Channel Myanmar

Thriller

Life Risking Romance (2016) 6.4
Life Risking Romance (2016) Life Risking Romance (2016)***************************IMDb... 6.4 လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရှုလို့ရနိုင်မယ့်ဒီရုပ်ရှင်ကားမှာတော့ အားလုံးသိကြတဲ့ အမြဲနုပျိုလှပနေတဲ့မင်းသမီး Ha Ji Won,မင်းသား Chun Jung Myungနဲ့ ထိုင်ဝမ်မင်းသား Chen Bolinတို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ဟန်ဂျယ်အင်း (Ha Ji Won) ဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ပြီးလူတွေကို သံသယစိတ်လည်းများတာကြောင့် အမြဲမှားယွင်းပြီး ရဲတိုင်နေတတ်သူပါ။သူမရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကတော့ ရဲအရာရှိ ဆောရို့ဟွမ် (Chun Jung Myung) ဖြစ်ပြီးငယ်ငယ်လေးတည်းက သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပေါ့။ဒီသူငယ်ချင်းနှစ်ယောက်နေထိုင်တဲ့ အီထယ်ဝန်မြို့မှာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီးလူမနေတဲ့အိမ်အလွတ်တွေမှာ လာလွှင့်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ ဂျယ်အင်းဟာ သူမနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်ကနေ အော်သံတစ်ခုကြားလိုက်ရတာကြောင့်ရဲတိုင်လိုက်ပေမဲ့ ဘယ်သူမှမယုံပေးခဲ့ကြပါဘူး။ဒါ‌ကြောင့် အဲဒီတိုက်ခန်းမှာနေတဲ့ FBI အေးဂျင့် ဂျေဆင်ချန် (Chen Bolin) ကို ကွင်းဆက်လူသတ်သမားပဲလို့ယုံကြည်ပြီး ရို့ဟွမ်နဲ့အတူ နောက်ယောင်ခံလိုက်ကြပါတော့တယ်။ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂျယ်အင်းတစ်ယောက်‌ ချောမောခန့်ညားတဲ့ ဂျေဆင်ချန်ကို ကြွေမိသွားတဲ့အခါမှာတော့...ကွင်းဆက်လူသတ်သမားက ...
movie

Life Risking Romance (2016)

The Phoenician Scheme (2025) 6.9
The Phoenician Scheme (2025)   ဒီဇာတ်ကားလေးကတော့ အရင်လကမှ ထွက်ရှိထားပြီးတော့ ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲထိပ်တန်းသရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့အပြင် Rating အားဖြင့်IMDb 6.9/10, Rotten Tomatoes မှာ 78% တောင် ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း +++++++++++အန်နာတိုး ကိုဒါ တဖြစ်လည်း ဇာဇာဟာ တကယ့်ကို ကျိကျိတက်ချမ်းသာပြီးတော့ ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်တဲ့ စီးပွားရေးသမားဖြစ်ပါတယ်။သူဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု အခွန်ရှောင်မှု ဈေးကွက်ချုပ်ကိုင်မှု လာဘ်ပေးလာဘ်ယူမှု အစရှိတဲ့ စွပ်စွဲချက်ပေါင်းစုံနဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီးသူ့ကို မကျေနပ်တဲ့ စီးပွားပြိုင်တွေ ဂိုဏ်းတွေ အဖွဲ့အစည်းတွေက သူ့ကို ဘုံရန်သူအနေနဲ့ သတ်မှတ်ကာ စုပေါင်းပြီး လုပ်ကြံဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ဒီလိုနဲ့ အသက်ပြင်းတဲ့ ကိုဒါဟာ လုပ်ကြံရေးသမားတွေလက်ချက်နဲ့ ခြောက်ကြိမ်မြောက်လေယာဉ်ပျက်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ တစ်ဦးတည်းသောသမီးသီလရှင်လောင်းလေးကို အမွေဆက်ခံခိုင်းဖို့ စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲအချိန်မှာပဲ စီးပွားပြိုင်လုပ်ငန်းတွေ စုပေါင်းပြီး ဈေးကွက်ကို ကစားလိုက်တဲ့အခါ ဇာဇာတစ်ယောက် သူ့လုပ်ငန်းကိုင်ငန်းတွေကမောက်ကမဖြစ်သွားပြီးသူ့ခမျာ စည်းစိမ်မပျောက်အောင် သူ့သမီး သီလရှင်ပေါက်စလေးနဲ့အတူ သူနဲ့လက်တွဲထားတဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေစီပွားရေးလက်မဲကြီးတွေကို ...
movie

The Phoenician Scheme (2025)

