Channel Myanmar

Adventure

One Piece: Clockwork Island Adventure (2001) 6.6
One Piece: Clockwork Island Adventure (2001) One Piece: Clockwork Island Adventure (2001)My Anime List - 7.08/10, IMDB Rating - 6.6/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ movie ကောင်းလေးကတော့One Piece Animation Series ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့၂ ကားမြောက် movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဝရမ်းပြေးအဖြစ်ဆုကြေးငွေထုတ်ခံလိုက်ရတဲ့ Luffy တို့အုပ်စုက ကမ်းခြေတစ်ခုမှာ ပျော်ပွဲစားထွက်အနားယူနေရင်း Going Merry ဆိုတဲ့ သူတို့ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အခိုးခံလိုက်ရပါသတဲ့။ဘယ်သူခိုးသွားလဲဆိုတာ မသိဘဲ သူခိုးနောက်ကို လိုက်ကြရင်း ပင်လယ်ထဲမှာပဲBorĹŤdo နဲ့ ‌Akisu ဆိုတဲ့ သူခိုးညီနောင်နဲ့ တွေ့သွားကြပါတယ်။အဲဒီ သူခိုးညီနောင်နဲ့ တွေ့ပြီး သူတို့သင်္ဘောကို ခိုးသွားတာ နာရီစက်ကျွန်းပေါ်ကTrump ပင်လယ်ဓားပြတွေဆိုတာ သိခဲ့ရပြီး BorĹŤdo တို့ ...
movie

One Piece: Clockwork Island Adventure (2001)

My Family (2025) 6.2
My Family (2025) EVကားတွေအပြိုင်အဆိုင်ခေတ်စားလာတဲ့ခေတ်နဲ့အညီ EVကားတစ်စီးကို အကြောင်းပြုပြီးတော့ တင်ဆက်ထားတဲ့ စိတ်အပန်းပြေစေမယ် ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။အသက်(၃၅)နှစ်အရွယ် လီထုံဖုန်းဟာ တစ်ပတ်ရစ်ကားရောင်းတဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီးတော့ EVကားတစ်ခုကိုတစ်ဦးတည်းသော အရောင်းကိုယ်စားလှယ်စာချုပ်ချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ မိသားစုနဲ့အတူအလုပ်နဲ့ နိုင်ငံခြားကိုခရီးထွက်ကြရပါတယ်။အဲဒီနိုင်ငံကိုရောက်တော့ အငှားကားကုမ္ပဏီကနေ သူကိုယ်စားလှယ် ယူမယ့်EVကားကိုငှားစီးရာကနေအလွဲတွေစတော့တာပါပဲ။ မော်ဒယ်သစ်ဖြစ်တဲ့တစ်သက်မှာတစ်ခါပဲအားသွင်းရတဲ့ ဒီလျှပ်စစ်ကားကိုစီးပြီးသူတို့မိသားစုဟာ လေဆိပ်ကနေဟိုတယ်ကို (၃)နာရီကြာမောင်းရမှာဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးတဲ့နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ဒီကားက ခေတ်ရှေ့ပြေးလွန်ပြီးတော့ ရပ်မရဖြစ်လာတဲ့အခါ အမြန်လမ်းပေါ်မှာ အရှိန်နဲ့ပြေးနေတဲ့ဒီကားလေးပေါ်မှာ ရှိနေတဲ့မိသားစုအတွက် မိနစ်တိုင်းဟာအရေးပါလာပါတယ်။ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် အလွဲလွဲအချော်အချော်တွေနဲ့ ရယ်ရတဲ့ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ Filesize : 1.90 GB / 1.02 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy, Family, Adventure Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

My Family (2025)

One Piece: The Movie (2000) 6.9
One Piece: The Movie (2000) One Piece: The Movie (2000) IMDB- 6.9/10, RT-86% ----------------------------- ငဖီတို့ရဲ့ 2000 ခုနှစ်ကထွက်ရှိထားတဲ့ Movie ဖြစ်ပါတယ်။Crew တ္ပေကတော့ Usopp join ပြီးတဲ့ကာလကို အခြေခံထားတာပေါ့။ဇာတ်လမ်းက Woonan ဆိုတဲ့ ပင်လယ်ဓားပြကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ရွှေတွေအားလုံးရဲ့သုံးပုံတစ်ပုံ ပမာဏကို ရှာဖွေစုဆောင်းခဲ့ပါတယ်။အဲဒါ ပြီးတော့ သူစုဆောင်းခဲ့တဲ့ တောင်ပုံယာပုံရွှေတွေကိုကျွန်းတစ်ကျွန်းမှာမြှုပ်နှံထားခဲ့တဲ့အတွက်...ဒီကျွန်းရဲ့ မြေပုံကိုရထားတဲ့ ပင်လယ်ဓားပြအဖွဲ့နဲ့ ကောက်ရိုးဦးထုပ်အဖွဲ့သားတွေထိပ်တိုက်တွေ့ကြတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ရွှေတွေကိုရောဘယ်သူတွေရသွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။One Piece ဇာတ်လမ်းတွဲမကြည့်ဖူးသေးတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေပြီး...One Piece fan တွေအတွက်လည်း အလွမ်းပြေ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်နော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်) File size… 2 GB / 650 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 51m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated ...
movie

