Channel Myanmar

Thriller

Diablo (2025) 6.0
Diablo (2025)  Diablo (2025)ဒီရုပ်ရှင်က ကိုလံဘီယာ-အမေရိကန်ပူးပေါင်းထုတ်လုပ်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Ernesto Díaz Espinoza ရဲ့ လက်ရာပါ။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ထောင်ကပြန်လွတ်လာတဲ့ ကရစ်ချီနီ (Kris Chaney) အဖြစ် Scott Adkins က သရုပ်ဆောင်ထားပါတယ်။ကရစ်ဟာ ထောင်ကထွက်လာပြီး သေဆုံးသွားတဲ့ မိခင်တစ်ဦးရဲ့ကတိတစ်ခုကို ဖြည့်ဆည်းဖို့ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို စတင်ခဲ့ပါတယ်။သူဟာ ကိုလံဘီယာဂိုဏ်းစတားခေါင်းဆောင် ဗင်ဆင့် (Vicente) ရဲ့သမီး အဲလီဆာ (Elisa) ကို ပြန်ပေးဆွဲခဲ့ပြီး ဒီလုပ်ရပ်က သူ့ဘဝကို ပိုမိုအန္တရာယ်များသွား​စေပါတယ်။ဗင်ဆင့်ဟာ သူ့သမီးကို ပြန်ယူဖို့ ရာဇဝတ်လောကတစ်ခုလုံးကို လှုံ့ဆော်ပြီး စိတ္တဇလူသတ်သမား အဲလ်ကော်ဗိုကို ငှားရမ်းခဲ့ပါတယ်။အဲလ်ကော်ဗိုဟာ ဗင်ဆင့်ရဲ့မိသားစုကို လက်စားချေဖို့ လိုက်လံခြိမ်းခြောက်နေသူပါ။ကရစ်ဟာ အဲလီဆာကို ကာကွယ်ရင်း သူ့ရဲ့ကတိကို ထိန်းသိမ်းဖို့ ထောင်ထဲမှာရော အပြင်မှာပါ သင်ယူခဲ့တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုအားလုံးကို အသုံးပြုရပါတယ်။ဒီရုပ်ရှင်ဟာ ပြင်းထန်တဲ့ ...
movie

Diablo (2025)

2025
4K HEVC
What No One Knows (2024)
What No One Knows (2024) ဇာတ်လမ်းက ဆယ်ကျော်သက်အရွယ်ကတည်းက ရင်းနှီးခဲ့တဲ့ Oriyomi နဲ့ Ifelolu ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း ပါ။Oriyomi က မိဘမဲ့ဖြစ်ပြီးတော့ အင်္ဂလန်ကနေ လာဂို့စ်ကို ပြန်လာနေထိုင်တဲ့သူ၊ Ifelolu ကတော့ အစ်ကိုဖြစ်သူ ဆုံးသွားပြီးနောက် တစ်ဦးတည်းသောသားဖြစ်လာတယ်။ သူတို့နှစ်ယောက်က လာဂို့စ်မှာ တွေ့ဆုံပြီး မတူညီတဲ့ ပင်ကိုယ်စရိုက်တွေရှိပေမယ့် ခိုင်မာတဲ့ သံယောဇဉ်တစ်ခု ဖြစ်လာတယ်။ အရွယ်ရောက်လာတော့ Mama 'O' Events ဆိုတဲ့ ပွဲစီစဉ်တဲ့ ကုမ္ပဏီတစ်ခုကို အတူတည်ထောင်ပြီး Oriyomi က မုန့်ဖုတ်တဲ့သူ၊ Ifelolu က ဓာတ်ပုံဆရာမအဖြစ် လုပ်ကိုင်ကြတယ်။ သူတို့ဘဝထဲမှာ အချစ်ရေးတွေ ဝင်လာတယ်။ Oriyomi က သူ့ရဲ့ ငယ်ချစ်ဦး Akin နဲ့ ပြန်ဆုံပြီး လက်ထပ်တယ်။Ifelolu ကတော့ Akin ရဲ့ သူငယ်ချင်း Efe နဲ့ လက်ထပ်တယ်။ ...
movie

What No One Knows (2024)

