Channel Myanmar

Netflix

When Life Gives You Tangerines (2025) 8.5
When Life Gives You Tangerines (2025) When Life Gives You Tangerines (2025)************************************** အပိုင်းသစ် (၉+၁၀+၁၁+၁၂)Trailer မထွက်ခင်ကတည်းက ပါဝင်ထားတဲ့ Main Cast တွေကြောင့် စိတ်ဝင်စားမှုများစွာ ရရှိနေခဲ့တဲ့ Park Bo-Gum နဲ့ IU တို့ရဲ့ ဇာတ်လမ်းတွဲလေးဟာ နောက်ဆုံးမှာတော့ ထွက်ရှိလာခဲ့ပါပြီ။ ဒိတ်ဒိတ်ကြဲ Main Cast တွေဖြစ်တာကြောင့် အထူးတလည် မိတ်ဆက်မပေးတော့ဘူးနော် ..ဇာတ်လမ်းအညွှန်း*************ဂျယ်ဂျူကျွန်းပေါ်က Ae-Sun (IU)ဆိုတဲ့ကောင်မလေးကတော့ စာအုပ်ဖတ်ရတာကို ချစ်မြတ်နိုးပြီး နာမည်ကျော်ကြားတဲ့ ကဗျာဆရာမဖြစ်လာဖို့ ရည်မှန်းချက်ရှိသူ‌လေးပါ .. ။ ဆင်းရဲတဲ့ မိသားစု နောက်ခံကြောင့် ကျောင်းတက်ခွင့်မရပေမဲ့လည်း ခေါင်းမာပြီး ကလန်ကဆန်နဲ့ ထင်ရာစိုင်းတတ်တဲ့ အကျင့်လေးကြောင့် သူမရဲ့အိပ်မက်ကို လက်လျှော့ဖို့လည်း နည်းနည်းလေးမှ စိတ်မကူးခဲ့ပါဘူး။သူမရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ Gwan-Sik(Park Bo-Gum) ဆိုတဲ့ စကားနည်းတဲ့ကောင်လေးကတော့ ရိုးသားကြိုးစားပြီး Ae-Sun အတွက်သာ အမြဲတမ်းရှိနေပေးပြီး သူကလွဲပြီး ဘာကိုမှမသိတဲ့သူမျိုးပါ။1950 ခုနှစ်ရဲ့ ဂျယ်ဂျူကျွန်းပေါ်က လူငယ်လေးနှစ်ယောက်ရဲ့ ငယ်ရွယ်မှုဘဝတွေ ၊ ...
8.5
TMDb: 8.5/10 758 votes
tv

When Life Gives You Tangerines (2025)

2025
The Blank Menu for You (2025) 10
The Blank Menu for You (2025) The Blank Menu for You (2025)*******************************အပိုင်းသစ် (၁+၂) Blank menu လေးကတော့ အစားအသာက်တွေကို ကြိုက်တဲ့ပရိသတ်ကြီးရော ချက်ပြုတ်ရတာကိုစိတ်ဝင်စားတဲ့ပရိသတ်ကြီးပါ အကြိုက်တွေ့စေမယ့် show လေးပဲဖြစ်ပါတယ်။ဒီတစ်မူထူးတဲ့ စားသောက်ဆိုင်ဖြစ်တဲ့ စိတ်ကြိုက်စားသောက်ဆိုင်မှာ ဧည့်သည်တွေက မိမိစိတ်တိုင်းကျအမှာစာကြိုတင်ထားရပါတယ်။ ပြီးရင်တော့ အဲဒီအမှာစာအတိုင်း စားဖိုမှူးချွဲဂန်ရို့က customized ဟင်းပွဲတွေကိုဦးဆောင်ဖန်တီးပြီး Influencer မွန်းဆန်းဟွန်းက လက်ထောက်အနေနဲ့ ကူညီချက်ပြုတ်သွားကြမှာပါ။ချက်ပြုတ်တဲ့နည်းလမ်းတွေက အစအသေးစိတ်ရိုက်ထားတဲ့အပြင် ဧည့်သည်တွေနဲ့လည်း စိတ်ဝင်စားစရာအကြောင်းတွေကို မျှဝေသွားကြမယ့် talk show လေး တစ်ခုလည်း ဖြစ်ပါတယ်။မီနူးအသစ်အဆန်းတွေကို မြင်ရမယ့်အပြင် ဧည့်သည်တွေကလည်း တစ်ပိုင်းနဲ့တစ်ပိုင်း မတူအောင်အများကြီးလာကြမှာဖြစ်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းတဲ့ရှိုးလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ (အညွှန်းကိုတော့ Venessa မှ ရေးသားထားပါတယ်။) Aired: Feb 22, 2025 - ? Aired On: Saturday Genres: Food, Life, Reality Show Episodes: 12 Original Network: Netflix Translated ...
10
TMDb: 10/10 1 votes
tv

The Blank Menu for You (2025)

2025
Roosters (2025) Haantjes 6
Roosters (2025) Haantjes   Roosters (2025)IMDb Rating (6.8) Rating ကောင်းကောင်း Dutch စကားပြော Netflix Comedy Series လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။Rooster ဆိုတာ ကြက်ဖကြီးပြောတာပါ။ ဗန်းစကားအရ ယောက်ျားတန်ဆာကိုလည်း ရည်ညွှန်းပါတယ်။ တခြားအဓိပ္ပါယ်တွေအရလည်း တက်ကြွသူ၊ ဦးဆောင်သူ စသဖြင့်လည်း အဓိပ္ပါယ်ရပါတယ်။ဇာတ်လမ်းကတော့ မိုက်ခ်၊ ဒန်နီ၊ ဂရက် နဲ့ အီဗို ဆိုတဲ့ သူငယ်ချင်းလေးယောက်နဲ့ တည်‌ဆောက်ထားတာပါ။အမျိုးသမီးတစ်ယောက်ကြောင့် အလုပ်ပြုတ်လာတဲ့ မိုက်ခ် (Jeroen Spitzenberger) မှာ အင်ဖလူအန်ဇာ ဇနီး စတီဗီ (Eva Laurenssen)၊စားဘဲကြီး ဒန်နီ (Waldemar Torenstra)မှာ Open Relationship လမ်းဖွင့်ထားမယ့်ဆက်ဆံရေးလိုချင်တဲ့ ရည်းစား ပမ်မ် (Jennifer Hoffman)၊ပန်းကလေးညှိူးနေရှာတဲ့ ဂရက် (André Dongelmans) မှာတော့ ဆာလောင်နေရှာသူ ဇနီး မီရယ်လ် (Jelka van ...
6
TMDb: 6/10 6 votes
tv

