Channel Myanmar

Adventure

Scooby-Doo! and the Monster of Mexico (2003) 6.3

Scooby-Doo! and the Monster of Mexico (2003)

The Wizard of Oz (1939) 8.1
The Wizard of Oz (1939) ရုပ်ရှင်သမိုင်းရဲ့ လက်ချိုးရေလို့ရတဲ့ ဂန္တဝင်အတွင်ဆုံး မြူဇစ်ကယ်ကားတွေထဲက တစ်ကားဖြစ်တဲ့ The Wizard of Oz ( 1939 )ကိုL. Frank Baumရဲ့ 1900ပြည့်နှစ်မှာ ထုတ်ခဲ့တဲ့ The Wizard of OZစာအုပ်ကို ပြန်ရိုက်ထားတယ်။L. Frank Baumဟာ Oz စီးရီးစာအုပ်တွေအများကြီး‌ရေးခဲပေမဲ့ ဒီ၁၉၀၀မှာ ထုတ်ခဲ့တဲ့စာအုပ်ကတော့သူ့အအောင်မြင်ဆုံးစာအုပ်ဖြစ်သလို ရုပ်ရှင်အဖြစ်လည်း တော်တော်အသက်သွင်းခဲ့ကြတယ်။ကျွန်တော်တို့ခေတ်မှာထွက်ခဲ့တဲ့ Sam Raimiရဲ့ Oz: The Great and Powerfulကတော့ ဒီဇာတ်ရဲ့အရှေ့ကအဖြစ်အပျက်တွေကိုပြထားတယ်။ဒါပေမဲ့ အဲဒီကားက ဒီကားရဲ့ရှေ့ကအဖြစ်သက်သက်ပါပဲ။ကျန်တဲ့ Ozဇာတ်လမ်းတွေနဲ့ ဒီကားက Wizard of Ozကြီးရဲ့ဖြစ်တည်မှုက မတူသလို Sam Raimiရဲ့ Wizardကလည်း ဒီကားက Wizardရဲ့ ဖြစ်တည်မှုကိုပဲ အခြေတည်ထားခဲ့တယ်။ပြောရရင် တရားဝင်မဟုတ်ပေမဲ့ ဒီကားက ကျွန်တော်တို့ခေတ်က Ozရဲ့အဆက်လို့ပြောလို့ရတယ်။ဇာတ်လမ်းကတော့ ဒိုရိုသီလို့ခေါ်တဲ့ကောင်မလေးက သူ့ခွေးလေးကို ကယ်ဖို့ အိမ်ကနေ ...
movie

The Wizard of Oz (1939)

Qinling Mountains ( 2022 ) 5.9
Qinling Mountains ( 2022 ) ဒဏ္ဏာရီလာစကားတွေအရ ချင်းလင်တောင်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတွေရှိနေပါသတဲ့။ လူတိုင်းက တောင်ထဲက လျို့ဝှက်ဂူကိုဖွင့်ပြီးရတနာတွေကိုအပိုင်သိမ်းချင်နေကြပါတယ်။ရှေးဟောင်းသုတေသန မြေနေရာသတင်းရယူရေးအဖွဲ့ဖြစ်တဲ့ ချီရှမ်းဝမ်နဲ့အဖွဲ့ဟာ ချင်းလင်တောင်ပေါ်ကဂူထဲမှာ ရှေးနှစ်ပေါင်းများစွာကကျောက်ထွင်းစာတစ်ချပ်ကိုရှာတွေ့ခဲ့ပါတယ်။ဂူထဲမှာသုတေသနပြုလုပ်နေရင်း ပေါက်ကွဲမှုဖြစ်တဲ့အခါ ချီရှန်းဝမ်တစ်ယောက်သာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ သူဟာဒဏ်ရာကြောင့် ရွာတစ်ရွာမှာအနားယူနေရတဲ့အချိန် အဲ့ဒီရွာကိုဓားပြတွေဝင်စီးတာခံရပြီး အဲ့ဒီဓားပြတွေကလည်း ချင်းလင်တောင်ကရတနာတွေကိုအပိုင်စီးချင်နေတဲ့အခါ..လူဆိုးတွေတင်မကဘဲ လူနှစ်ရပ်စာလောက်ရှိတဲ့ ပင့်ကူသတ္တဝါဆန်းကြီးတွေရောပါဝင်လာတဲ့အခါ... တောင်ထဲကရတနာကရောဘာဖြစ်မလဲ ပင့်ကူကြီးတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲ ရွာသားတွေကိုရော ဓားပြလက်က ကယ်နိုင်ပါ့မလားဆိုတာကို ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ Filesize : 0.98 GB / 550 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Mystery , Adventure Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Qinling Mountains ( 2022 )

