Channel Myanmar

Warner Bros. Television

Duster (2025) 5.3
Duster (2025) Duster Season-1=====================HBO Max ရဲ့ လတ်တလောထွက်ရှိထားပြီးIMDb 7.7 အထိရရှိထားတဲ့ပူပူနွေးနွေး ongoing Crime/Thriller စီးရီးကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၁၉၇၀ခုနှစ်၀န်းကျင်ကို ဇာတ်အိမ်တည်ထားပြီးအဓိကဇာတ်ဆောင်တွေအနေနဲ့Lost Series နဲ့ Mission Impossible: The Ghost Protocol ဇာတ်ကားတွေမှာပါ၀င်ခဲ့ဖူးတဲ့ အမေရိကန်မင်းသားကြီး Josh Holloway နဲ့အတူသရုပ်ဆောင်အလုပ်ရော ပရိုဂျူဆာပါ လုပ်ကိုင်နေတဲ့အမေရိကန်မင်းသမီး Rachel Hilson တို့က ပါ၀င်ထားပါတယ်။ရဲသင်တန်းကျောင်းကနေ ပူပူနွေးနွေးဘွဲ့ရလာတဲ့ နီနာဟေးစ်ဟာရဲစဖြစ်တဲ့နေ့မှာပဲ နှစ်နဲ့ချီ မဖြေရှင်းနိုင်သေးတဲ့ဖီးနစ်မြို့က လူဆိုးဂိုဏ်းခေါင်းဆောင် ဆက်တွန်အမှုကို ကိုင်တွယ်ဖို့ခေါင်းဆောင်တွေဆီ ခွင့်တောင်းခဲ့ပါတယ်။သူဟာ လူမည်းမိန်းကလေးတစ်ဦး ဖြစ်‌နေတော့ရုံးအများစုကလည်း သူ့ကိုလက်မခံတာကြောင့်မတတ်သာတဲ့အဆုံး ဘယ်သူမှတာ၀န်မယူချင်တဲ့ဆက်တွန်အမှုကို နီနာဟေးစ်ဆီ ပေးလိုက်ရပါတယ်။နီနာဟေးစ်လည်း ဖီးနစ်ကိုရောက်ရောက်ချင်းအမှုကိုစလိုက်ရာမှာ ဆက်တွန်နဲ့ အနီးစပ်ဆုံးလူယုံတစ်ယောက်ဖြစ်တဲ့ဂျင်မ်အဲလစ်စ်ကို ခြေရာခံမိပါတယ်။ ဒီလိုနဲ့ ဂျင်မ်နောက်ကို လိုက်ရင်းဘယ်လိုစိတ်၀င်စားစရာ၊ စိတ်လှုပ်ရှားစရာတွေ ကြုံတွေ့ရမလဲဒီအမှုကိုရော နီနာတစ်ယောက် ကိုင်တွယ်နိုင်ပါ့မလားဆိုတာကိုအတူတူဆက်ပြီး ‌ကြည့်လိုက်ကြရအောင်ပါ။  File size…    1 GB ...
5.3
TMDb: 5.3/10 3 votes
tv

Duster (2025)

2025
The 100 (2014-2020) Complete 7.895
The 100 (2014-2020) Complete The 100 (TV Series 2014–2020)IMDb Rating (7.5 /10) / Rotten Tomatoes (93%)CW ကနေ ၂၀၁၄ မှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ "The 100" စီးရီးကတော့ ထိုက်သင့်တဲ့အောင်မြင်မှုနဲ့ ဖန်လဲအတော်အသင့်ရှိတဲ့ Action, Adventure, Drama, Fantasy, Sci-Fi အမျိုးအစား စိတ်လှုပ်ရှားရင်ခုန်စွန့်စားရမယ့် သိပ္ပံခေတ်လွန်စီးရီးတခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ကမ္ဘာကြီးဟာ နူကလီးယားဓာတ်ရောက်ခြည်သင့်မှုတွေကြောင့် ပျက်စီးပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိလူသားတွေအကုန်လုံး သေဆုံးကုန်ပါတယ် ... ဒါပေမယ့် လူတချို့ကတော့ "The Ark" ဆိုတဲ့ အာကာသယာဉ်အတူ အာကာသထဲကို ထွက်လာနိုင်ခဲ့ပါတယ် ... ပြီးတော့အာကာသစခန်းတွေတည်ဆောက်ပြီး ကမ္ဘာကြီးဓာတ်ရောင်ခြည်ပြယ်မယ့်နေ့ကို စောင့်ဆိုင်းနေကြပါတယ်....အဲ့ဒီအာကာသပေါ်မှာ ဘယ်ပြစ်မှုမဆို ကျူးလွန်တဲ့သူဟာ သေဒဏ်ပါပဲ...ဘာလို့လဲဆိုတော့ အာကာသစခန်းမှာ အစားအစာ အောက်ဆီဂျင်တွေကို ချွေတာပြီး ကမ္ဘာကြီးနေပြန်ကောင်းမယ့်ရက်တွေကို စောင့်ဆိုင်းနေရတာမလို့ လူဦးရေလျော့ချတဲ့နည်းလမ်းအဖြစ် ဘယ်ရာဇဝတ်သားမဆို ...
7.895
TMDb: 7.895/10 8244 votes
tv