Roosters (2025) Haantjes

2025
Switched (2018) 7.578
Switched (2018) Switched (2018) *************** စ/ဆုံးSwitched ဂျပန်စီးရီးသည် ဆယ်ကျော်သက်လူငယ်တွေ လူ့ဘဝမှာ ကြုံတွေ့ဖြတ်သန်းနေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့်ကိုယ်ပိုင်ရပ်တည်ချက်ကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ထားတဲ့ sci-fi အမျိုးအစားဖြစ်ပါတယ်...ဂျပန်ကာတွန်းစီးရီးကို ဇာတ်ကားအဖြစ်ပြန်လည်အသက်သွင်းတင်ဆက်ထားပြီး ချစ်ခင်ရသူတွေအပေါ် တန်ဖိုးထားတတ်စေရန် ပညာပေးတင်ဆက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း -------------အထက်တန်းကျောင်းသူ 'အာယုမိ ကိုဟိနတ'ဟာ ရုပ်ချော သဘောကောင်း ချစ်ခင်သူများပြီး မိဘအသိုင်းအဝိုင်းကအစ သူများအားကျချင်စရာဘဝမျိုးကို ပိုင်ဆိုင်ထားသူပါ...အစစအရာရာပြည့်စုံသူတစ်ဖြစ်တဲ့ အာယုမိ မှာ ချစ်ရတဲ့ ချစ်သူ မီဇုမိုတို ခိုရှီရို ကိုလည်းရှိနေပြီးဘဝက နေပျော်ကျေနပ်စရာတွေ အပြည့်ဖြစ်နေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့မှာ သူတို့အတန်းထဲက 'ဇင်းကို အူမီနဲ'ဆိုတဲ့ ကောင်မလေးနဲ့အာယုမိတို့ ရုတ်တရက် ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပါတယ်...ခန္ဓာကိုယ် ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အာယုမိဟာ ကျောင်းနေသူငယ်ချင်း၊မိဘ၊ ချစ်သူကအစ အရာအားလုံးဆုံးရှုံးသွားခဲ့ရပါတယ်...ဒီနောက်မှာတော့ ဘဝမှာ လုံးဝမထင်မှတ်စရာ အတွေ့အကြုံတွေမယုံနိုင်စရာ အဖြစ်အပျက်တွေနဲ့ အာယုမိ ကြုံတွေ့လာခဲ့ရပါတယ်...အာယုမိ အနေနဲ့ သူ့ရဲ့မူလဘဝကို ပြန်လည်ရရှိအောင် လုပ်နိုင်ပါ့မလား...ဇင်းကိုအူမီနဲက သူမခန္ဓာကိုယ်ကို ဘာလို့လိုချင်ခဲ့ပြီး ...
7.578
TMDb: 7.578/10 32 votes
tv

Switched (2018)

2018
Adolescence (2025) [Complete] 8.4
Adolescence (2025) [Complete] Adolescence (2025)*********************အပိုင်း (၁ မှ ၄) စ/ဆုံး လျှို့ဝှက်ဆန်းကြယ်စုံထောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သူတွေအတွက် Mini Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် တရားခံတွေက လူကြီးတွေ ဖြစ်နေတာများပေမဲ့ ဒီကားထဲမှာတော့ ၁၃ နှစ်သား ကလေးလေးက တရားခံဖြစ်နေပြီး တရားခံကိုအစကတည်းက တန်းသိရပေမဲ့ နောက်ပိုင်းကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ဆက်လက်ဆွဲခေါ်သွားပေးနိုင်တဲ့အတွက် အချိန်ပေးရတာတန်စေမဲ့ Series လေးတစ်ခုလို့ ပြောလို့ရပါတယ်။ နာမည်ကတော့ Adolescence ဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ TV Series တွေမှာ တော်တော်ကောင်းကောင်းလက်စွမ်းပြထားနိုင်တဲ့ Ashley Walters တို့ Stephen Graham တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီး IMDb Rating ကြမ်းကြမ်း 8.5 အထိကိုဆွတ်ခူးထားနိုင်တာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ဂျေမီဆိုတဲ့ ၁၃ နှစ်အရွယ်ကောင်လေးရဲ့အိမ်ကို ရဲတွေ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ဝင်စီးနင်းတာကိုတွေ့ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂျေမီ့ကို ရဲစခန်းကို ဖမ်းခေါ်သွား ခဲ့ပါတော့တယ်။အဲ့ဒီအခါမှာ မိဘဖြစ်သူတွေကအကျိုးအကြောင်းမေးတဲ့အခါမှာတော့ သူတို့သားကို လူသတ်မှုသံသယရှိသူအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ဒီလိုနဲ့ဂျေမီတစ်ယောက် ရဲစခန်းလုပ်ထုံးလုပ်စဉ်တွေအတိုင်း စစ်ဆေးတာတွေ စစ်မေးတာ တွေကိုခံရပြီး သိပ်မကြာခင်မှာပဲ တရားခံပေါ်သွားပါတော့တယ်။ အထက်မှာပြောခဲ့သလိုပဲ တရားခံတန်းပေါ်သွားပေမဲ့ နောက်ပိုင်း ...
8.4
TMDb: 8.4/10 1652 votes
tv

Adolescence (2025) [Complete]