City of Ember (2008) 6.4
City of Ember (2008)  City of Ember (2008)IMDb Rating (6.4) / Rotten Tomatoes (53%) ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။ ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ..ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်..အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး..ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်..ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်..(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်..ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်..ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့.. ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ...
movie

City of Ember (2008)

2008
The Mystic Nine: Qing Shan Hai Tang ( 2022 ) 6.3
The Mystic Nine: Qing Shan Hai Tang ( 2022 ) TU ထဲက မုန့်ယောင်လေးရဲ့ The Mystic Nine: Qing Shan Hai Tang (2022) ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... The Mystic Nine ဆိုတဲ့နာမည်ကို C-drama ဖန်တွေစိမ်းနေမယ်မထင်ပါဘူး... ဟုတ်ပါတယ် 2016 မှာ အတော်လေး နာမည်ကြီးခဲ့တဲ့ The Mystic Nine ဒရာမာကို ပြန်ပြီး adaptထားတဲ့ ရုပ်ရှင်ကားလေးပါ...The Mystic Nine (2016) မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်ကြားက ဂျင်းချိုတွေ စားခဲ့သူရှိပေမယ့် ဘယ်သူမှ သူတို့နှစ်ယောက် ဘယ်လိုဆုံပြီး ဘယ်လို မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုတာ မသိခဲ့ကြဘူး... ဒီအဖြေကို ဒီရုပ်ရှင်ကားလေးက ဖြေပေးပါလိမ့်မယ်... ကျန်းချီရှန်းဟာ အဖေ့အတွက် လက်စားချေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချန်ရှားကိုရောက်လာခဲ့ပါတယ်... ဒါပေမယ့် ချန်ရှားမှာ အာဏာရနေသူ ကျော်ချန်ကျီးက သူလက်စားချေရမယ့်သူဖြစ်နေတာကြောင့် ခိုင်မာတဲ့သက်သေကို ရှာရင်း အာ့ယွဲ့ဟုန်နဲ့ အမှတ်မထင်ဆုံခဲ့ရာကနေ... ကျန်းချီရှန်းရဲ့ ပထမဆုံးသော မိတ်ဆွေအဖြစ်ထိ ဖြစ်လာခဲ့ပါတယ်...တစ်ဖက်က အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက အတော်လေး ထူးခြားတဲ့သူဖြစ်နေပေမယ့် သူလက်စားချေမယ့် ကျော်ချန်းကျီးဟာ အာ့ယွဲ့ဟုန် အဖေနဲ့ ...
movie

The Mystic Nine: Qing Shan Hai Tang ( 2022 )