The 100 (2014-2020) Complete

2014
The Cleaning Lady (2021)
The Cleaning Lady (2021) "ဒီသွေးတွေကို ဘလိချ် နဲ့ ရေနွေးနဲ့ဆေးလိုက်ရင်ပြီးတာပဲ" "မဟုတ်ဘူး ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေအေးနဲ့ ဆေးရတယ်၊ အပူကြောင့် သွေးက ပိုစွန်းသွားတတ်တယ်" လူသတ်မှုမှာ မျက်မြင်သက်သေဖြစ်နေလို့ အသတ်ခံရတော့မယ့်အချိန်မှာ ဒီစကားတစ်ခွန်းနဲ့ သိုနီရဲ့ ဘဝ ပြောင်းလဲသွားပါတော့တယ်။John Wick တို့ဘာတို့လို ရုပ်ရှင်ထဲမှာ လူတွေ သတ်ချင်တိုင်းသတ်ပြီးရင် လာရှင်းလင်းတဲ့အဖွဲ့တွေ ရှိကြတာကို မြင်ဖူးမှာပေါ့။ အဲဒီလို သန့်ရှင်းရေးသမားအကြောင်း စီးရီးရိုက်ထားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ ၁၀ ပိုင်းအထိ အပတ်စဉ် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကလည်း စီးရီး နာမည်အတိုင်း သန့်ရှင်းရေးအမျိုးသမီးပါပဲ။ သရုပ်ဆောင်ထားတာကတော့ Daredevil စီးရီးတွေထဲမှာ ကြမ်းပြခဲ့တဲ့ အလက်ထရာ မင်းသမီး အယ်လိုဒီယန်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူဟာ အမေရိကန်မှာ တရားမဝင် နေထိုင်ပြီး သန့်ရှင်းရေးသမ လုပ်နေတာပေါ့။ တကယ်တော့သူက မနီလာ၊ ဖိလစ်ပိုင်က ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့သားလေးမှာ ရှားပါးတဲ့ ကိုယ်ခံအားကျဆင်းရောဂါဖြစ်နေလို့ ...

The Cleaning Lady (2021)

2022
Shameless (2011) 8.158
Shameless (2011) ဒီဇာတ်လမ်းတွဲကို Facebook က video အတိုအထွာဟာသတွေ TikTokတွေမှာ ခဏခဏမြင်ဖူးကြမှာပါ 2011 ကစတင်ထွက်ခဲ့ပြီး season 9 ခုရှိတဲ့ ဇာတ်လမ်းတွဲဟာ လူ 3 သိန်းကျော်မဲပေးမှုမှာ IMDB 8.5 နဲ့ရပ်တည်နေပါတယ်..နာမည်ကျော် sitcom တွေနောက်မှာ အကောင်းဆုံးထွက်ရှိလာတဲ့ dark comedy အမျိုးအစား ဇာတ်လမ်းတွဲဖြစ်ပြီး သေချာပေါက်ကြည့်သွားသင့်တဲ့ စီးရီးပါ..ဒီဇာတ်လမ်းက Jeremy Allen . Cameron Monaghan , Ethan Cutkosky တို့လိုလူငယ်သရုပ်ဆောင်တွေကို ဟော်လီးဝုဒ်မှာနေရာရစေခဲ့တဲ့ ဇာတ်လမ်းတွဲဆိုလည်း မမှားပါဘူး..ဇာတ်လမ်းအညွှန်းကတော့ချီကာဂိုက ရုန်းကန်လှုပ်ရှားနေရတဲ့ ဂါလာဂါ မိသားစုကြားထဲ ပဋိပက္ခတွေ အလွဲအချော်ဖြစ်တဲ့ဟာသ ဘ၀ဇာတ်ကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်..တစ်ပိုင်းစကြည့်မိရင်း ထိုင်ရာမထ စွဲ‌သွားစေမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကောင်တွေအဖြစ်နဲ့ ကျန်နေခဲ့မှာပါ.. File size…(898 MB)/(392 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Comedy, Drama Subtitle….Myanmar ...
8.158
TMDb: 8.158/10 2744 votes
tv

