Channel Myanmar

Romance

Love Therapy (2025) 5.8
Love Therapy (2025)  ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်..မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်..ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး.အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်‌ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ.ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်.လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ..ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်..အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား ....ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ...
movie

Love Therapy (2025)

On Swift Horses (2025) 6.1
On Swift Horses (2025)  On Swift Horses ကတော့ romance/dram , LGBTQ ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ အချိန်အတွင်းမှာဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ဂျူးလိယက်လို့ခေါ်တဲ့ကောင်လေးတယောက်ဟာ ပူပူနွေးနွေးအိမ်ထောင်ပြုပြီးမိသားစုတစ်ခုတည်ထောင်တော့မယ့်အစ်ကိုဆီပြန်လာရင်းနားလည်ရခက်တဲ့သူ့ရဲ့နေထိုင်ပုံကြောင့် ပျော်စရာကောင်းတဲ့မိသားစုဘဝလေးတည်ထောင်ချင်တဲ့ အစ်ကိုဖြစ်သူရဲ့စိတ်ကူးအိပ်မက်တွေအပေါ်မှာဘယ်လိုရိုက်ခတ်မှုတွေရှိလာမလဲဆိုတာကို ဒရာမာဆန်ဆန် အချိုးအကွေ့တွေများစွာနဲ့ လွမ်းမောစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။File size… (1.18 GB) / ( 759 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 59m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Senju
movie

On Swift Horses (2025)

[18+] Pihit (2025) 5.3
[18+] Pihit (2025)  Pihit (2025)IMDb Rating (5.3) အက်စ်တာဟာ ကချေသည်ဟောင်းတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ အတူနေချစ်သူ အလိုကျ ကော်ပိုရိတ်ဝန်ထမ်းဘ၀မှာ မွန်းကျပ်နေရပါတယ်။သူ့ချစ်သူကလည်း သူ့အပေါ်တည်တည်တင်းတင်းဆက်ဆံတတ်ပြီး အလုပ်နဲ့ပတ်သက်ရင်အလျှော့မပေးတတ်တဲ့သူမျိုးပါ။အဲ့ဒီလိုအနေအထားကနေ စိတ်ထွက်ပေါက်အဖြစ်ကြည့်တတ်တဲ့ တိုင်ပတ်အကဗီဒီယိုလေးတွေကတစ်ဆင့် အဲ့ဒီသင်တန်းတစ်ခုကို ကိုယ်တိုင်သွားတက်မိချိန်မှာ သင်တန်းနည်းပြဆရာမ လှလှလေးနဲ့ခံစားချက်ချင်းနားလည်လာပြီးသံယောဇဉ်တွေဖလှယ်မိချိန်မှာတော့..။Mainstream လိုင်းကိုခြေတစ်ဖက်လှမ်းနေပြီဖြစ်လို့ကားရိုက်ကျဲသွားတဲ့ ဝါရင့် Vivamax Crush လေး Denise Esteban နဲ့အတူ Christy Imperial နဲ့ Angeline Aril တို့ပါပါဝင်အားဖြည့်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.1 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:10:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias 
movie

[18+] Pihit (2025)

2025
Kumbaari (2024) 6.3
Kumbaari (2024) Kumbaari (2024) "တို့အတူ"ပေါ့ပေါ့ပါးပါး တမီးလ် ဖန်စီအချစ်ကားလေးကို တင်ဆက်လိုက်ပါတယ်သာယာတဲ့ နယ်မြို့လေးတစ်မြို့က အာရွန်ဆိုတဲ့ တည်ကြည်ရိုးသားတဲ့ ကောင်လေးနဲ့ အစအနောက်သန်တဲ့ ဒါရှီနီဆိုတဲ့ ကောင်မလေးတို့ဇာတ်လမ်းမှာဒါရှီနီက ယူကျုဘာတစ်ယောက်ဖြစ်ပြီး prank ဗီဒီယိုတွေ ရိုက်ရင်း အာရွန်နဲ့ မတော်တဆဆုံမိတာပါဗီဒီယိုတစ်ပုဒ် နာမည်ကြီးသွားတဲ့နောက်မှာတော့ အာရွန်တစ်ယောက် ဟီးရိုးကြီးဆိုတဲ့ နာမည်ရလာခဲ့ပြီး သူတို့နှစ်ယောက်ဘယ်လိုတွေ နီးစပ်လာကြမှာလဲဘယ်လိုရန်သူတွေနဲ့ ရင်ဆိုင်ဖိုက်ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.8 GB/ 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kumbaari (2024)