One Piece: The Movie (2000)

Fox and Hare Save the Forest (2024)
Fox and Hare Save the Forest (2024) ဇာတ်လမ်းကတော့ တောကြီးတစ်ခုထဲမှာ မြေခွေး၊ ယုန်၊ တောဝက်၊ ဇီးကွက် ဖျံ၊ ရေသူမနဲ့ သူခိုးရက်ကွန်းတို့က သူငယ်ချင်းတွေသိုက်သိုက်ဝန်းဝန်းစုပြီးနေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ သူတို့နေထိုင်ရာ တောလေးကို ရေတွေလွှမ်းလာပါတော့တယ်။ အဲ့တာကတော့ ကြွက်နှစ်ကောင်ရဲ့ ဘောစ့် ဘီဗာရဲ့လက်ချက်ပါပဲ။ဘီဗာက ပစ္စည်းတွေကို တီထွင်ဖန်တီးရာမှာတော်ပေမဲ့ သူက အထီးကျန်နေတဲ့ ဘဝင်ရူးတစ်ကောင်ဖြစ်နေပါတယ်။ ကြွက်နှစ်ကောင်ရဲ့အကူအညီ သူ့ရဲ့အကောင်းဆုံးလက်ရာဆိုပြီး တောကိုဖြတ်စီးနေတဲ့မြစ်ကို ပိတ်ပြီး ဆည်ကြီးဆောက်ပစ်လိုက်ပါတယ်။ အဲ့လိုနဲ့ မြေခွေးနဲ့ ယုန်တို့ရဲ့တောအုပ်က ရေတွေလွှမ်းကုန်ပါတော့တယ်။ အဲ့လိုကနေ ရွေးချယ်စရာမရှိကြတော့တဲ့ ယုန်နဲ့ မြေခွေးတို့က သူတို့ရဲ့တောအုပ်ကို ဒီဆည်ကြီးဆီကနေ ကယ်တင်ကြပုံကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ကြမယ် Animationကားလေးတစ်ခုလည်းဖြစ်ပါတယ်File size… (1 GB) / (579 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Animation, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie

Fox and Hare Save the Forest (2024)

Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8.0) / Rotten Tomatoes (76%)Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်... ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း.... အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ ...
movie

Big Fish (2003)

2003
4K HEVC
Viy (2014) Forbidden Empire 5.3
Viy (2014) Forbidden Empire Viy (2014) Forbidden EmpireNikolai Gogol ရဲ့ Viy ဆိုတဲ့ဝတ္ထုကိုအခြေခံထားတဲ့ ရုရှား Dark Fantasy အမျိုးအစား မှော်ဇာတ်ကားပါ…ဇာတ်လမ်းကတော့... ၁၈ ရာစုနှစ်မှာ မြေပုံရေးဆွဲသူတစ်‌ယောက်ဖြစ်တဲ့ ဂျော်နသန်ဂရင်းဟာ ‌မြေပုံပေါ်မတည်ရှိသေးတဲ့ ထရန်စ‌ဗေးနီးယားမြေတွေကို ရေးဆွဲဖို့အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တောအုပ်တွေကြားက လူသူမသိတဲ့ သီးခြားဖြစ်နေတဲ့ ထူးဆန်းတဲ့ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပြီး ဆန်းကြယ်တဲ့ သတ္တဝါဆန်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒေသခံတွေက အဲဒီအကောင်ကြီးကို ဗွီလို့ခေါ်ကြပြီး ‌အင်မတန်မှကြောက်ရွံ့ကြပါတယ်။ အဲဒီနေရာကနေ ထွက်သွားနိုင်ဖို့အတွက်ကြိုးစားရင်း ကျိန်စာသင့်နေတဲ့မြေက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ လမ်းစတွေ့လာတဲ့အခါ ဂျော်နသန်က စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူဘယ်လိုမျိုးတွေတွေ့ကြုံရမလဲနဲ့ အဲဒီအကောင်ကြီးရဲ့ အရင်းအမြစ်ကရော ဘာလဲဆိုတာကိုတော့...။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phu Thet Khin မှ တင်ဆက်ထားပါတယ်။) File size…(3.3 GB )/ (1.5 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Phu Thet ...
movie

