Channel Myanmar

Romance

My Love, My Bride (2014)
My Love, My Bride (2014) My Love, My Bride (2014)*************************IMDb... 6.5 ဒီတစ်ခါမှာတော့ လူတိုင်းရဲ့ရင်ထဲမှာ အမြှီးကိုးချောင်း မြေခွေးမလေးအဖြစ်ကျန်ရစ်နေဆဲဖြစ်တဲ့ Shin Min-ah နဲ့အတူ Hospital Playlist နဲ့ လူသိများတဲ့အပြင်အဆိုရောသရုပ်ဆောင်ပါကောင်းတဲ့ Jo Jung Suk တို့ရဲ့ 2014တုန်းက ထွက်ရှိထားတဲ့အိမ်ထောင်ရေးအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်းအိမ်ထောင်ပြုတယ်ဆိုတာ ချစ်‌နေရုံနဲ့တင် အဆင်ပြေနိုင်တယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာရင်တော့လက်တွေ့နဲ့ ရင်ဆိုင်ရမှာပါပဲ။ ဂင်ယောင်းမင်နဲ့ဂင်မီယောင်းတို့ရဲ့ ဇာတ်လမ်းကလည်း အတူတူပါပဲ။၄နှစ်ကြာတွဲပြီးတဲ့နောက် သမီးရည်းစားအဆင့်ကနေ အဆင့်တက်သွားကြတဲ့နှစ်ယောက်သားပူပူနွေးနွေး စိတ်ကူးယဥ်ဆန်တဲ့ ကြင်စဦးအချိန်တွေကစလို့ လက်တွေ့နဲ့ယှဉ်လာတဲ့ အိမ်ထောင်ရေးအထိရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ တတိယလူ၊ ဘဝတက်လမ်းနဲ့ ဝါသနာတွေ ပါဝင်လာတဲ့အချိန်မှာဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ချပြထားပြီးတော့ ယောင်းမင်နဲ့ မီယောင်းတို့ ဇနီးမောင်နှံ နှစ်ဦးဘယ်လိုနားလည်မှုတွေနဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့  Milkeux ပဲ ဖြစ်ပါတယ်။)  File Size : 1.46GB/ ...
movie

My Love, My Bride (2014)

Life Risking Romance (2016) 6.4
Life Risking Romance (2016) Life Risking Romance (2016)***************************IMDb... 6.4 လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရှုလို့ရနိုင်မယ့်ဒီရုပ်ရှင်ကားမှာတော့ အားလုံးသိကြတဲ့ အမြဲနုပျိုလှပနေတဲ့မင်းသမီး Ha Ji Won,မင်းသား Chun Jung Myungနဲ့ ထိုင်ဝမ်မင်းသား Chen Bolinတို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ဟန်ဂျယ်အင်း (Ha Ji Won) ဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ပြီးလူတွေကို သံသယစိတ်လည်းများတာကြောင့် အမြဲမှားယွင်းပြီး ရဲတိုင်နေတတ်သူပါ။သူမရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကတော့ ရဲအရာရှိ ဆောရို့ဟွမ် (Chun Jung Myung) ဖြစ်ပြီးငယ်ငယ်လေးတည်းက သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပေါ့။ဒီသူငယ်ချင်းနှစ်ယောက်နေထိုင်တဲ့ အီထယ်ဝန်မြို့မှာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီးလူမနေတဲ့အိမ်အလွတ်တွေမှာ လာလွှင့်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ ဂျယ်အင်းဟာ သူမနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်ကနေ အော်သံတစ်ခုကြားလိုက်ရတာကြောင့်ရဲတိုင်လိုက်ပေမဲ့ ဘယ်သူမှမယုံပေးခဲ့ကြပါဘူး။ဒါ‌ကြောင့် အဲဒီတိုက်ခန်းမှာနေတဲ့ FBI အေးဂျင့် ဂျေဆင်ချန် (Chen Bolin) ကို ကွင်းဆက်လူသတ်သမားပဲလို့ယုံကြည်ပြီး ရို့ဟွမ်နဲ့အတူ နောက်ယောင်ခံလိုက်ကြပါတော့တယ်။ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂျယ်အင်းတစ်ယောက်‌ ချောမောခန့်ညားတဲ့ ဂျေဆင်ချန်ကို ကြွေမိသွားတဲ့အခါမှာတော့...ကွင်းဆက်လူသတ်သမားက ...
movie