Shameless (2011)

2011
Georgie & Mandy’s First Marriage (2024) 10
Georgie & Mandy’s First Marriage (2024) Big Bang Theory နဲ့ Young Sheldon ရဲ့ အစွယ်အပွား စီးရီးအဖြစ် ရှယ်လ်ဒန့်ရဲ့ အစ်ကိုလင်မယားအကြောင်း စီးရီးအသစ်ထွက်လာပြီဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၁၃ ပိုင်းရှိပါလိမ့်မယ်။ရှယ်လ်ဒန်စီးရီးအဆုံးထိကြည့်ပြီးတဲ့သူတွေ Big Bang Theory ကြည့်ပြီးတဲ့သူတွေကတော့ ဂျော်ဂျီတစ်ယောက် ဘယ်လို အောင်မြင်လာမလဲဆိုတာ အကြမ်းဖျဉ်း သိကြမှာပါ။ ဒါပေမဲ့ ဒီစီးရီးမှာတော့ ရှယ်လ်ဒန် ကျောင်းတက်ဖို့ ထွက်သွားနေချိန်၊ ရှယ်လ်ဒန့်အဖေလည်း မရှိတော့ချိန်မျာ ဂျော်ဂျီတစ်ယောက် သူ့မိသားစုနဲ့ မန်ဒီတို့ကို ဘယ်လို စောင့်ရှောက်သွားမလဲဆိုတာ မြင်ရမှာပါ။ထုံးစံအတိုင်း ဟာသတွေ၊ ချစ်စရာ မိသားစုသံယောဇဉ်တွေနဲ့ ကောင်းကောင်းကြည့်ရမှာပါပဲ။ မူရင်းသရုပ်ဆောင်အားလုံး ပြန်ပါဝင်ထားပါတယ်။ မေရီ၊ မီးမော်၊ ဂျော်ဂျီ၊ မန်ဒီ နဲ့ မန်ဒီ့မိဘတွေ အဓိက ပါဝင်ထားတာပါ။ ရှယ်လ်ဒန်ကတော့ တက္ကသိုလ်သွားတက်နေပြီဖြစ်တဲ့အတွက် မပါတော့ပါဘူး။ ဒါပေမဲ့ ဧည့်သည်အနေနဲ့ စပရိုက်ပြန်ပါလာဦးမယ်တော့ မျှော်လင့်ရတာပါပဲ။ ကြည့်လိုက်ကြပါဦး။File size…(492 ...
10
TMDb: 10/10 1 votes
tv

Georgie & Mandy’s First Marriage (2024)

2024
Found (2023) Season 1 + 2 [ Complete ] 7.333
Found (2023) Season 1 + 2 [ Complete ] Season 1 [ စ / ဆုံး ]Season 2 [ စ / ဆုံး ] ယနေ့အချိန်ထိ ကမ္ဘာအနှံ့ နိုင်ငံတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကရှိနေတုန်းပါပဲ။ ယနေ့ခေတ် အမေရိကန်နိုင်ငံမှာ လူဖြူလူမည်း ခွဲခြားဆက်ဆံခံရမှုတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့အချိန် မီဒီယာတွေကလည်းဒီလိုပြဿနာတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဇာတ်ကားတွေရိုက်ပြီး တင်ဆက်ကြပါတယ်။ဒီစီးရီးမှာဆိုရင် လူမည်းကလေးငယ်တွေ ပျောက်ဆုံးတဲ့အခါ လူအများစုကဒါကိုရေးကြီးခွင်ကျယ် လုပ်စရာမလိုဘူး ထင်ကြပြီး လျစ်လျုရှုတတ်ကြတဲ့သဘောကိုထောက်ပြထားတာပါ။ဇာတ်အိမ်ကတော့ ငယ်စဉ်က နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းခံရပြီး အချိန်တစ်ခုကြာမှကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ လူမည်း မိန်းကလေးငယ် တစ်ဦးက အရွယ်ရောက်လာပြီးတဲ့အခါဒီလိုဖြစ်ရပ်တွေကို တတ်နိုင်သလောက် တားဆီးဖို့အတွက် အဖွဲ့တစ်ခု တည်ထောင်ပြီးအမေ့လျော့ခံ လစ်လျုရှုခံ ကလေးငယ် တွေကို ကူညီဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ Marvelကရိုက်ကူးတဲ့ S.H.I.E.L.D စီးရီးက အေးဂျင့် ဂရန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် ဘရတ်ဒယ်လ်တန်က ဒီစီးရီးမှာ စုံထောက် ထရန့်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီးနာမည်ကြီး ...
7.333
TMDb: 7.333/10 3 votes
tv