4K HEVC
23 (Iravai Moodu) (2025) 6.3
23 (Iravai Moodu) (2025) 23 Iravai Moodu 2025 (ခွဲခြားမှုရဲ့နောက်ကွယ်)၁၉၉၁ ဆွန်ဒူရူ အစုလိုက်အပြုံလိုက်လူသတ်မှု ၁၉၉၃ ချီကာလာလူရီပတ် ဘတ်စ်ကားမီးလောင်မှု ၁၉၉၇ ဂျူဘလီဟေးလ်ဗုံးပေါက်ကွဲမှုဒီ ဖြစ်ရပ်မှန် အစုလိုက်အပြုံလိုက် လူသတ်မှု ၃ ခုကို အခြေခံဇာတ်အိမ်တည်ထားတဲ့ တေလဂူဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ဇာတ်နိမ့်မှန်ရင် ဘာလုပ်လုပ်အမှားလိုသတ်မှတ်ပြီး ပိုးဆိုးပက်စက်ဝိုင်းနှိမ်ချင်ကြတဲ့ အသိုင်းအဝိုင်းတစ်ခု ဇာတ်နိမ့်ဖြစ်နေလိုအလုပ်လည်းကောင်းကောင်းလုပ်စားမရဘဲ ဘဝအခြေအနေ အစစအရာရာနိမ့်ပါးရတဲ့လူတန်းစားထဲက ဆာဂါဆိုတဲ့ကောင်လေးဆာဂါတစ်ယောက် လုပ်ငန်းပထမတစ်ခါလုပ်တော့ MLMနဲ့တိုး နောက်တစ်ခုထပ်လုပ်ဖို ချေးငွေလျှောက်တာကမရနဲ့ အတော်တိုင်ပတ်နေတာပေါ့။တစ်ဖက်က ချစ်သူလေးဆူရှီလာကလည်း ခပ်ချောချောမလို လိုချင်သူတွေကအများသားဆိုတော့ ကိုယ့်အပိုင်အဖြစ် မြန်မြန်တံဆိပ်ကပ်မှစိတ်ချရမယ့်အနေအထား ဒီတော့ ဆာဂါငွေရဖို ရွေးချယ်လိုက်တာက ဖြတ်လမ်းတစ်ခု၊ တစ်နည်း ဘတ်စ်ကားတစ်စီးကို မီးရှိပေးဖိုဆိုတဲ့အလုပ်ပါပဲ။အဲဒီအလုပ်ကိုလက်ခံမိရာကစလိုသူ့ဘဝ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Team မှပဲဖြစ်ပါတယ်) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM B Team
movie

23 (Iravai Moodu) (2025)

Killer’s Kiss (1955) 6.5
Killer’s Kiss (1955) Killer's Kiss (1955) IMDb (6.6/10)=========================================================================ဒီဇာတ်ကားလေးက နာမည်ကျော် ဒါရိုက်တာ စတန်လေ ကူးဘရစ် (Stanley Kubrick) ရဲ့အစောပိုင်း လက်ရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ကူးဘရစ်ဟာ "2001: A Space Odyssey," "A Clockwork Orange," "The Shining" စတဲ့ဂန္တဝင် ရုပ်ရှင်ကားများစွာကို ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဂျေမီ စမစ် (Jamie Smith)၊ အိုင်ရင်း ကိန်း (Irene Kane)၊ဖရန့်ခ် ဆီလ်ဗာရာ (Frank Silvera) တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ရုပ်ရှင်ကို နယူးယောက်မြို့ရဲ့ လမ်းကြားတွေ၊ စက်ရုံတွေနှင့် အထပ်မြင့် အဆောက်အအုံတွေအသုံးပြု ရိုက်ကူးထားပါတယ်။ ရုပ်ရှင်မှာ ကြောက်မက်ဖွယ် လက်ဝှေ့ပွဲ မြင်ကွင်း နှင့်ဂိုဒေါင်ထဲမှ တိုက်ခိုက်ခန်းတို့ဟာ ထင်ရှားပြီး လက်တွေ့ကျသဖြင့် ချီးကျူးခံထားရပါတယ်။ဒီဇာတ်ကားလေးမှာ ကမ္ဘာ့အကြီးကျယ်ဆုံး ဒါရိုက်တာတစ်ဦးရဲ့ အစောပိုင်း လက်ရာကိုမြင်တွေ့ရတာဟာ ရုပ်ရှင်ဝါသနာရှင်တွေအတွက် ...
movie

Killer’s Kiss (1955)

The Possession of Hannah Grace (2018) 5.0
The Possession of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thrillerအမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်...ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်းMegan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီးသွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ဒီကားထဲမှာတော့ ကနေဒါ-ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီးShay Mitchell ...
movie

The Possession of Hannah Grace (2018)

