Channel Myanmar

Romance

Housesitter (1992) 6.2
Housesitter (1992)  Housesitter (1992)IMDb Rating (6.2) / Rotten Tomatoes (36%) 90s comedy ကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် မင်းသားကြီး Steve Martin ရဲ့ 1992 ခုနှစ်ထွက် Housesitter ဆိုတဲ့ကားလေး တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ Gwen ဆိုတဲ့ လူလိမ်မလေးဟာ Budapest ဆိုတဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးရင်း Davis ဆိုတဲ့ ဗိသုကာပညာရှင်တစ်ယောက်နဲ့ အမှတ်မထင်ဆုံခဲ့ပါတယ်။Davis က မကြာခင်ကမှ ရည်းစားဖြစ်သူကို သူ ဆောက်ထားတဲ့ အိမ်အသစ်စက်စက်လေးကို ခေါ်သွားပြီး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့် ငြင်းခံခဲ့ရတာပါ။Gwen နဲ့ တွေ့တဲ့အချိန်မှာ Davis က သူ့ရဲ့ နေရပ်ဖြစ်တဲ့ Dobb's Mill မှာ အိမ်လေးက လူမနေဘဲ ဒီအတိုင်း ရှိနေကြောင်း ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ Gwen တစ်ယောက် Davis မသိအောင် သူ့နေရပ်က ...
movie

Housesitter (1992)

1992
An Endless Wedding (2025) Un mariage sans fin 4.8
An Endless Wedding (2025) Un mariage sans fin  Un mariage sans fin (2025)ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှ ထွက်ရှိထားတဲ့ ဇာတ်လမ်းကောင်းလေးပါပဲ။လူနာ ဆိုတဲ့ အမျိုးသမီးက သူ့အစ်မရဲ့ မင်္ဂလာပွဲကို သွားရင်းကနေ အချိန်စက်ကွင်းထဲကို ရောက်သွားပါတယ်။နေ့တိုင်း ဒီတစ်ရက်တည်းကိုပဲ ပြန်ရှင်သန်နေရတဲ့ စက်ကွင်းပါ။ ဒီစက်ကွင်းထဲမှာ ပေါလ်ဆိုတဲ့ ကောင်လေးတစ်ယောက်လဲ ထပ်ရှိပါသေးတယ်။အချိန်စက်ကွင်းထဲ ရောက်သွားတဲ့ လူနာက ဒီထဲကနေ ထွက်ဖို့ဘယ်လိုတွေ ကြိုးစားမလဲ ။စက်ကွင်းထဲမှာ ပေါလ်နဲ့ လူနာ အပြင် တခြားသူတွေကော ရှိသေးလား ဒီထဲကနေ အဆုံးမှာ ထွက်သွားနိုင်ကြပါ့မလား ဆိုတာကို စောင့်ကြည့်ရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (4.7 GB) / (1.3 GB) / (760 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / ...
movie

An Endless Wedding (2025) Un mariage sans fin

2025
4K HEVC
Jodi (2024) 7
Jodi (2024) Jodi 2024 သီချင်းသည်လေးရဲ့ဘဝခရီးဘာပဲနေနေ သီချင်းလေးဆိုလိုက်ရမှ နေသာထိုင်သာရှိတဲ့ရွာလေးက သီချင်းဝါသနာအိုး ပန်ချာပီလူငယ်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။စစ်တာရာဟာ ငယ်စဉ်ကတည်းက ပြဇာတ်တို့ သီချင်းဆိုတာတို့ကို အင်မတန်ဝါသနာထုံတဲ့ကလေးတစ်ယောက် ဒါပေမဲ့ဘဝကြီးကအခြေအနေမပေးတဲ့အပြင် မောင်နှမတပုံတပင်နဲ့ မိတဆိုးလေးဆိုတော့ မောင်နှမတွေကို ဂရုစိုက်ရဖို့က စစ်တာရာပခုံးပေါ်ရောက်လာပါတော့တယ်။ဒါပေမဲ့ စစ်တာရာကတော့လက်မလျှော့ဘဲ သီချင်းတွေဆို သီချင်းတွေရေးဖို့ ရသလောက်ကြိုးစားနေဆဲပါပဲ။ဒီလိုနဲ့ သူ့ရဲ့‌ မောင်နှမတွေ အရွယ်ရောက်လာချိန်မှာ အဆိုတော်ကြီးအနေနဲ့ အောင်မြင်အောင်လုပ်ဖို့ ရွာကနေထွက် မြို့တက်ဖို့အလုပ် သူ့လိုပဲ အဆိုပါရမီပါတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံဆည်းတဲ့အခါမှာတော့...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှဖြစ်ပါတယ်) File size…2.5 GB  / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jodi (2024)