Tootsie (1982) 7.4
Tootsie (1982)  မိုက်ကယ် ဒေါ်ဆီ ဆိုတာက အနုပညာကို အရမ်းအလေးထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပေါ့။ ဒီလိုနဲ့ပဲ သူ့အမြင်မှာ မကောင်းဘူးလို့ ယူဆတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြုံလာရင် ငြင်းတတ် ခုန်တတ် အလုပ်ထွက်သွားတတ်လို့ နောက်ပိုင်းမှာ သူ့ကို ဘယ်သူမှ အလုပ်မခေါ်ချင်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင် ပြဇာတ်ကို ကပြချင်လာတော့ ပိုက်ဆံက လိုလာတယ်။ အဲဒါနဲ့ပဲ အလုပ်ရအောင် ဆိုပြီး ရှိုးတစ်ခုမှာ မိန်းမ ပုံစံနဲ့ သွားပြီး ဝင်အရွေးခံတော့တယ်။အဲဒီမှာ အရွေးခံလိုက်ရပြီး သူဟာ ယောင်္ကျားလေးတစ်ယောက်ဆိုတာကို ဘယ်သူမှမသိအောင်နေရင်း အလုပ်လုပ်တဲ့ပုံကို ဟာသစွက်ပြီး ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။ အလုပ်လုပ်ရင်းကနေ လုပ်ဖော်ကိုင်ဖက် ကောင်မလေး ကိုလည်း ကြိုက်သွားမိပြီး မိုက်ကယ်တစ်ယောက် မိန်းမဘဝနဲ့ နေရတာကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(5.8 GB)/(2.5 GB)/(950 Mb) Quality….Blu-Ray 4KHEVC/1080p / ...
movie

Tootsie (1982)

4K HEVC
Architecture 101 (2012) 7.4
Architecture 101 (2012) Architecture 101 (2012)**********************IMDb... 7.4 ငါတို့ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ..“အီဆွန်းမင်း” နဲ့ “ယန်းဆောယွန်း” တို့ကတော့ ၁၅ နှစ်ကြာခဲ့ပါတယ်။လက်ရှိမှာတော့ ဆွန်းမင်းက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့အလုပ်လုပ်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ပါ။ တစ်ရက်ကျ ဆွန်းမင်းဆီကိုသူငယ်ချင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး အိမ်ဆောက်ဖို့ အလုပ်လာအပ်ပါတော့တယ်။ဒီအမျိုးသမီးလေးကသာ ဆွန်းမင်းရှိတဲ့အရပ်ကို ရှာပြီးလာခဲ့ပေမဲ့ ဆွန်းမင်းကတော့ ဒီအမျိုးသမီးလေးကိုရုတ်တရက် မမှတ်မိပါဘူး။ ဒီလိုနဲ့စကားတွေပြောကြရင်း သူ့ဆီကိုရောက်လာတဲ့ အမျိုးသမီးလေးကတစ်ချိန်က သူ့ရဲ့သူငယ်ချင်း တစ်ဖြစ်လဲ အချစ်ဦး “ယန်းဆောယွန်း” ဖြစ်နေပါတော့တယ်။လွန်ခဲ့တဲ့ ၁၅ နှစ်အချိန် အသက် ၂၀ အရွယ်တုန်းက ဆွန်းမင်းက ဗိသုကာမေဂျာကျောင်းသားဖြစ်ပြီးဆောယွန်းကတော့ ဂီတမေဂျာကျောင်းသူပေါ့။နှစ်ယောက်သားရဲ့ ပထမဆုံးရေစက်ဆုံရာနေရာကတော့ “ဗိသုကာအတန်း ၁၀၁” ဖြစ်ပြီးဒုတိယနေရာကတော့ ဆွန်းမင်းရဲ့ဇာတိဖြစ်တဲ့ “ဂျောင်ရွန်း” ဆိုတဲ့ရပ်ကွက်လေးပါ။ကျောင်းမှာတင်ရေစက်ဆုံရုံမကဘဲ မြို့ပေါ်ကိုကျောင်းလာတက်တဲ့ ဂျယ်ဂျူကျွန်းသူလေး ဆောယွန်းတည်းခိုတဲ့အိမ်ကလည်း ဂျောင်ရွန်းရပ်ကွက်မှာပဲဆိုတော့ နှစ်ယောက်သားက အမြဲတတွဲတွဲဖြစ်လာတာပေါ့။ဒီလိုနဲ့သံယောဇဉ်တွေပိုလာပြီး သူငယ်ချင်းအဆင့်ကနေတက်ဖို့ကြိုးစားခဲ့ပေမဲ့ ...
movie

