ကြနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့က ပြုံးဖြီးဖြီးကြီးတွေကိုဖြစ်လို့။ ဒါပေမယ့် စင်မြင့်ပေါ်ရောက်မလာခင်မှာ သူတို့ ဘယ်လိုရုန်းကန်ကြိုးစားခဲ့ရတယ်၊ ဘယ်လိုပြဿနာတွေကြုံခဲ့ရတယ်၊ ကြုံခဲ့ရတဲ့ အငြင်းပွားမှု​တွေ သ​ဘောထားကွဲလွဲမှု​တွေကို ...
8.8
TMDb: 8.8/10 148 votes
tv

The Beatles: Get Back (2021) (Completed Docu-Series)

2021
Welcome to Earth (2021) 7.8
Welcome to Earth (2021) Welcome to Earth (2021)================IMDb Rating - 7.7/10ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဆိုတာကျယ်ပြောလှတဲ့အာကာသစကြာ၀ဠာကြီးတစ်ခုလုံးနဲ့ယှဉ်ရင် မြူမှုန်လေးတစ်မှုန်စာလောက်ပဲ မဟုတ်ပါလား။ မြူမှုန်လောက်လေး ကမ္ဘာထဲမှာမှ ကျွန်တော်တို့တွေ နေထိုင်ကြတာပါ။ အဲဒီလို သေးငယ်လှတဲ့ ကမ္ဘာမြေကြီးထဲမှာ ကျွန်တော်တို့လူသားတွေ စူးစမ်းရှာဖွေဖို့ ကျန်နေသေးတဲ့ဆန်းကြယ်မှုတွေ တပုံတပင်ကြီးပါ။ဒီလိုအရာတွေကို ပြသဖို့ ကျွန်တော်တို့ကို ဆွဲခေါ်သွားမှာကတော့ တခြားသူမဟုတ်ပါဘူး.. ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ကျွန်တော်အားလုံးချစ်တဲ့ မင်းသားကြီး Will Smith ပါပဲ ကမ္ဘာကြီးရဲ့ ရှုမ၀နိုင်တဲ့ လှပဆန်းကြယ်မှုတွေကို Will Smith ပါ၀င်ထားတဲ့ Welcome to Earth ဆိုတဲ့ အပိုင်းခြောက်ပိုင်းပါ documentary series မှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျာ။အံ့မခန်း သဘာ၀အလှအပတွေ ကမ္ဘာကြီးပေါ်မှာ ရှာဖွေဖို့ ကျန်ရှိနေသေးတဲ့ နေရာတွေ လူသားတွေရဲ့ အဆုံးမရှိ လုပ်နိုင်စွမ်းတွေကိုပါ မျက်စိတဆုံး ငေးမောကြည့်ရှုရမှာဖြစ်လို့ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဒီ documentary series လေးကို CM ပရိသတ်တွေအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီစီးရီးကို ...
7.8
TMDb: 7.8/10 85 votes
tv

Welcome to Earth (2021)

2021