The Fate of Swordsman ( 2017 ) 6.1
The Fate of Swordsman ( 2017 ) ဒီတစ်ခါ CMက တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ The Fate Of SwordsManဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ထန်မင်း‌ဆက်ခေတ် လီမျိုးနွယ်စုဆို မင်းဧကရာဇ်အဖြစ် စိုးမိုးနေတဲ့အချိန်ကိုရိုက်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်မင်းကြီးမှာ အငယ်ဆုံးသားတော် ချုံမောက်လို့ခေါ်တဲ့ မင်းသားလေးတစ်ပါးရှိပါတယ် ချုံမောက်ကငယ်စဉ်အခါထဲက နန်းတော်ထဲအနေပဲ မြို့တော်ပြင်ပမှာရှိတဲ့ ချွမ်ယန်နန်းတော်ဆောင်မှာနေပါတယ်တစ်နေ့မှာ မင်းကြီးနေမကောင်းဖြစ်တော့ သူ့သားငယ်ကိုတွေ့ချင်ပါတယ်ဆိုပြီး ချုံမောက်ကိုမြို့တော်ပြန်ခေါ်ရာမှ လမ်းခရီးတစ်ဝက်မှာ လုပ်ကြံမှုတွေနဲ့ကြုံခဲ့ရပါတယ် ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ မင်းသား ရှဲ့ယွင်လျိုကတော့ ချွမ်ယန်ဂိုဏ်းရဲ့ အကြီးဆုံးတပည့်ပေါ့သူက ချုံမောက်ကိုနန်းတော်ဆီသို့ပြန်လိုက်ပို့ရင်း အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးကို အမှတ်မထင်ကယ်တင်ခဲ့မိရာမှ တော်ဝင်မျိုးနွယ်စုရဲ့ နန်းလုနေတဲ့ရန်ပွဲထဲကိုအမှတ်မထင်ဝင်ရောက်မိခဲ့တယ် နောက်ဆုံးမှာ ရှဲ့ယွင်လျိုနဲ့ တော်ဝင်မျိုးနွယ်စုတို့ ဘယ်လိုဆက်ပတ်သက်ကြမလဲဆိုတာတော့ ဇာတ်လမ်းလေးကိုကြည့်ရှုရင်းစောင့်ကြည့်လိုက်ရအောင် Filesize : 1.03 GB / 580 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Thriller Runtime : 1h 2 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

The Fate of Swordsman ( 2017 )

The Mystery Of Lop Nur ( 2022 ) 5.9
The Mystery Of Lop Nur ( 2022 ) ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။ Filesize : 1.03 GB / 550 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Adventure , Sci-Fi Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Mystery Of Lop Nur ( 2022 )

12 Hours (2022) 5.9
12 Hours (2022) တရုတ်အက်ရှင်ကားကောင်းလေးတစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ခေတ်လွန်Cyber City မှာ နေ့စဉ်လူပျောက်မှုတွေဆက်တိုက်ဖြစ်နေပါတယ်။ အထူးတပ်သားဟောင်းဖြစ်တဲ့ ကျင်းချန် (Aarif Rahman)ဟာ သမီးလေးခွဲစိတ်ရဖို့အတွက် Credit Bitဆိုတဲ့ ချေးငွေလုပ်ငန်းမှာ ခန္ဓာကိုယ်ကိုအပေါင်ထားချေးငွေယူတဲ့အချိန်ကနေပြဿနာတွေစတော့တာပါပဲ။ချေးငွေသဘောတူစာချုပ်ချုပ်ပြီးတဲ့အချိန်မှာ ကျင်းချန်ဟာမေ့ဆေးပေးခံရပြီး တစ်ခြားသူတွေနဲ့အတူ ထူးဆန်းတဲ့သစ်တောတစ်ခုကိုရောက်သွားပါတယ်။ နယ်ပယ်အသီးသီးလူတွေစုနေတဲ့သူတို့လူတစ်စုဟာ အဲဒီသစ်တောထဲမှာအသက်ရှင်ဖို့ကြိုးစားကြရပါတယ်။တကယ်တော့သူတို့ဟာစွမ်းရည်စမ်းသပ်ခံဖို့Survival Gameတစ်ခုကို ကစားနေမှန်းမသိကစားနေကြရတာပါ။ မျိုးရိုးဗီဇအဆင့်မြှင့်သတ္တဝါတွေနဲ့ပါတိုက်ခိုက်ရတဲ့သူတို့ဟာ အသက်ရှင်နိုင်ပါ့မလား ဆိုပြီးရင်တမမနဲ့ကြည့်ရမှာပါ။ Effect တွေကတော်တော်ကောင်းပြီး တိုက်ရိုက်ရေးဒါရိုက်တာကလဲ Jackie Chan ရဲ့ကားတွေရိုက်ခဲ့တဲ့ဒါရိုက်တာဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ ဇာတ်သိမ်းမှာ ထင်မထားတဲ့အကွက်နဲ့သိမ်းသွားတာဆိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။ Filesize : 1.23 GB / 731 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , Adventure Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