Life Risking Romance (2016)

Love In The Clouds (2025) 5.5
Love In The Clouds (2025) ဆီယက်တယ်လ်က သတင်းထောက် ဘရွတ်ကလင် (McKenzie Westmore) ဟာ နယူးမက္ကဆီကိုရဲ့ ရောင်စုံမီးပုံးပျံပွဲဖီယက်စတာကိုသတင်းယူဖို့ ရောက်လာချိန်မှာ ရိုမန်တစ်ဆန်တဲ့ မီးပုံးပျံပိုင်းလော့ ဂျရက်(Paul Greene) နဲ့ ဆုံတွေ့ခဲ့တယ်။သူဟာ ချစ်သူတွေအတွက် ရင်ခုန်စရာ မီးပုံးပျံခရီးတွေ ပို့ဆောင်ပေးနေပေမယ့် သူ့ရဲ့ နှလုံးသားကတော့ အချစ်အတွက် နေရာမရှိပါဘူး။အယ်လ်ဘူကာကီရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကြားမှာ သူတို့နှစ်ဦးရဲ့ မမျှော်လင့်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာတဲ့အခါ...ဒီရိုမန်တစ်ဇာတ်လမ်းဟာ အချစ်ရဲ့ မှော်ဆန်မှုနဲ့ မီးပုံးပျံ တွေရဲ့ လွတ်လပ်မှုကို ရောယှက်ပြီး သင့်နှလုံးသားကို မိုးကုတ်စက်ဝိုင်းထက်လွင့်ပျံစေမယ့်ခရီးစဥ်တစ်ခုကို ကြည့်ရှုလိုက်ကြပါ..... File Size… (1.40 GB) / ( 691 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 24m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT
movie

Love In The Clouds (2025)

Bonjour Tristesse (2025) 6.0
Bonjour Tristesse (2025) Bonjour Tristesse ရုပ်ရှင်ဟာ Françoise Sagan ရဲ့ ၁၉၅၄ ခုနှစ်ထွက် ဂန္ထဝင်ဝတ္ထုကို အခြေခံတဲ့ရုပ်ရှင်ဖြစ်ပြီး Durga Chew-Bose က ရိုက်ကူးထားပါတယ်။ဇာတ်လမ်းကတော့ အသက် ၁၈ နှစ်အရွယ် Cécile (Lily McInerny) ဟာ ပြင်သစ်ကမ်းခြေတစ်ခုမှာ ဖခင်ဖြစ်သူ Raymond (Claes Bang) ၊ဖခင်ရဲ့ချစ်သူ Elsa (Naïlia Harzoune) တို့နဲ့အတူဖြတ်သန်းတဲ့ နွေရာသီကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဒါပေမဲ့ Cécile ရဲ့သေဆုံးသွားတဲ့မိခင်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Anne (Chloë Sevigny) ရောက်ရှိလာချိန်မှာတော့ သူတို့ရဲ့ ပျော်ရွှင်မှုတွေ အဆုံးသတ်ခဲ့ရပါတော့တယ်။Anne ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ Raymond အပေါ် Anne ရဲ့လွှမ်းမိုးမှုကြောင့် မကျေနပ်ဖြစ်လာတဲ့ Cécile ဟာ Elsa ၊ သူ့ချစ်သူကောင်လေး Cyril(Aliocha Schneider) တို့နဲ့ပူးပေါင်းကြံစည်ပြီး Anne နဲ့ Raymond ...
movie

Bonjour Tristesse (2025)