Architecture 101 (2012)

An Ideal Husband (1999) 6.8
An Ideal Husband (1999)  An Ideal Husband (1999)IMDb Rating (6.8) / Rotten Tomatoes (85%) ဒီတစ်ခါမှာတော့ Oscar Wilde ရဲ့  ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ An Ideal Husband ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Rupert Everette, Jeremy Northam, Julian Moore နဲ့ Cate Blanchett တို့ကအဓိကပါဝင်ထားပါတယ်။ဆာရော့ဘတ်ချေလ်တန်နဲ့ လေဒီဂါးထရုချေလ်တန်တို့လင်မယားဟာ အင်္ဂလိပ်နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး လူအများရဲ့လေးစားအားကျခြင်းကိုခံထားရသူတွေပါ။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့အမျိုးသမီးတစ်ယောက် လန်ဒန်ကိုပြန်ရောက်လာချိန်ကစပြီး ရော့ဘတ်တစ်ယောက်အတွက် အိပ်မက်ဆိုးတွေဖြစ်လာပါတယ်။မစ္စစ်ရှယ်ဗလီဟာ ရော့ဘတ်ငယ်ရွယ်စဥ်ကမှားခဲ့ဖူးတဲ့အမှားတစ်ခုကိုအကြပ်ကိုင်ပြီး သူမလိုချင်တာတွေကို ခြိမ်းခြောက်တောင်းဆိုပါတယ်။အဲ့ဒါကြောင့် ရော့ဘတ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ လော့ဒ်ဂေါရင်းဆီကိုသွားပြီး အပူကပ်ကာ အကူအညီတောင်းရပါတယ်။လော့ဒ်ဂေါရင်းကလည်း မစ္စစ်ရှယ်ဗလီနဲ့ အတိတ်မှာပက်သက်မှုရှိခဲ့ဖူးပါတယ်။ ထိုမိန်းမအကြောင်းကို ကောင်းကောင်းသိနေတဲ့လော့ဒ်ဂေါရင်းကလည်း သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားပါတယ်။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့မိန်းမက သူတို့အားလုံးကြားမှာ လင်မယားအချင်းချင်းပြဿနာတက်အောင် သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝင်မွှေသွားခဲ့ပါတယ်။သူတို့အားလုံး မစ္စစ်ရှယ်ဗလီ မွှေသွားတဲ့ပြဿနာတွေကို ...
movie

An Ideal Husband (1999)

1999
Silver Linings Playbook (2012) 7.7
Silver Linings Playbook (2012) Silver Linings Playbook (2012)IMDb Rating (7.7) / Rotten Tomatoes (92%)Bradley Cooper နဲ့ Jennifer Lawrence တို့အပြင် Robert De Niro , Chris Tucker , Julia Stiles စတဲ့နာမည်ကြီးတွေလဲပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Matthew Quick ရဲ့ ၀တ္ထုဖြစ်တဲ့ The Silver Linings Playbook ကို အသက်သွင်းထားတာပါ။ဂျနီဖာလောရန့်က ဒီဇာတ်ကားနဲ့ အော်စကာရခဲ့ပြီး တခြားသရုပ်ဆောင်တွေလဲ အော်စကာ Nominee ဝင်ခဲ့သလို ဘတ်ဂျက် $21 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ $236.5 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုကြီးမားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းအစမ်းခန့်ဆရာတစ်ယောက်ဖြစ်တဲ့ အဓိကဇာတ်ကောင်ပတ်ထ်ဟာ bipolar disorder ရောဂါခံစားနေရတဲ့ လူတစ်ယောက်ပါ။ မိန်းမဖောက်ပြန်နေတာကို ရေချိုးခန်းထဲမှာသွားတွေ့ပြီး အဲဒီလူကို သေလုနီးနီးထိ ...
movie