Neighborhood Watch (2025)
Neighborhood Watch (2025) IMDb - 6.1/10 R-ratedNeighbourhood Watch ဆိုတာ ရပ်ကွက်အတွင်းက ပြည်သူတွေ စုစည်းပြီး ရာဇဝတ်မှုနဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်တွေကတော့: * ရပ်ကွက်တွင်း လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ အသိပညာပေးခြင်း။ * ရပ်ကွက်ကို လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း။ * ရာဇဝတ်မှုနဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး သတင်းပို့ခြင်း။ * ရပ်ကွက်အတွင်းမှာ အချင်းချင်းသိကျွမ်းပြီး ကူညီပံ့ပိုးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်း။ * ဒေသန္တရ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်အခု ဇာတ်လမ်းမှာတော့ စိတ္တဇရောဂါသည် ဆိုင်မန် (Jack Quaid) ဟာ မိန်းကလေးတစ်‌ယောက်ကို ပြန်ပေးဆွဲသွားတာ မြင်လိုက်ပြီး ရဲသွားတိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်တောင် မရှိတာတွေ အရှိထင်၊ မြင်၊ ကြားနေတဲ့အတွက် ရဲကလည်း သူ့ကို ...
movie

Neighborhood Watch (2025)

Séance Games: Metaxu (2024)
Séance Games: Metaxu (2024) ဆိုရှယ်မီဒီယာကနာမည်ကျော်ဆယ်လီလေးယောက်ဖြစ်တဲ့ မော်ဂန်, ကာထရီနာ, တွမ်မီနဲ့ စတီဗန်တို့သူငယ်ချင်းလေးယောက်ဟာ Metaxu ဆိုတဲ့ ဝိဥာဥ်များနဲ့ဆက်သွယ်ခြင်းကစားပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပြီး ဆုကြေးငွေ ဒေါ်လာ 1.2 သန်းကိုရရှိဖို့စိတ်အားထက်သန်နေပါတယ်အဲ့ဒါကြောင့် သရဲခြောက်ပြီးကြောက်စရာအကောင်းဆုံးလို့နာမည်ကြီးတဲ့ဟော်တယ်အဟောင်းကြီးတစ်ခုမှာ နှစ်ညအိပ်သွားရောက်နေထိုင်ပြီး ဝိဥာဥ်တွေခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့လုပ်ပါတယ တကယ်လည်း အဲ့ဟော်တယ်ကြီးကကျောချမ်းဖွယ်ဖြစ်ပြီး သူတို့လေးယောက်ဝိဥာဥ်ဆင့်ခေါ်ရာကနေ ငရဲတံခါးကိုဖွင့်မိလိုက်တဲ့အခါ.....ဒီဇာတ်ကားဟာ IMDB rating 3.3/10 ပဲရှိတာကြောင့် အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပေမဲ့ အပျင်းပြေကြည့်ရှုနိုင်မှာပါFile size…(1.2 GB)/(717 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane
movie

Séance Games: Metaxu (2024)

Golden Slumber (2018) 6.8
Golden Slumber (2018) Golden Slumber (2018)**********************IMDb... 6.8 မင်းသားကြီး Kang Dong Won , အားလုံးရဲ့ အသည်းစွဲမင်းသမီးလေး Han Hyo Joo နဲ့အတူပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Dae Myung , Kim Eui Sung နဲ့Kim Sung Kyun တို့ အဓိက ပါဝင်ရိုက်ကူးထားတဲ့ action ,thriller ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။~ ဇာတ်လမ်းအညွှန်း ~ပါဆယ်လိုက်ပို့ပြီး ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အချိန်ကုန်ဆုံးပြီး ဖြတ်သန်းနေတဲ့သာမန်ပြည်သူလေး ဂင်ဂွန်းအူဟာ သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိရှိမှုကြောင့် စံပြပြည်သူဆုကိုချီးမြှင့်ခြင်းခံထားရသူတစ်ဦးပဲဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့ သမ္မတလောင်း ယူယောင်းဂုရဲ့ သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီးလုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံရလိုက်တဲ့အခါမှာတော့....ရိုးသားကြိုးစားတဲ့ ဂင်ဂွန်းအူတစ်ယောက် စွပ်စွဲခံရတဲ့အမှုကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးပမ်းသွားမလဲ...သူ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ "စံပြပြည်သူ" ဆိုတဲ့ ဂုဏ်ပုဒ်လေးကိုရော အဖတ်ပြန်ဆယ်သွားနိုင်ပါ့မလား..ဆိုတာကို တော့ ဇာတ်ကားလေးထဲမှာပဲ... (ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Golden Slumber (2018)