Viy (2014) Forbidden Empire

FernGully 2: The Magical Rescue (1998) 4.4
FernGully 2: The Magical Rescue (1998) FernGully 2:The Magical Rescue 1998FernGully 2:The Magical Rescue ဟာ ၁၉၉၂ ထွက်FernGully:The Last Rainforest ရဲ့ အဆက်ကာတွန်းကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဖန်ဂါလီဆိုတာ နတ်သူ‌‌ငယ်တွေ၊တိရိစ္ဆာန်လေးတွေရောနှောနေထိုင်တဲ့ ထူးဆန်းပြီး မှော်ဆန်တဲ့ မိုးသစ်တော ဖြစ်ပါတယ် ။ တစ်ရက်မှာတော့ အေးချမ်းပြီး မှော်ဆန်လှတဲ့ ဖန်ဂါလီကိုဝိမသလောဘသား လူသားမုဆိုးတွေ ကျူးကျော်လာပြီးသစ်တောကိုမီးရှို့ကာ ‌တိရိစ္ဆာန်ပေါက်လေးတွေကို ဖမ်းယူသွားပါတယ် ။ ဒီလိုနဲ့ အဖမ်းခံလိုက်ရတဲ့ အကောင်ပေါက်လေးတွေကို ကယ်ဖို့နတ်သူငယ်လေးတွေဖြစ်တဲ့ ပစ်နဲ့ ခရစ္စတာတို့ဟာ မြို့ကိုရောက်ဖူးတဲ့တောအုပ်ထဲက တိရိစ္ဆာန်တွေအကူအညီနဲ့ လူသား‌တွေရှိရာ အရပ်ကိုစွန့်စားခန်းထွက်လာပါတော့တယ်။ ဖန်ဂါလီကနေ တစ်ခါမှအပြင်မထွက်ဖူးတဲ့ပစ်နဲ့ခရစ္စတာတို့ရဲ့ စွန့်စားခန်းဟာဘယ်လိုဖြစ်လာမလဲ၊ အကောင်‌ပေါက်လေးတွေကို သူတို့ကယ်တင်နိုင်မလား၊လူသားကမ္ဘာမှာ နတ်သူငယ်လေးတွေ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲကြည့်ရမယ့် ကာတွန်းကားလေးပဲဖြစ်ပါတယ်။File size…    1.9 GB/  1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1 h 10 ...
movie

FernGully 2: The Magical Rescue (1998)

Asterix & Obelix Take on Caesar (1999)
Asterix & Obelix Take on Caesar (1999) ပိတ်ရက်မှာပဲ ဖြစ်ဖြစ် အားလပ်ချိန်မှာပဲ ဖြစ်ဖြစ် အနားယူချိန်မှာ serious မဖြစ်ပဲ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ အမျိုးစားလေးဖြစ်ပါတယ် ။ဒီကားလေးကတော့ ဥရောမမှာ အောင်မြင်ခဲ့တဲ့ ပြင်သစ်ရုပ်ပြ ကာတွန်းကနေ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။အဓိက ဇာတ်ကောင်တွေကတော့ ခပ်တုံးတုံး ရှိပေမဲ့ စွမ်းအားကြီးတဲ့ အိုဘိလိစ် ရယ် ဉာဏ်ကောင်းတဲ့ သူငယ်ချင်း အက်စထရိစ် တို့ဖြစ်ပြီး သူတို့ရဲ့ ရွာကို ကျူးကျော် လာတဲ့ ရောမတွေ ရန်ကနေ ကာကွယ်တဲ့ စွန့်စားခန်းကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ခံစားရမှာပါ ၊ ခေတ်ကတော့ ဂျူးလိယက် ဆီဆာရဲ့ ခေတ်ကို အခြေပြုထားပြီး ၊ ဆီဆာက အိုဘိလိစ် တို့ ဂေါလ်ရွာကို ဘာကြောင့် တိုက်ခိုက်လဲ ၊ ‌ဒီထရိကျုစ် ဆိုတဲ့ ဆီဆာ့ရဲ့ အမှုထမ်းက ဘယ်လို လှည့်စားမလဲ ၊ ဂေါလ်တွေရဲ့ လျို့ဝှက်လက်နက် ...
movie

Asterix & Obelix Take on Caesar (1999)