2025
Ex-Addicts Club (2023) 3.3
Ex-Addicts Club (2023) Ex-Addicts Club (2023)IMDb Rating (6.9) ရည်းစားဟောင်းကို မုမအွန်နိုင်လို့ တငူငူ တငိုင်ငိုင်နဲ့ လေလွင့်နေတဲ့နွားကြီးတွေ နွားမကြီးတွေ ဖြစ်နေရင် ဒီဟာသဇာတ်လမ်းတွဲလေးကို ကြည့်သင့်ပါတယ်နော်။အနည်းဆုံးတော့ အငိုမျက်လုံး အပြုံးမျက်နှာ လုပ်လို့ရတာပေါ့။ဇာတ်လမ်းအကျဉ်းရေဆာ၊ ဆက်၊ ကိုရီနှင့် တီနာတို့ဟာ ရည်းစားဟောင်းကို စိတ်ဖြတ်နိုင်ဖို့ ရည်းစားဟောင်းကိုမမေ့နိုင်သူများအဖွဲ့ကို ဖွဲ့စည်းထားခဲ့ပါတယ်။သူတို့အဖွဲ့ဟာ ဖောက်ပြန်ခံရတဲ့သူနဲ့ ထားခဲ့ခံရတဲ့သူနဲ့ လှည့်စားခံရတဲ့သူနဲ့ တစ်ယောက်တစ်မျိုး မရိုးရပါဘူး။သူတို့ဟာ ရည်းစားဟောင်းကို လုံးဝမမေ့နိုင်ပဲ စားလည်းဒီစိတ် သွားလည်းဒီစိတ်ဖြစ်နေတဲ့အတွက် အိမ်ထဲအိမ်ပြင်တောင် မထွက်နိုင်တော့ပဲ နေ့စဉ်ဘဝမှာ အပြင်ကမ္ဘာနဲ့ ကင်းကွာနေကြသူပါ။ဒီတော့ သူတို့လေးယောက်သား ရည်းစားဟောင်းကို နည်းလမ်းပေါင်းစုံနဲ့ ဘယ်လိုမုအွန်ကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမဲ့ sitcom လေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size… (500 MB) / (250 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Sitcom Duration….00:25:00 Subtitle….Myanmar Subtitle ...
3.3
TMDb: 3.3/10 3 votes
tv

Ex-Addicts Club (2023)

2023
The Leopard (2025) 8
The Leopard (2025) The Leopard (2025)ဒီဇာတ်လမ်းလေးကတော့ Netflix ကနေ လောလော လတ်လတ်ထုတ်ထားတဲ့ Italy နန်းတွင်းဇာတ်လမ်းလေးပါ။1958 မှာ Giuseppe Tomasi di Lampedusa ရဲ့ ဂန္တဝင် ဝတ္ထုဖြစ်တဲ့ Leopard ဆိုတဲ့ ဝတ္ထုကိုမှီငြမ်း ပြီးရီုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ အီတလီ နိုင်ငံကြီးကို စုစည်းနေတဲ့အချိန် စစ္စလီကတော်ဝင် မိသားစုကြီး ပြိုကွဲတဲ့အကြောင်းကို ရိုက်ပြထားတာပါ။အစကတော့ ဒီ ဇာတ်လမ်းကို အများကြီး မမျှော်လင့်ထားပေမယ့် Production Design အရမ်းကောင်းတဲ့ထဲမှာပါပါတယ်။1860 ခုနှစ်ဝန်းကျင် အီတလီ မြို့နဲ့ ဆင်အောင်လုပ်ထားနိုင်ပြီးတော့ Custom တွေက အစ ချီးကျူးရလောက်အောင်ကောင်းပါတယ်။ အကောင်းဆုံးကတော့ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးနှစ်ယောက်ပါ။ကွန်ဆက်တာ နေရာကနေပြီးတော့ Benedetta Porcaroli ကသရုပ်ဆောင်ထားပြီ အန်ဂျလီကာ နေကနေယောကျာ်းလေးတိုင်းကြိူက်မယ့် ခရုတီလေး Deva Cassel က ချစ်စရာသရုပ်ဆောင်ထားပါတယ်။ရှင်းရှင်း ပြောရရင်တော့ ဒီ ဇာတ်လမ်းမှာ ဘာမှ မသိပဲ ဒီမင်းသမီး နှစ်ယောက် အပြိုင်လှနေတာပဲ ထိုင်ကြည့်နေတောင်တန်တဲ့ ...
8
TMDb: 8/10 21 votes
tv

The Leopard (2025)

2025
Cigarette Girl (2023) 7.9
Cigarette Girl (2023)   Cigarette Girl (2023)IMDb Rating (8.1) / Rotten Tomatoes (96%) ဒီဇာတ်လမ်းတွဲလေးကတော့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား ဒရာမာ ဇာတ်လမ်းလေးဖြစ်ပါတယ်။ IMDb rating 8.1 ထိရထားတဲ့ Netflix Serie လေးလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ Dian Sastrowahdoyo , Ario Bayu, Arya Saloka တို့ကအဓိက ပါဝင်ထားပြီးတော့ Sashi Nandani ဖန်တီးထားပါတယ်။ဇာတ်လမ်းအကျဉ်းSoeraja ဆိုတဲ့ Djagad Raya ဆိုတဲ့ တိမ်မြှုပ်တော့မယ့် ဆေးလိပ်စက်ရုံရဲ့ပိုင်ရှင်ဟာ သူမသေဆုံးခင် နောက်ဆုံးဆန္ဒအဖြစ် Jeng Yah ဆိုတဲ့ မိန်းကလေးကို သူ့ရဲ့အငယ်ဆုံးသားဖြစ်သူ Lebas ကို ရှာခိုင်းလိုက်ပါတယ်။Lebas ကလည်း သူ့အစ်ကိုတွေဖြစ်တဲ့ Karim နဲ့ Tegar တို့အကူအညီနဲ့ Java ကျွန်းဆွယ်တစ်လျှောက်လိုက်ရှာပါတော့တယ်။Djagad Raya ...
7.9
TMDb: 7.9/10 33 votes
tv

Cigarette Girl (2023)