Azzamine (2024) 7.0
Azzamine (2024)  Azzamine (2024)IMDb Rating (7.0) Jasmine က ဘာသာရေးကိုင်းရှိင်းမှုမရှိတဲ့ အပျိုဖော်ဝင်စ မိန်းကလေးတစ်ဦးဖြစ်ပြီး မိဘတွေရဲ့ ပေးစားမှုကြောင့် Azzam ဆိုတဲ့ ဘာသာရေးအလွန်ကိုင်းရှိင်းတဲ့ ကောင်လေးနဲ့ မိတ်ဆက်အောင်သွယ်ပေးခံခဲ့ရတယ်။ဒါပေမဲ့ Jasmine က ဆန့်ကျင်ဘက်စရိုက်တွေကြောင့် Azzam ကို မြင်မြင်ချင်း ကြည့်မရဖြစ်ပြီး Azzam ဆီကနေ ရှောင်ဖယ်ငြင်းဆိုဖို ဆက်တိုက်ကြိုးစားခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Azzam ရဲ့ စိတ်ကောင်းရှိမှု၊ စိတ်ထားနူးညံ့မှုနဲ့ စိတ်ရှည်မှုတွေကို မြင်လာရပြီး Jasmine တစ်ယောက် တွေဝေရင်း ခံစားချက်တွေ ယိမ်းယိုင်လာပါတော့တယ်။ပြဿနာက Jasmine မှာ သူ့အဖေသဘောမတူပေမဲ့ လေးနှစ်ကြာတွဲနေခဲ့တဲ့ Deka ဆိုတဲ့ ရည်းစားလည်းရှိတာကြောင့် Azzam နဲ့ Deka ကြား ဒွိဟတွေဖြစ်ပြီး Jasmine ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.6 ...
movie

Azzamine (2024)

2024
Hateship Loveship (2013) 6.2
Hateship Loveship (2013) Hateship Loveship (2013) *************************IMDb - 6.2ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ Hateship Loveship လို့ အမည်ရပြီး နိုဗယ်ဆုရ စာရေးဆရာမ Alice Munro ရဲ့ “ Hateship friendship courtship loveship marriage “ လို့ အမည်ရတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Caregiver တစ်ယောက်ဖြစ်တဲ့ Johanna Perry ဟာ လက်ရှိ သူပြုစုနေတဲ့ အဘွား ဆုံးပါးသွားတဲ့အခါ အဘွားရဲ့ အဆက်အသွယ်နဲ့ပဲ နောက်တစ်အိမ်ကို ရောက်ခဲ့ရပါတယ်။ အဲဒီအိမ်ကတော့ အဘိုးဖြစ်သူ McCauley နဲ့ မြေးမလေး Sabitha တို့ရဲ့ အိမ်ပဲဖြစ်ပါတယ်။Sabitha ရဲ့ အဖေ Ken ဟာ ထောင်ထွက်ဆေးသမားတစ်ယောက်ဖြစ်တဲ့အပြင် ယောက္ခမဖြစ်တဲ့ McCauley နဲ့လည်း တကျက်ကျက်ပါပဲ ။ အဲဒီကြားထဲမှာမှ ခပ်ဆိုးဆိုး ဆယ်ကျော်သက်ကလေးမလေး နှစ်ယောက်ဖြစ်တဲ့ ...
movie

Hateship Loveship (2013)

Upcoming Summer ( 2021 ) 6.9
Upcoming Summer ( 2021 ) ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကို သိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီ ဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ် သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါဇာတ်ကြောင်းလေးကတော့ ...ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲ တစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့ စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့ အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံပုံလေးကတော့... ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲ သူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှ ာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီး မိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကို လက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့ လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ် ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကို ထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော် Filesize : 1.75 GB / 958 MB Quality ...
movie

Upcoming Summer ( 2021 )