Star Trek: Insurrection (1998)
Star Trek: Insurrection (1998) ဂန္တဝင်အာကာသရုပ်ရှင်တွေထဲက အပါအဝင်တစ်ခုဖြစ်တဲ့ Startrek Saga ထဲက ရုပ်ရှင်ကားကောင်းတစ်ကားပါ စတားထရက်ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကပ္ပတိန်ကာ့ခ် ဂျွန်လုပစ်ကာ့ မစ္စတာဝုဖ် ..ဘို့ဂ်မျိုးနွယ်နဲ့ အာကသယာဉ်ပျံကြီးတွေ ဒါတွေက ၉၀ ကာလက စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေကြားထဲမှာခေတ်ရှေ့ပြေးဆုံး ရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်...အခုရုပ်ရှင်မှာလည်း ကပ္ပတိန်ဂျွန်လုပစ်ကာ့တို့ဦးဆောင်တဲ့ အင်တာပရိုက်စ်အဖွဲ့ဟာ မသေမျိုးတွေအဖြစ်နေထိုင်နေတဲ့ ဂြိုလ်ကလူတွေပေါ်ကျရောက်လာတဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် ဂြိုလ်သားမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အာကာသစွန့်စားခန်းရုပ်ရှင်ကောင်းတစ်ခုပါFile size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Science Fiction, Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thiha Yan Naing
movie

Star Trek: Insurrection (1998)

Psycho IV: The Beginning (1990) 5.4
Psycho IV: The Beginning (1990) Psycho IV Beginning 1990 IMDb: 5.4/10ဒီတစ်ခေါက်မှာတော့ ဆိုက်ကိုလူသတ်ဇာတ်လမ်းတွေကိုသဘောကျကြိုက်နှစ်သက်တဲ့ လူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒါကတော့ လေးကားမြောက်ဖြစ်ပြီး ရှေ့မှာ sequel 1 2 3 လည်းရှိပါသေးတယ်။ဇာတ်လမ်းတွေအားလုံးက ပျင်းစရာမကောင်းသွားအောင် plot twist များစွာနဲ့ဇာတ်လမ်းကိုအဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားမျိုးပါ။ဒီလိုဇာတ်လမ်းမျိုးကို အသစ်ပုံဖော်ရိုက်ကူးထားတဲ့ Bates Motel (2013)လည်းအတော်လေး လူကြိုက်များခဲ့တာမို့ မူရင်း ဇာတ်ကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ နော်မန်ဘိတ်စ်ဟာ ကိုယ့်ရဲ့မိခင်ဖြစ်သူကို ဘဝနိဂုံးချုပ်စေတဲ့လူတွေနဲ့ တိုက်ရိုက်ဆွေးနွေးတင်ဆက်တဲ့ ရေဒီယိုတင်ဆက်မှုတစ်ခုကိုဖုန်းခေါ်ရင်းက စတင်ထားပါတယ်။ ရေဒီယိုရှိုး အစီအစဉ်တင်ဆက်သူနဲ့စိတ်ပညာရှင်တွေဟာ နော်မန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့တကယ့် လူသတ်သမားဆိုတာကို မသိကြပါဘူး။ ဇာတ်လမ်းဟာ အဲဒီကနေမှနော်မန့်ရဲ့ ဆိုးရွားတဲ့ ငယ်ဘဝကို နောက်ကြောင်းပြန် ထင်ဟပ်စေရင်း စတင်ခဲ့ပါတယ်။အဲဒီမှာ သူ့အမေရဲ့ အကျင့်ဆိုးတွေက သူ့စိတ်ကို ဘယ်လို ပြောင်းလဲလာစေတယ်ဆိုတာကိုဖော်ပြလာပါတယ်။ မိခင်ဖြစ်သူ နော်မာ ဘိတ်စ်ဟာ လှည့်စားတတ် ဝန်တိုတတ်ပြီးစိတ်ပိုင်းဆိုင်ရာကို အတော်လေး ...
movie

Psycho IV: The Beginning (1990)