2023
Medusa (2025) 8.2
Medusa (2025) Season 1အပိုင်း  ( ၁ မှ ၁၂ အထိ ) စ / ဆုံး လျှို့ဝှက်ဆန်းကြယ်ကိုမှ ထူးထူးဆန်းဆန်းလေးနဲ့ခေါင်းစားရတာမျိုးတွေကြိုက်တဲ့သူတွေအတွက်Netflix က အသစ်ထွက်ရှိလာတဲ့ Series ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။တစ်ခါတစ်လေစိတ်ကူးပေါက်ရင်ပေါက်သလို ကလေးမကြည့်ရတဲ့အခန်းတွေပါပေမဲ့ ဇာတ်လမ်းကအရမ်းမိုက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက် တစ်ခါလောက်တော့အချိန်ပေးကြည့်ထားသင့်တဲ့ Series ကောင်းတွေထဲကတစ်ခုအပါအဝင်ဆိုရင်လည်း မမှားပါဘူး။နာမည်ကတော့ Medusa ဖြစ်ပြီး အပိုင်း ၁၂ ပိုင်းနဲ့ တ၀ကြီးရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ အာဏာကြီးမားပြီး အရမ်းချမ်းသာတဲ့မိသားစုပိုင်ဆေးဝါးသုတေသနကုမ္ပဏီကြီး Medusa ရဲ့CEO အသစ် ဘာဘရာ အီသာလ်ဂို (Juana Acosta)ကသူ့သင်္ဘောပေါ်မှာ မတော်တဆဖြစ်ပြီး မသေရုံတမည်ဖြစ်ခဲ့ကာအတိတ်လည်းမေ့သွားပါတော့တယ်။ဒီလိုပြဿနာတွေဖြစ်ခဲ့တဲ့အတွက် သူ့အစ်ကိုဖြစ်သူက CEOနေရာကိုတာဝန်လက်လွှဲယူခဲ့ပြီး ဘာဘရာကတော့ အိမ်မှာပဲပြန်အနားယူနေခဲ့ရပါတော့တယ်။သူကတော့ အတိတ်မေ့သွားလို့ဘာမှမသိတော့ပေမဲ့ တကယ်တမ်းဒီမတော်တဆမှုလို့ခေါ်တဲ့သင်္ဘောပေါက်ကွဲမှုက လက်တွေ့မှာတော့ မတော်တဆမဟုတ်ကြောင်းကို ဘာဘရာတစ်ယောက် တခြားသူရဲ့အကူအညီနဲ့သိခဲ့ရပါတော့တယ်။အဲ့ဒီအပြင်ကိုမှပိုထူးခြားတာက ဒီမတော်တဆမှုရဲ့နောက်ကွယ်ကတရားခံကဝေးဝေးလံလံလိုက်ရှာနေစရာမလိုဘဲ သူ့မိသားစုထဲမှာတင်ဖြစ်နေကြောင်းသိခဲ့ရတဲ့အခါမှာတော့ဘာဘရာတစ်ယောက် သူ့အတိတ်ကိုပြန်မှတ်မိဖို့ကြိုးစားရင်းနဲ့သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့တရားခံကဘယ်သူလဲဆိုတာကို ရေလိုက်ငါးလိုက်လေးနေရင်းနဲ့ အဖြေရှာဖော်ထုတ်သွားပြီး Medusaကုမ္ပဏီကြီးရဲ့အနာဂတ်လည်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုစိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။   File Size –737MB  / ...
8.2
TMDb: 8.2/10 24 votes
tv

Medusa (2025)

2025
Just One Look (aka) Tylko jedno spojrzenie (2025) 7.2
Just One Look (aka) Tylko jedno spojrzenie (2025) Just One Look (aka)  Tylko jedno spojrzenie (2025) =================ယခုစီးရီးဟာ Netflix က ယခုနှစ်တင် ထွက်လာခဲ့တဲ့ thriller/drama အမျိုးအစားစီးရီးဖြစ်ပြီး ပိုလန်စကား‌ပြောရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကလေးနှစ်ယောက်ရှိတဲ့ အမေတစ်‌ယောက် လွန်ခဲ့တဲ့(၁၅)နှစ်ကဖြစ်ခဲ့တဲ့ အဖြစ်ဆိုးကြီးအပေါ် စိတ်စွဲပြီး တောက်လျှောက်ကို အိပ်မက်,မက်ခဲ့ပါတယ်။အိပ်မက်သာမက်ခဲ့ပေမယ့် ၎င်းဖြစ်ရပ်ဆိုးကြီးကို ကောင်းကောင်းမမှတ်မိခဲ့ပါဘူး။တစ်ရက်ကျတော့ အမေဖြစ်သူဆီ မထင်မှတ်ထားစွာပဲ ဓာတ်ပုံတစ်ပုံရောက်ရှိလာခဲ့ပါတယ်။၎င်းဓာတ်ပုံရောက်ပြီးတဲ့အခါမှာတော့ ယောက်ျားဖြစ်သူက အိမ်ကနေထွက်သွားပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မထင်မှတ်ထားစရာတွေ တောက်လျှောက်ဖြစ်လာခဲ့ပြီးအမေဖြစ်သူ အဓိကဇာတ်ဆောင်က ဘယ်လိုမျိုးဖြေရှင်းသွားမလဲဆိုတာကို ယခုစီးရီးမှာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ Season-2 ထွက်ရှိမယ့် စကားသံတွေကိုတော့ မကြားသိရသေးပါဘူး။(ယခုစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို CM team က ပါဝင်အားဖြည့်ထားပါတယ်။)File Size –760MB (Appx;)@EpisodeQuality – 1080p WEB DLDuration –50 minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat – ...
7.2
TMDb: 7.2/10 10 votes
tv

Just One Look (aka) Tylko jedno spojrzenie (2025)

2025
Running Point (2025) 8
Running Point (2025) Running Point (2025)*********************အပိုင်း (၁ မှ ၁၀) စ/ဆုံး အားကစားကိုသဘောကျနှစ်သက်သူတွေအတွက် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရှယ်ရိုက်ကူးထားတဲ့ အသစ်ထွက် Netflix Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Running Point ဖြစ်ပြီး လက်ရှိ IMDb 7.4 အထိရရှိထားတဲ့အတွက် မကောင်းမှာ အချိန်ပေးရမှာ မတန်မှာတွေကတော့ စိတ်ပူနေစရာကို မလိုပါဘူး။အဓိကသရုပ်ဆောင်အနေနဲ့ ၂၀ ရာစု အစောပိုင်းကနေ အခုထက်ထိလည်း နာမည်ကြီးနေဆဲ ကားကောင်းတွေမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မမ Kate Hudson ဖြစ်ပြီး Ghosts တို့ The Other Two တို့လို Series ကြီးတွေမှာ ဇာတ်ရန်အနေနဲ့ပါဝင်ခဲ့တဲ့ Drew Tarver တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကြောင်းကတော့ LA Waves လို့ခေါ်တဲ့ဘက်စကက်ဘောအသင်းကြီးကို ပိုင်တဲ့မိသားစုနဲ့ ဒီအသင်းထဲကအဖြစ်အပျက်တွေဖြစ်ပါတယ်။ ဘက်စကက်ဘော မကြိုက်တဲ့ လူတွေတောင် စိတ်ဝင်စားသွားပြီး ကြည့်ချင်စေရမှာတော့အသေအချာပါပဲ။ဒီအသင်းကြီးကိုပိုင်တဲ့ လုပ်ငန်းပိုင်ရှင်သူဌေးဆုံးသွားပြီးတဲ့နောက်မှာ သားအကြီး ၂ ယောက်က ဥက္ကဌနဲ့ အထွေထွေမန်နေဂျာတို့ဖြစ်လာပြီး သားအငယ်ဆုံးကတော့ ငွေကြေးအရာရှိချုပ် အသီးသီးဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီထဲကမှ ...
8
TMDb: 8/10 16 votes
tv