2018
Medium Cool (1969) 7.2
Medium Cool (1969) သတင်းစာတွေက သမိုင်းကိုပြောတယ်ဆိုရင် သတင်းထောက်တွေက သမိုင်းကို မှတ်တမ်းတင်တဲ့သူတွေပါပဲ။ဒီရုပ်ရှင်ဟာ ၁၉၆၈ ချီကာဂိုအမျိုးသားဒီမိုကရက်တစ်ညီလာခံကိုအခြေပြုရိုက်ခတ်လာတဲ့ နိုင်ငံရေးမုန်တိုင်းကို သတင်းထောက်တစ်ယောက်အဖြစ် လိုက်ပါသတင်းရယူခဲ့တဲ့သတင်းထောက်ဂျွန်ကတ်ဆဲလတ်စ် ကို အခြေတည်ပြီး ရိုက်ကူးပုံဖော်ထားပါတယ်။လူဖြူလူမည်း ပဋိပက္ခတွေ၊ဂျူးတွေနဲ့ ဂျူးမဟုတ်တဲ့ လူမျိုးတွေရဲ့ပွတ်တိုက်မှုတွေ၊မင်းမဲ့ဝါဒီတွေ၊ကွန်မြူနစ်တွေရဲ့ ဆန္ဒပြပွဲတွေ၊အကြမ်းဖက်မှုတွေ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အာဏာပိုင်တွေရဲ့အကြင်နာမဲ့ အင်အားသုံးနှိမ်နနင်းမှုတွေနဲ့၁၉၆၈ နွေရာသီဟာ အမေရိကန်နိုင်ငံအတွက်တော့ပူပြင်းတဲ့နိုင်ငံရေးနွေရာသီဖြစ်ခဲ့ပါတယ်။၁၉၆၈ ဟာ ဗီယက်နမ်စစ်ပွဲအရှိန်အတက်ဆုံးကာလဖြစ်တာကြောင့်စစ်ပွဲရဲ့ရိုက်ခတ်မှုကိုလည်း ယောကျာ်းဖြစ်သူကို ဗီယက်နမ်စစ်ပွဲမှာဆုံးရုံးလိုက်ရတဲ့မုဆိုးမလေးအယ်လင်းနဲ့ဟာရိုးတို့ သားအမိရဲ့ဘဝကိုပါ ‌ထည့်သွင်းပြီးရိုက်ပြထားပါတယ်။၁၉၆၈ ပြီးနောက်တစ်နှစ် ၁၉၆၉ မှာ ထွက်လာတဲ့ ရုပ်ရှင်ဖြစ်တာကြောင့်တမင်ဖန်တီးထားတဲ့ဆက်တင်တွေမဟုတ်ပဲ ဂျွန်အက်ဖ်ကနေဒီခေတ်အလွန်နည်းပညာခေတ်အကြိုအမေရိကန်နိုင်ငံရဲ့ တကယ်နောက်ခံနေရာတွေ၊အကြောင်းအရာတွေ၊လူတွေ၊ခံစားချက်တွေ၊ပဋိပက္ခတွေကို စီးမြောကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်File size…    2.34 GB /  1.26 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 51 m Genre ..... Drama /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Medium Cool (1969)

The Devil and the Daylong Brothers (2025)
The Devil and the Daylong Brothers (2025) ဖအေတူ ၊ မအေကွဲ Daylong ညီအစ်ကိုသုံးယောက်ဟာ သူတို့မမွေးခင်ကတည်းက သူတို့ဝိညာဉ်တွေကို နတ်ဆိုးဆီမှာ ရောင်းစားခဲ့တဲ့ အဖေဖြစ်သူကြောင့် ကျိန်စာနဲ့အတူ ယှဉ်တွဲမွေးဖွားလာခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်း ကျေးလက်ဒေသကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းဟာ အရွယ်ရောက်လာတဲ့ Daylong ညီအစ်ကိုတွေ သူတို့အဖေ သူတို့ဆီက ခိုးယူသွားတဲ့အရာကို ပြန်ယူဖို့နဲ့ လက်စားချေဖို့အတွက် အဖေရှာပုံတော်ခရီးဖွင့်တဲ့ Musical Horror ရုပ်ရှင်ဇာတ်လမ်းပါ။သူတို့ရဲ့ ခရီးလမ်းတစ်လျှောက်မှာ အသက်ဘေးအန္တရာယ်တွေအပြင် အပြစ်ရှိစိတ်တွေ ၊ ဒေါသတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ရပြီး သူတို့ရဲ့ ဝိညာဉ်တွေက တန်ဖိုးရှိရဲ့လားလို့လည်း သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် မေးခွန်းပြန်ထုတ်ခဲ့ရပါတယ်။ Cast တွေအနေနဲ့ Daylong ညီအစ်ကိုသုံးယောက်အဖြစ် Brendan Andolsek Bradley , Jordon Bolden , Nican Robinson တို့အပြင် The substance ဇာတ်ကားနဲ့ နာမည်ကြီးထားတဲ့ မင်းသမီး Margaret ...
movie

The Devil and the Daylong Brothers (2025)