Silver Linings Playbook (2012)

4K HEVC
#Single (2025) 6.6
#Single (2025) SINGLE (2025) စင်ဂဲလ် (၂၀၂၅)ဒီကားလေးကတော့ IMDb 6.8 ရထားတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရည်းစားအပြိုင်ရှာကြတဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်..ဇာတ်လမ်းအစမှာတော့ အာရာဗင်နဲ့ဗီဂျေးသူငယ်ချင်းနှစ်ယောက် ဘုရားကျောင်းသွားပြီး အာရာဗင်က ချစ်သူရရှိရေးအတွက်ဆုတောင်းနေခဲ့ပါတယ် ..ဘုရားကျောင်းကအပြန်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်နဲ့ကြုံခဲ့ရပါတယ်.. ဘဝတစ်လျောက်လုံး ရည်းစားမရကြတဲ့သူငယ်ချင်းနှစ်ယောက် ..အခုအချိန်မှာ ဗီဂျေးက ဂါယာထရီလိုခေါ်တဲ့ကောင်မလေးနဲ့ အာရာဗင်ကိုမိတ်ဆက်ပေးဖို ရထားဘူတာကိုခေါ်သွားခဲ့တယ််.. ဗီဂျေးကောင်မလေးရသွားတော့ အာရာဗင်တစ်ယောက်ဘယ်လိုခံစားရမလဲ.. အာရာဗင်တစ်ယောက် ဂါယာထရီနဲ့တွေ့ရင် ဘာအလွဲတွေဖြစ်ဦးမလဲ … အာရာဗင်ကရော တောင်းထားတဲ့ဆုနဲ့ပြည့်ပြီး ချစ်သူလေးရသွားမှာလား.. ဗီဂျေးကရော ဂါယာထရီနဲ့ လက်တွဲတွေမြဲကြမှာလား .. ဒီကားလေးမှာအာရာဗင်နဲ့ ဗီဂျေးသူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောကာ ခံစားရမှာဖြစ်ပါတယ်လူငယ်တွေကြားမှာ ဖြစ်လေ့ရှိတဲ့ ကောင်လေးနဲ့ကောင်မလေးကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာသလေးတွေ .. သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လိုရည်းစားရအောင်ကူညီပေးရင်း တလွဲတွေဖြစ်သွားမလဲ... ဇာတ်လမ်းထဲမှာပါတဲ့ သူငယ်ချင်းနှစ်ယောက် နောက်ဆုံးမှာ လူလွတ်ဘဝကကျွတ်ပြီး အချစ်စစ်ကိုရှာတွေ့သွားမလား ကျန်ရစ်တွေပဲဖြစ်သွားမလားဒီအချစ်ဟာသဇာတ်ကားလေးမှာ ကြည့်ရှူပေးကြပါဦးအညွှန်းတဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.7 GB / 1.33 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

#Single (2025)