Running Point (2025)

2025
Love, Death & Robots (2019-2022) Complete 8.2
Love, Death & Robots (2019-2022) Complete  Love, Death & Robots (2019-2022)ချစ်ခြင်း၊သေဆုံးခြင်းနဲ့စက်ရုပ်များ...ကမ္ဘာကြီးက ပျက်စီးလာနေပါပြီ...အတ္တတွေ လောဘတွေ ရှေ့တန်းတင်ထားမှတော့ ချစ်ခြင်းမေတ္တာလဲ သေဆုံးခဲ့ချေပေါ့....စိမ်းလန်းတဲ့မျက်ခင်းပြင်တွေ ဖြူစင်တဲ့အပြုံးတွေ ရိုးသားတဲ့ပတ်ဝန်းကျင်တွေ ပျောက်ကွယ်သွားတဲ့ကမ္ဘာကြီးမှာ စက်ရုပ်တွေနဲ့စက်ရုပ်လိုလူတွေပဲရှင်သန်ခဲ့ချေပေါ့...ဒီလိုခမ်းခြောက်တဲ့ကမ္ဘာကြီးဟာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ပါဘူး ကျွန်တော်တို့ပတ်ဝန်းကျင်မှာကို စတင်ထိတွေ့နေရပါပြီ...လူမှုစံနှုန်းတွေကို အတ္တတွေလောဘတွေကြောင့် ချေနင်းခဲ့ကြတဲ့လူသားတွေအတွက် ကမ္ဘာကြီးကပြန်ပေးမယ့်လက်ဆောင်ကတော့ စက်ရုပ်နှလုံးသားတွေပါပဲ...ဒီလိုအတွေးတွေကို ကြိုပြီးချပြခဲ့တာကတော့ David Fincher နဲ့ Tim Miller တို့ရဲ့ Love, Death & Robots animated short film စီးရီးလေးပါပဲ။Season ၃ ခုထွက်ထားပြီး Season-1 မှာ ၁၈ ပိုင်း၊ Season-2 မှာ ၈ ပိုင်းနဲ့ Season-3 မှာ ၉ ပိုင်းပါပါတယ်။ရသတိုဇာတ်လမ်းလေးတွေကို Animation Studio ပေါင်းစုံနဲ့စုပေါင်းစပ်ပေါင်း ရေးဆွဲတင်ဆက်ထားတာမလို့ ရသလဲစုံသလို Animated စတိုင်တွေလဲ ကွဲပြားပါတယ်။လိုရင်းကို ထိထိမိမိနဲ့ ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots (2019-2022) Complete

2019
The Snow Girl (2023-2025) complete 7.2
The Snow Girl (2023-2025) complete  The Snow Girl (2023) Season 01/02 (complete)IMDb Rating (6.8) / Rotten Tomatoes (100%) အန်နာ(မိခင်)နဲ့အဲလ်ဗာရို(ဖခင်)၊ အမရာ(သမီး) မိသားစုသုံးယောက်သား စပိန်နိုင်ငံ မက်လန်ဂါမြို့လေးမှာ ခရစ်စမတ်ညချမ်းလေးမှာကျင်းပတဲ့ အလှပြပွဲကို ပျော်ပျော်ရွှင်ရွှင် မိသားစုလိုက်သွားကြည့်ကြပါတယ်။ပျော်ရွှင်နေကြစဥ် သမီးဖြစ်သူ ၅နှစ်သမီးလေး အမရာက ရုတ်တရပ်ပျောက်ဆုံးသွားပါတယ်။အန်နာတို့မိဘတွေလည်း ၅နှစ်သမီးလေးပျောက်သွားလို့ သမီးဇောနဲ့လိုက်ရှာနေခဲ့တာ ၆နှစ်တောင်ရှိသွားပါပြီ။သတင်းအစနမရလို့ သေပြီလို့လက်ခံလိုက်ရတာကနေ မထင်မှတ်ပဲ သမီးလေး အမရာရဲ့ လက်ရှိမှတ်တမ်းဗီဒီယိုတစ်ခုလက်ထဲရောက်လာပါတော့တယ်။အမရာကို ဘယ်သူက ပြန်ပေးဆွဲသွားတာလဲ၊ ဘာလို့ပြန်ပေးဆွဲတာလဲ၊ ဘာလို့၆နှစ်အကြာမှ ဗီဒီယိုဖိုင်ကိုပို့ပေးတာလဲ၊ ဘာအကြောင်းတွေ​များနောက်ကွယ်မှာရှိမလဲဆိုတာကို Crime thriller ပုံစံကြည့်ရှု့ရမှာဖြစ်ပါတယ်။Personallyအရ Netflixက trailerထုတ်ကတည်းက စောင့်နေခဲ့ရတာဆိုတော့ စောင့်ခဲ့ရတဲ့ကျိုးနပ်တဲ့ series တစ်ခုဖြစ်ပြီး ကျွန်တော့်လိုမျိုး အကောင်းကြိုက်တဲ့လူတွေအတွက် ကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။ File size…(700 MB) / (350 MB) Quality….WEB-DL 1080p HEVC / 720p Format…. ...
7.2
TMDb: 7.2/10 159 votes
tv