12 Hours (2022)

Wallace & Gromit: Vengeance Most Fowl (2024) 7.9
Wallace & Gromit: Vengeance Most Fowl (2024) ဒီကာကွန်းကားလေးကတော့ ခရစ္စမတ်နေ့ကမှထွက်ရှိထားတဲ့ Comedy Adventure Animation ကားလေးဖြစ်ပါတယ်။ဒီ Wallace and Gromit ဇာတ်ကားဟာ ၂၀၀၅ ခုနှစ်မှာတစ်ကား ၂၀၀၈ ခုနှစ်မှာ တစ်ကားထွက်ရှိခဲ့ပြီးတော့ အခုဒါနဲ့ဆိုရင် Trilogy ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။သုံးကားလုံး Rating တွေလည်းကောင်းကြတာမို့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဝေါလေ့စ်ဟာ တီထွင်သူတစ်ယောက်ဖြစ်တာနဲ့အညီ အိမ်အလုပ်တွေခိုင်းလို့ရမယ့် စက်ရုပ်တစ်ရုပ်ကိုတီထွင်လိုက်ပါတယ်။သူ့ရဲ့စွမ်းဆောင်ချက်တွေကိုမြင်လိုက်ရတဲ့အိမ်နီးချင်းတွေဟာ စက်ရုပ်ကိုသဘောကျသွားပြီးတော့ သူတို့အိမ်တွေမှာပါလိုက်ပြီးအလုပ်လုပ်ပေးဖို့ ဝေါ့လေ့စ်ကိုတောင်းဆိုလာပါတယ်။ဒီလိုနဲ့ ဝေါလေ့စ်ဟာ စက်ရုပ်အများအပြားတီထွင်ပြီး လုပ်ငန်းကိုချဲ့ထွင်လိုက်ပါတယ်။ဒါပေမဲ့ နည်းပညာမှာကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်းပါလာတာကြောင့် ဒီစက်ရုပ်တွေနဲ့အကျိုးဆက်တွေကို ဝေါလေ့စ်နဲ့ဂရိုမစ်တို့နှစ်ဦးသား တွေ့ကြုံရပါတော့တယ်။ဒီဇာတ်လမ်းကတော့ အားလပ်ရက်မှာ မိသားစုနဲ့အတူပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် စွန့်စားခန်း ဟာသကာတွန်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1.2 GB /  550 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Adventure / Comedy Subtitle…. Myanmar Subtitle ...
movie

Wallace & Gromit: Vengeance Most Fowl (2024)

Mufasa: The Lion King (2024) 6.7
Mufasa: The Lion King (2024) Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကိုတော့ မသိသူဆိုတာ မရှိသလောက်ပါပဲ။Animation မှာရော Live Action မှာပါ လူကြိုက်များပြီး အောင်မြင်မှုတွေ ရထားပါတယ်။ဒါပေမဲ့ Simba ဆိုတာ Mufasa မရှိရင် ဖြစ်မလာပါဘူး။ဒီတော့ ကျွန်တော်တို့တွေ Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကို မွေးထုတ်ပေးခဲ့ပြီး တစ်ချိန်ကလည်း သူကိုယ်တိုင် ခြင်္သေဘုရင်ဖြစ်ခဲ့တဲ့Mufasa အကြောင်းကို နောက်ကြောင်းပြန်လိုက်ကြရအောင်ပါ။ဒီဇာတ်လမ်းမှာတော့ Mufasa ဆိုတာ ဘာလဲ။ Mufasa ဟာ ခြေလေးချောင်းသတ္တဝါတွေ ဘုရင်တစ်ပါး ဘာကြောင့်ဖြစ်နေရလဲ။ဒီလို တောဘုရင်တစ်ပါးဖြစ်မလာခင် သူ့နောက်ကြောင်းကရော ဘာလဲ။သူဘယ်လို အခက်အခဲတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ File Size :  2.4 GB, 1.6 GB Quality : WEBRip 1080p / 720p Running Time : 1hr 58min Format : Mp4 Genre : Animation, Adventure, ...
movie