Liar, Liar, Love is on Fire (2025) 5.8
Liar, Liar, Love is on Fire (2025) ချစ်စရာကောင်းတဲ့ Influencerမလေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှောင်လိနဲ့ဟောက်ကျားတို့ဟာ အများအမြင်မှာတော့အရမ်းကိုချစ်ကြတဲ့ အားကျရတဲ့ချစ်သူစုံတွဲဖြစ်ပြီးတော့ တကယ်တန်းမှာတော့ သူတို့ကဝင်ငွေရဖို့အတွက် ဟန်ဆောင်ပြီးVlogတွေရိုက်နေကြတာပဲဖြစ်ပါတယ်။Followersတွေတဖြည်းဖြည်းနဲ့ကျလာတော့ သူတို့ရဲ့ဝင်ငွေထိခိုက်လာတော့ ရှောင်လိက အကြံကုန်ဂဠုန်ဆားချက် သူတို့ရဲ့မင်္ဂလာဆောင်ကို Liveလွှင့်မယ်ဆိုပြီးတော့ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် ဟောက်ကျားက ဘယ်လိုမှသဘောမတူပါဘူး။ ဟောက်ကျားသဘောတူလာအောင် အမျိုးမျိုးလှည့်ပြောရင်း ရှောင်လိကသစ္စာကျိန်ဆိုမိရာကနေပြီးတော့ လုံးဝလိမ်ပြောလို့မထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ဘယ်လိုမှလက်မခံနိုင်တဲ့ဟောက်ကျားက ဇာတိမြို့လေးကိုပြန်သွားခဲ့တော့။ အရင်က Viewer တိုးဖို့အရေးဘာမဆိုလုပ်ပြီး အလိမ်အညာတွေကို လှည့်ပတ်ပြောတတ်တဲ့ ရှောင်လိတစ်ယောက် ဟောက်ကျားရဲ့ဇာတိကို လိုက်သွားပြီးတော့ လိမ်မပြောပဲ ဟောက်ကျားကလက်ထပ်ဖို့ သဘောတူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။ Filesize : 1.36 GB / 778 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Liar, Liar, Love is on Fire (2025)

A Business Proposal (2025)
A Business Proposal (2025) A Business Proposal 2025 ကံကြမ္မာ၏ချစ်ခွင့်ပန်ခြင်းKdrama ဖန်တွေကြား မသိတဲ့လူမရှိတဲ့ A Business Proposal ဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်ကိုယူပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အင်ဒိုသရုပ်ဆောင် အချောအလှလေးတွေနဲ့ ပြန်ပြီးလွမ်းဆွတ်လိုက်ရအောင်လားရှင်ဆာရီကငွေကြေးအခက်အခဲကြောင့် သူငယ်ချင်းဖြစ်သူအစား blind date တွေ့ဖို့သွားခဲ့ပါတယ် ဒီကမ်းလှမ်းချက်နောက်မှာ မထင်ထားတဲ့မြှုပ်ကွက်ကတော့ တစ်ဖက်လူက သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နေတာပါပဲ ဒီအဖြစ်အပျက်လေးကနေစပြီး ဆာရီနဲ့ စီအီးအိုတို့ကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်လာပါတော့တယ်အလုပ်ခွင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ခဲ့ကြပေမဲ့ အတုအယောင် Blind Date ကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ အတုအယောင် ဆက်ဆံရေးကနေ သူတို့နှစ်ဦး တကယ့်အချစ်စစ်ကို ရှာတွေ့နိုင်မလားဆိုတာကတော့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါပဲမူရင်း တောင်ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို အခြေခံပြီး အင်ဒိုနီးရှားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ရယ်မောပျော်ရွှင်ရမဲ့ဇာတ်ဝင်ခန်းတွေနဲ့ စိတ်အပန်းပြေနိုင်စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် ) File size… ...
movie

A Business Proposal (2025)