Juliet & Romeo (2025) 5.8
Juliet & Romeo (2025)  ရှိတ်စပီးယားရဲ့ ပြဇာတ်ဖြစ်တဲ့ ရိုမီယို ဂျူးလိယက်ပြဇာတ်ဟာ နာမည်ကျော်ပြီးသားဖြစ်သလို အများသိပြီးသားဖြစ်ပါတယ်..ရိုမီယို ဂျူးလိယက် ပြဇာတ်ကို မူအမျိုးမျိုးနဲ့ ရုပ်ရှင် ပြဇာတ် သီချင်းစတဲ့နယ်ပယ်အသီးသီးမှာ ပုံဖော်ကြသလို ခုတစ်ခေါက်ကားလေးဟာလည်းအသွင်သဏ္ဌာန်တစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေး ဖြစ်ပါတယ်..အီတလီနိုင်ငံအဖြစ်မပေါ်ထွန်းသေးခင် အချိန်ကာလ ပုပ်ရဟန်းမင်းနဲ့ ရောမတော်ဝင်နွယ်တို့အားပြိုင်ကြချိန် ဗရိုနာ ဒေသဟာ အစုတ်ဖြဲခံရမယ့် နယ်မြေဖြစ်လာခဲ့ပါတယ်..သို့သော်လည်း ဗရိုနာဒေသဟာ မူလကတည်းက စည်းလုံးညီညွတ်မှုမရှိဘဲ မိသားစုကြီးနှစ်ခုတို့ အားပြိုင်နေကြတဲ့ အရပ်ဖြစ်တဲ့အတွက် အင်အားကြီးသူတို့ဝင်လာတဲ့အခါ အင်အားမမျှဘဲ ထိုးအပ်လိုက်ရမယ့်အခြေအနေ ဆိုက်ခဲ့ပါတယ်..သို့နှင့် ဂျူးလိယက်ရဲ့ဖခင်ဖြစ်သူဟာ နယ်ခြားဒေသကဖြစ်သူ မင်းသားတစ်ပါးနဲ့ ဂျူးလိယက်ကို လက်ဆက်ပေးကာ မဟာမိတ်ဖွဲ့ဖို့လုပ်နေစဉ်မှာပဲ မဟာရန်သူတော်မိသားစုမှရိုမီယိုနဲ့ ဂျူးလိယက်တို့ အချစ်ဇာတ်လမ်းပေါ်ပေါက်ခဲ့ပြီး အချစ်ရေးအတွက် ရုန်းကန်ရဖို့ ဖြစ်လာပါတော့တယ်..ဒီကားလေးဟာဆိုရင် Romance/Drama/ Musical အမျိုးအစားလေးဖြစ်တာကြောင့် သီချင်းတွေအများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားပြီး ရှိတ်စပီးယားလက်ရာပေါ်မှာကွန့်မြူးထားတဲ့ ဒါရိုက်တာရဲ့ ဇာတ်ကွက်အပြောင်းအလဲများကိုလည်း အမြင်မတူဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိတ်သတ်များ မြည်းစမ်းကြည့်ရှုနိုင်ရန်ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်....( အညွှန်းနဲ့ ဘာသာပြန်ကတော့ Ye Thiha ...
movie

Juliet & Romeo (2025)

Bhool Chuk Maaf (2025) 6.6
Bhool Chuk Maaf (2025) Bhool Chuk Maaf (2025)"တဝဲလည်လည် အချစ်" ======================================ဟာသကားကောင်းကောင်းကြည့်ချင်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ ဟင်ဒီစကားပြောအသစ်ထွက် ရုံတင်ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာတော့ Stree ရုပ်ရှင်တွေနဲ့ HIT remake မှာ ပါဝင်ခဲ့တဲ့ မင်းသား ရာ့ဂျ်ကူးမားရောင်က အဓိကပါဝင်ထားတာပါ။ဇာတ်လမ်းကတော့.. ရန်ဂျန်နဲ့ တီတလီတို့ဟာ အချင်းချင်း မတည့်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်ခုကနေ ပေါက်ဖွားလာတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။သူတို့နှစ်ယောက်ဟာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့ကြပေမဲ့ လမ်းတဝက်မှာတင် မိဘတွေက မိသွားပြီး တီတလီ့အဖေက ရန်ဂျန်သာ နှစ်လအတွင်း အစိုးရအလုပ်ရှာနိုင်ရင် တီတလီနဲ့ ပေးစားမယ်လို့ ရာဇသံပေးလိုက်ပါတယ်။ပုဂ္ဂလိကအလုပ်ထက် အစိုးရအလုပ်က ပိုဂုဏ်သိက္ခာရှိတဲ့ အိန္ဒိယမှာ နှစ်လအတွင်းအစိုးရအလုပ် ရဖို့ဆိုတာ မြွေကို လမ်းလျှောက်သင်ပေးရသလို မဖြစ်နိုင်သလောက်ပါပဲ။နဂိုကတည်းက အလုပ်မရှိတဲ့ ရန်ဂျန်တစ်ယောက် တီတလီ့ကို အဆုံးရှုံးမခံနိုင်တဲ့အတွက် ဘုရားမှတပါးအားကိုးစရာမရှိဆိုပြီး ဘုရားမှာကတိပေးကာ အလုပ်ရပါစေလို့ သစ္စာပြုဆုတောင်းခဲ့ပါတယ်။အဲဒီလို သစ္စာပြုပြီးနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ရသွားခဲ့ပေမဲ့ ဘုရားကိုပေးခဲ့တဲ့ကတိကို မတည်မိတဲ့အတွက် မင်္ဂလာမဆောင်ခင်အချိန်ထဲမှာပဲ စက်ကွင်းမိကာ တဝဲလည်လည်ဖြစ်နေတဲ့အခါမှာတော့...။ဘုရားကို ဘာကတိပေးခဲ့တာလဲ၊ အချိန်စက်ကွင်းထဲမှာ ဘယ်လိုတလွဲတွေလုပ်မိမှာလဲ၊ အချိန်စက်ကွင်းထဲကနေ ထွက်နိုင်သွားမှာလားဆိုတာတွေကို ရယ်ရယ်မောမော ကြည့်ရှုခံစားကြရမယ့် ဟာသရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood ...
movie