Mufasa: The Lion King (2024)

Get Smart (2008) 6.5
Get Smart (2008) Get Smart(2008) ***************IMDb.......6.5ဒီကားကို မကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်...ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံး ရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TV ရှေ့ကို ခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်တည်းဆိုလည်း ၂ယောက်လုံး ကြည့်ဖြစ်အောင်ကြည့် တစ်ယောက်တည်း ကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့်ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ ပြောသွားတယ်......ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ...Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေး ဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့ Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကို လွှတ်လိုက်တယ်.....ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ ကြည့်ရဆိုးမယ်လို့ပေါ့ .. ...
movie

Get Smart (2008)

Jupiter Ascending (2015) 5.3
Jupiter Ascending (2015)  Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie

Jupiter Ascending (2015)

2015
Pacific Rim: Uprising (2018) 5.6
Pacific Rim: Uprising (2018) Pacific Rim: Uprising (2018)Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf  5.6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက်လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံ့တပ်ဖြန့်ထားနိုင်အောင် ...
movie

Pacific Rim: Uprising (2018)

2018
4K HEVC
Pacific Rim (2013) 6.9
Pacific Rim (2013) Pacific Rim (2013)IMDb Rating (6.9) / Rotten Tomatoes (72 %)အမေရိကန် စိတ်ကူးယဉ်သိပ္ပံ Monster ရုပ်ရှင် ဖြစ်တဲ့ Pacific Rim ဟာ 2013 မှာစတင်ထွက်ခဲ့ပြီး Monster ရုပ်ရှင်ကြိုက်တဲ့ သူတွေကြားမှာ အရမ်းအောင်မြင်မှုရရှိခဲ့ဖူးပါတယ်။ အကြောင်းအရာကတော့ အနာဂတ်ကာလမှာ Kaiju လို့ခေါ်တဲ့ ပင်လယ်သမုဒ္ဓရာထဲ ဧရာမ မွန်းစတားကြီးတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို လူသားတွေဟာ ဧရာမစက်ရုပ်ကြီး (Jaegers) တွေ တည်ဆောက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အကြောင်းပါ။2013 မှာ ထွက်ရှိခဲ့တဲ့ Pacific Rim ဟာ visual effects၊ action scene တွေနဲ့ ပတ်သက် အများအပြား ချီးကျူးခံခဲ့ရပေမဲ့ U.S Box office မှာ underperforming ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ အရမ်းအောင်မြင်မှု ...
movie

Pacific Rim (2013)

