Channel Myanmar

Takopi’s Original Sin (2025)

タコピーの原罪

1 Seasons 6 Episodes
Returning Series

Takopi’s Original Sin (2025)

9.3
TMDb: 9.3/10 27 votes

General information

Original nameタコピーの原罪

Backdrops

Takopi’s Original Sin (2025)
Takopi’s Original Sin (2025)
Takopi’s Original Sin (2025)
Takopi’s Original Sin (2025)
Takopi’s Original Sin (2025)
Takopi’s Original Sin (2025)

Synopsis of Takopi’s Original Sin (2025)

Takopi’s Original Sin (2025)
———————————–
IMDB – 9.2/10, MyAnimeList – 8.9/10

 

442

ဒီစီးရီးကို မကြည့်ခင် အရင်သတိပေးချင်တာကတော့ စိတ်မခိုင်ရင် “မကြည့်ကြပါနဲ့”

တစ်ယောက်တည်းအထီးကျန်နေတယ်ဆိုရင် “မကြည့်ကြပါနဲ့” စိတ်ထိခိုက်စရာ

စိတ်မအီမသာဖြစ်စေနိုင်တာတွေ မခံစားနိုင်ရင် “မကြည့်ကြပါနဲ့”။ စိတ်သောကဝေဒနာတွေ ဖြစ်ရပြီး

ခါးသီးတဲ့အမှန်တရားနဲ့အတူ လက်တွေ့အရမ်းဆန်တဲ့ ချည်းကပ်မှုနဲ့ကြောင့် Anime ဆိုပြီး

ပျော်စရာကောင်း စိတ်အပန်းဖြေလန်းဆန်းစေမယ့် ဇာတ်လမ်းမျိုး မဟုတ်ပါဘူး

အဆင့်သတ်မှတ်ချက်ကလည်း R-Rated 17+ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း

Grave of the Fireflies ရုပ်ရှင်ပြီးတဲ့နောက်ပိုင်းမှာ ဒီစီးရီးက စိတ်ကို ဆိုးဆိုးရွားရွား

ထိခိုက်စေပြီး တစ်ခါပဲ ကြည့်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့

ဒီစီးရီးရဲ့ အပိုင်း ၁ ဟာ ၂၀၂၅ ခုနှစ် IMDB ရဲ့ Rating အများဆုံး Anime တစ်ခု ဖြစ်ခဲ့ပါတယ်

(ဘာလို့လဲဆို OP ရဲ့ ဟိုတစ်ပတ်အပိုင်းက ပြန်ကျော်တက်သွားခဲ့လို့ပါ)။ Rating တွေကလည်း

ဘယ်ပလက်ဖောင်းမှာနေနေ မိုးထိုးနေအောင် ရှယ်ကောင်းနေပါတယ်။

ဒီတော့ ကိုယ်အဆင်ပြေတယ်ဆိုရင် ကြည့်ကြပါခင်ဗျာ။

ကဲ ဇာတ်လမ်းအကျဉ်းလေး ပြောပြပါ့မယ်။ Shizuka ဆိုတဲ့ ၄ တန်းအရွယ် ကောင်မလေးဟာ

ဖခင်က စွန့်ပစ်သွားခဲ့လို့ Date Girl လိုလို ရွှေကြာလိုလို လုပ်နေရတဲ့ မိခင်ဖြစ်သူနဲ့ နေပါတယ်။

ဒီအလုပ်လုပ်နေတော့ သိတဲ့အတိုင်း သမီးဖြစ်သူကို ဂရုစိုက်ပေးခြင်းမရှိလို့ ဖြစ်သလိုနေနေရတဲ့ဘဝလေးပါ။

ကျောင်းမှာဆိုလည်း ရွယ်တူကောင်မလေးတစ်ယောက်ရဲ့ လူမဆန်တဲ့ နှိပ်စက်ညှင်းပန်းမှုတွေ

အနိုင်ကျင့်မှုတွေကို ခါးစည်းခံနေရပြီး အဖော်မွန်ဆိုလို့ ဖခင်ပေးခဲ့တဲ့ Chappy ဆိုတဲ့ ခွေးလေးပဲရှိပါတယ်။

ဒီလိုနဲ့တစ်ရက်မှာ Happy ဂြိုလ်ပေါ်က ရေဘဝလိုဂြိုလ်သားလေးက စကြာဝဠာတလျှောက်

ပျော်ရွှင်မှုတွေကို ဖြန့်ဝေပေးရမယ်ဆိုတဲ့ တာဝန်နဲ့အတူ ကမ္ဘာမြေပေါ် ရောက်လာပါတယ်။

ဒါပေမဲ့လည်း လူတွေလိုက်ဖမ်းတာကို ရှောင်ပြေးရင် ငတ်ပြတ်သေတော့မယ့်အချိန် Shizuka နဲ့

တွေ့ပြီး သူ့ကို ပေါင်မုန့်ကျွေး ကယ်တင်ပေးခဲ့ပါတယ်။ ဒါကြောင့် အမြဲတမ်း စိတ်အားငယ်

ဝမ်းနည်းနေတတ်တဲ့ Shizuka လေးကို ပျော်ရွှင်လာအောင် ကြိုးစားပေးမယ်ဆိုပြီး

သူ့ရဲ့ ထူးထူးဆန်းဆန်း ဂြိုလ်ကိရိယာတွေနဲ့ ကူညီပေမဲ့လည်း တစ်ရက်မှာ သူ့ကူညီမှုကနေ

Shizuka လေးတစ်ယောက် ကြမ္မာငင်ခဲ့ရချိန်မှာတော့… လူသားတွေရဲ့သဘောသဘာဝကို

နားမလည်တဲ့ ရေဘဝဂြိုလ်သားလေး Takopi တစ်ယောက် Shizuka ကို ကူညီဖို့ ဘယ်လိုမျိုးတွေ

ဆက်လက် ကြုံတွေ့ရမလဲဆိုတာကို ပညာပေးအနေနဲ့ ဂရုဏာသက်စရာ စိတ်ထိခိုက်စရာ

ဖော်ကျူးသီကုံးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

 

(အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)

 

File size…  400 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 25m @Episode
Genre ….. Animation, Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Thura Aung

 

Ep 1 – Userdrive / Megaup / Yoteshin / Telegram

Ep 2 – Userdrive / Megaup / Yoteshin / Telegram

Ep 3 – Userdrive / Megaup / Yoteshin / Telegram

Ep 4 – Userdrive / Megaup / Yoteshin / Telegram

 

>>>>> Ongoing <<<<



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Year
Firt air date
Last air date2025-07-19
TypeScripted
Popularity33.0221
TV StatusReturning Series

Seasons and episodes

No data available


Videos