I Dreamed A Dream ( 2021 ) 5.6
I Dreamed A Dream ( 2021 ) I dreamed a dream ဆိုတဲ့ဇာတ်ကား‌က ရွှေကျင်းလို့ခေါ်တဲ့ ကောင်မလေးနဲ့ ယောဂအိပ်မက် နည်းပြဆရာကြီး လီရှီဟောင် (ရွှေကျင်းရဲ့အဖေ)တို့ရဲ့ အိပ်မက်ခရီးစဉ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ရွှေကျင်း ငယ်ငယ်ထဲက သူ့အိပ်မက်ထဲမှာ စူးရှတဲ့အလင်းတန်းကိုအမြဲတွေ့နေရခဲ့တယ် အဲ့အလင်းတန်းကို ဘာဖြစ်လို့အမြဲမြင်နေရလဲဆိုတာ သူကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး သူ့အဖေက နတ်နဂါးရဲ့မျက်လုံးဆိုပြီး တင်စားပြီးပြောဆိုခဲ့တယ်နတ်နဂါးမျက်လုံးဆိုတာတော့ အိပ်မက်ထဲကစိတ်ကူးယဥ်ကမ္ဘာနဲ့ ကျွန်တော်တို့အပြင်လောက ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးတဲ့ လိုဏ်ခေါင်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ် အရမ်း‌ချမ်းသာလွန်းတဲ့ သူဌေးလီရှီဟောင်က သူ့သေခါနီးအချိန်မှာ ပိုင်ဆိုင်ခဲ့တဲ့ရှယ်ယာတွေအားလုံးကို သူ့ရဲ့တစ်ဦးတည်းသောဖြစ်တဲ့ သူ့သမီးရွှေကျင်းကိုမပေးခဲ့ပဲ သူ့ရဲ့ ငယ်ဘဝက အချစ်ဦးဖြစ်သူ ကျူးလိယင်းကိုပေးခဲ့လိုက်တယ် ကျူးလိယင်းနဲ့ လီရှီဟောင်က ကိုယ့်အိမ်ထောင်နဲ့မိသားစုတွေရှိနေပြီး အချင်းချင်းအဆက်သွယ်မရှိတာလဲကြာခဲ့ပါပြီ ဒါပေမဲ့ ရုတ်တရက်ကြီး ရှယ်ယာတွေကို ကျူးလိယင်းလက်ထဲအပ်ခဲ့လဲဆိုတာ ရွှေကျင်းကအံ့ဩတဲ့အတွက် ကျူးလိယင်းအကြောင်းကိုလိုက်ပြီးစုံစမ်းရာမှ မထင်မှတ်ပဲ လျှို့ဝှက်ချက်များကိုသိခဲ့လိုက်ရပါတယ်အဲ့လျှို့ဝှက်ချက်တွေကို ရွှေကျင်းကလိုက်စုံစမ်းရင်း သေခါနီး comaဖြစ်နေတဲ့သူ့အဖေရဲ့ အတွင်းစိတ်အိပ်မက်ထဲကို ယောဂအိပ်မက်ကတစ်ဆင့် ဘယ်လိုကြည့်ရှုခဲ့ပါတယ် ကျူးလိယင်းနဲ့ ဒီလျှို့ဝှက်ချက်ကြားမှာ ဘယ်လိုပတ်သက်နေတာလဲ ယောဂအိပ်မက်ဆိုတာက ဘာလိုမျိုးဖြစ်မလဲ နောက်ဆုံးအမှန်တရားနဲ့ အိပ်မက်ထဲအမြဲမြင်နေခဲ့ရတဲ့ အလင်းတန်းကရော ဘာဖြစ်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာ Filesize : 1.41 GB / 767 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Duration : ...
movie

I Dreamed A Dream ( 2021 )

Message in a Bottle (2025) Mensaje en una botella 6.4
Message in a Bottle (2025) Mensaje en una botella  Mensaje en una botella (2025)IMDb Rating (6.4) ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ် ထွက်ရှိလာတဲ့ အချိန်ခရီးသွားပုံစံ စပိန်ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်ကားလေးရဲ့ နာမည်ကတော့ မြန်မာလိုပုလင်းထဲက စာတစ်စောင်လို့ အမည်ရပါတယ်။ဇာတ်လမ်းအကျဉ်းဒန်းနိစ့်ကွန်တီ လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ ဝိုင်ပုလင်းမှာပါတဲ့ ခုနှစ်အလိုက် ပုလင်းအလွတ်ထဲကို စာတစ်စောင်ထည့်လိုက်တာနဲ့အဲ့ဒီခုနှစ်ကို အဲ့ဒီစာက ရောက်ရှိသွားပြီး သူ့ရဲ့ အနာဂတ် ကို ပြောင်းလဲလို့ရတယ်ဆိုတာ တွေ့ရှိသွားပြီးတဲ့ နောက်မှာ အတိတ်မှာ မှားခဲ့တဲ့ လုပ်ရပ်တွေကို မှန်ကန်အောင် ပြင်ဆင်ရင်း မှားပြီးရင်း မှားနေရင်းကနောက်ဆုံးမှာတော့ မှန်ကန်ပြီး သူမ လိုချင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်သွားမလာဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရှု့ခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size… (2.4 GB) / (1.2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. ...
movie