Bhool Chuk Maaf (2025)

Jigel (2025) 6.0
Jigel (2025) Jigel (2025) "ဖောက်ထွင်းဆရာလေး"ပေါ့ပေါ့ပါးပါး တေလဂူး အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်‌နန်ဒူဟာ ဘယ်လိုမီးခံသေတ္တာမဆို ရအောင်ဖွင့်နိုင်တဲ့ ပညာရှင်ဖြစ်ပြီး သူ့ရဲ့ တုနှိုင်းမမီတဲ့ လုပ်ရည်ကိုင်ရည်ကြောင့် မြေအောက်လောကသားတွေ ခေါ်ခိုင်းတာခံရတဲ့သူပါတစ်ရက်မှာတော့ သူ့အိပ်မက်ထဲ မကြာခဏဆိုသလို ရောက်လာတဲ့ ကောင်မလေးကို အပြင်မှာမတော်တဆ ဆုံခဲ့ပါတယ်ဒီကောင်မလေးကလည်း သူ့နည်းတူ ဉာဏ်များတဲ့ကောင်မလေးဖြစ်ပြီး သူတို့နှစ်ယောက်ပေါင်းလို့ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမှာလဲအန္တရာယ်တွေနဲ့ကြုံလာရတဲ့အခါ နှစ်ယောက်အတူ ဘယ်လိုရုန်းထွက်ကြမလဲ ကြည့်ရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…3 GB / 1.5 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 28min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jigel (2025)

Raja Hindustani (1996) 6.1
Raja Hindustani (1996) Raja Hindustani 1996 ကြမ္မာချစ်သူ Imdb 6.1/10ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကို ပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီးကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့ အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီး ခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ နွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ...
movie

Raja Hindustani (1996)

Everything About My Wife (2025) 5.5
Everything About My Wife (2025) အချစ်ဟာသဖိလစ်ပိုင်ရုပ်ရှင် Everything About My Wife ကတော့ ၂၀၀၈ အာဂျင်တီးနားရုပ်ရှင် A Boyfriend For My Wife ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၂ မှာလည်း All About My Wife ဆိုတဲ့ကိုရီးယားကားထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းကတော့ ကလေးမရဘဲ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးမှာမပျော်တော့တဲ့ဒွန်တစ်ယောက် ကိုယ့်ဘက်ကစပြီးလမ်းမခွဲချင်တာကြောင့် သူ့မိန်းမအီမိုက သူ့ကိုထားသွားအောင်မြူဆွယ်ပေးဖို့ လူရှုပ်လူပွေမီဂဲလ်ကို လုပ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အီမိုနဲ့မီဂဲလ်ကြားတွယ်တာမိလာတာနဲ့အမျှ ဒွန်ရဲ့အီမိုအပေါ်ထားတဲ့အမြင်နဲ့သဘောထားတွေကလည်း ပြောင်းလဲလာခဲ့ပါတယ်။ ခင်ပွန်းတစ်ယောက်အနေနဲ့ အဆိုးရွားဆုံးအမှားကြီးတစ်ခုကျူးလွန်မိပြီဆိုတာ ဒွန်သိလိုက်ရချိန်မှာတော့ အီမိုကိုပြန်ရအောင် မရမကကြိုးပမ်းပါတော့တယ်။File size… (1.63 GB) / ( 958 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Everything About My Wife (2025)