Like for Likes (2016) 6.8
Like for Likes (2016) Like for Likes (2016)********************IMDb... 6.8 ခေတ်သစ်လူမှုဘဝမှာ ဆိုရှယ်မီဒီယာကို အခြေခံပြီး ချစ်ခြင်းမေတ္တာကို ဖော်ကျူးကြတဲ့စုံတွဲသုံးတွဲအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Kim Joo-hyeokနဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့Yoo Ah-in, Kang Ha-neul, Choi Ji-woo, Lee Mi-yeon, Esom တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်းနိုဂျင်အူ (Yoo Ah-in)ဟာ စစ်မှုထမ်းပြီးတာ မကြာသေးတဲ့ နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်ပြီးဂျိုဂယောင်းအာ (Lee Mi-yeon) ကတော့ ဇာတ်လမ်းတွဲတွေရေးတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ဂယောင်းအာက သူ့ရဲ့ဇာတ်လမ်းတွဲအသစ်ထဲမှာ ပါဝင်ဖို့ နိုဂျင်အူကို ကမ်းလှမ်းခဲ့ပေမဲ့ နိုဂျင်အူကတော့ ငြင်းပယ်ခဲ့ပါတယ်။တစ်နေ့မှာတော့ မင်္ဂလာဆောင်တစ်ခုမှာ နိုဂျင်အူဟာ ဂယောင်းအာရဲ့သားလေး ဘုမ်းလေး ကို ရုတ်တရက် တွေ့လိုက်ရပြီးတဲ့နောက်မှာအတိတ်က ဇာတ်လမ်းတစ်ခုကြောင့် ဘုမ်းလေးက သူ့ကလေးများဖြစ်နေမလားဆိုတဲ့ သံသယတွေ ဝင်လာခဲ့ပါတော့တယ်။ဂျောင်ဆောင်ချန်း (Kim Joo-hyuk) ...
movie

Like for Likes (2016)

[18+] Kalakal (2025) 7.3
[18+] Kalakal (2025)  Kalakal (2025)IMDb Rating (7.3) ဂီလိုနဲ့အငဲတို့ဟာ ပလုံကောက်ပြီးအသက်မွေးကြတဲ့ မောင်နှမနှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာတစ်ချိန်မှာ ဒီဘ၀က ရုန်းထွက်ဖို့ဆန္ဒရှိကြပါတယ်။ဂီလိုက သူ့ညီမကိုကျောင်းပြန်တက်စေချင်လို့ ငွေတွေစုဆောင်းထားပေမယ့်သူ့ညီမ အငဲကတော့ ဘ၀တူ ပလုံကောက်သမားတစ်ယောက်ဖြစ်တဲ့ ဒါရီယိုနဲ့ရည်းစားထားတမ်းကစားရင်းဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းနေတာပါ။Elevator Lady တစ်ကားတည်းနဲ့ ပရိသတ်ရသွားခဲ့တဲ့ Aliya Raymundo ကဦးဆောင်ပါဝင်ထားပြီး၊ နောက်ထပ် မင်းသမီးအသစ်လေးတွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်မိတ်ဆက်ထားတဲ့ကားသစ်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:10:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias
movie

[18+] Kalakal (2025)

2025
Dear Uma (2025) 6.7
Dear Uma (2025) Dear Uma (2025) "ချစ်ရပါသော အူမာ"တေလဂူး ဖန်စီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အူမာဆိုတာ ဝေးလံတဲ့ရွာလေးမှာ မွေးပေမဲ့ ထိပ်တန်းဆေးကျောင်းကို တက်ခွင့်ရပြီး လူတကာချစ်ကြတဲ့ မိန်းကလေးဒေ့ဗ်ကတော့ အူမာနဲ့ဆန့်ကျင်ဘက် တော်လှန်လိုစိတ်ရှိပြီး ဘဝမှာ အငြင်းခံရတွေချည်းကြုံနေရတဲ့ ရော့ခ်စတားဖြစ်ချင်သူတစ်ယောက်မတည်ငြိမ်တဲ့သူ့ဘဝကို တည်ငြိမ်အေးချမ်းအောင်လုပ်ပေးနိုင်မယ့် မိန်းကလေးကိုရှာရင်း အူမာနဲ့ဆုံခဲ့ရာကနေသူတို့ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမှာလဲ ထင်သလောက်ပဲ ရိုးစင်းမလား အလှည့်အပြောင်းတွေ ဖြစ်လာဦးမှာလား ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.6 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 34min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dear Uma (2025)