Message in a Bottle (2025) Mensaje en una botella

2025
One Week Friends ( 2022 ) 6.0
One Week Friends ( 2022 ) 2017 က ထွက်ခဲ့တဲ့ နာမည်ကြီး Movie One Week Friends ဆိုတဲ့ ဂျပန်ကားလေးရဲ့ Remake Version လေးဖြစ်ပါတယ် ဂျပန်မင်းသားချောYamazaki Kento ဇာတ်ကားကောင်းတွေထဲကတစ်ကားပေါ့... အခုတော့ တရုတ် Remake Versionလေးမှာဘာတွေပြောင်းပြီး ဘာတွေမတူလဲမေးရင်တော့ ဇာတ်ကားလေးကြည့်လိုက်လို့ပဲပြောချင်ပါတယ်... ဗားရှင်း ၂မျိုးလုံးကို ကြိုက်လို့ပါ...အခု တရုတ်ဗားရှင်းမှာဆိုရင် lin yi လေးနဲ့တင် ကြည့်ရတာတန်တဲ့အပြင်တခြားမင်းသား မင်းသမီးအားလုံးလည်း ရူပါပါရမီပြည့်တာမို့ ကြည့်လို့ကောင်းနေတယ်... ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ယုံရှုဆိုတဲ့ကောင်လေးက ကျောင်းပြောင်းလာတဲ့ လင်ရှန်းကျီဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ဘာကြောင့်မှန်းမသိအရမ်းစိတ်ဝင်စားပြီး သူ့အနားရောက်ဖို့ ကြိုးစားခဲ့တာပေါ့...တစ်ချိန်တည်းမှာ လင်ရှန်းကျီကလည်း ပစ်ပစ်ခါခါ ခါးခါးသီးသီးကို ယုံရှုရဲ့ ကြိုးစားမှုတိုင်းကို ငြင်းဆန်တာပေါ့... ဘာလို့လဲဆိုတော့ လင်ရှန်းကျီဟာ ငါးမှတ်ဉာဏ်လိုမျိုးပဲ တစ်ပတ်တာ မှတ်ဉာဏ်ပဲရှိသူမလို့ပါ... ဒါပေမယ့် ဇွဲကောင်းသူ ယုံရှုကတော့ အကြိမ်ကြိမ် အပတ်တိုင်း ပြန်ခင်ဖို့ကြိုးစားတာပေါ့...ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ သူငယ်ချင်းအုပ်စုထဲက ကျန်းဝူနဲ့ရှောင်နန်တို့က လင်ရှန်းကျီရဲ့ လျို့ဝှက်ထားတဲ့ အတိတ်က အဖြစ်ပျက်ကို သိသွားခဲ့တယ်.... ဒီအဖြစ်အပျက်က ထူးခြားစွာနဲ့ပဲ ယုံရှုနဲ့ပတ်သက်နေတယ်...ကျန်တာဆက်ပြီးတော့ မ spoil တော့ပါဘူး... ဇာတ်ကားလေးကြည့်လိုက်ပါတော့... Filesize : 1.48 GB / 839 MB Quality : WEB-DL 1080p HEVC , 720p ...
movie

One Week Friends ( 2022 )