The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
4K HEVC
Maybe Forever (2024) 6.3
Maybe Forever (2024) Maybe Forever (2024) IMDbs 6.3/10 (Romance) =============================== ဘဝမှာခါးသီးတာတွေအများကြီးဖြတ်သန်းခဲ့ပြီးတဲ့လူနှစ်ယောက်ကံကြမ္မာအရနှလုံးသားချင်းဆုံဆည်းသွားကြပြိီး ပြီးပြည့်စုံတဲ့အချစ်စစ်ကို ခံစားနေရတဲ့အခိုက်အတန့်လေးတွေကို ရိုးရိုးလေးနဲ့ဒိုင်ယာလော့လှလှလေးတွေနဲ့ ဖော်ကြူးထားတဲ့ ရိုမန့်စ်ကားလေးပါ တစ်ယောက်နဲ့တစ်ယောက် သဘောကျရတဲ့​အကြောင်းလေးတွေကို ကဗျာဆန်ဆန်လေးပြောပြလိုက် အမူအရာအကြည့်တွေနဲ့ဖော်ပြလိုက်နဲ့ ဇာတ်အိမ်ကအတော့်ကိုရိုးရှင်းပေမဲ့ ကြည့်ရင်းရည်းစားလိုချင်လာမဲ့ vibe မျိုးရသွားလောက်ပါတယ် မိုးအေးအေးနဲ့ ပြုံးပြီးကြည့်လိုက်ကြပါအုံး... File size…    1 GB /  500 MB Quality… Webrip 1080p / 720p Format… mp4 Audio... AAC Duration…. 1h 11m Genre ..... Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Shwe Eain Si
movie

Maybe Forever (2024)

The Sound of Waves (2023) 5.9
The Sound of Waves (2023) The Sound of Waves (2023) ဇာတ်ကားကတော့ခံစားချက်တွေနဲ့ပြည့်နေတဲ့ပုံစံနဲ့ရိုက်ကူးထားပါတယ်။ဇာတ်လမ်းကတော့ဇာတ်သရုပ်ဆောင်မင်းသမီးနဲ့ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ အရင်ရည်းစားဟောင်းတို့ရဲ့ဇာတ်လမ်းပါ။သူတို့ပြောတဲ့စကားတွေကလက်တွေ့ ကျပြီးတော့တစ်ခြားတစ်ဖက်ကကြည့်မယ်ဆိုရင်လည်းစိတ်နာဖို့ကောင်းပါတယ်။ဇာတ်လမ်းက ရိုးရှင်းပေမဲ့ ခံစားမှုတွေအနေနဲ့သေချာလိုက်ကြည့်မယ်ဆိုရင်တော့ နက်နဲပါတယ်။အချစ်၊ စိတ်ခံစားချက်တွေ အဆင်မပြေမှုတွေ နဲ့မျှော်လင့်ချက်တွေပြန်ပြီးပေါက်ဖွားလာတာတွေကိုရိုက်ပြထားပါတယ် ။သရုပ်ဆောင်တာကတော့ ပုံမှန်အနေအထားလောက်ပါပဲစကားပြောတွေကတော့တကယ့်လက်တွေ့ဘဝတွေ့မှာဖြစ်လေ့ဖြစ်တဲ့ရှိတဲ့အကြောင်းတွေပါပဲ။ကြီးကြီးမားမားမရှိပေမယ့်စိတ်ခံစားချက်တွေကိုခံစားတတ်တဲ့သူတွေအနေနဲံတော့ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပါပဲ။ File size…    1.2 GB /  500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ..... Romance / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Banyar Aung
movie

The Sound of Waves (2023)