Found (2023) Season 1 + 2 [ Complete ]

2023
You (2025) Season 5 8.046
You (2025) Season 5 You [Season 5]You စီးရီးရဲ့ နောက်ဆုံးစီစန် ပရိသတ်ကြီးရှေ့ကို ရောက်ရှိလို့လာပါပြီ။ ဒီစီစန်မှာတော့ ဂျိုးတစ်ယောက် နယူးယောက်ကို ပြန်ရောက်အပြီး ၃ နှစ်ကြာကာလကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။ နာမည်ကြီးသူဌေးသမီးဖြစ်သူ ကိတ်နဲ့ လက်ထပ်ထားပြီဖြစ်ပြီး ဂျိုးရဲ့ သားဖြစ်သူ ဟန်နရီလေးဟာလည်း ကျောင်းတက်စအရွယ်ကို ရောက်နေပါပြီ။ဂျိုးဟာ စိတ်သစ်ကိုယ်သစ် မိသားစုအသစ်နဲ့ ဘဝကို အေးအေးချမ်းချမ်းနေချင်နေပါပြီ။ ဒါပေမဲ့ အေးအေးချမ်းချမ်းက ဂျိုးနဲ့မနေချင်ခဲ့ပါဘူး။ မိန်းမဖြစ်သူ ကိတ်ဘက်က အမျိုးတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကနေ ဒီမိသားစုဆိုတဲ့ အသိုက်အမြုံလေးကို ကာကွယ်ဖို့ရာ ဂျိုးရဲ့ နဂိုဗီဇဟာ ပြန်ပေါ်လာခဲ့ရပါတယ်။ဒီတော့ ဒီနောက်ဆုံးစီစန်မှာရော ဂျိုးဂိုးဘက်တစ်ယောက် ဘာတွေဘယ်လိုကျူးလွန်မလဲ။ အခုချိန်ထိ ပိပိရိရိ ဉာဏ်နီဉာဏ်နက်တွေနဲ့ အကြိမ်ကြိမ်လွတ်မြောက်လာတဲ့ ငမိုက်သားကြီးရဲ့ အဆုံးသတ်က ဘာဖြစ်သွားမလဲဆိုတာ ကြည့်ရှုနိုင်ပါပြီFile Size – 500 MB(Appx;)@EpisodeQuality – 1080p WEB DLDuration –52minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : DramaTranslator ...
8.046
TMDb: 8.046/10 3372 votes
tv

You (2025) Season 5

2018
The Pitt (2025) 8.2
The Pitt (2025) Season 1အပိုင်း ( ၁ မှ ၁၅  ) အထိ စ / ဆုံး IMDb - 8.3/10ဒီတစ်ခါမှာတော့ ER ဇာတ်လမ်းတွဲထဲဲက Noah Wyle ရဲ့ အရေးပေါ်ခန်းဇာတ်လမ်းတွဲတစ်ခု ထပ်မံရောက်ရှိလာပြန်ပါပြီ ။ ကိုဗစ်ကြောင့်သူ့အထက်လူကြီး ဒေါက်တာ အဒမ်ဆင် ဆုံးပါးပြီးတဲ့နောက် ER ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရော့ဘီဟာ အလုပ်ကနေ လေးနှစ်တောင် အနားယူသွားခဲ့ပါတယ် ။ ဒီလိုကနေ သူ အလုပ်ပြန်တက်တဲ့နေ့မှာတော့ ဒဏ်ရာရလူနာပေါင်း တစ်သိန်းတစ်သောင်းအပြင် ဆေးကျောင်းသားအသစ်တွေကလည်းထပ်ရောက်လာဦးမယ်ဆိုတော့ ရော့ဘီတစ်ယောက် အရေးပေါ် ဌာနမှာဒေါင်ချာစိုင်းရပါတော့တယ် ။တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဝင်လာနေတဲ့ လူနာတွေ ၊အသက်လုနေရတဲ့ ကေ့စ်တွေကို ရော့ဘီ အပါအဝင် အရေးပေါ်ဌာနကအဖွဲဝင်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ အားလုံးစိတ်ဝင်စားစွာနဲ့အတူတူ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။Grey’s anatomy , Dr. House , The ...
8.2
TMDb: 8.2/10 19 votes
tv