The Snow Girl (2023-2025) complete

2023-2025
Toxic Town (2025) 7.3
Toxic Town (2025) Toxic Town (2025)IMDb (7.7/10)ဒီစီးရီးလေးကတော့ ၂၀၂၅မှာ ထွက်ရှိခဲ့ပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့စီးရီးလေးပါ။IMDb 7.7 အထိရရှိထားတာမိုလက်မလွှတ်သင့်ပါဘူး။ ၁၉၈၀နဲ့ ၉၀ အတွင်း UK ရဲ့ ကော်ဘီမြိုက စတီးစက်ရုံရဲ့ ဓာတုအဆိပ်သင့်တာကြောင့် ကိုယ်ဝန်သည်တွေမွေးတဲ့ ကလေးတွေမှာ ကိုယ်လက်အင်္ဂါချိုယွင်းခဲ့တာတွေအတွက် တရားမျှတမှုရအောင်တိုက်ပွဲဝင်ခဲ့တဲ့ ကာယကံရှင်မိခင်သုံးဦးအကြောင်း အဖြစ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း တစ်ကယ်ဖြစ်ခဲ့တဲ့နေရာတွေမှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ကော်ဘီမြိုက တစ်ချိန်က စတီးအဓိကထုတ်လုပ်တဲ့မြိုပါ။ ဒါပေမဲ့ ၁၉၈၀မှာတော့ အလုပ်ကိုပိတ်ချလိုက်ရပြီး အလုပ်လက်မဲ့များစွာလည်းပေါ်ပေါက်စေခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဒီမြိုကြီးကို ပြန်လည်တိုးတက်အောင်လုပ်ဖိုအတွက် ‌ ကော်ဘီကောင်စီဟာ စတီးလုပ်ငန်းခွင်က မြေတွေကို ပြင်ဆင်ဖိုလုပ်ငန်းစတင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် စတီးလုပ်ခဲ့တာကြောင့် မြေဟာ ဓာတုအဆိပ်အတောက်တွေဖြစ်နေခဲ့ပါတယ်။ဒီမြေတွေကို ရွှေ့ကြရတဲ့ ထရပ်ကားသမားတွေက မြေတွေကိုကားပေါ်တင်ပြီး အဖုန်းမဖုန်းဘဲ လူထူထပ်တဲ့ မြိုလယ်ခေါင်ကနေဖြတ်မောင်းကြတာကြောင့် တင်လာတဲ့ မြေပေါ်က အဆိပ်အတောက်တွေကို မြိုသူမြိုသားတွေက သတိမထားမိဘဲ ရှူရှိက်မိပြီး ကိုယ်ဝန်သည်တွေကလေးမွေးတဲ့အခါမှာတော့ ဓာတုအဆိပ်ကြောင့် ခြေလက်အင်္ဂါမစုံလင်တဲ့ကလေးတွေ မွေးလာခဲ့ကြတယ်။ဒါကို သတိထားမိတဲ့ ကော်ဘီမြိုက မိခင်သုံးဦးက သူတိုကလေးတွေအတွက် တရားမျှတမှုရအောင် ကော်ဘီကောင်စီကို တရားစွဲဆိုခဲ့ပါတယ်။ ကောင်ဘီကောင်စီရဲ့ ဆက်တိုက်ငြင်းဆိုမှုတွေ၊ သက်သေဖုံးဖိခြင်းတွေကြောင့် ဒီအမှုဟာ ...
7.3
TMDb: 7.3/10 7 votes
tv

Toxic Town (2025)

2025
Dalah: Death and the Flowers (2025)
Dalah: Death and the Flowers (2025) "မရဏပန်းခင်း" (၂၀၂၅)================ Thai ပရိတ်သတ်မှန်ရင် Ya yaကိုသိကြမယ်ထင်ပါတယ်အခုတစ်ခေါက်‌မှာတော့ya yaနဲ့နာမည်ကြီးမင်းသားမင်းသမီးပေါင်းများစွာပါဝင်သရုပ်‌‌ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်လှုပ်ရှားစရာကောင်းသော Netflixကအသစ်စက်စက်seriesလေးထွက်ရှိလို့လာပါပြီ မေ့လို့ ထုခွန်တို့အကြိုက်blမင်းသားလေးဖူဝင်လေးလည်းပါတယ်နော်We are feministဆိုတဲ့ဆောင်ပုဒ်နှင့်အတူ ရွေးကောက်ပွဲမှာဝန်ကြီးချုပ်ရာထူးဖြင့်ဝင်ရွေးခံတဲ့အုမ်အနုစွန်တစ်ယောက် အဆင့်အတန်းမြင့်မားသောလူ့အသိုင်းအဝိုင်းထဲကဒေါက်တာရီဆာလို့ခေါ်တဲ့သူနဲ့ မင်္ဂလာဆောင်တဲ့နေ့မှာတင်အသတ်ခံလိုက်ရသောအခါ မင်္ဂလာပွဲကိုလာတဲ့သူတွေအားလုံးဟာ လူသတ်တရားခံအဖြစ် သံသယဝင်ခံရသွားပါတယ်အုမ်အနုစွန်ကွယ်လွန်ပြီးနောက်မှာ အုမ်(၀န်ကြီးချုပ်လောင်း) နှင့် သူရဲ့သတို့သမီးလောင်း ရီဆာတို့၏ မင်္ဂလာပွဲအတွက် ပန်းအလှဆင်ရန် ရွေးချယ်ခံခဲ့ရသော ပန်းဆရာ ဒါလာ (ya ya)အပါအဝင် လူသတ်မှုသံသယရှိသူများကို ရဲတပ်ဖွဲ့က အရေးပေါ်ခြေရာခံရှာဖွေဖို့လုပ်ပါတော့တယ်အဲလိုနဲ့ပဲသြဇာကြီးမားသော လူ့အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များ နှင့် အရှုပ်တော်ပုံများတွင် ဒါလာပါဝင်သွားပါတော့တယ်လူသတ်မှုတွင် အခြားသံသယရှိသူများကတော့ (ဆာရက်) မင်္ဂလာအခမ်းအနားကျင်းပရာ ဟိုတယ်ဧည့်ခံအဖွဲ့ အကြီးအကဲ အုမ်အနုစွန် မိသားစုဝင်တွေနဲ့ မိသားစုနှစ်စုကြား ပဋိပက္ခကလည်းရှိနေတော့ အုမ်အနုစွန်ရဲ့သတို့သမီးဘက်ကမိသားစုဝင်များကိုလည်းရဲတွေကသံသယဝင်စာရင်းထဲပါဝင်လာပါတော့တယ်သူတို့ထဲမှာဘယ်သူကများ အုမ်ကိုသတ်လိုက်လဲဆိုတာကို CMပရိတ်သတ်တို့ Netflixကနေအသစ်စက်စက်ထွက်လာတဲ့ဒီရုပ်ရှင်လေးကိုကြည့်လိုက်ကြရအောင်နော် File size…(650 Mb)/(340 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:53:00 Genre... Drama, ...

