Sean eternos: Campeones de América (2022) Completed Mini Series
၂၀၂၁ခုနှစ်၊ ဇူလိုင်၂၁ရက် ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ မာရာကာနာကွင်းကြီးမှာ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့ဘောလုံးအင်အားကြီးနိုင်ငံအသင်း နှစ်သင်းက တောင်အမေရိကရဲ့ ဂုဏ်သိက္ခာအကြီးဆုံးဆုဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံကြတာဖြစ်လို့ လူစိတ်ဝင်စားမှု များခဲ့သလို တစ်ဘက်မှာလည်း ပွဲကိုပိုအရှိန်တက်စေမယ့် စေ့ဆော်မှု ပိုများစေတဲ့ အကြောင်းရင်းတစ်ချက် ရှိပါသေးတယ်။
အဲဒါကတော့ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးလို့တင်စားခံရပေမဲ့ နိုင်ငံအသင်းနဲ့ ဆုဖလားမရယူနိုင်သေးလို့ ဝေဖန်မှုတွေ အမြဲလိုလို ခံခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ နိုင်ငံအသင်းအောင်မြင်မှုနဲ့ ကြံဖန်ကပ်လွဲနေတဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာဂျူနီယာတို့ရဲ့ အားပြိုင်မှုပဲ ဖြစ်ပါတယ်။
ပွဲပြီးဆုံးချိန်မှာတော့ အာဂျင်တိုင်းသားတွေဟာ အိန်ဂျယ်ဒီမာရီယာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ ၂၈နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့သလို GOAT ကြီးတစ်ယောက်လို့ တင်စားခံရတဲ့ လီယွန်နယ်မက်ဆီအတွက်လည်း ကစားသမားဘဝ အမည်းစက်လို ဖြစ်နေတဲ့ လက်ရွေးစင်အသင်းနဲ့ ဆုဖလားမရခဲ့တဲ့ စံချိန်ဆိုးကို ချေဖျက်နိုင်ခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်မှာပါ။
အာဂျင်တီးနားအတွက် ဒီလိုမှတ်ကျောက်တင်စရာ အောင်မြင်မှုကို Netflix ရဲ့ Argentina region ကနေ Documentary တစ်ခုအဖြစ်ရိုက်ကူးပြီး အာဂျင်တီးနားနိုင်ငံသီးသန့် ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒီ Documentary ကို ပြသမယ်ဆိုတဲ့ သတင်းထွက်လာစဉ်ကတည်းက အားပေးဖို့စောင့်နေကြတဲ့ လီယွန်နယ်မက်ဆီရဲ့အမာခံပရိသတ်တွေ ဒုနဲ့ဒေးရှိခဲ့သလို အခုထိလည်း Worldwide လွှင့်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေဆဲပါ။ CM မှာတော့ Italy Sub ကို Eng sub တိုက်ရိုက်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ လွဲမှားမှုရှိခဲ့ရင် နားလည်စေလိုပါတယ်။
ဒီ Documentary မှာ အာဂျင်တီးနားအသင်းရဲ့ကိုပါအမေရိကဖလား အုပ်စုအဆင့် ကျော်ဖြတ်ပုံကနေစပြီး အနိုင်ရဗိုလ်စွဲသွားတဲ့အချိန်ထိ အဝတ်လဲခန်းအတွင်းက အကြောင်းအရာတွေ၊ ကွင်းတွင်းကွင်းပြင် Unseen အကြောင်းအရာတွေ၊ ကစားသမား တစ်ဦးချင်းစီတိုင်းရဲ့ မိတ်ဆက်နဲ့အင်တာဗျူးတွေကို ပြည့်ပြည့်စုံစုံတင်ဆက်ထားပါတယ်။ ဒါ့အပြင် မက်ဆီရဲ့အခန်းကဏ္ဍကိုလည်း ကြီးကြီးမားမားထည့်သွင်းပေးထားပါတယ်။ အင်တာဗျူးအပိုင်းမှာလည်း ဆွာရက်ဇ်နဲ့နေမာလို မက်ဆီရဲ့အချစ်ဆုံးသူငယ်ချင်းတွေ၊ ဇာဗီ၊ ဘူစကွက်နဲ့ အယ်ဘာလို ဘာစီလိုနာအသင်းဖော်ဟောင်းတွေအပြင် ရော်နယ်ဒင်ဟိုနဲ့ အိုင်းမားစတဲ့ မက်ဆီရဲ့ကစားသမားဘဝမှာ အရေးပါခဲ့တဲ့ ကစားသမားကြီးတွေကိုပါ ထည့်သွင်းအင်တာဗျူးထားတဲ့အတွက် အတော်လေးကြည့်ရတန်မယ့် Documentary ဖြစ်မှာပါ။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Jim X ပဲဖြစ်ပါတယ်။)
Size ~ 700MB+
Total – 3 Episodes
Quality – 1080p
Duration ~ 41min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Documentary, Sport
Source : NF.Web-dl.1080p
Translator – Jim X
Encoder – Y
Series Complete Zip
Episode 1 –> Yoteshin / StreamVid / MegaUp / MegaNZ / UsersDrive / StreamSB
Episode 2 –> Yoteshin / StreamVid / MegaUp / MegaNZ / UsersDrive / StreamSB
Episode 3 –> Yoteshin / StreamVid / MegaUp / UsersDrive / StreamSB
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။