Eleven (2025) 5.6
Eleven (2025) Eleven (2025) "အတိတ်ဆိုး" IMDb- 7.9/10မှုခင်းရုပ်ရှင်ကြိုက်တဲ့သူတွေအတွက် ဇာတ်အလှည့်အပြောင်းများတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။သေခြင်းတရားဆိုတာ ကိုယ့်ဘ၀ထဲက ကျန်နေရစ်သူတွေအတွက်ချမှတ်လိုက်တဲ့ ကြောက်စရာပြစ်ဒဏ်တစ်ခု၊ လူတွေက ကျူးလွန်သူတွေအပေါ်မှာ ခွင့်လွှတ်ချင်ကြပြီးခံရတဲ့သူတွေကိုတော့ မေ့ပစ်ချင်ကြတယ်။ ငါကတော့ မေ့လည်းမမေ့သလို ခွင့်လည်းခွင့်မလွှတ်ဘူးဆိုတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်။ရဲအရာရှိရန်ဂျစ်က အဲဒီလူသတ်သမားကို စုံစမ်းနေပေမဲ့ သေဆုံးသူခြောက်ယောက်ထိ ရှိလာပြီး အမှုမှန်ပေါ်မလာခဲ့သေးပါဘူး။အရာရှိရန်ဂျစ်နေရာမှာ ဒီကွင်းဆက်လူသတ်မှုကို ပြောင်းပြီးကိုင်ရတဲ့သူက ထူးချွန်ထက်မြတ်တဲ့ ရဲအရာရှိအာဗင်ဒန်။သဲလွန်စတစ်ခုမှ ရှာမတွေ့တဲ့ထိ တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်မီးရှို့ခံနေရတဲ့ ဒီအမှုကို အာဗင်ဒန်တစ်ယောက် ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…1.8 GB / 900 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Eleven (2025)

Love Wine & Salt: A Tuscan Romance (2024) 5.4
Love Wine & Salt: A Tuscan Romance (2024)  Love Wine & Salt: A Tuscan Romance (2024)ဒီကားဟာဆိုရင် Italy နိုင်ငံရဲ့ Tuscany ပြည်နယ်ရှိ တောင်ကုန်းတွေပေါ်က စပျစ်ခြံတွေအကြားမှာ ရိုက်ကူးထားသော အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ အဖိုးအိုနဲ့ Roberta ၊ Claudia ၊ Georgia ဆိုတဲ့မြေးမလေးသုံးယောက်တိုဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် သူတိုရဲ့ အိမ်၊ စပျစ်ခြံနဲ့ ဝိုင်သိုလှောင်ခန်းကို ရောင်းရဖိုဖြစ်လာတယ်။သိုပေမဲ့ မြေးမလေးတွေမှ အိမ်နဲ့ခြံမရောင်းရဖိုအရေး အကြံထုတ်ရာမှ အိမ်ကို တည်းခိုခန်းအဖြစ်ပြောင်းလဲဖို အကြံရသွားတယ်။မိန်းမလှလေးတွေ ဦးစီးတဲ့တည်းခိုခန်းဖြစ်သည့်အလျှောက် လာတည်းခိုတဲ့ ဧည့်သည်တွေမှာ ယောကျာ်းလေးများဖြစ်ပြီး မြေးမလေးတွေကို အမြဲစိုးရိမ်နေနဲ့အဖိုးနဲ့ ဧည့်သည်တွေအကြား မကြာမကြာပြဿနာတက်ကြတာပေါ့။Germany မှ Ali ၊ Allan ၊ Thomas သူငယ်ချင်းသုံးယောက်ဟာလည်း Italy ကို အပန်းဖြေခရီးထွက်လာရာ မြေးမလေးတွေရဲ့တည်းခိုခန်းမှာတည်းရင်း မမျှော်လင့်ပဲ အချစ်ဇာတ်လမ်းတွေဖြစ်လာပါတယ်။ဒါကို အဖိုးဖြစ်သူက သိရှိသွားပြီးတော့ သူငယ်ချင်းသုံးယောက် ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ...
movie