Psycho III (1986) 5.5
Psycho III (1986) Psycho III ဟာ နာမည်ကြီး Psycho စီးရီးရဲ့ တတိယမြောက်ကား ဖြစ်ပါတယ်။ဇာတ်လမ်းမှာ Norman Bates ဟာ Bates Motel ကိုပြန်ဖွင့်ပြီး အေးဆေးလေးနေထိုင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် လူသစ်တွေ motel ကိုရောက်လာတာနဲ့ အကုန်ပြောင်းလဲသွားပါတယ်အယ်လ်အေ မှာသီချင်းသွားဆိုဖို့အိမ်မက်တွေ အတွက်ပိုက်ဆံရှာဖို့ တည်းခိုခန်းမှာအလုပ်လာလုပ်တဲ့ ဒွိုန်းဒုခ်၊ တည်းခိုခန်းမှာလာရောက်တည်းခိုခဲ့တဲ့မာရီယွန်ကရိန်းနဲ့ ရုပ်ချင်းဆင်တဲ့ မိန်းကလေး မော်ရင်း ကွိုင်၊နော်မန်ဘိတ်စ်အကြောင်းလာရောက်စုံစမ်းတဲ့ သတင်းထောက် ထရေစီ ဗန်ဒါဘယ်သူတို့သုံးယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်ဒီကားကိုတော့ Norman Bates ရုပ်ဆောင်သူ Anthony Perkins ကိုယ်တိုင်ကဦးဆောင်ရိုက်ကူးထားတာဖြစ်ပြီး၊ စိတ်ဝင်စားဖွယ် အညွှန်းတွေနဲ့ အထိအတွေ့ရှိတဲ့thriller ဇာတ်ကားတစ်ခုအဖြစ် တင်ဆက်ထားပါတယ်။  File size…    1.9 GB /  840MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Horror/Thriller Subtitle…. ...
movie

Psycho III (1986)

Psycho II (1983) 6.6
Psycho II (1983) Psycho II (1983) ReviewBates Motel နဲ့ နော်မန်ဘိတ်စ်တို့မိသားစုအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ Series တွေ ရှိတဲ့အထဲမှာမှ1960 ခုနှစ်က ဒါရိုက်တာ Alfred Hitchcock ရဲ့ Psycho ရုပ်ရှင်ကားကြီး ထွက်ရှိပြီး ၂၃ နှစ်အကြာမှာ နော်မန်ဘိတ်စ်ရဲ့ မပြီးဆုံးသေးတဲ့ဘဝဇာတ်လမ်းကိုPsycho II အနေနဲ့ တင်ဆက်လာပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကလူကောင်းပကတိအဖြစ်ကို ပြန်ရောက်ရှိပြီဆိုတဲ့ ထောက်ခံချက်နဲ့အတူတရားရုံးကနေ နော်မန်ဘိတ်စ်ကို လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ဒေသခံစားသောက်ဆိုင်လေးတစ်ခုမှာ အကူအဖြစ်နဲ့ ဘဝကို ပြန်လည်စတင်ခဲ့တဲ့ နော်မန်ဘိတ်စ်ဟာလုပ်ဖော်ကိုင်ဖက် စားပွဲထိုးမလေး မေရီကို မျက်စိကျလာခဲ့ပါတယ်။ရည်းစားပြဿနာကြောင့် တစ်ညတာအိပ်စက်ရမယ့်နေရာပါ အခက်အခဲတွေ့နေတဲ့ မေရီကိုသူ့ရဲ့မိုတယ်မှာ တည်းခိုဖို့ နော်မန်က ကမ်းလှမ်းခဲ့ပါတယ်။ သူ့မိုတယ်ကို ပြန်ရောက်ရောက်ချင်းမှာပဲBates Motel ဟာဆေးသမားတွေ၊ အပျော်အပါးလိုက်စားသူတွေ ကျက်စားရာ ညစ်ညမ်းဟိုတယ်အဖြစ်ကိုရောက်နေမှန်း မျက်မြင်သိခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာကို နေရာမှာတင် အလုပ်ထုတ်ပြီးမေရီကို သူ့ရဲ့အိမ်ထဲမှာပဲ တည်းခိုခွင့်ပေးခဲ့ပါတယ်။ ဘဝမှာ အခြေကျအနည်ထိုင်ဖို့ ...
movie

Psycho II (1983)

The Avengers (1998)
The Avengers (1998) ဇာတ်လမ်းက ဂျွန်စတီးဒ် (ရက်ဖ် ဖိုင်းနီးစ်) နဲ့ ဒေါက်တာ အမ်မာ ပီးလ် (အူမာ သရူးမန်း) ဆိုတဲ့ ဗြိတိသျှသူလျှိုအေးဂျင့်နှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်ကို ဗြိတိသျှထောက်လှမ်းရေးဌာနက မားသား (Mother) ဆိုတဲ့ ခေါင်းဆောင်က တာဝန်ပေးပြီး ထူးဆန်းတဲ့ ရာသီဥတုဆိုင်ရာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ စေလွှတ်လိုက်တယ်။ဒီပြဿနာရဲ့ နောက်ကွယ်မှာ ဆာအော်ဂတ်စ် ဒီဝင်းတာ (ရှောင်ကွန်နရီ) ဆိုတဲ့ ဘီလျံနာ သိပ္ပံပညာရှင်တစ်ယောက်ရှိနေပြီး သူက ရာသီဥတုကို ထိန်းချုပ်နိုင်တဲ့ စက်တစ်ခုနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်ဖို့ ကြံစည်နေတာပါ။ ဇာတ်လမ်းအစမှာ အမ်မာ ပီးလ်ရဲ့ ကိုယ်ပွားတစ်ယောက်က ပရောစပရို (Prospero) ဆိုတဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံစီမံကိန်းကို ဖျက်ဆီးလိုက်တယ်လို့ စွပ်စွဲခံရတယ်။ ဒါပေမယ့် အမ်မာက သူမဟုတ်ဘူးလို့ ငြင်းဆိုပြီး စတီးဒ်နဲ့အတူ တရားခံအစစ်ကို ရှာဖွေဖို့ ထွက်လာတယ်။ သူတို့ရဲ့ စုံစမ်းမှုက ဒီဝင်းတာရဲ့ ...
movie