The Pitt (2025)

2025
Rescue: HI-Surf (2024) 7.1
Rescue: HI-Surf (2024)   Rescue: HI-Surf (2024) Season 01IMDb Rating (6.5) / Rotten Tomatoes (50%) ဒီစီးရီးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားပြီး Fox Network ကနေရိုက်ကူးထားတဲ့ စီးရီးအသစ်တစ်ခုဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းစုဟာ ပြည်မကြီးရဲ့အနောက်တောင်ဘက် မိုင် ၂၀၀၀ အကွာ ပစိဖိတ်သမုဒ္ဒရာအစပ်မှာ တည်ရှိတာဖြစ်ပါတယ်။ဒီပြည်နယ်ထဲမှာရှိတဲ့ကမ်းခြေတွေ၊ ကျွန်းတွေဟာ ခရီးသွားအများအပြားကို ဆွဲဆောင်ကြတဲ့နေရာတွေဖြစ်ပါတယ်။ဒီထဲမှာမှ မြောက်ပိုင်းကမ်းခြေ အိုဝါဟူကတော့ ကြီးမားတဲ့လှိုင်းလုံးတွေ သာယာတဲ့ကမ်းခြေတွေကြောင့် လူသိများကြပါတယ်။နွေရာသီဆိုရင်လည်း အပန်းဖြေသူတွေ ရေလွှာလှိုင်းစီးသူတွေနဲ့ပြည့်နှက်နေပြီး ဆောင်းတွင်းဆိုရင်လည်း ရေလွှာလျှောစီး (Surfing) ပြိုင်ပွဲတွေကျင်းပကြပါတယ်။ကုန်းတွင်းပိုင်းမှာဆိုရင်လည်း သစ်တောသစ်ပင်တွေ တောင်ကုန်းတန်းတွေအပြည့်နဲ့ တောင်တက်ခရီးသွားများအတွက် လည်ပတ်စရာတွေပေါတဲ့နေရာတစ်ခုပါ။ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီလိုပျော်စရာတွေနဲ့အပြိုင် အန္တရာယ်တွေလည်းရှိနေပါသေးတယ်။ကမ်းခြေမှာ ကြီးမားတဲ့လှိုင်းလုံးတွေကြောင့် ခရီးသွားတွေအနေနဲ့ မတော်တဆမှုတွေလည်း ခဏခဏဖြစ်တတ်ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိတတ်တာကြောင့်ဒီလိုကမ်းခြေတွေမှာ ကမ်းခြေစောင့် ...
7.1
TMDb: 7.1/10 10 votes
tv

Rescue: HI-Surf (2024)

2024
Running Point (2025) 8
Running Point (2025) Running Point (2025)*********************အပိုင်း (၁ မှ ၁၀) စ/ဆုံး အားကစားကိုသဘောကျနှစ်သက်သူတွေအတွက် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရှယ်ရိုက်ကူးထားတဲ့ အသစ်ထွက် Netflix Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Running Point ဖြစ်ပြီး လက်ရှိ IMDb 7.4 အထိရရှိထားတဲ့အတွက် မကောင်းမှာ အချိန်ပေးရမှာ မတန်မှာတွေကတော့ စိတ်ပူနေစရာကို မလိုပါဘူး။အဓိကသရုပ်ဆောင်အနေနဲ့ ၂၀ ရာစု အစောပိုင်းကနေ အခုထက်ထိလည်း နာမည်ကြီးနေဆဲ ကားကောင်းတွေမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မမ Kate Hudson ဖြစ်ပြီး Ghosts တို့ The Other Two တို့လို Series ကြီးတွေမှာ ဇာတ်ရန်အနေနဲ့ပါဝင်ခဲ့တဲ့ Drew Tarver တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကြောင်းကတော့ LA Waves လို့ခေါ်တဲ့ဘက်စကက်ဘောအသင်းကြီးကို ပိုင်တဲ့မိသားစုနဲ့ ဒီအသင်းထဲကအဖြစ်အပျက်တွေဖြစ်ပါတယ်။ ဘက်စကက်ဘော မကြိုက်တဲ့ လူတွေတောင် စိတ်ဝင်စားသွားပြီး ကြည့်ချင်စေရမှာတော့အသေအချာပါပဲ။ဒီအသင်းကြီးကိုပိုင်တဲ့ လုပ်ငန်းပိုင်ရှင်သူဌေးဆုံးသွားပြီးတဲ့နောက်မှာ သားအကြီး ၂ ယောက်က ဥက္ကဌနဲ့ အထွေထွေမန်နေဂျာတို့ဖြစ်လာပြီး သားအငယ်ဆုံးကတော့ ငွေကြေးအရာရှိချုပ် အသီးသီးဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီထဲကမှ ...
8
TMDb: 8/10 16 votes
tv