Love Wine & Salt: A Tuscan Romance (2024)

2024
To Me, the One Who Loved You (2022) 6.9
To Me, the One Who Loved You (2022) To Me, the One Who Loved You (2022) IMDB – 6.9/10, MyAnimeList – 7.4/10ဒီကားကို မကြည့်ခင် ပထမဦးဆုံးပြောချင်တာကတော့ သူနဲ့အတူတူ တွဲထွက်လာတဲ့အမွှာရုပ်ရှင် “To Every You I've Loved Before” ကို ပစ်ပယ်ထားလို့မရပါဘူးဘာလို့လဲဆိုတော့ သူတို့နှစ်ကားက အလင်းနဲ့အမှောင်လို ဟန်ချက်ညီစွာ ယှဉ်တွဲနေလို့ပဲ ဖြစ်ပါတယ်။ဒီတော့ တစ်ခုမေးစရာရှိတာက ဒီနှစ်ကားကို ဘယ်ကားအရင်စကြည့်ရမလဲဆိုရင်ကြက်ဥနဲ့ ကြက်ပြဿနာလို ဖြစ်နေမှာပါ။ ဆိုတော့ကား ပရိသတ်တို့ စိတ်ကြိုက်သာ ကြည့်ကြပါဘယ်လိုနေနေအဆင်ပြေပါတယ်။ ဒီ Anime နှစ်ကားတွဲရုပ်ရှင်လေးကတော့ ဂျပန်ရိုးရာမူမပြတ်Multiverse လိုအပြိုင်ကမ္ဘာနဲ့သက်ဆိုင်တဲ့ ထူးဆန်းထွေလာ အယူအဆအကြောင်းအရာတွေကိုလူလိုနားမလည်နိုင်အောင် ထည့်ထားပြီး ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတာပါ။ဒီကားလေးတွေကို ကြည့်မိတော့ တစ်ခုပြေးမြင်မိတာ အဆိုတော်မင်းသား Jared Leto သရုပ်ဆောင်ထားတဲ့Mr. Nobody ဆိုတဲ့ ရုပ်ရှင်ကိုပဲ။ အဲဒီကားမှာဆို ...
movie

To Me, the One Who Loved You (2022)

To Every You I’ve Loved Before (2022) 7.3
To Every You I’ve Loved Before (2022) IMDb 7.2/10 MyAnimeList 7.4/10To all of you that I've loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာ Yomoji Otono ရဲ့ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။​(နောက်အမွှာတစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း တင်ဆက်ပေးထားပါပြီ)။ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်းကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင်ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから(Boku ga Kimi no Namae o Yobukara, lit. "Because I'm Calling Your Name")လည်း၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ်ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​မျောပါသွားနိုင်တဲ့အထိပါပဲ။ဇာတ်လမ်းအကျဥ်းက​တော့Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။အထက်တန်း​ကျောင်းသားဘဝ​ရောက်ချိန်မှာ​တော့ Kazuneဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။အချစ်ဇာတ်လမ်း​လေးဟာ ​သာယာ​ဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားက​တော့ ကြည့်ရှုသူအ​ပေါ်မှာပဲမူတည်ပါလိမ့်မယ်Spoilerပါးပါး​လေး​ပြောပါမယ်။ ...
movie

To Every You I’ve Loved Before (2022)