Dalah: Death and the Flowers (2025)

2025
Keep Breathing (2022) 6.1
Keep Breathing (2022) IMDb Rating – 5.3 /10ဒီစီးရီးကတော့ Netflix က ထုတ်လွှင့်တဲ့ ဒရမ်မာစီးရီးတစ်ခုဖြစ်ပြီးအဓိကဇာတ်ဆောင်အနေနဲ့ Scream၊ Abigail နဲ့ Your Monster ရုပ်ရှင်တို့မှာ ပါဝင်ခဲ့တဲ့မင်းသမီး Melissa Barrera က ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ - လစ်ဗ်ဆိုတဲ့ ရှေ့နေမလေးတစ်ယောက်က ကနေဒါက မြို့လေးတစ်မြို့ကို သွားဖို့အတွက် သူမလက်မှတ်ဝယ်ယူထားတဲ့ လေယာဉ်က ရာသီဥတုဆိုးဝါးလို့ သူမရောက်ရှိရာ လေဆိပ်ကို မဆိုက်ကပ်နိုင်တဲ့အခြေအနေဖြစ်လာပါတော့တယ်။ အဲ့လေဆိပ်မှာရှိနေစဉ် ယောက်ျားနှစ်ယောက်က ကိုယ်ပိုင်လေယာဉ်နဲ့ သူမသွားချင်တဲ့ မြို့ကိုသွားမယ်ဆိုပြီး ပြောဆိုသံကြားလိုက်ရတဲ့အခါ...သူစိမ်းယောက်ျားနှစ်ယောက်ဖြစ်နေပေမယ့် သူမကိစ္စကလည်း အရေးကြီးနေတော့ ထိုလူနှစ်ယောက်ကို တောင်းတောင်းပန်ပန်နဲ့ပဲ သူမကိုတင်ခေါ်ဖို့ပြောပါတော့တယ်။အစကတော့ ဟိုလူနှစ်ယောက်က အင်တင်တင်လုပ်နေပေမယ့် သူမဘက်က အတင်းအကြပ်တောင်းဆိုခဲ့တဲ့အတွက် သူမကို တင်ခေါ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်သား ကနေဒါရဲ့ အနောက်မြောက်ဘက်ကို ထွက်လာစဉ် တောနက်တစ်နေရာ၌ လေယာဉ်ကပျက်ကျသွားပြီးနောက် အသက်ရှင်အောင် မနည်းရုန်းကန်ပြီး လေယာဉ်ထဲက ထွက်လာပါမှ.....သူမကိုခေါ်တင်လာတဲ့ လူနှစ်ယောက်က ...
6.1
TMDb: 6.1/10 159 votes
tv

Keep Breathing (2022)

2022
Envious (2024) 7.755
Envious (2024) Envious (2024) IMDb 7.0စပိန်စကားပြော အာဂျင်တိုင်းဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်အသက် ၃၉ နှစ်အရွယ် ၄၀ ပြည့်ခါနီး ဗစ်ကီဟာ ဆယ်နှစ်ကြာတွဲခုတ်လာတဲ့ ဒန်နီရယ်နဲ့အတူ သာယာတဲ့ မိသားစုဘဝတည်ဆောက်ဖို့ ရည်မှန်းထားသူ ဒီလိုလက်ထပ်ဖို့ရည်ရွယ်ထားပြီး သူနဲ့ ပြတ်သွားကာမှပဲ သူ့အဆက်ဟောင်းက ရက် ၂၀ အတွင်း အသစ်တွေ့တဲ့မိန်းကလေးနဲ့ ဗြုန်းစားလက်ထပ်လိုက်ရာမှာဗစ်ကီတစ်ယောက် မနာလိုစိတ်တွေဖြစ် ယူကြုံးမရတွေဖြစ် စိတ်ဓာတ်တွေကျကာ ဘယ်လိုအလွဲအချော်တွေထပ်ဖြစ်ပြီး အချစ်ကို နောက်တစ်ခါထပ်မံရှာဖွေသွားမှာလဲ ရှုစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်File Size – 1 GB(Appx;)@EpisodeQuality – 1080p WEB DLDuration – 26 minute (@Episode)Total Episodes: 23EpsSubtitle – Myanmar HardsubFormat – Mp4Genre :Comedy, DramaTranslator – CM TeamEncoder – YK Episode 1 – Yoteshin | Gdtot | ...
7.755
TMDb: 7.755/10 51 votes
tv

Envious (2024)

2024
Cobra Kai (2018-2025) complete 8.1
Cobra Kai (2018-2025) complete ဒီစီးရီးကို IMDb 8.6 ရောက်အောင် လူ ၁၅၀၀၀၀ ကျော် vote ပေးထားပြီး CM fan တွေလည်းတောင်းဆိုနေလို့ တင်ပေးလိုက်ပါတယ်။ဂန္ဓဝင် Karate Kid 1984 ရုပ်ရှင်ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ နာမည်ကြည့်တာနဲ့ ဘာအကြောင်းလဲသိမှာပါ။စုစုပေါင်း စီစန် ၄ ခု ရှိပြီး အပိုင်း ၄၀ အထိ တင်ဆက်ပေးသွားပါမယ်။ကရာတေးအသားပေးစီးရီးဖြစ်ပြီး မိသားစု ဒရာမာ၊ အထက်တန်းကျောင်း လူငယ်ရိုမန့်စ်တွေကိုမှ အတိုက်အခိုက်တွေနဲ့ ရောထားတဲ့ ဇာတ်လမ်းမို့ အများစု ကြိုက်ကြမှာပါ။ဇာတ်လမ်းအကျဉ်းကရာတေးကစ်ဒ် ရုပ်ရှင်ထဲက အဓိက လူငယ်သရုပ်ဆောင် နှစ်ယောက်ရဲ့ လူကြီးဘဝကို ဆက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီစီးရီးအစမှာတော့ ကော်ဘရာကိုင် ကရာတေးသမား ဂျွန်နီလောရန့်ဟာ အတော်မွဲနေပြီး အောက်ခြေသိမ်းအလုပ်သမားဖြစ်နေပါပြီ။စိတ်ထဲမှာလည်း ငယ်ငယ်က အရှုံးဒဏ်ကို ခံနေရတုန်းပါပဲ။ မီရာဂီဒိုကရေးတေးသမား လော်ရုဆိုကတော့ ကားဝပ်ရှော့အကြီးကြီးဖွင့်နေပြီး မိန်းမနဲ့ သမီးနဲ့အောင်မြင်တဲ့သူ ဖြစ်နေပါပြီ။ကော်ဘရာကိုင် ကရာတေး သင်တန်းလည်း ...
8.1
TMDb: 8.1/10 4140 votes
tv