The Avengers (1998)

Venicephrenia (2024) Veneciafrenia 5.3
Venicephrenia (2024) Veneciafrenia  Veneciafrenia (2024)IMDb Rating (5.2) / Rotten Tomatoes (75%) စပိန်နိုင်ငံသား သူငယ်ချင်းတစ်စုဟာ သူတို့အုပ်စုထဲကတစ်ယောက် လက်မထပ်ခင် နောက်ဆုံးခရီးအဖြစ် ဗင်းနစ်မြို့ကိုထွက်ခွာလာခဲ့ကြပါတယ်။လမ်းမှာ သူတို့သတိထားမိတာကတော့ မြို့ခံတွေဟာ ခရီးသွားသင်္ဘောကြီးတွေကိုဆန္ဒပြနေတာ၊ ခရီးသည်တွေအပေါ် အမြင်မကြည်ကြတာတွေကိုပါပဲ။ရောက်ရောက်ချင်းညမှာပဲ သူတို့တစ်အုပ်လုံး သောက်စားပျော်ပါးကြရင်း လမ်းမှာတွေ့တဲ့ မျက်နှာဖုံးစွပ်ပါတီတစ်ခုကို ဝင်နွှဲပြီး အမူးလွန်သွားခဲ့ကြပါတယ်။နောက်တစ်နေ့မနက် ဟိုတယ်ပြန်ရောက်ချိန်မှာတော့ သူတို့ထဲက တစ်ယောက်ဟာ ပျောက်ချင်းမလှပျောက်နေခဲ့ပါပြီ။ဒီလိုနဲ့သူငယ်ချင်းပျောက်ကိုပြန်ရှာရင်း၊ ဟိုတယ်နဲ့ ရဲတပ်ဖွဲ့တွေဆီမှာ အကူအညီတောင်းခံရင်းသိလာရတာကတော့ ဟိုတယ်ကလူတွေရော အထောက်အထားတွေအရပါ ပျောက်သွားတဲ့သူငယ်ချင်းသူတို့နဲ့အတူရှိနေခဲ့တာကို သက်သေခံနိုင်တဲ့အရာတစ်ခုမှရှိမနေခဲ့တာပါ။ဒါပေမယ့် အခိုင်အမာသိကြတဲ့ သူတို့သူငယ်ချင်းတစ်စုကတော့ လက်မလျှော့ပဲ ရှာဖွေရင်း နောက်တစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရသလို ကျန်တဲ့သူတွေပါ အန္တရာယ်တွေရဲ့ခြိမ်းခြောက်မှုကို ခံလာရပါတော့တယ်။တင်ပြပုံရော ဇာတ်လမ်းပါ ဆန်းသစ်ကောင်းမွန်တဲ့ Slasher/Thriller ကို ဟာသနှောတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (6.7 GB) / (2.4 ...
movie