2022
That Obscure Object of Desire (1977) Cet obscur objet du désir 7.8
That Obscure Object of Desire (1977) Cet obscur objet du désir  That Obscure Object of Desire (1977)IMDb Rating (7.8) / Rotten Tomatoes (97%) ပြင်သစ် Surrealist လှုပ်ရှားမှုတွေရဲ့အဓိကခေါင်းဆောင်တစ်ယောက်၊ Surrealism လက်ရာတွေရဲ့နာမည်ကျော်ဖန်တီးရှင် ဒါရိုက်တာကြီး Luis Buñuel ရဲ့နောက်ဆုံးလက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာရုပ်ရှင်သမိုင်းမှာ ဂန္ဓဝင်လက်ရာတစ်ခုဖြစ်ပြီးအကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆုနဲ့အကောင်းဆုံးဇာတ်ညွှန်းဆုတို့အော်စကာ ဆန်ကာတင်ဝင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ အိမ်အကူအသစ်မိန်းမလှလေး ကွန်ချီတာကိုအရူးအမူးစွဲလန်းသွားမိတဲ့ ပြင်သစ်လူကုံထံတစ်ယောက်နဲ့ နားလည်ရခက်ပြီး ပဟေဠိဆန်တဲ့၊ သူ့ကိုအချိုတွေပေးလိုက် အဆိပ်တွေကျွေးလိုက် ဆက်ဆံတတ်တဲ့ ကွန်ချီတာတို့ရဲ့အကြောင်းကိုဟာသနှောပြီးတင်ဆက်ထားတာပါ။ကွန်ချီတာရဲ့ပဟေဠိဆန်တဲ့စရိုက်နှစ်မျိုးအဖြစ် ဇာတ်ကောင်တစ်ကောင်တည်းကို မင်းသမီးနှစ်ဦးက အလှည့်ကျသရုပ်ဆောင်ထားတာကလည်းထူးခြားချက်တစ်ခုပါပဲ။Surrealism အမျိုးအစားလို့ဆိုတဲ့အတွက်လည်း ဇာတ်လမ်းနဲ့မသက်ဆိုင်ဘူးလို့ထင်ရတဲ့ နိမိတ်ပုံတွေ ၊ ပြကွက်တွေကိုလည်းတွေ့မြင်ရပါလိမ့်မယ်။ မြည်းစမ်းကြည့်သင့်တဲ့ လက်ရာတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(3.1 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:44:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ...
movie

That Obscure Object of Desire (1977) Cet obscur objet du désir

1977
The Horse Whisperer (1998)
The Horse Whisperer (1998) IMDb 6.7/10Horse Whisperer ဆိုတဲ့အတိုင်း လူနဲ့တိရိစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာ၊ မိသားစုကြားက နွေးထွေးမှု၊ မွန်တာနာကျေးလက်ဒေသက သဘာဝအလှတရားတွေ စတာတွေအကုန်လုံးကို စုံလင်စွာကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်............. စိတ်ဒဏ်ရာတွေကို ကုစားဖို့က မေတ္တာတရားနဲ့ အချိန်ကာလတစ်ခုပဲ လိုအပ်တယ်ဆိုတာကို ပြသပေးသွားမယ့် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်.............ဆယ်ကျော်သက်အရွယ် ဂရေ့စ်နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီတို့က မြင်းစီးထွက်လာခဲ့ကြရင်း မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရာကနေ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီဟာ သေဆုံးသွားခဲ့ရတယ်။ ဂရေ့စ်ရော ဂရေ့စ်ရဲ့ မြင်း Pilgrimရော ဆိုးရွားတဲ့ဒဏ်ရာတွေရရှိခဲ့ကြပြီး ဂရေ့စ်အတွက် စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေ ဖြစ်သွားစေခဲ့တယ်။ Pilgrim ကလည်း ဒီမတော်တဆမှုကြောင့် စိတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် ဂရေ့စ်ရဲ့ အမေ အန်နီက သူ့သမီးရဲ့မြင်းကို ကုစားပေးဖို့ မွန်တာနာကျေးလက်ဒေသရှိ Tom Booker ဆီကို ခေါ်သွားခဲ့ပါတယ်။Tom Booker က မြင်းတွေရဲ့ စိတ်ကို နားလည်နိုင်စွမ်းရှိသူဖြစ်ပြီးတော့ Grace နဲ့ Pilgrim ...
movie

The Horse Whisperer (1998)

Father Goose (1964) 7.3
Father Goose (1964)  Father Goose ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဇာတ်အိမ်တည်ထားသော အချစ်၊ ဟာသ၊ စွန့်စားခန်းရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းတွင် Walter Eckland ဟာ တောင်ပစိဖိတ်ကျွန်းတစ်ခုမှာ ကမ်းရိုးတန်းစောင့်ကြည့်သူအဖြစ် တာဝန်ပေးခံရတယ်။ သူ့ရဲ့အလုပ်ကတော့ ဂျပန် စစ်လေယာဉ်နဲ့ သင်္ဘာတွေကို တွေ့ရင် အချက်ပေးရတာပဲဖြစ်ပါတယ်။Walter ဟာ တခြားကျွန်းပေါ်က ကမ်းရိုးတန်းစောင့်ကြည့်သူတစ်ဦးကို သွားခေါ်ဖို့ဖြစ်လာရာ ထိုကျွန်းမှာ Catherine ဆိုတဲ့ အမျိုးသမီးနဲ့ ကလေး ၇ယောက်ကိုတွေ့ပြီး ကယ်တင်လာရာကစပြီး Walter ရဲ့ တိတ်ဆိတ်တဲ့ဘဝကြီးဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။Walter လိုပေါ့ပေါ့နေတဲ့သူတစ်ယောက်နဲ့ Catherine လို စည်းကမ်းတကျ နေတတ်သူတို့တွေ့ကြပြီး ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ အတူ သူတို့ကြားက အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါဦးနော်။ File size…(3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre... Adventure, Comedy, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Father Goose (1964)