The Promise (2017) 5.9
The Promise (2017)  ထိုင်းနိုင်ငံရဲ့ စီးပွားပျက်ကပ်နဲ့ ဆက်နွှယ်ပြီး ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပြီးတော့ အတူတူသ-တ်‌ေ-သဖို့ ကြံရွယ်ထားတဲ့အစ်ဘ်နဲ့ဘုမ်တို့ သူငယ်ချင်းမနှစ်ယောက် အကြောင်းအရာကို ရင်တဖိုဖိုကြည့်ရမှာပါ။၁၉၉၇ ကာလက ထိုင်းနိုင်ငံမှာ စီးပွားရေးပျက်ကပ်ဖြစ်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတိုင်းကို ရိုက်ခတ်ခဲ့ပြီး အစ်ဘ်နဲ့ဘုမ်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ မိသားစုတွေဟာလည်း စီးပွားတွေကျပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။အစ်ဘ်နဲ့ဘုမ်တို့ရဲ့ မိဘတွေဟာ အထပ်မြင့်အဆောက်အအုံ ကြီးတည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပြီး စီးပွားပျက်ကပ်လည်းဖြစ်ရော ရှိသမျှငွေအကုန်ကုန်ပြီးတော့ ဘဝအခြေအနေတွေ ပြောင်းပြန်အနေအထားနဲ့ ကြုံခဲ့ရပါတယ်။အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အစ်ဘ်နဲ့ဘုမ်တို့ ဟာလည်း ရုတ်ခြည်းပြောင်းလဲ သွားတဲ့ ဘဝအခြေအနေတွေ ကြောင့် စိတ်ဓာတ်ကျပြီး သူတို့ မိဘတွေရဲ့ ဆောက်လက်စ အဆောက်အအုံထဲမှာ နှစ်ယောက်အတူသတ်သေဖို့ ကတိပြုခဲ့ကြပါ တယ်။တကယ်တမ်းမှာတော့ အရင်သတ်သေလိုက်တဲ့ အစ်ဘ်ကိုမြင်ပြီး ဘုမ်ဟာ ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့နှစ် ၂၀ လောက်ကြာအပြီး မှာတော့ ဘုမ်ဟာ စီးပွားရေးလုပ် ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး ဘဲလ်ဆိုတဲ့ သမီးလေးတစ် ယောက်ရှိနေပါပြီ။တစ်ရက်မှာတော့ ...
movie

The Promise (2017)

2017
Shadow Force (2025) 4.7
Shadow Force (2025)  Shadow Force (2025)IMDb Rating (4.7) / Rotten Tomatoes (34%) ဒီတစ်ခုကတော့ ဒါရိုက်တာ Joe Carnahan ရိုက်ကူးထားပြီး Kerry Washington ၊ Omar Sy နဲ့ Mark Strong တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အိုက်ဆာနဲ့ ခိုက်ရာတို့က နိုင်ငံတကာက လက်ရွေးစင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စီအိုင်အေရဲ့ အထူးလျှို့ဝှက်အဖွဲ့ဖြစ်တဲ့ အရိပ်တပ်ဖွဲ့ရဲ့ ပူးတွဲခေါင်းဆောင်နှစ်ယောက်ပါ။အသင်းသားအချင်းချင်းကြားပတ်သက်မှုကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားကနေ သူတို့နှစ်ယောက်က ချစ်ကြိုက်သွားကြပြီး အဖွဲ့ကနေ ထွက်ပြေးသွားကြပါတယ်။အဖွဲ့ရဲ့ဦးစီးသူဂျက်ခ်စင်ဒါက အဲဒီနှစ်ယောက်က သူတို့ရဲ့လျှို့ဝှက်ချက်တွေများစွာကို သိနေခဲ့တာကြောင့် ၀ရမ်းပြေးအနေနဲ့သတ်မှတ်ပြီး ဆုကြေးသတ်မှတ်ကာ အရိပ်တပ်ဖွဲ့တွေကိုပဲ လိုက်ခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ခိုက်ရာက ထွက်ပြေးသွားတဲ့အချိန်မှာ ကိုယ်၀န်ရှိနေခဲ့ပြီး သားလေးတစ်ယောက်မွေးခဲ့တော့ ဒီလိုအန္တရာယ်ကြားမှာ ကလေးဖြစ်သူအတွက်ကိုပါ တာ၀န်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့လက်က သူတို့မိသားစုလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။)File size…(5.8 GB) / (1.8 GB) ...
movie

Shadow Force (2025)

2025
4K HEVC
Ghatikachalam (2024) 6
Ghatikachalam (2024) Ghatikachalam 2024 (ဂါတီကာချလမ် မကောင်းဆိုးဝါးကြီး)ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ (psychological horror) စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုဆိုင်ရာ ဇာတ်လမ်းဖြစ်ပြီးတော့ တမူထူးခြားနေတဲ့ အိန္ဒိယရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ကောရှစ်ဆိုတဲ့ ဆေးကျောင်းသားလေးတစ်ယောက်ရှိပါတယ်၊ ကောရှစ်ဟာ သူစိတ်ပါဝင်စားလို့ ဆေးကျောင်းတက်ရတာမျိုးမဟုတ်ဘဲ ဖခင်ဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် ဆေးကျောင်းတက်နေရသူတစ်ယောက်ပါ။သူဟာမိသားစုထဲမှာဆိုရင် မိသားစုရဲ့ အလိုကိုပဲလိုက်ကာ နေရသူဖြစ်ပြီး သူ့ဆန္ဒကိုတော့ ထုတ်မပြောတတ်တဲ့ လူလိမ္မာသားလေးတစ်ယောက်ပေါ့။ဒီလိုဖိအားတွေနဲ့ နေလာရတဲ့ ကောရှစ်တစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်တွေ ကြုံတွေ့လာရတဲ့အချိန်မှာတော့ ဂါတီကာချလမ်လို့ခေါ်တဲ့ မကောင်းဆိုးဝါးကြောင့်ဖြစ်ရတယ်ဆိုကာ သူ့မိသားစုမှ ကုသပေးဖို့ နည်းလမ်းမျိုးစုံ ရှာဖွေပါတော့တယ်။ကောရှစ်တစ်ယောက်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်များဟာ သူ့မိသားစုထင်သလိုမျိုး ဂါတီကာချလမ် မကောင်းဆိုးဝါးကြီး နှောင့်ယှက်နေတာပဲလား .........ဒါမှမဟုတ် ဘယ်လိုအကြောင်းကိစ္စတွေကြောင့်မလို့ ဖြစ်နေရတာလဲ ..........ကောရှစ်တစ်ယောက်ရော ဖြစ်ပျက်နေတဲ့အရာတွေကနေ ပျောက်ကင်းသွားနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ Horror, Thriller ဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard ...
movie