Venicephrenia (2024) Veneciafrenia

2024
4K HEVC
The Tenant (2024)
The Tenant (2024)  Dava ဆိုတဲ့ Apartment ​လေးတစ်ခုဟာထူးဆန်းတဲ့အ​ကြောင်းအရာ​​တွေ သရဲ​တ​စ္ဆေ​တွေနဲ့ငှားသူမရှိဘဲ​ခြောက်ကပ်ပြီးတိုက်ပျက်ကြီးတစ်ခုလိုလိုင်း​ပေါ်မှာ​တော်​တော်​လေးနာမည်ကြီး​နေပါတယ်။ ဒီအ​ကြောင်းအရာ​တွေကအမှန်တကယ် ဟုတ်မဟုတ် စုံစမ်းဖို့အတွက် "မာ့ခ်" ဆိုတဲ့​ကောင်​လေးဟာ အခန်းငှားဖိုအတွက်​ရောက်ရှိလာပါတယ်။ဒါ​ပေမဲ့ ဒီတိုက်ခန်းဟာလူတိုင်းအတွက်မဟုတ်ဘဲ "အိမ်ထိန်းအန်တီထိဒါ" ရဲ့ခွင့်ပြုချက်ရမှသာငှားရမ်းခွင့်ရှိတာဖြစ်ပါတယ်။ ဒီတိုက်ခန်းလွတ်​တွေရဲ့လစဥ်​ကြေး​ပေး​ဆောင်မှုဟာ ​ငွေ​အ​​မြောက်အများပေး​ချေရန်မလိုဘဲ အလဲအလှယ်တစ်ခုနဲ့သာ​အခန်းခကိုပေး​ချေရမှာဖြစ်ပါတယ်။ "မာ့ခ်" ဟာအစ်မဖြစ်သူရဲ့ထူးဆန်းစွာဆုံးပါးမှုအ​ကြောင်းစုံစမ်းရန်အတွက် Dava Apartment ကို​ရောက်ရှိလာခဲ့ပါတယ်။ Dava Apartment မှာ​နေထိုင်သူ မိသားစုဝင်​တွေဟာထူးဆန်း​မှုတွေ လျှိုု့ဝှက်ချက်​တွေနဲ့​နေထိုင်​နေကြသူ​တွေဖြစ်ပြီး ညဘက်​ရောက်တိုင်းထူးဆန်းတဲ့အသံ​တွေအပြင် စကားများရန်ဖြစ်သံများလည်းမကြာခဏကြား​နေရတာဖြစ်ပါတယ် ။ဒီ​တော့ Dava Apartment အတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေဟာ တကယ်ပဲသရဲ​တ​စ္ဆေ​ခြောက်လှန့်ခြင်းနဲ့သက်ဆိုင်​နေမလား၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့နက်နဲလျှို့ဝှက်ချက်​တွေရှိ​နေမလား၊ ပြီး​တော့ "မာ့ခ်" ​ရော အစ်မဖြစ်သူရဲ့​သေဆုံးရခြင်းအ​ကြောင်းအရာ​တွေနဲ့ Dava တိုက်ပျက်ကြီးအတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေကိုစုံစမ်း​ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ဖြစ်တဲ့ " The Tenant " ဆိုတဲ့ movie ​လေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1 GB)/(605 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre... Horror, ...
movie

The Tenant (2024)

The Old Woman with the Knife (2025) 6.8
The Old Woman with the Knife (2025) The Old Woman with the Knife (2025)************************************IMDb... 6.8 ဒီတစ်ခါမှာတော့ Action, Thriller ဇာတ်လမ်းအမျိုးအစား ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ကားသစ်တစ်ကား ယူဆောင်လာခဲ့ပါပြီ။ရုပ်ရှင်ကြိုက်ပရိသတ်ကြီးတွေနဲ့ မစိမ်းတဲ့ ဝါရင့် မင်းသမီးကြီး Lee Hye Young၊မင်းသား Kim Mu Yeol၊  မင်းသား Kim Sung Chul တို့နဲ့ တက်သစ်စ မင်းသမီးလေးShin Si Ah တို့က အဓိက ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကိုနောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ...
movie

The Old Woman with the Knife (2025)

The Deep Web: Murdershow (2024) 4.3
The Deep Web: Murdershow (2024)  The Deep Web: Murdershow (2024)မဖြေရှင်းနိုင်တဲ့အမှုတွေကို အသံလွှင့်တင်ဆက်သူတစ်ယောက်ဟာ သူ၏ညီမဖြစ်သူအသတ်ခံရမှုအပြီးမှာတရားခံကိုလိုက်လံစုံစမ်းရင်း ဖျော်ဖြေရေးအနေနဲ့လူသတ်မှုကို တိုက်ရိုက်ထုတ်လွှင့်သည့် သံသယဖြစ်ဖွယ် အမှောင်ဝက်ဘ်ဆိုဒ်တစ်ခုကို တွေ့ရှိသွားပါတော့တယ်။ထိုဝက်ဘ်ဆိုဒ်ကို ခြေရာခံလိုက်ရင်း မထင်မှတ်ထားတဲ့ အန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? တရားခံကိုရောရှာတွေ့နိုင်ပါမလား?စသည်ဖြင့်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမည့် သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size… (1.8 GB) / (810 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:22:26 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eunice
movie

The Deep Web: Murdershow (2024)

