Beast of Bangalore: Indian Predator (2022)
================================
IMDb (6.1/10)
ဖြစ်ရပ်မှန်ရာဇဝတ်မှုအကြောင်းအရာတွေကိုရိုက်ကူးပြထားတဲ့ ဒီ docuseries ရဲ့
ဒီတစ်ခေါက်အကြောင်းအရာကတော့ Bangalore က အမျိုးသမီးတွေရဲ့ လုံခြုံမှုမရှိတဲ့
ချောက်ချားဖွယ်ရာအမှောင်ယံနေ့ရက်တွေ နဲ့ ဒီလိုအားနွဲ့တဲ့အပြစ်မဲ့အမျိုးသမီးတွေကို
စော်ကားပြီး ရက်ရက်စက်စက်သတ်ဖြတ်ပစ်တဲ့ သားရဲကောင်တစ်ကောင်ရဲ့အကြောင်းပါ။
ဆယ်ကျော်သက်၊ အပျိုအရွယ်၊ ကိုယ်ဝန်သည်၊ မုဆိုးမ စတဲ့ ၁၈ ယောက်သောအမျိုးသမီးတွေအပေါ်
ရက်စက်ခဲ့ပြီး သူ့ကိုမဖမ်းမိမချင်း စိတ်အေးလက်အေးမနေနိုင်လောက်အောင်ယုတ်မာခဲ့တဲ့
သားရဲကောင်က တကယ်တော့ ပြည်သူတွေကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့ ရဲဝန်ထမ်း Umesh Reddy ပါ။
ဘာအကြောင်းအရင်းကြောင့် သူ ဒီလိုတွေလုပ်ခဲ့ရတာလဲ .. ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်ကြီးရဲ့
နောက်ဆုံးဇာတ်သိမ်းကဘာဖြစ်မလဲ .. တကယ့်ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို
မှတ်တမ်းရုပ်ရှင်သဖွယ်ပြန်ဖန်တီးပြထားတာမို့ ရာဇဝတ်မှုအကြောင်းတွေကို
စိတ်ဝင်စားသူတို့အဖို့ ကြက်သီးတထထနဲ့ကြည့်လို့ကောင်းဦးမှာအသေအချာပါပဲ။
File Size –1GB / 500MB
Quality – 1080p NF WEB DL AAC5.1CH / 720p
Duration – minute (@Episode)
Total Episodes: 3Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Documentary, Crime
Translator – Lai Laii ~ Yunni
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။