Kerebete (2024) 6.8
Kerebete (2024) Kerebete (2024) "ငါးဖမ်းပွဲ"ကန်နာဒါစကားပြော အိန္ဒိယကျေးလက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ရုပ်ရှင်နာမည် ကယ်ရီဘယ်တီဆိုတာကတော့ ရွာလုံးကျွတ်ဆင်နွှကြတဲ့ ရိုးရာငါးဖမ်းပွဲတော်ကြီးရဲ့နာမည်ကို ပေးထားတာပါ။ဇာတ်လမ်းက နာဂါလိုခေါ်ကြတဲ့ ရွာဇော် လူမိုက်ကြီးတစ်ယောက်ဇာတ်လမ်းပေါ့။ နာဂါက ဇိုး။ သစ်ခိုးခုတ်လို ထောင်ထဲဝင်ရပေမဲ့ ခဏနဲ့လွတ်လာတတ်တယ်။မိခင်မုဆိုးမကြီးနဲ့နေပြီး နှစ်ဧကခွဲလယ်မြေကို ပိုင်ဆိုင်ဖို အိပ်မက်မက်နေတဲ့ကောင်။ အမျိုးတွေနဲ့ မြေယာကိစ္စ ခဏခဏစကားများရတဲ့သူ။ ရွာရဲ့ အော်ကြောလန်။မီနာဆိုတဲ့ ချစ်ရတဲ့ကောင်မလေးကို အတင်းဓမ္မခေါ်ဆောင်သွားပြီးနောက်မှာတော့ ပြဿနာတွေပိုကြီးလာတဲ့ နာဂါရဲ့ အရှုပ်တော်ပုံကြီးကို ရှုစားကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။ File size…2.5 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format… mp4 Duration….2h 31min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kerebete (2024)

The Ledge (2011) 6.5
The Ledge (2011) The Ledge (2011) IMDb Rating (6.5)ဟိုးအမြင့်ကြီးက အမိုးစွန်းနားလေးမှာ သေကြောင်းကြံစည်ဖို့ ခုန်ချတော့မယ့် လူတယောက်... လေတွေက တဟူးဟူးနဲ့ အသည်းယားစရာ ရပ်နေ...ဒီတော့ ရဲစခန်းကစုံထောက်တယောက်ရောက်ချလာပြီး ပြတင်းပေါက်နားကနေ ဒီလူ့ကို နားချတယ် .... ဘာလို့ခုန်ချမှာလဲ...အိမ်ထောင်ရှိလို့လားတဲ့ ဟိုလူက မရှိပါဘူးတဲ့... ဟ..အိမ်ထောင်လဲမရှိဘဲ ဘာတွေစိတ်ညစ်လို့ ခုန်ချမှာလဲ ငါ့ကောင်တဲ့။ ဒီတော့ ခုန်ချမယ့်လူက ပြန်ပြောတယ် စုံထောက်ကြီး...ခင်ဗျားကတော့ သေချာပေါက်အိမ်ထောင်ရှိပုံပဲတဲ့။ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တယောက်ပြသနာတယောက်သိသွားကြပြီး အမိုးစွန်းနဲ့ ပြတင်းပေါက်နားကနေ သူတို့ဘဝတွေကို နောက်ကြောင်းပြန်ကြပါတော့တယ်။ယောကျ်ားတယောက်ဘဝကို ဘယ်အရာကများ ကပြောင်းကပြန် လှုပ်နိုင်စွမ်းရှိမလဲ.... သိပ်သေချာတာပေါ့ဗျာ ဣတ္ထိယ မိန်းမတို့ပါပဲ.... ဘယ်လိုတွေဖြစ်လို့ အမိုးစွန်းကနေ ကိုယ့်ကိုယ်ကိုခုန်ချဖို့ထိ ဆုံးဖြတ်သွားရတာလဲဆိုတာတော့ အသည်းတယားယားနဲ့ကြည့်ရှုကြရမှာပါ။အသည်းယားဆို မင်းသမီးက Liv Tyler ကြီးဗျ.... လူ့သဘာဝရဲ့အမှောင်ခြမ်းတွေကိုရိုက်ထားတာဆိုတော့ အိပ်ရာခန်းတချို့နဲ့ လှုပ်လှုပ်ခတ်ခတ် ဇာတ်နာထားရပါသေးတယ်။ မင်းသားတွေကတော့ Charlie Hunnam , Patrick Wilson , Terrence Howard တို့နဲ့ လေးလေးနက်နက်ဇာတ်ကားတကားပါပဲ။ File size…(1.1 GB )/ (635 ...
movie