Ghatikachalam (2024)

American Scream (2025)
American Scream (2025) ဒါရိုက်တာ Evan Jacobs ရိုက်ကူးထားတဲ့ Horror ဇာတ်လမ်းဖြစ်ပြီး၊ ဇာတ်လမ်းထဲမှာ လူသတ်သမားနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ထိုလူနှစ်ယောက်က မမျှော်လင့်ထားတဲ့ သေဆုံးမှုတွေနဲ့ ရင်ဆိုင်လာရပြီး သူတို့အလုပ်လုပ်တဲ့ အလုပ်ချိန်အတွင်း စိတ်ပျက်စရာအဖြစ်တွေနဲ့ ကြုံတွေ့လာရတာကို ရိုက်ပြထားတာပါ။ဇာတ်လမ်းအကျဉ်း ----------------ဇာတ်လမ်းထဲမှာ သူငယ်ချင်းနှစ်ယောက် လူးကတ်နဲ့ ဘန်တို့ အလုပ်မလာခင် လူတစ်ယောက်ကိုသတ်ဖို့အကြောင်း ကြံရွယ်ထားကြပါတယ်။ အလုပ်ရောက်တော့ ထူးဆန်းတဲ့အဖြစ်အပျက်များနဲ့ ကြုံတွေ့လာရပြီး တစ်ယောက်ကိုယ်တစ်ယောက် သံသယဝင်လာခဲ့ကြပါတယ်။ ထို့နောက် thrid person ရဲ့နှောင့်ယှက်မှုတွေကြောင့် အလုပ်မလုပ်နိုင်ဖြစ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် မထင်မှတ်ပဲ လူသေလောင်းတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာ...... အလောင်းကရော ဘယ်ကရောက်လာတာလဲ ? လူးကတ်နဲ့ဘန်တို့ကရော ဒီအလောင်းနဲ့ပတ်သတ်ပြီး ဘယ်လိုများပတ်သတ်နေမလဲဆိုတာ........File size…(1.3 GB)/(609 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt
movie

American Scream (2025)

Everyone Is Going to Die (2025) 4.0
Everyone Is Going to Die (2025) Everyone Is Going to Die (2025)ဒီ သဲထိပ်ရင်ဖို စိတ္တဇဇာတ်လမ်းလေးကတော့ ၂၀၂၄ ကထွက်ရှိထားတဲ့ R-rated ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းOnly စတော့ရှယ်ယာစျေးကွက်တွေမှာ ရောင်းဝယ်လုပ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာအောင်မြင်ပြီး သူ့ရဲ့ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခုကိုရောင်းချနိုင်ခဲ့တဲ့ ဒန်နီယယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဟာအလုပ်ကိုပဲစိတ်နှစ်ပြီး တစ်စိုက်မတ်မတ်လုပ်ခဲ့တဲ့အတွက် ဆုံးရှုံးခဲ့ရတဲ့မိသားစုဘဝကို ပြန်ပြီးဖာထေးဖို့ သမီးဖြစ်သူနဲ့ ပြန်ပြီးမိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။သမီးဖြစ်သူရဲ့ မွေးနေ့မှာ သူဟာ သမီးလေးပျော်သွားအောင်ဆိုပြီး စျေးကြီးတဲ့ smart watch တစ်ခုကိုဝယ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်း အဖေဖြစ်သူက ငွေကြေးချမ်းသာပေမယ့် ခြေရှုပ်တတ်တာကိုသိတဲ့ သမီးလေးက ငွေကြေးဓနကနေရလာတဲ့လက်ဆောင်ကို ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ သမီးနဲ့အဖေနှစ်ယောက်စကားများကြရင်း ရုတ်ချည်းဆိုသလို မျက်နှာဖုံးသူနှစ်ယောက် သူတို့ခြံထဲရောက်လာပြီး ခြိမ်းခြောက်သယောင်ယောင်နဲ့ သူတို့ကို အကြပ်ကိုင်ကြပါတယ်။ဖြစ်ချင်တော့ စိတ္တဇလူသတ်သမားနှစ်ယောက်ဟာ ဘာအကြောင်းမှမရှိဘဲ ဒန်နီယယ့်သမီး အီမိုဂန်ကို အကြပ်ကိုင်ပြီး စခြိမ်းခြောက်လာပါတော့တယ်။ဒါပေမဲ့ တကယ်တမ်းကျနောက်ကွယ်မှာ ဒန်နီယယ်က ဘာအမှားလုပ်ထားလို့လဲ ဘယ်လိုလူတွေက သူ့ကိုသတ်ချင်လောက်တဲ့အထိဖြစ်ရလောက်အောင် ပတ်သက်ဆက်နွယ်မှုရှိနေလဲဆိုတာကိုဒီဇာတ်ကားထဲမှာ ရင်တထိပ်ထိပ်နဲ့ရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (950 ...
movie