Running Point (2025)

2025
Keep Breathing (2022) 6.1
Keep Breathing (2022) IMDb Rating – 5.3 /10ဒီစီးရီးကတော့ Netflix က ထုတ်လွှင့်တဲ့ ဒရမ်မာစီးရီးတစ်ခုဖြစ်ပြီးအဓိကဇာတ်ဆောင်အနေနဲ့ Scream၊ Abigail နဲ့ Your Monster ရုပ်ရှင်တို့မှာ ပါဝင်ခဲ့တဲ့မင်းသမီး Melissa Barrera က ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ - လစ်ဗ်ဆိုတဲ့ ရှေ့နေမလေးတစ်ယောက်က ကနေဒါက မြို့လေးတစ်မြို့ကို သွားဖို့အတွက် သူမလက်မှတ်ဝယ်ယူထားတဲ့ လေယာဉ်က ရာသီဥတုဆိုးဝါးလို့ သူမရောက်ရှိရာ လေဆိပ်ကို မဆိုက်ကပ်နိုင်တဲ့အခြေအနေဖြစ်လာပါတော့တယ်။ အဲ့လေဆိပ်မှာရှိနေစဉ် ယောက်ျားနှစ်ယောက်က ကိုယ်ပိုင်လေယာဉ်နဲ့ သူမသွားချင်တဲ့ မြို့ကိုသွားမယ်ဆိုပြီး ပြောဆိုသံကြားလိုက်ရတဲ့အခါ...သူစိမ်းယောက်ျားနှစ်ယောက်ဖြစ်နေပေမယ့် သူမကိစ္စကလည်း အရေးကြီးနေတော့ ထိုလူနှစ်ယောက်ကို တောင်းတောင်းပန်ပန်နဲ့ပဲ သူမကိုတင်ခေါ်ဖို့ပြောပါတော့တယ်။အစကတော့ ဟိုလူနှစ်ယောက်က အင်တင်တင်လုပ်နေပေမယ့် သူမဘက်က အတင်းအကြပ်တောင်းဆိုခဲ့တဲ့အတွက် သူမကို တင်ခေါ်လာပါတော့တယ်။ဒီလိုနဲ့ သူတို့သုံးယောက်သား ကနေဒါရဲ့ အနောက်မြောက်ဘက်ကို ထွက်လာစဉ် တောနက်တစ်နေရာ၌ လေယာဉ်ကပျက်ကျသွားပြီးနောက် အသက်ရှင်အောင် မနည်းရုန်းကန်ပြီး လေယာဉ်ထဲက ထွက်လာပါမှ.....သူမကိုခေါ်တင်လာတဲ့ လူနှစ်ယောက်က ...
6.1
TMDb: 6.1/10 159 votes
tv

Keep Breathing (2022)

2022
Bookie (2023) 7.143
Bookie (2023) Bookie (Season 1) Genre – Comedy IMDB – 7.3/10LA က လောင်းကစားဒိုင်အကြောင်း အခြေခံထားတဲ့HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ...
7.143
TMDb: 7.143/10 7 votes
tv

Bookie (2023)

2023
The Sex Lives of College Girls Season 3 7.2
The Sex Lives of College Girls Season 3 The Sex Lives of College Girls [Season 3]Rating ကောင်းကောင်းနဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ ပရမ်းပတာတွေ ဂယက်တွေကို တဝကြီး ပေးစွမ်းမဲ့ စီးရီးက စီစန် 3 ထပ်မံထွက်ရှိလာပါပြီဒီစီစန်မှာတော့ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ သူငယ်ချင်းမ လေးယောက်ဟာ ဒုတိယနှစ်ကျောင်းသူကြီးတွေ ဖြစ်သွားပါပြီ။ ရှေ့စီစန်မှာ ဘဲကိစ္စအရှုပ်အပွေတွေကြောင့် အုပ်စုကွဲမလိုကလည်း ဖြစ်နေသေးတာပါ။ကိုယ်စီပြဿနာတွေနဲ့ သူတို့လေးယောက် ဒီစီစန်မှာရော ဘယ်လိုတွေ ဂယက်ရိုက်ကြဦးမလဲဆိုတာ တစ်ပတ်ကိုတစ်ပိုင်း စောင့်ကြည့်ပေးသွားပါဦး။ File Size – 900 MB (Appx;)@EpisodeQuality – 1080p WEB DLDuration –37 minute (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ DramaTranslator – Jae JaeEncoder – YK   Episode 1 - Yoteshin ...
7.2
TMDb: 7.2/10 307 votes
tv