The Ledge (2011)

Eungyo (or) A Muse (2012) 6.6
Eungyo (or) A Muse (2012) Eungyo (2012)**************IMDb... 6.6 (မိသားစုနဲ့ကြည့်ရှုဖို့ မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ကြောင်း ကြိုတင်သတိပေးပါ‌ရစေ။) မင်းသမီး Kim Go Eun ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်ပြီး တက်သစ်စမင်းသမီးဆုပေါင်းများစွာကိုသိမ်းယူနိုင်ခဲ့တဲ့ ကားဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။Kim Go Eun နဲ့အတူ Decision To Leave မှ မင်းသား Park Hae Il, Juvenile Justice မှမင်းသား Kim Moo Yul တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။- ဇာတ်လမ်းအကျဉ်း -လူအများ လေးစားအားကျရတဲ့ နာမည်‌ကျော် ကဗျာဆရာတစ်ဖြစ်လဲ တက္ကသိုလ်‌ပါမောက္ခကြီး အီဂျော့ရို (Park Hae Il)...တစ်နေ့ သူအိမ်ပြန်ရောက်လာတော့ အိမ်ရှေ့တံခါးဝက ခုံလေးမှာ သူစိမ်းကောင်မလေးတစ်ယောက်ထိုင်နေတာကို မြင်တွေ့လိုက်ရတယ်.. သူ့နာမည်လေးက “အွန်းဂယို”တဲ့..အွန်းဂယို (Kim Go Eun) နဲ့ အနေနီးလာတာနဲ့အမျှ ဂျော့ရိုလည်း အွန်းဂယိုရဲ့ ...
movie

Eungyo (or) A Muse (2012)

Paris in Bali (2025) 5.8
Paris in Bali (2025) Paris in Bali 2025ပါရစ်စ်တစ်ယောက် ဘာလီကိုပြန်ရောက်လာပြီး အငှားကားကုမ္ပဏီကနေ ကားတစ်စီးငှားပါတယ်။ကားငှားပြီးချိန်မှာတော့ ဘူမီကို သူ့ရဲ့တစ်ပတ်တာယာဉ်မောင်းအဖြစ်ခေါ်လာခဲ့တော့တာပေါ့။ဒါပေမဲ့ ဘူမီကို အငှားယာဉ်မောင်းထင်နေတဲ့ပါရစ်စ်က အေးစက်စက် ဘုဆတ်ဆတ် ဆက်ဆံတာပေါ့။ပါရစ်စ်မသိတာက ဘူမီက အငှားယာဉ်မောင်းမဟုတ်ဘဲ အငှားကားလုပ်ငန်းပိုင်ရှင်ရဲ့သားပါ။ဒီလိုနဲ့ သူတိုနှစ်ယောက် တဖြည်းဖြည်းရင်းနှီးလာရင်းနဲ့ အချစ်တွေပေါက်ဖွားလုဆဲဆဲမှာပဲ အတိတ်ကဖြစ်ရပ်တစ်ခုက အစပေါ်လာချိန်မှာတော့...ဘာလီမြိုရဲ့ရှုခင်းအလှတရားတွေအလည်က လူငယ်နှစ်ယောက်ရဲ့ချစ်ခြင်းက ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှပဲဖြစ်ပါတယ်) File size… 1.3 GB / 600 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Paris in Bali (2025)