A Way Station ( 2021 ) 6.2
A Way Station ( 2021 ) ဟိုးငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့အထက်တန်းကျောင်းသားနဲ့ ကျောင်းသူလေးတို့ နှစ်ယောက်သားအရမ်းချစ်ခဲ့ကြတယ်တစ်နည်းပြောရရင်‌ ငယ်ချစ်ဦးတွေပေါ့ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့်ကွဲသွားကြတယ် ဒီလိုနဲ့ကောင်မလေးက ဆိုးလ်မှာအလုပ်လုပ်နေရင်း သူ့မှာကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတာ သိလိုက်ရတော့ နယ်မြို့လေးဆီပြန်လာခဲ့တယ်ငယ်သူငယ်ချင်းတွေနဲ့ဆုံဖြစ်တော့ ငယ်ချစ်ဦးလေးလည်းပါ‌တာပေါ့နော်ကောင်လေးမှာက အယ်ဇိုင်းမားဖြစ်နေတယ် ကောင်မလေးကကင်ဆာနောက်ဆုံးအဆင့်ရောဂါသည် နှစ်ယောက်လုံးက ချစ်ရက်နဲ့လမ်းခွဲခဲ့ကြရတော့ကောင်လေးဘက်ကကျ ကျန်ရှိနေတဲ့အချိန်ကို နှစ်ယောက်အတူဖြတ်သန်းချင်တယ်ကောင်မလေးကကျ ကောင်လေးကိုသနားလည်းသနားမိသလို အားလည်းနာတဲ့အတွက်လက်မခံချင်ဘူး နှစ်ယောက်သား သူတို့ဘဝရဲ့လက်ကျန်အချိန်တွေကိုသီးသန့်စီပဲဖြတ်သန်းဖြစ်ကြမလား အတူတူ‌အနားမှာရှိနေပေးကြရင်းကုန်ဆုံးကြမလားကိုတော့ ကိုယ့်ဘာသာကိုယ်ပဲကြည့်လိုက်ကြပါတော့မင်းသားက ZE:A အဖွဲ့ထဲကပါ မင်းသမီးကတော့ ဟိုတလောကပြီးသွားတဲ့Devil Judge ထဲက supporting actress ပါ နှစ်ယောက်လုံးကပရိတ်သတ်တွေရင်းနှီးပြီးသားသူတွေချည်းပါပဲ ဇာတ်လမ်းတစ်ခုလုံးကအဆွေးအမြည့်တွေချည်းမဟုတ်သလို အချိန်ပြည့် ရိုမန်တစ်ဆန်နေတာလည်း မဟုတ်ပါဘူးကောင်မလေးနဲ့ပတ်သက်သမျှသေးသေးလေးတွေကအစအသေးစိတ်မှတ်ထားတတ်တဲ့ ကောင်လေးရယ် ဂရုမစိုက်ဘူးမချစ်ဘူးထင်ရပေမယ့် ရင်ထဲအသည်းထဲကနေ နှစ်နှစ်ကာကာချစ်နေတဲ့ကောင်မလေးရယ် ကြည့်နေရင်းကို ကြည်နူးမှု‌ကြောင့်ရင်ထဲနွေး‌သွားမှာပါ Quality : FHDRip 1080pFormat : mp4During : 1h 41minGenres : Drama , RomanceSubtitle : Myanmar ...
movie

A Way Station ( 2021 )

Ride Your Wave (2019) 6.8
Ride Your Wave (2019) Ride Your Wave (2019) ----------------------- IMDB – 6.8/10, MyAnimeList – 7.6/10“ဘာတွေပဲ ဖြစ်လာပါစေ ကိုယ်မင်းနားမှာ အမြဲတမ်း ထာဝရ အတူရှိနေပါမယ်နော်…” – Minato,ငယ်စဉ်ကတည်းက ပင်လယ်ပြင်ကြီးကို ချစ်မြတ်နိုးပြီး ရေလွှာလှိုင်းစီးရတာကြိုက်လွန်းလို့တက္ကသိုလ်တက်ဖို့တောင် ပင်လယ်နံဘေးနားက Chiba မြို့လေးကို ပြောင်းလာတဲ့တက္ကသိုလ်ကျောင်းသူလေး Hinako။ တစ်ခုခု ဘေးအန္တရာယ်တွေ ဖြစ်လာတိုင်း လူတိုင်းရဲ့အသက်ကိုကိုယ်ကျိုးမကြည့်ပဲ အပြေးအလွှားကယ်တတ်သူ Chiba မြို့ခံ မီးသတ်ဗိုလ်လေး Minato။သူတို့နှစ်ယောက်ဟာ မြို့က လူရမ်းကားတစ်စုရဲ့ မဆင်မခြင် မီးပန်းဖောက်လွှတ်မှုကြောင့်Hinako နေထိုင်ရာတိုက် မီးလောင်ရာကနေ Minato လာကယ်ရင်း ဆုံစည်းခဲ့ကာ အချစ်စစ်တစ်ခုပေါက်ဖွားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူနှစ်ဦးသား ရေလွှာလှိုင်းလေးစီးလိုက် ကော်ဖီဆိုင်ထိုင်လိုက်နဲ့ဘေးလူတွေကို မမှုပဲ အချစ်လေဟုန်မှာ စုန်ဆန်မျောပါနေတုန်း မထင်မှတ်ထားတဲ့ ကြမ္မာဆိုးတစ်ခုကရက်ရက်စက်စက် ဝင်ရောက်လာတဲ့အခါမှာတော့…..ဆရာသမား Makoto Shinkai ရဲ့လက်ရာတွေဖြစ်တဲ့ Your Name တို့ Weathering ...
movie