I Want to Live on Mars (2023) 6.2
I Want to Live on Mars (2023) I want to live on Mars (2023)ယခုအခါတင်ဆက်ပေးလိုက်တာကတော့သူငယ်ချင်းနှစ်ယောက်အကြောင်းရိုက်ထားတဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်.... ပစ်ကယ်စ်ဆိုတဲ့ကောင်မလေးက Centralia ဆိုတဲ့မြို့ပျက်တစ်ခုမှာနေထိုင်တဲ့သူပါ...(Centralia ဆိုတာကတော့ ၁၉၆၂ ခုနှစ်ထဲကမြို့အောက်မှာကျောက်မီးသွေးတွေလောင်ကျွမ်းနေလို့၂၀၂၀ ခုနှစ်ထဲကလူဦးရေငါးယောာက်ပဲရှိတော့တဲ့မြို့ပျက်တစ်ခုပါ)....ဒီမြို့ပျက်ကိုဘရီဇီနဲ့သူ့အမေနန်စီရောက်ရှိလာခဲ့ပါတယ်...ဘရီဇီနဲ့သူ့အမေကအဆင်မပြေတာတွေရှိနေခဲ့ပြီးဘရီဇီကပစ်ကယ်စ်ဆီသွားနေခဲ့ပါတယ်....ဒီလိုနဲ့ပုံစံမတူတဲ့သူငယ်ချင်းနှစ်ယောက်မြိုပျက်ကအဆင်မပြေမှုတွေကိုကျောခိုင်းပြီးအတူတူထွက်သွားကြတဲ့အကြောင်းလေးကိုရိုက်ပြထားတာပဲဖြစ်ပါတယ် File size…    1.2 GB /  550 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ..... Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Akm
movie

I Want to Live on Mars (2023)

Fatti Vedere (2025) 5.7
Fatti Vedere (2025) Fatti Vedere က ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အီတလီ ဟာသရိုမန့်စ် ရုပ်ရှင်တစ်ကားဖြစ်ပြီးဒါရိုက်တာ Tiziano Russo ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့Sandra (Matilde Gioli) ဆိုတဲ့ စိတ်ပညာဘွဲ့ရထားတဲ့ ကောင်မလေးတစ်ယောက်ပါ။သူမက FATTIVEDERE.COM ဆိုတဲ့ နာမည်ကြီး အွန်လိုင်းစိတ်ကုထုံးဆိုက်မှာ အလုပ်သစ်ရထားလို့ ဝမ်းသာနေချိန်မှာ သူမရဲ့ ဆယ်နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူStefano (Francesco Centorame) က ဘာအကြောင်းပြချက်မှ မပေးဘဲ သူမကို စွန့်ပစ်သွားခဲ့တယ်။ဒီလိုနဲ့ Sandra တစ်ယောက် ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကို သိရဖို့ စိတ်ရှုပ်ထွေးပြီး အဖြေရှာဖို့ ကြိုးစားပါတော့တယ်။ဒါပေမယ့် သူမရဲ့ ပထမဆုံးအလုပ်နေ့မှာပဲ ဆိုက်မှာ အမှားတစ်ခုဖြစ်ပြီးSandra ရဲ့ ဓာတ်ပုံအစား အသက် ၇၀ အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ဓာတ်ပုံနဲ့ အထောက်အထားတွေ ထည့်သွင်းခံရတယ်။ပိုပြီး ထူးဆန်းတာက သူမရဲ့ ပထမဆုံး လူနာတွေထဲမှာ Stefano ...
movie

Fatti Vedere (2025)

1 Imam 2 Makmum (2025) 6.3
1 Imam 2 Makmum (2025)  1 Imam 2 Makmum (2025)IMDb Rating (6.3) ဆုံးပါးသွားတဲ့ အရင်ဇနီးဟောင်းကို မမေ့နိုင်သေးတဲ့ Arman က သူ့အမေဆန္ဒအရ Anika ဆိုတဲ့ မိန်းမငယ်လေးကို အလိုမတူဘဲ လက်ထပ်ခဲ့ရတယ်။Anika က Arman နဲ့ Arman ရဲ့သမီးလေး Yasmin ကို အရမ်းချစ်ပြီး ပြုစုစောင့်ရှောက်ပေးရင်း အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ဒါပေမဲ့ အရင်ဇနီးဟောင်းကို မေ့မရသေးတဲ့ ခင်ပွန်းသည် Arman ကို Anika နောက်ဆုံးမှာ သူ့ကိုချစ်လာအောင် ပြောင်းလဲနိုင်မလား၊ Yasmin လေးနဲ့ Anika ကြားက သံယောဇဉ်က အမေနဲ့သမီးဆက်ဆံရေးအဖြစ် တည်ရှိသွားနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ မိသားစုချစ်ခြင်းမေတ္တာ၊ ကတိကဝတ်တည်မြဲမှုတွေနဲ့ ရင်ထဲနွေးထွေးဖွယ် ကြည့်ရှုရမဲ့ ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.3 GB) / (610 MB) Quality….WEB-DL ...
movie

1 Imam 2 Makmum (2025)

2025