Everyone Is Going to Die (2025)

2025
Always Smile (2025) 7.9
Always Smile (2025)  Always Smile (2025)IMDb Rating (7.9) ဒီဇာတ်လမ်းကိုတော့ ဆုရဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ထိုင်း-ကိုရီးယား-အမေရိကန် လူမျိုးဖြစ်တဲ့ ဒါရိုက်တာ Jaosn Park ကိုယ်တိုင် တည်းဖြတ်ပြီး ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်အိမ်ကို ပေးနာထားတဲ့အပြင် အာရှသားတွေရှုထောင့်ကနေ ဘဝကိုရုံးကန်ရတဲ့ပုံကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင်တစ်ထောင့်တစ်နေရာကနေရိုက်ကူးထားတာဖြစ်တဲ့အပြင်ကြည့်လိုက်သူတိုင်း စိတ်နဲ့ထိတွေ့အောင်လည်း တကယ်ကြိုးစားအားထုတ်ထားပြီးမှ အောင်မြင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းဝမ်းနည်းစရာကားမတော်တဆတစ်ခုနဲ့ကြုံပြီး ချစ်ရတဲ့သူတွေဖြစ်တဲ့ မိဘနဲ့ဇနီးဖြစ်သူတို့ ဆုံးပါးသွားတဲ့အချိန်မှာ အဲလက်စ်ဆိုတဲ့သက်လတ်ပိုင်းယောက်ျားတစ်ယောက်မှာ သူ့ရဲ့ညီဂျွန်နီတစ်ယောက်သာကျန်ပါတော့တယ်။ညီဖြစ်သူကလည်း ၁၀ ကျော်သက်အရွယ်ကုန်လုဆဲဆဲဖြစ်လို့ ကောလိပ်ဆက်တိုက်ဖို့ရှိတဲ့အချိန်မှာ အစ်ကိုဖြစ်သူအဲလက်စ်က ငွေကြေးပြည့်စုံမှုမရှိပေမယ့်လည်းအချိန်ပြည့်အလုပ်လုပ်ပြီး သူ့ညီကိုကျောင်းမထားထားနိုင်အောင် ပိုက်ဆံကြိုးစားရှာခဲ့ပါတယ်။ပိုဆိုးတာတစ်ခုက သူတို့မှာနေစရာအိမ်တောင်မရှိဘဲ နှစ်ယောက်က ဗင်ကားတစ်စီးပေါ်မှာပဲ အိပ်လိုက်စားလိုက်လုပ်ကြရသူပါ။အစ်ကိုဖြစ်သူက မနက်ဆိုညီကိုကျောင်းသွားပို့၊ ပြီးရင်အလုပ်သွား၊ ညနေအချိန်ကျ သူ့ညီကိုပြန်လာခေါ် ကားပေါ်မှာပဲညစာစား၊ နှစ်ယောက်သားအချိန်ယူပြီး ဗင်ကားနောက်ခန်းမှာပဲအိပ်ကြရတာပါ။ဒါပေမဲ့ နှစ်ယောက်လုံးဟာ ကြုံတွေ့နေရတဲ့ဘဝလောကဓံတွေအပေါ် တစ်စက်မှုငြိုငြင်ခြင်း လက်လျှော့ခြင်းမရှိဘဲ မိမိအခန်းကဏ္ဍအလျောက် တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ ညီဖြစ်သူက မထင်မှတ်ထားဘဲနဲ့ အခြားပြည်နယ်ကကျောင်းတစ်ခုမှာ ဆေးကျောင်းဝင်ခွင့်ရသွားပါတယ်။ဒါကို ဝမ်းပမ်းသာလို့ ဟိုတယ်မှာတစ်ညသွားအပန်းဖြေဖို့ ...
movie

Always Smile (2025)