Ride Your Wave (2019)

Dilan 1983 : Wo Ai Ni (2024)
Dilan 1983 : Wo Ai Ni (2024) ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။ Filesize : 1.59 GB / 884 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Romance, Family, ...
movie

Dilan 1983 : Wo Ai Ni (2024)

The Astronaut Lovers (2024) 7.1
The Astronaut Lovers (2024) IMDb Rating – 7.1/10ဒီကားကိုတော့ ဒါရိုက်တာ Marco Berger ကရိုက်ကူးထားပြီး Lautaro Bettoni, Javier Oran, Camila del Campo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားကတော့ LGBT ဇာတ်လမ်းကိုမှ friends to lovers plot နဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ပီဒရိုကတော့ အာဂျင်တီးနား သွေးနှောတစ်ယောက်ဖြစ်ပြီး ဂေးတစ်ယောက်ပါလို့ come out လုပ်ထားတဲ့သူပါ။မွေးရပ်မြေ အာဂျင်တီးနားကိုပြန်လာလည်ရင်း ငယ်သူငယ်ချင်းဖြစ်တဲ့ မက်ဇီနဲ့ပြန်တွေ့ခဲ့ပြီး အချင်းချင်းစိတ်ဝင်စားနေခဲ့ကြပါတယ်။ဒါပေမယ့် မက်ဇီကတော့ straight တစ်ယောက်ဖြစ်နေခဲ့ပြီး ရည်းစားဟောင်းကိုမေ့မရသေးတဲ့သူပါ။တစ်ခန်းတည်းအတူနေကြရင်းနဲ့ မထိတထိစကြရာက အလောင်းအစားတစ်ခုကြောင့် ဟန်ဆောင်တွဲဖို့ဖြစ်လာပါတယ်။မက်ဇီကတော့ အရင်ကောင်မလေးက သူ့ကိုဂေးထင်နေလို့ ပီဒရိုနဲ့တွဲဟန်ဆောင်ရင်း ပြန်နီးစပ်ဖို့လုပ်နေတာလို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ အထင်လွဲမှုတွေ၊ အလိမ်အညာတွေနဲ့စခဲ့တဲ့ အတုအယောင်ဆက်ဆံရေးက ခံယူချက်နဲ့ ကျားမကွဲပြားမှုဘောင်တွေကို ကျော်လွန်ပြီး စစ်မှန်သွားနိုင်မလား.....မက်ဇီကရော ဂေးဖြစ်နေမလား......သူ့ကိုယ်သူရော ဂေးလို့လက်ခံနိုင်မှာလား အရင်ကောင်မလေးကလည်း ဝင်ရှုပ်လာတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ...
movie

The Astronaut Lovers (2024)

Ace (2025) 7.4
Ace (2025) Ace (2025) "နှလုံးလှလူမိုက် ဘို့ကန်နန်"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် နာမည်ကျော်တမီလ်မင်းသားကြီး ဗီဂျေးစည်သူပတီနဲ့ယိုဂီဘာဘူတို့ ပါ၀င်သရုပ်‌ဆောင်ထားတဲ့ ရုပ်ရှင်သစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်က မှုခင်းဇာတ်လမ်းပေမဲ့ အချစ်နဲ့ဟာသပါရောနှောတင်ဆက်ထားတာ ဖြစ်ပါတယ်။ကန်နန်ဟာပြစ်မှုကျူးလွန်ပြီး ထောင်ကျခဲ့ပေမဲ့ တကယ်တမ်းကတော့ စိတ်ထားကောင်းပြီး ကူညီပေးတတ်သူပါ။ အဲဒီစိတ်ကပဲ သူ့ကိုပြစ်မှုကျူးလွန်မိအောင်လုပ်သလို ဖြစ်နေခဲ့တာလို့ ဆိုရမလိုပါပဲ။သူထောင်ကထွက်လာချိန်မှာ‌တော့ ဘ၀သစ်စပြီး ပြဿနာတွေနဲ့ဝေးအောင်နေမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ကံကြမ္မာကတော့ သူ့ကို အဲဒီအတိုင်းနေခွင့်မပေးခဲ့ဘဲ ပြဿနာတွေထဲ၀င်ပါမိ‌စေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနေတဲ့နေရာသစ်မှာ ရူကူဆိုတဲ့ မိန်းမချောလေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ စစချင်းမှာ မတည့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မိန်းကလေးရဲ့သနားစရာဘ၀ပြဿနာအကြောင်း သိလိုက်ရတဲ့အခါ.... အဲဒီအပြင် မတရားမှုတွေ မကောင်းတဲ့လူတွေနဲ့ ဆုံလာရတဲ့အခါ...ဘ၀အသစ်ပြန်စဖို့ ဆုံးဖြတ်ထားတဲ့ ကန်နန်တစ်ယောက် အရင်လိုဘ၀ထဲပြန်ရောက်ပြီး ပြဿနာတွေထဲ ၀င်ပါရဖို့ ဖြစ်လာပါတော့တယ်။အဲဒီလိုပြဿနာတွေကြားထဲမှာ ကန်နန် ဘာတွေကြုံရဦးမလဲ အရင်လိုထောင်ထဲပြန်၀င်ရဦးမလားဆိုတာကို အချစ်နဲ့ဟာသလေးပါနှောပြီး စိတ်၀င်တစားဆက်လက်ကြည့်ရှုကြရမှာပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 10.1 GB / 2.87 GB / 1.45 GB Quality…WEB DL ...
movie