Tall Tale: The Unbelievable Adventure (1995) 5.9
Tall Tale: The Unbelievable Adventure (1995) Tall Tale (1995)ဒီဇာတ်ကားကတော့ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ဂန္တဝင်အနောက်တိုင်းရုပ်ရှင်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။၁၉ ရာစုဝန်းကျင် အနောက်တိုင်းရဲ့အငွေ့အသက်တွေနဲ့ လူနေမှုဘဝပုံစံတွေကိုမျက်မြင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒန်နီရယ်ဆိုတဲ့ကောင်လေးဟာသူ့အဖေရဲ့လယ်မြေတွေကို လောဘကြီးတဲ့ မြေရှင်ဆီကနေပြန်ယူဖို့ကြိုးစားရင်း အနောက်တိုင်းရဲ့ဂန္တဝင်သူရဲကောင်းတွေနဲ့တွေ့ဆုံတဲ့အကြောင်းကိုစိတ်ကူးဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဒီလိုသူရဲကောင်းတွေဆီကနေ စိတ်ကူးစိတ်သန်းတွေကိုလေ့လာသင်ယူရင်း မကောင်းမှုကိုတိုက်ဖျက်ဖို့အတွက် ကြိုးစားသွားတာကို ကြည့်ရှုရမှာပါ။အနောက်တိုင်းရုပ်ရှင်တွေကို ခံစားတတ်တဲ့သူတွေအဖို့တော့ဒီဇာတ်လမ်းလေးက ကြည့်လို့အဆင်ပြေတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1.5 GB /  800MB Quality… Web-DL 1080p / 720p Format… mp4 Audio... AAC Duration…. 1h 36m Genre ..... Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Vader ft Riley
movie

Tall Tale: The Unbelievable Adventure (1995)

Fountain of Youth (2025) 6.7
Fountain of Youth (2025)  (နတ်ရေကန် ရှာပုံတော်) ဒါရိုက်တာ Guy Ritchie ရဲ့ လက်ရာကောင်းတစ်ခုလာပါပြီ။ နစ်ကလက်ကေ့ရဲ့ National Treasureစတိုင်မျိုးပါ။ Jack Ryan တို့ Quite Place တို့ရဲ့မင်းသား John Krasinski နဲ့ မင်းသမီး နာတာလီပေါ့မန်းတို့ ပါဝင်ထားတာပါ။ဒီလို ရှေးဟောင်းသုတေသီ ပဟေဠိကားမျိုးအထွက်ရှားတာကြောင့် ကြည့်ရတာ တန်မှာပါ။ ဇာတ်လမ်းအကျဉ်း++++++++++ကမ္ဘာကျော် ရှေးဟောင်းသုတေသီကြီးရဲ့ သားနဲ့သမီးဟာပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာတဲ့နေရာမှာ ထူးချွန်သူတွေပါ။တစ်နေ့မှာတော့ အသည်းကင်ဆာဖြစ်နေတဲ့ ဘီလီယံနာတစ်ယောက်ဟာ ထာဝရနုပျိုစေမဲ့ နတ်ရေကန်ကို ရှာနိုင်မဲ့သဲလွန်စတွေနဲ့အတူ အကူအညီတောင်းလာပါတယ်။တစ်ဘက်မှာလည်း နတ်ရေကန်ကို လူတွေ မတွေ့အောင်စောင့်ရှောက်တဲ့ အဖွဲ့ရှိနေသလို သူတို့ကို လိုက်နေတဲ့နိုင်ငံတကာရဲတပ်ဖွဲ့လည်း ရှိနေတာမို့ အန္တရာယ်တွေကြားထဲမှာ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ရမလဲ ဆိုတာကြည့်ရမှာပါပဲ။   File size… (5 GB)/ (2.03GB) / (1.14GB) Quality… WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv ...
movie

Fountain of Youth (2025)

4K HEVC
Tears Of No Regret ( 2020 ) 5.5
Tears Of No Regret ( 2020 ) Tears of No Regrets ဆိုတဲ့ တရုတ်ကားလေးကို တင်ပေးလိုက်ပါတယ် ဒီကားလေးက စွန်းဝူခုန်းကားတွေထဲမှာ low budget နဲ့ ရိုက်ထားတဲ့ ဇာတ်ကားကောင်းတလေးတစ်ခုပါ။ ဒီကားလေးကတော့ မူရင်းအနောက်အရပ်ခရီးနဲ့ မတူဘဲ ဝူခုန်းရဲ့ အချစ်ဇာတ်လမ်းကို ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားတာပါ။ ဒီကားလေးမှာတော့ အနောက်ခရီးကအပြန် ဝူခုန်းနဲ့ သူ့ဆရာလမ်းခွဲပြီးနောက် ဝူခုန်းတစ်ယောက်မိစ္ဆာစိတ်ဖုံးပြီး သူ့ဆရာသူပြန်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ဒီမိစ္ဆာစိတ်က ဘယ်သူကြိုးကိုင်ခဲ့တယ်ဆိုတဲ့ အဖြေကို ရှာရာကနေ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကိုပြန်သွားရာကနေ ဇာတ်လမ်းပုံဖော်ခဲ့တာပါ။ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာထက်ကို ပိုတယ်။ တကယ့်ကို low budget နဲ့ လုပ်ထားတယ်ဆိုတာကို မယုံနိုင်လောက်အောင် ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးပါ။ Filesize : 1.17 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action, Fantasy, Comedy Runtime : 1h ...
movie