The Sex Lives of College Girls Season 3

2021
Brilliant Minds (2024) Complete 8
Brilliant Minds (2024) Complete Brilliant Minds 2024IMDb - 6.8/10နာမည်ကျော်အာရုံကြောဆရာဝန် စာရေးဆရာ Oliver sackရဲ့ သူ့ရဲ့ဆရာဝန်သက်တမ်းတစ်လျှောက်မှာ ကြုံရတဲ့ ထူးဆန်းတဲ့caseတွေအကြောင်း ရေးထားတဲ့စာအုပ်နှစ်အုပ်ကို အခြေခံရိုက်ကူးထားတဲ့ Brilliant Mindsဒီကားလေးနဲ့ တခြားဆရာဝန်ဇာတ်လမ်းတွဲတွေ မတူတဲ့အချက်ကတော့ ဒီဇာတ်လမ်းမှာပါမယ့် caseတွေလူနာတွေက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့mastermindလည်းဖြစ် ဆေးပညာမှာ လေ့လာနေသမျှထဲမှာ လေ့လာလို့မဆုံးနိုင်သေးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ထူးထူးခြားခြားcaseတွေကိုပဲ ကြည့်ရှုခံစားရမှာပါ။ဒေါက်တာဝုဖ်ဟာ ပါရမီရှင်လို့တင်စားရလောက်တဲ့ ဦးနှောက်အာရုံကြောပါရဂူတစ်ယောက်၊ ပါရမီရှင်ပီပီ ကိုယ်မှန်တယ်ထင်ရာကို တဇွတ်ထိုးလုပ်တတ်သလို လူတိုင်းနဲ့လည်းအဆင်မပြေတဲ့ လူ့ဂွစာကြီးပေါ့။ကုသရေးအတွက် လူနာအကျိုးအတွက် လိုအပ်လာမယ်ဆိုရင် စည်းကမ်းဆိုတာလည်း ချိုးဖောက်ဖို့ ဝန်မလေးတဲ့သူပီပီ လောလောလတ်လတ် အလုပ်ပြုတ်လာတဲ့ဝုဖ်ကို သူငယ်ချင်း ကယ်ရိုလ်က ဘရွန့်စ်ဆေးရုံမှာ လာလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ဝုဖ်တစ်ယောက် အစပိုင်းမှာတော့ ခါးခါးသီးသီးငြင်းနေပေမဲ့ ဝုဖ်ကိုနားလည်နေတဲ့ကယ်ရိုလ်ရဲ့စည်းရုံးရေးနဲ့ တစ်သက်လုံး လူနာတွေအတွက်ပဲ ဘဝကိုမြှုပ်နှံထားသူပီပီ လူနာတွေကို မကုသရရင် မနေနိုင်တဲ့ ဝုဖ်တစ်ယောက် ဘရွန့်စ်ဆေးရုံမှာ အလုပ်သင်တစ်သိုက်နဲ့ လူနာတွေကို ကုသပေးဖို့ ဖြစ်လာတဲ့အခါ....ဘရွန့်စ်ဆေးရုံအသံကြားတာနဲ့ ဒေါက်တာဝုဖ်တစ်ယောက် ဘာလို့အကြောက်အကန်ငြင်းနေတာလဲ။ သူ့ရဲ့ မျက်နှာတွေကို မမြင်ရတဲ့ရောဂါကရော ဘယ်လိုဖြစ်လာတာလဲ။ ထူးဆန်းတဲ့စရိုက် ထူးဆန်းတဲ့ရောဂါရှိနေတဲ့ဆရာနဲ့ အလုပ်သင်တပည့်တစ်သိုက်ကရော ဘယ်လိုဆန်းပြားတဲ့လူနာတွေနဲ့caseတွေကို ကုသမှုပေးကြမလဲဆိုတာ ...
8
TMDb: 8/10 7 votes
tv

