Indian Predators Season2 (2022)
Season 1မှာတုန်းက ၁၉၉၈ခုနှစ်ကနေ ၂၀၀၇ခုနှစ်အထိ ၉နှစ်တာလူသတ်မှု၈မှုကျူးလွန်ခဲ့ပြီး
အမှုတိုင်းမှာလည်း ပလက်စတစ်နဲ့ထုပ်ပြီး ရဲစခန်းရှေ့သွားပစ်ထားတဲ့
ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်ကိုမှတ်မိကြမယ်ထင်ပါတယ်
အခုလည်းဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတဲ့ Season 2 လည်း Netflix မှထွက်ရှိလို့လာပါပြီ
တရားခွင်ထဲမှလူသတ်မှု : ထိုးသွင်းဒဏ်ရာ၇၅ချက်နဲ့သေဆုံးခဲ့တဲ့တရားခံ အကူရာဒေ့ဗ်
ဒီမှတ်တမ်းကတော့ တရားရုံးထဲမှာတရားခံကို လူအုပ်ကြီးကဝိုင်းသတ်ကြတဲ့အမှုပါ
ရဲတွေရှေ့နေ့တွေတရားသူကြီးတွေရှေ့မှာ အမျိုးသမီး အယောက်၅၀ခန့်လူအုပ်ကြီးက
တရားခွင်ထဲဝင်လာကြီး တရားခံကိုသတ်သွားကြတဲ့ မကြုံစဖူးဖြစ်စဉ်မို့
နေရာအနှံ့ကသတင်းထောက်တွေကြားဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့တယ်
ခေါင်းစဉ်တွေမျိုးစုံနဲ့သတင်းထွက်လာခဲ့ပြီး မျက်မြင်သက်သေပြောဆိုချက်အရ
အမျိုးသမီး၅ဦးကိုသာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆူပူအုံကြွမှုတွေဖြစ်ခဲ့ပြီး
ကတ်စတူဘာနာဂ်ဂါက ၄၀၀သော အမျိုးသမီးတွေကလာအဖမ်းခံခဲ့တဲ့ဖြစ်စဉ်
ဒီတရားခံအပေါ်သူတို့ဘယ်လိုအမုန်းတရားတွေရှိနေမလဲ
ရက်စက်ကြမ်းကြုတ်စွာလူသတ်မှုတွေကျူးလွန်ခဲ့တဲ့အကူရာဒေ့ဗ်ကို
လအနည်းငယ်နဲ့ပြန်ပြန်လွှတ်ပေးခဲ့တဲ့ ရဲတွေရဲ့ညံ့ဖျင်းမှုကြောင့်
ဒီလိုအမှုဖြစ်လာတယ်လို့အယုံရှိကြတဲ့လူကတစ်ဖွဲ့၊
အမျိုးသမီးတွေကိုအသုံးချကြိုးကိုင်ပြီး စိတ်ဝမ်းကွဲအောင်
ဆူပူမှုဖန်တီးတယ်လို့လက်ခံတဲ့တစ်ဖုံနဲ့ SMS ကနေ မဲအရေအတွက်နဲ့
Voting ခွဲခဲ့ရတဲ့ဖြစ်ရပ်မှန်ဒီမှတ်တမ်းရုပ်ရှင်ကို အသည်းတယားယား
ခံပြင်းစွာနဲ့ကြည့်ရှုရမှာပါ IMDb မှာလည်း 7.3ထိရရှိထားပြီး
Netflix ကထုတ်လွှင့်တာဖြစ်လို့မကောင်းမှာတော့မပူရပါဘူးရှင်
Quality : 1080p NF WEB DL / 720p
Total Episodes : 3Eps
Format : mp4
Genres :Documentry , Crime
Duration : 2h 48m
Subtitle : Myanmar Subtitle ( Hardsub )
Translated by Yunni ~ Lai Laii
Encoded by YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။