2024
MMA Cop (2025) 4.4
MMA Cop (2025)  MMA Cop (2025)သတင်းထောက်မချောချောလေးတစ်ယောက်က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေ၊ မိန်းကလေးတွေကို လိင်လုပ်သားအဖြစ် ကုန်ကူးတဲ့သူတွေနဲ့ကလေးလေးတွေကိုရောင်းဝယ်ဖောက်ကားတဲ့ ယူကေနိုင်ငံရဲ့ ထိပ်တန်းလူတွေအကြောင်းကိုလိုက်စုံစမ်းနေတာပါ။အဲ့လိုနဲ့ သတင်းထောက်မလေးကို အကောင်ကြီးကြီးတွေက လူတွေလွှတ်ပြီးလုပ်ကြံခိုင်းပါတော့တယ်။သတင်းထောက်မလေးက ခပ်ကြမ်းကြမ်းတမ်းတမ်းစုံထောက်တစ်ယောက်နဲ့ တွေ့သွားပြီးတော့ ဘယ်လိုမျိုး ဖော်ထုတ်သွားမလဲဆိုတာကို ရိုက်ပြသွားတာပါ။ *ဇာတ်ကား‌ထဲက အသုံးအနှုန်းတွေနဲ့ 18+ အခန်းတွေလဲပါတာကြောင့် သတိထားကြည့်ရှုသင့်ပါတယ်။* (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.2 GB) / (630 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Thriller Duration…. 01:32:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat
movie

MMA Cop (2025)

2025
The Demon’s Bride (2025) Pengantin Iblis 5.6
The Demon’s Bride (2025) Pengantin Iblis  The Demon's Bride (2025)IMDb Rating (5.6) နတ်ဆိုးနဲ့အပေးအယူလုပ်တာ၊ လက်ထပ်တာ၊ ကတိကဝတ်ပြုတာမျိုးတွေကို လူတွေဟာကြံရာမရဖြစ်ချိန်တွေမှာ ကောက်ရိုးလေးတစ်မျှင်အနေနဲ့လုပ်လေ့လုပ်ထရှိကြပြီး ပြဿနာတွေပြေလည်ပြီးလို့ပြန်လည်ပေးဆပ်ရမယ့်အချိန်ရောက်လာတဲ့အခါ ပေးလိုက်ရတဲ့ တန်ဖိုးတွေဟာ မတန်တဆဖြစ်နေတတ်တာကိုမြင်ဖူးကြမှာပါ။အောက်လမ်း၊ မှော်ပညာ၊ နတ်ဆိုး အစရှိတဲ့အရာတွေဟာ မတို့ထိသင့် မပတ်သက်သင့်တဲ့အရာတွေဖြစ်နေလို့ပါပဲ။အင်ဒိုနီးရှားနိုင်ငံမှာတော့ စည်းစိမ်ဥစ္စာအတွက်၊ ကျန်းမာရေးအတွက် နတ်ဆိုးနဲ့လက်ထပ်တဲ့ အလေ့အထဟာ အခုချိန်ထိအမြစ်တွယ်နေဆဲလို့ဆိုပါတယ်။ဒီဇာတ်ကားမှာတော့ ထွက်ပေါက်မဲ့နေတဲ့ အိမ်ရှင်မတစ်ယောက်၊ ကြံရာမရဖြစ်ချိန်မှာဒီအစီအရင်ကိုလုပ်ခဲ့မိပြီး ကြောက်စရာအကျိုးဆက်တွေနဲ့ရင်ဆိုင်ရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီအစီအရင်ကိုလက်တွေ့ကျင့်သုံးခဲ့ဖူးသူတွေကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို အခြေခံပေါင်းစပ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:43:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