2013
4K HEVC
Tom and Jerry’s Giant Adventure (2013) 6.0
Tom and Jerry’s Giant Adventure (2013) ဒီဇာတ်လမ်းကတော့ ငယ်ငယ်ကကြားဖူးနေကျ မှော်ပဲစေ့နဲ့ နတ်တိုင်းပြည် ပုံပြင်လိုပါပဲ။တွမ်နဲ့ဂျယ်ရီဟာ ပုံပြင်စာအုပ် မြို့တော်ဆိုတဲ့အပန်းဖြေကစားကွင်းပိုင်ရှင်တွေ မွေးထားတဲ့ကောင်လေးနှစ်‌ကောင်ပေါ့။အဲဒီကစားကွင်းက လူမလာဘဲ အရှုံးပေါ်နေတာ‌ကြောင့် အကြွေးနဲ့သိမ်းခံရတော့မယ့်အထိအခြေအနေ ဆိုးနေခဲ့တာပါ။ဒါကြောင့် ကစားကွင်းထဲက ပစ္စည်းတွေ၊ တိရစ္ဆာန်ရုံ‌‌ထဲက အကောင်တွေ ရောင်းထုတ်ပြီး ပိုက်ဆံရှာနေရတာပါ။ရောင်းရင်းရောင်းရင်း နောက်ဆုံးမှာနွားမလေးတစ်ကောင်ပဲ ရောင်းစရာဆိုလို့ ကျန်တော့တာပါ။ဒါပေမဲ့ ကစားကွင်းပိုင်ရှင်ရဲ့သား ဂျက်က အဲဒီနွားလေးကို ပိုက်ဆံမယူဘဲ မှော်ပဲစေ့ဆိုတာတွေနဲ့ လဲလိုက်မိသွားပါတယ်။ဒီလိုနဲ့ စိတ်ဓါတ်ကျနေတဲ့ ဂျက်တို့အဖွဲ့ အဲဒီပဲစေ့တွေကိုပဲ စိုက်လိုက်ရင်း နောက်နေ့မှာတော့ ဧရာမပဲပင်ကြီးအဖြစ်နဲ့ကောင်းကင်ပေါ်က နတ်သမီးတိုင်းပြည်ဆိုတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုအထိ ရောက်အောင် ပေါက်နေတာကို သိလိုက်ရပါတယ်။အဲဒီတိုင်းပြည်မှာ ဧရာမဘီလူးကြီးတစ်‌ကောင်ကပြည်သူတွေဆီက ရွှေငွေတွေကို အင်အားသုံး လုယူနေတာပါ။ဒါကို လက်မခံနိုင်တဲ့ ဂျက် တွမ်နဲ့ ဂျယ်ရီတို့က အဲဒီဘီလူးကိုတားပြီး နတ်သမီးတိုင်းပြည်ကို ကယ်ဖို့ ကြိုးစားပါတော့တယ်။ File Size :  1.1 GB, 595 MB Quality : Blu-Ray 1080p / ...
movie

Tom and Jerry’s Giant Adventure (2013)

Tom and Jerry Snowman’s Land (2022) 5.4
Tom and Jerry Snowman’s Land (2022) ဒီဇာတ်လမ်းလေးမှာ ဂျယ်ရီက ဂွတ်ဘယ်ရီဆိုတဲ့မြို့လေးက အရုပ်ဆိုင်ရှင်ကြီးရဲ့ ကြွက်ကလေးပါ။သူ့မှာ မျက်လှည့်ရူး တပ်ဖီဆိုတဲ့ တူတစ်ယောက်လည်း ရှိပါသေးတယ်။အဲဒီမှာ တွမ်ကတော့ ပြိုင်ဖက်အရုပ်ဆိုင်ရှင် ဒက်ဗယ်ဗေးရဲ့ ကြောင်ပါ။အဲဒီဂွတ်ဘယ်ရီမြို့‌မှာ မှော်အစွမ်းရှိတယ်လို့ နာမည်ကြီးတဲ့ အိုစမိုင်းလီဆိုတဲ့ တောင်တစ်လုံးလည်း ရှိပါတယ်။တစ်နေ့ဂျယ်ရီရဲ့တူ တပ်ဖီတစ်ယောက် မျက်လှည့်ပြကွက်အသစ် ဖန်တီးရာကနေ နှင်းလူသားတစ်ယောက် ဖန်တီးမိသွားပါတယ်။အဲဒီနှင်းလူသားက အိုစမိုင်းလီတောင်ရဲ့ မှော်အစွမ်းကြောင့်ဖြစ်လာတာလို့ ယုံကြည်ထားပြီးအဲဒီတောင်ပေါ်ကို ပြန်ပို့ပေးဖို့ ဂျယ်ရီနဲ့ တပ်ဖီတို့ ပြင်ဆင်နေကြပါတယ်။ဒါကိုသိသွားတဲ့ တွမ်နဲ့ ဒက်ဗယ်ဗေးတို့က အရုပ်နည်းပညာအသစ်လို့ ယူဆပြီးနှင်းလူသားကို ဖမ်းဆီးစမ်းသပ်ဖို့ ကြိုးစားပါတော့တယ်။ဂျယ်ရီတို့နှစ်ယောက် သူတို့လက်က လွတ်အောင် လုပ်ပြီး နှင်းလူသားကို အဲဒီမှော်တောင်ထိပ်ပေါ်ကို အရောက်ပို့ပေးနိုင်မလား၊ကြောင်ကြီး တွမ်တို့က သူတို့ကို ဘယ်လောက်ထိ နှောင့်ယှက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ File Size :  1 GB, 472 MB Quality : WEB-DL 1080p / 720p Running Time : 1hr ...
movie