2025
Kaliyugam (2025) 6.3
Kaliyugam (2025) Kaliyugam (2025) အမှောင်ခေတ်IMDb-8.2/10မင်းသမီးချော ရှရဒါးစရီနတ်နဲ့ ကီရှိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Kaliyugam 2064ဆိုတဲ့ 3 post-apocalyptic survivalအမျိုးအစား ဇာတ်လမ်း‌ကောင်းလေးကို CM ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားလေးကတော့ တတိယကမ္ဘာစစ် ၇ နှစ်ကြာအပြီးမှာ စစ်လက်နက်ဘေးနဲ့ ပြိုကွဲပျက်စီးလုနီးပါး ကာလတစ်ခုဖြစ်တဲ့ 2064 ခုနှစ်မှာ အဖိနှိပ်ခံလူတန်းစားတစ်စုရဲ့ လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ကြရပုံကို ပုံဖော်ထားတာဖြစ်ပြီး positive reviewတွေလည်းရထားတာဖြစ်လို့ ခုပဲရှုစားလိုက်ကြပါဦးစို့။ခေတ်မီလက်နက်မျိုးစုံနဲ့ တတိယကမ္ဘာစစ်ကြီး 7 နှစ်တာကာလအကြာမှာ ရပ်ဆိုင်းသွားပြီးတဲ့နောက် ပျက်စီးလုနီးနီး ကမ္ဘာကြီးဟာ ဖုန်းဆိုးမြေသာသာဖြစ်ပြီး လူနည်းစုလောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။ဒီကျန်ရစ်ခဲ့တဲ့ လူနည်းစုထဲက ထက်မြက်တဲ့လူတချို့က Residenceဆိုတဲ့အဖွဲ့ကိုတည်ထောင်ပြီး ကျန်ရှိတဲ့စားနပ်ရိက္ခာနဲ့ ရေတချို့ကို ရှာဖွေစုဆောင်းသိမ်းဆည်းပြီး အပြင်လောကနဲ့ အုတ်တံတိုင်းနံရံကြီးတစ်ခုခြားလို့ သီးခြားနေထိုင်ကြတာပေါ့။ဒါပေမဲ့ ဒီအခွင့်ထူးတွေက သာမန်လူတန်းစားဖြစ်တဲ့ နံရံအပြင်ဘက်ကလူတွေအတွက်တော့ မဟုတ်ခဲ့ပါဘူး။ ရှင်ကျန်ရစ်တဲ့ လူနည်းစုချင်းတူပေမဲ့ အပြင်ကလူတွေကတော့ ဒုက္ခမျိုးစုံရင်စည်းခံရတဲ့အပြင် Residenceကလူတွေရဲ့ဖိနှိပ်မှုပါ ခံနေရတာပေါ့။အဲဒီမှာ နံရံအပြင်မှာကျန်နေခဲ့တဲ့လူတွေထဲက Liberatorsဆိုတဲ့ လွတ်မြောက်ရေးဘက်တော်သားတွေ ထွက်ပေါ်လာပြီး သူတို့ရဲ့ရပိုင်ခွင့်နဲ့ Residenceထဲက အေးချမ်းတဲ့ဘဝတစ်ခုရဖို့ တိုက်ပွဲဝင်ကြပါတော့တယ်။ဒီတော့ Liberators ...
movie

Kaliyugam (2025)

Uncle Nine: Return of Zhong Kui (2025) 5.8
Uncle Nine: Return of Zhong Kui (2025) ငယ်ငယ်က မျက်ခုံးတစ်ကြောင်းတည်းနဲ့ ဦးလေးကျိုရဲ့ ခုန်ဆွသရဲကားထဲက ဇာတ်ကောင်တွေကို ပြန်မြင်ရမဲ့ ဦးလေးကျို သရဲနှိမ်နင်းတဲ့ ရုပ်ရှင်အသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မင်ကော်ခေတ်မှာ ရှင်းဝူးမြို့တရုတ်တိုင်းရင်းသမားတော် ဦးလေးကျိုဟာ ချန်မိသားစု ဘိုးဘေးကန်တော့ဖို့ ပွဲတော်စီစဉ်ပေးချိန်မှာ မမလေးချန်က အသတ်ခံလိုက်ရပါတယ်။ ဦးလေးကျိုဟာ တရားခံက ကျုံးခွေကျောက်ဆွဲကို ဆွဲထားတာ သတိထားမိပြီး သခင်ကြီးချန်နဲ့ ရန်ငြိုးရှိတယ်လို့ သံသယဖြစ်ခဲ့ပါတယ်။တရားခံက နောက်တစ်ကြိမ် လူသတ်ချိန်မှာတော့ ဦးလေးကျိုနဲ့ ရဲအဖွဲ့ခေါင်းဆောင်လျန်တို့အတူပူးပေါင်းပြီး အမှုကို စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ တရားခံ မှာ ဘယ်လို ရန်ငြိုးမျိုး ရှိနေသလဲ...... တရားခံကို ဖမ်းမိဖို့ ဦးလေးကျိုတို့ကရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ကြုံတွေရမလဲ...... ဆိုတာကို ကြည့်ရှု အဖြေရှာလိုက်ရအောင်နော်။ Filesize : 1.45 GB / 763 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Thriller , Mystery Runtime : 1h 7 min Subtitle ...
movie

Uncle Nine: Return of Zhong Kui (2025)

The Girl in the Pool (2025) 4.3
The Girl in the Pool (2025)  The Girl in the Pool (2025)IMDb Rating (4.3) / Rotten Tomatoes (36%) ရေကန်ထဲကမိန်းကလေးဆိုတဲ့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ရေကန်ထဲကမိန်းကလေးအလောင်းတစ်ခုကနေ စတဲ့ဇာတ်လမ်း။ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ပွဲကို စပရိုက်စ်ပါတီပေးဖို့ လုပ်နေကြတဲ့ ချမ်းသာတဲ့မိသားစုတစ်ခု။ခင်ပွန်းဖြစ်သူက ရေကန်ထဲက မိန်းကလေးအလောင်းနဲ့ တိုင်ပတ်နေတဲ့အချိန်။အဲဒီမိန်းကလေးကလည်း သူနဲ့ဖောက်ပြန်နေတဲ့ မိန်းကလေး။မိသားစုမထိခိုက်ဖို့အရေး အလောင်းဖျောက်ဖို့ ကြိုးစားနေတဲ့အချိန် စပရိုက်စ်ပါတီကြောင့် တစ်အိမ်လုံးမှာ မိသားစုမိတ်ဆွေအသိုင်းအဝိုင်းတွေ ရောက်လာကြရာကစပြီး။မိန်းကလေးက မတော်တဆကြောင့်သေတာလား?အသတ်ခံလိုက်ရတာလား? ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်လာမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(1.2 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:29:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo
movie