Tears Of No Regret ( 2020 )

The Legend of Ochi (2025) 6.3
The Legend of Ochi (2025) The Legend of Ochi (2025)IMDb Rating (6.3) / Rotten Tomatoes (77%) ဒီနောက်ပိုင်း ထုတ်လုပ်ရိုက်ကူးရေးပိုင်းမှာ အတော်လေး နာမည်ရပြီး ရုပ်ရှင်ကောင်းတွေ ဖန်တီးလာတဲ့ A24 Studio ရဲ့ ဇာတ်ကားအသစ်လေးပါ။နာမည်ကြီး မင်းသားကြီး William Dafoe , Stranger Things ထဲက ကလေးသရုပ်ဆောင် Finn Wolfhard တို့ဦးဆောင်ပါဝင်ထားတဲ့The Legend of Ochi ဆိုတဲ့ စိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာ နေကြတဲ့ မက်ဆင်းတို့မိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက်ကြောက်ရွံ့ပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကိုတွေ့ပြီး ခင်တွယ်သွားရာကနေသူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပို့ဖို့အတွက် ခရီးကြမ်းကို နှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်းလိုက်ပါလာခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ...
movie

The Legend of Ochi (2025)

2025
Paru Parvathy (2025) 6.2
Paru Parvathy (2025) Paru Parvathy 2025 (ပါရူပါဗာသီရဲ့ ခရီးစဉ်)သား ၅ယောက်ရဲ့ မိခင် ပါရူဟာ သားတွေရဲ့ အချစ်ကိုခံရပေမဲ့လည်း သားတွေနဲ့အတူ လိုက်နေရမဲ့အစား အိမ်ကြီးထဲမှာပဲ တစ်ယောက်တည်းနေရင်း အထီးကျန်တဲ့ဘဝကို နေထိုင်နေသူတစ်ယောက်ပါ။သားတွေကလည်း အလုပ်ကိုယ်စီနဲ့ အလုပ်များပေမဲ့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး အမေ့ကို ဂရုစိုက်ကြရှာပါတယ်။ ပါရူ့မှာ ခရီးသွားဘလော့ကာမလေး ပါယယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။သူတို့ဟာ အသက်အရွယ်ကွာဟပေမဲ့လည်း သူငယ်ချင်းတွေလိုနေကြပါတယ်။တစ်ရက်မှာတော့ ပါရူတစ်ယောက်ဟာ သိပ်မကြာခင်ရက်အတွင်းမှာ သူ့ယောက်ျားနဲ့ မင်္ဂလာနှစ်ပတ်လည် အနှစ်၅၀ပြည့်ရောက်တော့မှာမလို့ ခင်ပွန်းဖြစ်သူကို တွေ့ချင်ကြောင်း ပါယယ်ကို ပြောရင်း သူတို့နှစ်ယောက်အတူ အဝေးမှာရှိတဲ့ခင်ပွန်းဖြစ်သူဆီကို ခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။ဒီအချိန်မှာပဲ ပါရူပြနေကြ ဒေါက်တာက ပါရူရဲ့သားကြီးကို ခေါ်ကာ ပါရူ့မှာ လူကီးမီးယားရောဂါဖြစ်နေပြီဖြစ်ကြောင်းပြောလာတဲ့အချိန် ပါရူကတော့ ပါယယ်နဲ့အတူ ကားတစ်စီးနဲ့ထွက်သွားပါပြီ။ဘယ်သူ့ကိုမှ မပြောဘဲ ထွက်လာတာဖြစ်လို့ ပါရူ့သားတွေခမျာတော့ ခေါင်းမီးတောက်ပါတော့တယ်။ဒီလိုနဲ့ပဲ ပါရူတစ်ယောက် ပါယယ်နဲ့အတူ ခရီးထွက်ရင်း ဘာတွေ ကြုံတွေ့ရမလဲ ..... သူ့ရောဂါအခြေအနေကရော ပေါ်လာမလား ..... ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Paru Parvathy (2025)

