Beckham (2023) A Netflix Mini Series
~ IMDb – 8.5/10, Rotten Tomatoes – 100% ~
ဒေးဗစ်ဘက်ခမ်းရဲ့ အနီရဲရဲ ရက်စွဲများ
ဒေးဗစ်ဘက်ခမ်းရဲ့ အဖြူသန့်သန့် ရက်စွဲများ
ဒေးဗစ်ဘက်ခမ်းရဲ့ ရွှေဝါရောင် ရက်စွဲများ
ဒေးဗစ်ဘက်ခမ်းရဲ့ ကာလာစုံ ရက်စွဲများ
ဘောလုံးကွင်းဟာ ပိတ်ကားစဖြစ်ပြီး ဘောလုံးသမားဟာ ပန်းချီဆရာဖြစ်သွားတယ်လို့ သမုတ်ကြတဲ့ ဘောလုံးလောကမှာ သူမတူတဲ့ ပန်းချီတွေကို ခြယ်ခဲ့သူ လန်ဒန်သားတစ်ယောက်ရှိခဲ့ဖူးတယ်။ စုတ်ချက်တိုင်းကို လှလှပပ သပ်သပ်ရပ်ရပ် အရောင်ခြယ်နိုင်ခဲ့သူ… ထိုသူဟာ ဒေးဗစ်ဘက်ခမ်း။
ဒေးဗစ်ဘက်ခမ်းလို့ပြောလိုက်ရင် မကြားဖူးတဲ့သူ အတော်ကိုရှားလိမ့်မယ်။ မြင်ဖူးသူတွေကတော့ ကြားရုံကြားဖူးသူတွေကို အထင်သေးလိမ့်မပေါ့။ မြေဆွဲအားကိုဆန့်ကျင်တဲ့ ဆံသားရှည်ရှည်တွေအောက်မှာ ယောက်ျားချင်းတောင် ကြွေချင်တယ်လို့ ကျွန်တော်တို့ စနောက်ခဲ့ကြဖူးတယ်။ ကွင်းလယ်ကနေ သူ့စိတ်တိုင်းကျ ဘောလုံးကို စေခိုင်းနေတာကို မြင်ရတာ သိပ်ကိုအရသာရှိခဲ့တာပေါ့။ သူ့လိုခြေထောက်မျိုးကို ကျွန်တော်တို့ ဘုရားဆီပူဆာခဲ့မိဖူးကြလိမ့်မယ်။
“ဘုရားသခင် ဒေးဗစ်ဘက်ခမ်းလို မှော်ဝင်ခြေထောက်များ ပေးသနားတော်မူပါ။”
ဘက်ခမ်းရဲ့ ဘောလုံး ပဉ္စလက်တွေက သူ့ရဲ့ အမြင်ရှိမှုအပေါ်မှာလည်း သက်ဆိုင်နေတယ်။ ဘောလုံးပေးပို့မှုတစ်ချက်တည်းနဲ့ ပြိုင်ဘက်အသင်းကို ခြောက်ခြားစေတယ်ဆိုတာမျိုးက တော်ရုံကစားသမားတွေလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး။ သူ့ရဲ့ ဖြတ်တင်ဘောတွေက သာမန် အမြင့်ဝဲဘောလုံးတွေမဟုတ်ခဲ့ဘူး။ တိုက်စစ်မှူးကို ပါးလိုက်တဲ့ အချစ်ကဗျာလှလှလေးတွေဟုတ်သလို တဖက်ခံစစ်အတွက် သေမိန့်တွေလည်းဟုတ်ပြန်တယ်။
ကွင်းတွင်းမှာတင်မကဘူး ဘက်ခမ်းဟာ ကွင်းပြင်ပမှာလည်း အတော်ကိုနာမည်ကြီးခဲ့တယ်။ သူ့ရဲ့အထာ သူ့ရဲ့ဟန်ပန်တွေက မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ နေရာယူခဲ့တယ်။ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဆိုတာ အဲဒီခေတ်ရဲ့ ကမ္ဘာ့နာမည်အကြီးဆုံး စုံတွဲလို့ပြောရင်တောင် မှားမယ်မထင်ဘူး။ ဒီလိုနဲ့သူတို့ရဲ့ ချစ်လမ်းခရီးဟာ ဘက်ခမ်းဘဝရဲ့ မှော်ဝင်မှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်။
ဒီ ဘက်ခမ်း Documentary ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ၊ လူနေမှုဘဝ အနိမ့်အမြင့် အတက်အကျတွေအားလုံးကို သေချာအသေးစိတ်ကျကျရိုက်ကူးပြထားတယ်။ အမှတ်တရအချို့ ငြိစွန်းဖူးတဲ့သူတွေကတော့ အင်တာဗျူးမှာပါတဲ့ လူတွေကိုကြည့်ရင်း လွမ်းမျက်ရည်တချို့လည်မိမှာပေါ့လေ။ ဘက်ခမ်းရဲ့ စုတ်ချက်လှလှတွေကို ပြန်ခံစားချင်တဲ့သူတွေအတွက်ဖြစ်ဖြစ် ဘက်ခမ်းကို မသိမမီလိုက်တဲ့သူတွေအတွက်ဖြစ်ဖြစ် ဒီစီးရီးဟာ အတော်ကို အရသာရှိလိမ့်မယ်လို့ အာမခံပါတယ်။
(ဒီဒိုကူစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Min Thant Bo ပဲဖြစ်ပါတယ်။)
Size ~ 850MB+
Total – 4 Episodes
Quality – 1080p
Duration ~ 1hr+ (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Documentary, Biography, Sport
Source : NF.Web-dl.1080p
Translator – Min Thant Bo
Encoder – Y
Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။