Season 1
အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး
နည်းပညာတွေတိုးတက်လာတဲ့အခုလိုခေတ်ကြီးထဲမှာ ဆိုက်ဘာ
တိုက်ခိုက်မှုတွေဆိုတာကလည်း နိုင်ငံတော်တော်များများမှာ
တွေ့ကြုံလာရတဲ့ အကြမ်းဖက်သမားတွေအကြိုက်တိုက်ခိုက်နည်း
တစ်ခုဖြစ်လာခဲ့ပါတော့တယ်။အပြင်မှာသက်စွန့်ဆံဖျားလိုက်
အကြမ်းဖက်နေစရာမလိုဘဲ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့တင်
နိုင်ငံနဲ့ချီပြီး ထိခိုက်နိုင်တဲ့ အဖြစ်ဆိုးတွေကိုဖန်တီးနိုင်တဲ့အတွက်
မကြာခဏဆိုသလိုဖြစ်နေတာကို မြင်နေကြားနေရမှာဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ အမေရိကန်လိုနည်းပညာတိုးတက်ပြီး
အင်အားကြီးမားတဲ့နိုင်ငံမှာအဖြစ်အများဆုံးဖြစ်တဲ့အတွက်
နိုင်ငံရေးနဲ့ဆိုက်ဘာတိုက်ခိုက်မှုကိုပေါင်းစပ်ပြီး စိတ်ဝင်စားစရာ
ကောင်းတဲ့ သည်းထိပ်ရင်ဖိုဖွယ် Mini Series တစ်ခုကို ပညာပေး
ဖျော်ဖြေရေးအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ကလည်း Cape Fear တို Raging Bull တို
The Irishman တိုလိုနာမည်ကြီးရုပ်ရှင်တွေအပြင် တခြားသော
ဇာတ်ကားကောင်းများစွာမှာလည်းသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး
Robert De Niro ကအဓိကဇာတ်ကောင်နေရာကသရုပ်ဆောင်
ထားတဲ့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်း
များစွာလည်းပါဝင်ထားတဲ့အတွက် Casting ပိုင်းကလည်း
ပြောစရာကိုမရှိပါဘူး။စိတ်ကူးယဉ်ဆိုပေမဲ့တကယ်တမ်းဖြစ်ခဲ့တဲ့
အဖြစ်အပျက်ကြီးတွေလောက် ဆိုးဝါးပြီး စိတ်ဝင်စားစရာကောင်းတဲ့
အတွက် ပရိသတ်အာရုံကိုဖမ်းစားထားနိုင်မှာပဲဖြစ်ပါတယ်။
ဒီ Series ရဲ့နာမည်ကတော့ Zero Day ဖြစ်ပြီး လက်ရှိ IMDb 6.0
အထိရရှိထားပါတယ်။
အမေရိကန်နိုင်ငံရဲ့သမ္မတဟောင်း ဂျော့ဂျ်မော်လင်က သမ္မတရာထူး
ကနေရပ်နားပြီးနောက်မှာ နိုင်ငံရေးလောကထဲလုံး၀ပြန်မဝင်တော့ဘဲ
စာရေးဆရာတစ်ယောက်အနေနဲ့ ဘ၀ကိုအေးအေးလူလူဖြတ်သန်း
နေပါတော့တယ်။ဒါပေမယ့်သိပ်ကြာကြာတောင် အနားမယူလိုက်ရဘဲ
အမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးဖြစ်ပြီး ရထားတွေတိုက်မိ
ကုန်တဲ့အတွက် အသက်ပေါင်းထောင်နဲ့ချီဆုံးရှုးခဲ့ရတဲ့အတွက် အိမ်ဖြူ
တော်က သူ့ကိုပြန်ဆင့်ခေါ်ပါတော့တယ်။
အဲ့လိုတိုက်ခိုက်မှုကို ဇီးရိုးဒေးလိုခေါ်ဆိုခဲ့ကြပြီး ဒီကိစ္စကိုဘယ်သူလုပ်ခဲ့
တယ်ဆိုတာကို အစအနလေးတောင်မသိရတဲ့အတွက် ဒီပြဿနာကြီးကို
ဖြေရှင်းဖို တစ်နိုင်ငံလုံးရဲ့အခွင့်အာဏာလုပ်ပိုင်ခွင့်တွေကိုပေါင်းစည်း
ထားတဲ့အဖွဲအစည်းတစ်ခုမှာ အသင့်တော်ဆုံးဖြစ်တဲ့သမ္မတဟောင်းကြီးကို
ပြန်ဦးဆောင်ခိုင်းရင်း ဘယ်လိုမျိုးနိုင်ငံရေးလှည့်ကွက်တွေနဲ့ စိတ်ဝင်
စားစရာအကြောင်းအရာတွေ တွေ့ရဦးမယ်ဆိုတာကို ရှုစားရမဲ့ Series
ကောင်းတစ်ခုဖြစ်ပါတယ်။
File Size –557B / 336MB
Quality –WEB-DL 1080p HEVC / 720p
Episodes – 6 Eps
Duration – 50 min
Subtitle – Myanmar Hardsub
Format – mkv /mp4
Genre : Drama , Thriller
Translator – Saw Lay , Austin , Wil & July
Encoder – Min Wai
( Season 1 )
Ep-1 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-1 (720p) >> Usersdrive / YoteShin / gdtot / Megaup
Ep-2 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-2 (720p) >> Usersdrive / YoteShin / gdtot / Megaup
Ep-3 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-3 (720p) >> Usersdrive / YoteShin / gdtot / Megaup
Ep-4 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-4 (720p) >> Usersdrive / YoteShin / gdtot / Megaup
Ep-5 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-5 (720p) >> Usersdrive / YoteShin / gdtot / Megaup
Ep-6 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-6 (720p) >> Usersdrive / YoteShin / gdtot / Megaup
+++++THE END++++++
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။