Pokémon the Movie 2000 (1999) 6.1
Pokémon the Movie 2000 (1999) Pokémon the Movie 2000 (1999)IMDB - 6.1/10Childhood Memory တွေထဲက တစ်ခုဖြစ်တဲ့ ပိုကီမွန်ဆိုတဲ့ Animation တွေထဲက ရုင်ရှင်တစ်ခုဖြစ်တဲ့ Pokémon the Movie 2000 လေးတင်ပေးသွားမှာပါ ဒဏ္ဍာရီလာ ပိုကီမွန်များဖြစ်သော Moltres, Zapdos နဲ့ Articuno တို့ရဲ့ မီး ရေခဲ မိုးကြိုး ဟန်ချက်ပျက်ယွင်းသွားသောအခါ ကမ္ဘာကြီးကို ကယ်တင်ဖို့ အက်ရှ်နဲ့ သူ့ သူငယ်ချင်းတွေ ကြိုးစားကြတဲ့အကြောင်းလေးပါ ဇာတ်လမ်းအစမှာ လောရင့်စ်သည် ဒဏ္ဍာရီလာ ပိုကီမွန်များကို စုဆောင်းကာ လူဂီယာကို ဖမ်းဆီးရန် ကြိုးပမ်းနေခဲ့တယ် လောရင့်စ် က Moltres ကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ပြီး Zapdos ဖမ်းဆီးရန် ကြိုးစားနေစဉ် အက်ရှ် တို့သူငယ်ချင်းအုပ်စုမှာ မုန်တိုင်းမိပြီး ကျွန်းသို့ ရောက်သွားကြသည်။ အဲကျွန်းမှာ တွင် နှစ်စဉ်ကျင်းပသော ပွဲတော်၌ အက်ရှ်ကို "ရွေးချယ်ခံရသူ" အဖြစ် သတ်မှတ်ခံရပြီး ဒဏ္ဍာရီလာ ပိုကီမွန်သုံးကောင်၏ ကျွန်းများမှ ပစ္စည်းသုံးမျိုးကို စုဆောင်းရန် ...
movie

Pokémon the Movie 2000 (1999)

An American Tail: Fievel Goes West (1991) 6.5
An American Tail: Fievel Goes West (1991) An American Tail-Fievel goes west(1991)ဖုန်ထူထူ ကန္တာရတွေထဲ လက်နက်ကြီးတွေ တကားကားနဲ့ကောင်းဘွိုင်တွေကို ကျွန်တော်တို့ငယ်ငယ်တုန်းက အားကျကောင်းအားကျခဲ့ကြဖူးမှာပါ။သိပ်ကို မိမိုက်ကြတာကိုး။ အခုလည်း(၁၉၉၁)က ထွက်ရှိခဲ့တဲ့ “An American Tail-Fievel Goes West”ဆိုတဲ့ကာတွန်းကားလေးထဲမှာကျွန်တော်တို့ ငယ်ငယ်ကလိုပဲကောင်းဘွိုင်သူရဲကောင်းကြီး ဝိုင်လီဘာ့ကို အားကျတဲ့ ဖိုက်ဗဲလ်ဆိုတဲ့ကြွက်ကလေးရဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလို့ ရမှာပဲ ဖြစ်ပါတယ်။ဟုတ်ပါတယ်။ ငယ်ငယ်ကကြည့်သလို ခန့်ချောချောကောင်းဘွိုင်ကြီးတွေ လက်နက်တွေနဲ့တဒုန်းဒုန်းတဒိုင်းဒိုင်းတိုက်ခိုက်တာကိုကြည့်ရမှာထက်ကမ္ဘာ့ရန်တွေဖြစ်တဲ့ ကြောင်တွေနဲ့ ကြွက်တွေကြားက အဖြစ်အပျက်တွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အနောက်ပိုင်းမှာ ဟိုးတုန်းက သောင်းကျန်းသူတွေကိုထိန်းချုပ်ခဲ့တဲ့ ဝိုင်လီဘာ့ဆိုတဲ့ခွေးအရာရှိကြီးတစ်ယောက် ရှိပါတယ်။အများက အားထားရတဲ့သူလည်း ဖြစ်တာကြောင့်ကြွက်ကလေး ဖိုက်ဗဲလ်မောက်စ်ကီဝစ်ဟာလည်း သိပ်ကို အားကျပါသတဲ့။နယူးရော့ခ်လမ်းကြိုလမ်းကြားမှာနေတဲ့သူတို့ကြွက်မိသားစုတွေကို တစ်နေ့မှာတော့ ကြောင်ဘော့စ်ကတ်တပ်ဝေါဦးဆောင်တဲ့ ကြောင်အုပ်စုကလာရောက်ဖျက်ဆီးပါတော့တယ်။ကြောင်ဆိုးကတ် အကြံကတော့ ကြွက်တွေကို ဒီလမ်းကြိုလမ်းကြားကနေရှင်းထုတ်ကာ အနောက်ပိုင်းကို သွားအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ကြောင်ကြီးကတ်ရဲ့ အကြံကကော ဘာများဖြစ်နေမလဲ။ဝိုင်လီဘာ့ကို စံထားတဲ့ ကြွက်ကလေးဖိုက်ဗဲလ်နဲ့ သူ့သူငယ်ချင်း ကြောင်လေးတိုက်ဂါးတို့ကကောကြွက်တွေကို ကြောင်ဆိုးကြီးရဲ့ ...
movie

An American Tail: Fievel Goes West (1991)