The Girl in the Pool (2025)

2025
iPossessed (2025) 5.0
iPossessed (2025)  iPossessed (2025)ကိစ္စတွေအကုန်လုံးက စစ်မှုထမ်းဟောင်းဖြစ်ပြီး အိမ်ကို ပြန်ရောက်လာခဲ့တဲ့ တက်ဒ်ဗိုလို ကို ဂုဏ်ပြုပွဲ ကျင်းပပေးရာက စပါတယ်။တက်ဒ်ရဲ့ ညီမဖြစ်သူ ဇိုဝီ ကို ဝင်ပူးရာကနေ မနက် ၆နာရီထိ အိမ်ထဲက ထွက်မသွားဖို့ မကောင်းဆိုးဝါး နဲ့ အပေးအယူလုပ်ခဲ့ရပါတယ်။၆နာရီထိ တက်ဒ်၊ ဇိုဝီ၊ တက်ဒ်ရဲ့ ရည်းစားဖြစ်တဲ့ ဒန်နီ ၊ ဒန်နီရဲ့အမ တာရာနဲ့ သူငယ်ချင်းဖြစ်တဲ့ ဘက်ကလီတို့ ၅ယောက် တညလုံး ဘယ်လိုတောင့်ခံပြီး ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။တက်ဒ် ရဲ့ အိမ်ကကော ဘယ်လိုကြောင့် ဒီလို ခြောက်လှန့်မှုတွေခံနေရတာလဲဆိုတာကို ဇာတ်ကားအဆုံးမှာ မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.3 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / ...
movie

iPossessed (2025)

2025
Way Home (2024) 6.4
Way Home (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထုတ် ဇာတ်ကားလေးဖြစ်ပြီး Award ၄ ခု နဲ့ Nomination 12 ခု အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်း +++++++++++ခရစ်စတီရန် လို့ခေါ်တဲ့ ဒိန်းမတ်စစ်သားဟောင်းကြီးတစ်‌ယောက်က ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား ကို သားဖြစ်သူကို ရှာဖို့ရောက်လာပါတယ်။အဲဒီအချိန်မှာ ဆီးရီးယားနိုင်ငံမှာ ဘာသာရေးအစွန်းရောက်စစ်သွေးကြွတွေ အားကောင်းနေပြီး သားဖြစ်သူက အဆိုပါ အဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တာပါ။ခရစ်စတီရန်လည်း အီဆာ ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး စစ်သွေးကြွအယောင်ဆောင်ကာ သားဖြစ်သူကို ရှာဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သားဖြစ်သူကို အိမ်ပြန်ခေါ်ဖို့ ကြိုးပမ်းရာမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ.....ဘယ်လိုအန္တရာယ်တွေဝိုင်းရံနေမလဲ.....ဆီးရီးယားပြည်တွင်းစစ်ရဲ့ အတွင်းကျကျပုံရိပ်တွေကိုပါ ထင်ဟပ်နေအောင် ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။ File Size… (1.63 GB) / ( 768 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 38m Genre …..Drama ...
movie

Way Home (2024)

Peacock (2010) 6.2
Peacock (2010) Peakcock (2010) ဟာ Psychological Thriller ဇာတ်လမ်း အမျိုးစားဖြစ်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ပိုင် identity နဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေ အများကြီးပေးတဲ့ ဇာတ်ကားကောင်းတစ်ကားပါ...ရရှိခဲ့တဲ့ဆုများ✔ Screamfest Horror Film Festival - အကောင်းဆုံး စိတ်လှုပ်ရှားဖွယ်ဇာတ်ကား (2010)✔ Fangoria Chainsaw Awards - အကောင်းဆုံးသရုပ်ဆောင် (Cillian Murphy) ဆန်ကာတင်စာရင်းသရုပ်ဆောင်များ- Cillian Murphy (John/Emma အဖြစ်) - Ellen Page (Maggie အဖြစ်) - Susan Sarandon (Fanny အဖြစ်)ဇာတ်လမ်းအကျဥ်း +++++++++John ဆိုတဲ့လူတစ်ယောက်ဟာ သာမန်လူတစ်ယောက်လိုနေထိုင်နေပေမယ့်... သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။သူဟာ လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်နေတဲ့ ရောဂါကိုခံစားနေရပြီး Emma ဆိုတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့လည်း နေထိုင်နေတာပါ။တစ်နေ့မှာ မတော်တဆမှုတစ်ခုကြောင့် ဒီလျှို့ဝှက်ချက်က ပေါ်တော့မလိုဖြစ်သွားပြီး သူ့ဘဝက လုံးဝပြောင်းလဲသွားပါတော့တယ်။Cillain Murphy ...
movie

Peacock (2010)