EVကားတွေအပြိုင်အဆိုင်ခေတ်စားလာတဲ့ခေတ်နဲ့အညီ EVကားတစ်စီးကို
အကြောင်းပြုပြီးတော့ တင်ဆက်ထားတဲ့ စိတ်အပန်းပြေစေမယ်
ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။
အသက်(၃၅)နှစ်အရွယ် လီထုံဖုန်းဟာ တစ်ပတ်ရစ်ကားရောင်းတဲ့
ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီးတော့ EVကားတစ်ခုကိုတစ်ဦးတည်းသော
အရောင်းကိုယ်စားလှယ်စာချုပ်ချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
မိသားစုနဲ့အတူအလုပ်နဲ့ နိုင်ငံခြားကိုခရီးထွက်ကြရပါတယ်။
အဲဒီနိုင်ငံကိုရောက်တော့ အငှားကားကုမ္ပဏီကနေ သူကိုယ်စားလှယ်
ယူမယ့်EVကားကိုငှားစီးရာကနေအလွဲတွေစတော့တာပါပဲ။
မော်ဒယ်သစ်ဖြစ်တဲ့တစ်သက်မှာတစ်ခါပဲအားသွင်းရတဲ့
ဒီလျှပ်စစ်ကားကိုစီးပြီးသူတို့မိသားစုဟာ လေဆိပ်ကနေဟိုတယ်ကို
(၃)နာရီကြာမောင်းရမှာဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးတဲ့နည်းပညာတွေနဲ့
ဖန်တီးထားတဲ့ဒီကားက ခေတ်ရှေ့ပြေးလွန်ပြီးတော့ ရပ်မရဖြစ်လာတဲ့အခါ
အမြန်လမ်းပေါ်မှာ အရှိန်နဲ့ပြေးနေတဲ့ဒီကားလေးပေါ်မှာ
ရှိနေတဲ့မိသားစုအတွက် မိနစ်တိုင်းဟာအရေးပါလာပါတယ်။
သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် အလွဲလွဲအချော်အချော်တွေနဲ့
ရယ်ရတဲ့ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။
Filesize : 1.90 GB / 1.02 GB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Comedy, Family, Adventure
Runtime : 1h 37 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။