APPU (2024) 8.5
APPU (2024) Appu (2024) "ဆင်လေးအာပူရဲ့စွန့်စားခရီး"ဒီတစ်ခါမှာတော့ Bollywood ပရိသတ်တွေတင်မက ကာတွန်းကားချစ်သူတွေအတွက် တကယ်ချစ်စရာကောင်းတဲ့ animation ရုပ်ရှင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။‌ဇာတ်လမ်းရဲ့အဓိကဇာတ်‌ကောင်လို့ဆိုရမဲ့ ဆင်ပေါက်ကလေးအာပူဟာ အရမ်းကိုစူးစမ်းလေ့လာချင်သူလေးပါ။အရမ်းကိုစူးစမ်းလေ့လာချင်သူလေးပါ။ဆင်ကြီးတွေလစ်တာနဲ့ ဆင်ပေါက်အုပ်စုကိုဦးဆောင်ပြီး အလစ်ထွက်တတ်ပါသေးတယ်။ငယ်သေးတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်သေးဘဲ အကုန်တလွဲတချော်ဖြစ်ခဲ့တာချည်းပါပဲ။ဒီလိုနဲ့တောထဲမှာ ပျော်ပျော်ပါးပါးနေရာက အာပူလေးဟာ အန္တရာယ်များတဲ့လူတွေကြားထဲသွားရဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ လူတွေလက်ထဲရောက်သွားတဲ့ သူ့အဖေကိုသွားကယ်ဖို့ပါပဲ။ဆင်ပေါက်လေးအာပူရဲ့ စွန့်စားခရီးဟာ ဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နှက်နေမလဲ၊ ဘာတွေတွေ့ကြုံခံစားရမလဲဆိုတာကို စိတ်၀င်စားစရာဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym ~ KKKZ ~ Alex ~ ZweYan ~ Yunni တို့ ဖြစ်ပါတယ်။) File size… 1.3 GB / 700 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cym ~ KKKZ ~ Alex ~ ...
movie

APPU (2024)

The Dragon Hunting Well ( 2020 ) 5.4
The Dragon Hunting Well ( 2020 ) ဒီကားလေးမှာတော့...ဆွမ်ယိချန်က ကပ်ရောဂါဖြစ်နေတဲ့ မြို့လေးကို ဆေးအထောက်အပံ့ပစ္စည်းတွေ သွားပို့တဲ့ ဆရာဝန်တစ်ယောက်ပါ အဲ့ဒီမြို့လေးက လူတွေကလည်း ဘာသာရေးအလွန်အမင်း အယူသည်းပြီး ရောဂါကူးခံရတဲ့လူတွေကို ကျိန်စာမိနေတာလို့ သတ်မှတ်ထားကြပါတယ် ဆွမ်ယိချန် ရောဂါကူးစက်ခံရတဲ့လူတွေကို ထားတဲ့ ကန့်သတ်နယ်မြေကို ရောက်သွားပြီးမကြာခင်မှာ လူသားစားတဲ့ သားရဲတစ်ကောင်ပေါ်လာတဲ့အခါ လူမှုကူညီရေးကလူတွေ ရောဂါကူးခံရတဲ့လူနာတွေ နဲ့ အယူသည်းလွန်းတဲ့ မြို့လေးကလူတွေက ဘယ်လိုမျိုး လွတ်မြောက်အောင်လုပ်ကြမလဲ လူတွေက သေချင်းတရားနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားကြမှာလဲ ဆိုတာ ရင်သက်ရှုမောဖွယ်ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော် Filesize : 892 MB / 490 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie

The Dragon Hunting Well ( 2020 )