Tom and Jerry Snowman’s Land (2022)

2022
Tom and Jerry: The Magic Ring (2001) 6.1

Tom and Jerry: The Magic Ring (2001)

The Good Dinosaur (2015) 6.7
The Good Dinosaur (2015) IMDb - 6.7/10_____Rotten - 76%2015 လောက်က CM မှာ တင်ခဲ့ဖူးတဲ့ The Good Dinosaur ဆိုတဲ့Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 4K BluRay Versionအဖြစ်ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ်ကြည်တောက်ရှင်းမှကြိုက်တဲ့ Quality အကောင်းကြိုက်သူတွေ အတွက်ပါ....ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်...ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာ ဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင်ရပ်တည်ဖို့အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ်ရိတ်သိမ်းတယ် လှောင်ထားတယ်နွေစာ မိုးစာ ဆောင်းစာသက်သက်မှတ်မှတ် သိမ်းကြပြီးအသားစား သတ္တဝါတွေကတော့အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီးဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ်သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့ လူသားပေါက်စ လေးရယ် ကဇတ်လမ်းကိုအဆုံးထိ ...
movie

The Good Dinosaur (2015)

2015
The Martian (2015) 8.0
The Martian (2015) Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာIMDb rating 8/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အင်္ဂါဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်းကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား ၃ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အင်္ဂါဂြိုလ်(Mars)ပေါ်မှာတစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ကမ္ဘာ မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အင်္ဂါဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့်ပညာရှင်တွေအကြပ်ရိုက်နေတုန်း ...
movie

The Martian (2015)

4K HEVC
Survival on a Deserted Island ( 2024 ) 5.6
Survival on a Deserted Island ( 2024 ) ကျွန်းလေး တစ်ကျွန်းပေါ်မှာ အသက်ရှင်ဖို့ ပြေးလွှားနေရတဲ့ မိန်းကလေး ၆ ယောက်...... သူတို့ ဘာဖြစ်လို့ ဒီလိုအန္တရာယ်မျိုးနဲ့ ကြုံတွေ့နေရသလဲ......လီဖုန်ဟာ ရုပ်ရှင်ရိုက်မယ်ဆိုပြီး မိန်းကလေး ၆ ယောက်ကို လူမရှိ အမည်မသိတဲ့ ကျွန်းကို ခေါ်လာခဲ့ပါတယ်။ ကျွန်းပေါ်ကို ရောက်ချိန်မှ မိန်းကလေးတွေက လီဖုန်ဟာ စိတ္တဇအရူးတစ်ယောက်ဆိုတာ သိခဲ့ရပါတယ်။ပတ်ပတ်လည်မှာ လူသူမရှိတဲ့ ကျွန်းပေါ်ကနေ သူတို့ ဘယ်လို ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြမလဲ...... ဘယ်သူကရော အသက်ရှင်လျက် ဒီကျွန်းပေါ်က အသက်ရှင်လျက် လွတ်မြောက်နိုင်မလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 928 MB / 491 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Adventure , Mystery Runtime : 1h 2 min  Subtitle : Myanmar ...
movie

Survival on a Deserted Island ( 2024 )