Cobra Kai (2018-2025) complete

2018-2025
Zero Day (2025) 7.5
Zero Day (2025) Season 1အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး နည်းပညာတွေတိုးတက်လာတဲ့အခုလိုခေတ်ကြီးထဲမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေဆိုတာကလည်း နိုင်ငံတော်တော်များများမှာတွေ့ကြုံလာရတဲ့ အကြမ်းဖက်သမားတွေအကြိုက်တိုက်ခိုက်နည်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။အပြင်မှာသက်စွန့်ဆံဖျားလိုက်အကြမ်းဖက်နေစရာမလိုဘဲ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့တင်နိုင်ငံနဲ့ချီပြီး ထိခိုက်နိုင်တဲ့ အဖြစ်ဆိုးတွေကိုဖန်တီးနိုင်တဲ့အတွက်မကြာခဏဆိုသလိုဖြစ်နေတာကို မြင်နေကြားနေရမှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ အမေရိကန်လိုနည်းပညာတိုးတက်ပြီးအင်အားကြီးမားတဲ့နိုင်ငံမှာအဖြစ်အများဆုံးဖြစ်တဲ့အတွက်နိုင်ငံရေးနဲ့ဆိုက်ဘာတိုက်ခိုက်မှုကိုပေါင်းစပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ သည်းထိပ်ရင်ဖိုဖွယ် Mini Series တစ်ခုကို ပညာပေးဖျော်ဖြေရေးအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း Cape Fear တို Raging Bull တိုThe Irishman တိုလိုနာမည်ကြီးရုပ်ရှင်တွေအပြင် တခြားသောဇာတ်ကားကောင်းများစွာမှာလည်းသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးRobert De Niro ကအဓိကဇာတ်ကောင်နေရာကသရုပ်ဆောင်ထားတဲ့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားတဲ့အတွက် Casting ပိုင်းကလည်းပြောစရာကိုမရှိပါဘူး။စိတ်ကူးယဉ်ဆိုပေမဲ့တကယ်တမ်းဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြီးတွေလောက် ဆိုးဝါးပြီး စိတ်ဝင်စားစရာကောင်းတဲ့အတွက် ပရိသတ်အာရုံကိုဖမ်းစားထားနိုင်မှာပဲဖြစ်ပါတယ်။ဒီ Series ရဲ့နာမည်ကတော့ Zero Day ဖြစ်ပြီး လက်ရှိ IMDb 6.0အထိရရှိထားပါတယ်။အမေရိကန်နိုင်ငံရဲ့သမ္မတဟောင်း ဂျော့ဂျ်မော်လင်က သမ္မတရာထူးကနေရပ်နားပြီးနောက်မှာ နိုင်ငံရေးလောကထဲလုံး၀ပြန်မဝင်တော့ဘဲစာရေးဆရာတစ်ယောက်အနေနဲ့ ဘ၀ကိုအေးအေးလူလူဖြတ်သန်းနေပါတော့တယ်။ဒါပေမယ့်သိပ်ကြာကြာတောင် အနားမယူလိုက်ရဘဲအမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးဖြစ်ပြီး ရထားတွေတိုက်မိကုန်တဲ့အတွက် အသက်ပေါင်းထောင်နဲ့ချီဆုံးရှုးခဲ့ရတဲ့အတွက် ...
7.5
TMDb: 7.5/10 14 votes
tv

Zero Day (2025)

2025
The Roshans (2025) 8.3
The Roshans (2025) The Roshans (2025) "အနုပညာမျိုးဆက်ထွန်းကားရာ ရိုရှန်မိသားစုကမ္ဘာ"အနုပညာလောကမှာ တစ်မိသားစုတည်းက နာမည်ကျော်တွေအများကြီးထွက်တာထက်စာရင် တစ်မိပေါက်တစ်ယောက်ထွန်းကြတာ များပါတယ်။ အဖေရုပ်ရှင်မင်းသားဖြစ်တိုင်း သားတို မြေးတိုက အမြဲလိုက်ဖြစ်တတ်တာမျိုး မရှိတတ်ပါဘူး။ဒါပေမဲ့ ရိုရှန်မိသားစုတွေကတော့ အဘိုးကနေ မြေးခေတ်အထိ ‌ ဂီတနဲ့ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ ဆက်တိုက်ထွက်ခဲ့တာပါ။အခုစီးရီးကတော့ ရိုရှန်မိသားစုအကြောင်းကို Documentary ပုံစံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ရိုရှန်မိသားစု မျိုးဆက်တစ်ခုလုံးကို အနုပညာသွေးစီးဆင်းစေခဲ့သူက ဂီတပညာရှင် ဆရာကြီးရိုရှန်လာနာဂရတ်ပါပဲ။ သူ့သားနှစ်ယောက်ထဲက ရာကေ့ရှ်က နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ရာဂျေ့ရှ်ကတော့ သူ့အဖေလို သီချင်းရေးဆရာ တေးဂီဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ ရာကေ့ရှ်ရဲ့သားဖြစ်သူ ရီသိက်ရိုရှန်ကလည်း နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ယောက်ပါပဲ။အိန္ဒိယကမဟုတ်တဲ့ ဒီခေတ်ပရိသတ်တွေအနေနဲ့ အဘိုးနဲ့အဖေကို သိပ်မသိရင်တောင် မင်းသားချော ရီသိက်ရိုရှန်ကို ကောင်းကောင်းသိကြမယ်ထင်ပါတယ်။အဲဒီလို မျိုးရိုးစဉ်ဆက် အနုပညာရှင်တွေထွက်ခဲ့တဲ့ ရိုရှန်မိသားစုကို အခြေခံပြီး ဆရာကြီးရိုရှန်ရဲ့ အနုပညာလက်ရာတွေနဲ့ သူတိုမိသားစုရဲ့အနုပညာလက်ရာတွေအကြောင်းကို သီချင်းတွေ ရုပ်ရှင်ပြကွက်တွေနဲ့ ပြန်ပြောင်းဖော်ပြရင်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)File Size – 1 GB (Appx;)@EpisodeQuality ...
8.3
TMDb: 8.3/10 6 votes
tv

The Roshans (2025)

2025