The Squatchers (2025) 5.5
The Squatchers (2025)  ဇာတ်လမ်းအကျဉ်းကတော့ တိုင်လာရဲ့မွေးနေ့ပွဲမှာအထူးလက်ဆောင်ပေးဖို့အတွက် လူးဝစ် ၊ ဘရတ် နဲ့ဖေးတို့ စီစဉ်ထားတယ်။တိုင်လာက Bigfoot ရုပ်ရှင်ကားကိုအရမ်းကြိုက်သလိုBigfoot တွေကအပြင်မှာအမှန်တကယ်ရှိတယ်လို့လည်းယုံကြည်ထားတယ်။သူငယ်ချင်းသုံးယောက်လည်း ဘရတ်ရဲ့ ဒီစွဲလန်းမှုတွေကိုသည်းမခံနိုင်တဲ့အဆုံးမှာဒီတစ်ပတ်ပိတ်ရက်မှာ Bigfootရှာပုံတော်ဖွင့်ပို့ စခန်းချသွားမယ်ဆိုပြီး မွေးနေ့လက်ဆောင်အနေနဲ့ ကတိပေးလိုက်ကြတယ်။နောက်နောင်ဘယ်တော့မှ ဒီအကြောင်းထပ်မဟဖို့အတွက်ပြောလိုက်တယ်ဆိုပေမယ့် တိုင်လာကတော့ တကယ်ပျော်နေတယ်။ အကုန်လုံးကျောင်းသားတွေဆိုတော့ငွေကြေးလည်း သက်သာအောင်ဆိုပြီး ကားရှိတဲ့နိတ်ကိုပါခေါ်လာလိုက်တယ်။ဒီလိုနဲ့ ဝှိုက်ဟောပြည်နယ်ကသစ်တောမှာစခန်းချဖို့ထွက်လာကြတယ်။ Bigfoot အကြောင်း ကောင်းကောင်းသိထာတဲ့ဘရတ်က ဒီညတော့စောစောအိပ်ပြီးမနက်ကျမှBigfoot ကိုထွက်ရှာကြမယ်လို့ပြောလို့စောစောအိပ်လိုက်ကြတယ်။ညလည်းရောက်ရော ဝက်ဝံသဏ္ဍာန်သတ္တဝါကြီးက နိတ်ကိုဖမ်းခေါ်သွားတဲ့အခါမှာတော့.....  File size… (2.02GB) / (1.04GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 55m Genre …..Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Squatchers (2025)

Birds Flying East (2024) 6.0
Birds Flying East (2024)  ကိုလမ်ဘိုဟာ ဘာကိုမှ အလေးအနက်မထားဘဲကားပြင်တဲ့ ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်းဘဝကိုဖြစ်သလို ဖြတ်သန်းနေတဲ့သူပါ..သားဖြစ်သူရဲ့ မွေးနေ့ကိုပါ မမှတ်မိတာကြောင့်ဇနီးဖြစ်သူက ကွာရှင်းပေးဖို့ တောင်းဆိုခံလိုက်ရပါတော့တယ်..အဲဒီအချိန်မှာ ကြိုးကြာငှက်တွေကို သွားကြည့်ချင်တဲ့အဘိုးကြီးမာရီယိုက ကိုလမ်ဘိုတို့ရဲ ဆိုင်ကို ရောက်လာပြီးသူ့ကို ကားသမားအဖြစ် ငှားရမ်းခဲ့ပါတယ်ကိုလမ်ဘိုလည်း ငွေလိုနေချိန်ဖြစ်တာကြောင့်ပိုက်ဆံအများကြီး ပေးမယ်ဆိုတဲ့ မာရီယိုနောက်ကိုလိုက်လာပါတော့တယ်..ဒီလိုနဲ့ နှစ်ယောက်အတူ ခရီးထွက်လာကြရင်းဘယ်လိုပြဿနာတွေကို ကြုံတွေ့ရပြီးတော့မာရီယိုတစ်ယောက် သူမြင်ချင်တဲ့ ကြိုးကြာငှက်တွေကိုမြင်တွေ့ခွင့်ရမလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ဘဝမှာ တွေ့ကြုံရတတ်တဲ့ အခက်အခဲ‌တွေအကြောင်းရိုက်ကူးထားတာဖြစ်ပြီး စပိန်နိုင်ငံအပြင် ဥရောပတိုက်တစ်လွှားမှာရှိတဲ့ နိုင်ငံပေါင်းများစွာမှာ ရိုက်ကူးထားတာဖြစ်လို့ အဲဒီနိုင်ငံတွေရဲ့ လှပတဲ့ရှူခင်းတွေကိုပါ ခံစားရမှာဖြစ်ပါတယ်..ဒါကြောင့်မို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်....  File size… (1.53 GB) / (894 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard ...
movie

Birds Flying East (2024)

Shadow (2018) 7.2
Shadow (2018) Shadow (2018)IMDb Rating (7) / Rotten Tomatoes (94%)တရုတ်ရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ကျန်းရိမူရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားက အဖြူအမဲ ကာလာပုံစံနဲ့ အတော်ကိုမိုက်တဲ့  ရာဇဝင်နောက်ခံ ဝူရှသိုင်းဇာတ်ကားပါ။ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာ လုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။ အဲဒီလို လူစားထိုးတဲ့လူကို အရိပ်လို့ ခေါ်ပါတယ်။အဲ့ဒီကာလက ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးက ကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။ ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်တယောက်အကြောင်းကို ကျန်းရိမူစတိုင်အတိုင်း နောက်ခံတီးလုံးအမိုက်စား တင်ဆက်ပုံအမိုက်စားနဲ့ကြည့်ရှုခံစားရမှာပါ။Golden Horse Awards ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာ Best Director ,Best Visual Effects ,Best Art Direction,Best Makeup & Costume Design ဆုတွေရရှိခဲ့သလို ရုံတင်ဝင်ငွေလဲ $91.7 million ...
movie

Shadow (2018)

2018
4K HEVC