The Demon’s Bride (2025) Pengantin Iblis

2025
The Ledge (2011) 6.5
The Ledge (2011) The Ledge (2011) IMDb Rating (6.5)ဟိုးအမြင့်ကြီးက အမိုးစွန်းနားလေးမှာ သေကြောင်းကြံစည်ဖို့ ခုန်ချတော့မယ့် လူတယောက်... လေတွေက တဟူးဟူးနဲ့ အသည်းယားစရာ ရပ်နေ...ဒီတော့ ရဲစခန်းကစုံထောက်တယောက်ရောက်ချလာပြီး ပြတင်းပေါက်နားကနေ ဒီလူ့ကို နားချတယ် .... ဘာလို့ခုန်ချမှာလဲ...အိမ်ထောင်ရှိလို့လားတဲ့ ဟိုလူက မရှိပါဘူးတဲ့... ဟ..အိမ်ထောင်လဲမရှိဘဲ ဘာတွေစိတ်ညစ်လို့ ခုန်ချမှာလဲ ငါ့ကောင်တဲ့။ ဒီတော့ ခုန်ချမယ့်လူက ပြန်ပြောတယ် စုံထောက်ကြီး...ခင်ဗျားကတော့ သေချာပေါက်အိမ်ထောင်ရှိပုံပဲတဲ့။ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တယောက်ပြသနာတယောက်သိသွားကြပြီး အမိုးစွန်းနဲ့ ပြတင်းပေါက်နားကနေ သူတို့ဘဝတွေကို နောက်ကြောင်းပြန်ကြပါတော့တယ်။ယောကျ်ားတယောက်ဘဝကို ဘယ်အရာကများ ကပြောင်းကပြန် လှုပ်နိုင်စွမ်းရှိမလဲ.... သိပ်သေချာတာပေါ့ဗျာ ဣတ္ထိယ မိန်းမတို့ပါပဲ.... ဘယ်လိုတွေဖြစ်လို့ အမိုးစွန်းကနေ ကိုယ့်ကိုယ်ကိုခုန်ချဖို့ထိ ဆုံးဖြတ်သွားရတာလဲဆိုတာတော့ အသည်းတယားယားနဲ့ကြည့်ရှုကြရမှာပါ။အသည်းယားဆို မင်းသမီးက Liv Tyler ကြီးဗျ.... လူ့သဘာဝရဲ့အမှောင်ခြမ်းတွေကိုရိုက်ထားတာဆိုတော့ အိပ်ရာခန်းတချို့နဲ့ လှုပ်လှုပ်ခတ်ခတ် ဇာတ်နာထားရပါသေးတယ်။ မင်းသားတွေကတော့ Charlie Hunnam , Patrick Wilson , Terrence Howard တို့နဲ့ လေးလေးနက်နက်ဇာတ်ကားတကားပါပဲ။ File size…(1.1 GB )/ (635 ...
movie

The Ledge (2011)

Clown in a Cornfield (2025) 6.1
Clown in a Cornfield (2025) Clown in a Corn Field (2025) လျို့ဝှက်ဆန်းကြယ်ဆန်ဆန် အသတ်အဖြတ် အကြမ်းအရမ်းဇာတ်ကားတွေကို ကြည့်ချင်ရင်တော့ ၂၀၂၅ ထဲမှာပဲ ပူပူနွေးနွေးထွက်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။Ginny & Georgia ဇာတ်လမ်းတွဲထဲက အက်ဘီနေရာမှာ သရုပ်ဆောင်တဲ့မင်းသမီး ကေတီလည်း အဓိကပါဝင်ထားပြီး IMDb မှာ 6.1/10 နှင့် Rotten Tomatoes မှာ 74% ရရှိထားလို့ တကယ့် ကြည့်ပျော်ရှုပျော် ရင်ထိတ်စရာ ဇာတ်ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်း ဒေါက်တာ မေဘရွတ်ခ်ဟာ သူ့မိန်းမ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာ မဖြည်ဆည်နိုင်လို့ စိတ်ဖြတ်နိုင်အောင် သမီးဖြစ်သူ ကွင်းန်နဲ့အတူ ရှေးရိုးစွဲပြီး ဖုန်းလိုင်းတောင် သိပ်မကောင်းချင်တဲ့ နယ်မြို့ကလေးကို ပြောင်းလာခဲ့ပါတယ်။ကွင်းန်ကလည်း သူ့အိမ်နှင့် သူ့သူငယ်ချင်းတွေကို ထားခဲ့ရလို့ စိတ်မချမ်းသာပေမဲ့ ဒီမြိုသစ်ကလေးရဲ့ ကျောင်းမှာ ကိုးလ်၊ တပ်ကာ၊ မတ်နဲ့ ရွန်နီ အစရှိတဲ့ လူရမ်းကား ဆယ်ကျော်သက်ကလေးတွေနဲ့ အဖွဲ့ကျသွားပါတော့တယ်။ အဲမြို့မှာ ကိုးလ်က လူချမ်းသာမြို့မျက်နှာဖုံးရဲ့သားဖြစ်ပြီး သူ့ရဲ့အဘေးက ပြောင်းသကြားရည်ကို ဖန်တီးရောင်းချရာက ချမ်းသာလာတာဖြစ်ပါတယ်။အဲပြောင်းသကြားရည်ရဲ့တံဆိပ်မှာ ထူးဆန်းစွာပဲ ကျောချမ်းစရာ လူပြက်ပုံလည်း ပါပြီးတော့ ...
movie

Clown in a Cornfield (2025)

4K HEVC