Ace (2025)

Housesitter (1992) 6.2
Housesitter (1992)  Housesitter (1992)IMDb Rating (6.2) / Rotten Tomatoes (36%) 90s comedy ကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် မင်းသားကြီး Steve Martin ရဲ့ 1992 ခုနှစ်ထွက် Housesitter ဆိုတဲ့ကားလေး တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ Gwen ဆိုတဲ့ လူလိမ်မလေးဟာ Budapest ဆိုတဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးရင်း Davis ဆိုတဲ့ ဗိသုကာပညာရှင်တစ်ယောက်နဲ့ အမှတ်မထင်ဆုံခဲ့ပါတယ်။Davis က မကြာခင်ကမှ ရည်းစားဖြစ်သူကို သူ ဆောက်ထားတဲ့ အိမ်အသစ်စက်စက်လေးကို ခေါ်သွားပြီး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့် ငြင်းခံခဲ့ရတာပါ။Gwen နဲ့ တွေ့တဲ့အချိန်မှာ Davis က သူ့ရဲ့ နေရပ်ဖြစ်တဲ့ Dobb's Mill မှာ အိမ်လေးက လူမနေဘဲ ဒီအတိုင်း ရှိနေကြောင်း ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ Gwen တစ်ယောက် Davis မသိအောင် သူ့နေရပ်က ...
movie

Housesitter (1992)

1992
An Endless Wedding (2025) Un mariage sans fin 4.8
An Endless Wedding (2025) Un mariage sans fin  Un mariage sans fin (2025)ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှ ထွက်ရှိထားတဲ့ ဇာတ်လမ်းကောင်းလေးပါပဲ။လူနာ ဆိုတဲ့ အမျိုးသမီးက သူ့အစ်မရဲ့ မင်္ဂလာပွဲကို သွားရင်းကနေ အချိန်စက်ကွင်းထဲကို ရောက်သွားပါတယ်။နေ့တိုင်း ဒီတစ်ရက်တည်းကိုပဲ ပြန်ရှင်သန်နေရတဲ့ စက်ကွင်းပါ။ ဒီစက်ကွင်းထဲမှာ ပေါလ်ဆိုတဲ့ ကောင်လေးတစ်ယောက်လဲ ထပ်ရှိပါသေးတယ်။အချိန်စက်ကွင်းထဲ ရောက်သွားတဲ့ လူနာက ဒီထဲကနေ ထွက်ဖို့ဘယ်လိုတွေ ကြိုးစားမလဲ ။စက်ကွင်းထဲမှာ ပေါလ်နဲ့ လူနာ အပြင် တခြားသူတွေကော ရှိသေးလား ဒီထဲကနေ အဆုံးမှာ ထွက်သွားနိုင်ကြပါ့မလား ဆိုတာကို စောင့်ကြည့်ရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (4.7 GB) / (1.3 GB) / (760 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / ...
movie

An Endless Wedding (2025) Un mariage sans fin

2025
4K HEVC