Brilliant Minds (2024) Complete

2024
Bad Monkey (2024) 7.3
Bad Monkey (2024)  IMDb 7.3/10 ရရှိထားတဲ့ အသစ်ထွက် Dark Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသားကြီး Vince Vaughn က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Season 1 အနေနဲ့ အပိုင်း ၁၀ ပိုင်းထွက်ရှိသွားမှာဖြစ်ပါတယ်။ရန်စီက မိုင်ယာမီက ရဲအရာရှိဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့အမှုတစ်ခုကြောင့် အလုပ်ကနေ အနားယူလိုက်ရပါတယ်။ သူအနားမယူခင် နောက်ဆုံး ကိုင်ခဲ့ရတဲ့အမှုက ထူးထူးဆန်းဆန်း ပင်လယ်ထဲကနေ လက်မောင်းတစ်ဖက် တွေ့ခဲ့တဲ့အမှုပါ။ ခေါင်းမပါ၊ ကိုယ် မပါဘဲ လက်တစ်ဖက်သက်သက်ပဲ တွေ့ခဲ့တာမို့ လက်ပိုင်ရှင် ဘယ်သူလဲ ရှာပုံတော်ဖွင့်လို့တွေ့ခါစမှာပဲ သူက အလုပ်ထုတ်ခံလိုက်ရပါတယ်။အလုပ်ထုတ်ခံလိုက်ရပေမဲ့လည်း ဇွဲမလျှော့တတ်တဲ့ ရန်စီက လက်ပိုင်ရှင်က အသတ်ခံရတာလား၊ မတော်တဆသေဆုံးတာလားဆိုတာကို လိုက်လံရှာဖွေဖို့ကြိုးစားရင်း သပွတ်အူလိုအမှုထဲ ရောက်သွားခဲ့ရာမှာတော့.. ဘယ်လိုအလွဲလွဲအချော်ချော်တွေနဲ့ အမှုလိုက်မလဲဆိုတာကိုတော့ အခွီတစ်လိုင်း ကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File size…(1.7 GB)/(1 GB) Quality….Webrip ...
7.3
TMDb: 7.3/10 18 votes
tv

Bad Monkey (2024)

2024
Superman & Lois Season 1+2+3 (2021-2022) 8.3
Superman & Lois Season 1+2+3 (2021-2022) မထင်မှတ်ထားပဲ ဇာတ်လမ်းကောင်းကောင်းနဲ့ CGI တွေရိုက်ချက်တွေကောင်းကောင်းနဲ့ထွက်လာခဲ့တဲ့ စူပါမန်းစီးရီးဟာ season 3 ဆက်ထွက်လို့လာပါပြီ။အက်ရှင်တွေဟာလည်းပိုပိုမိုက်လာပါတယ်။ DCEU စူပါမန်းရဲ့အရသာကို လွမ်းနေသူတွေအဖို့တော့ တကယ်ကိုကျေနပ်အားရစေမှာပါ။စူပါမန်းဟာ ပျက်စီးသွားတဲ့ fortress of solitude အစား နေရာအသစ်မှာ fortress အသစ်ဆောက်လိုက်ပြီး ဒီတစ်ခါတော့ သူတစ်ယောက်တည်းအတွက်မဟုတ်ပဲ တစ်မိသားစုလုံးအတွက်ဖြစ်ပါတယ်။သူ့အစွမ်းတွေအမွေရထားတဲ့သားဂျော်ဒန်ကို အပျံျံနဲ့ အတိုက်ုက်အခိုက်တွေလေ့ကျင့်ပေးနေပြီမို့ ဒီseasonမှာ ဂျော်ဒန်ကို စူပါမန်းရဲ့ရော်ဘင်အနေနဲ့မြင်ရဖို့ မျှော်လင့့်လို့ရပါတယ်။comic ထဲက သံဝတ်စုံနဲ့စူပါမန်း steel ကိုကိုယ်စားပြုတဲ့ ဂျွန်ဟင်နရီီအိုင်းယွန်းဟာ လက်ရှိကမ္ဘာကသူ့ရဲ့ပုံတူကိုသတ်ခဲ့တဲ့တရားခံကို စုံစမ်းနေပါတယ်။လူးဝစ်လိန်းကလည်း ကလေးနောက်တစ်ယောက်ရှိနေပြီလို့ထင်ရတဲ့ လက္ခဏာတွေတွေ့နေပါတယ်။စမောဗီးလ်မြို့မှာ စူပါမန်းနဲ့လူးဝစ်တို့ရဲ့ မိသားစုကိစ္စတွေကိုလည်း Smallville စီးရီးက vibe နဲ့ မြင်တွေ့ရဦးမှာပါ။comic တွေထဲမှာ စူပါမန်းမရင်ဆိုင်ဖူးသေးတဲ့Green arrow နဲ့ Batman တို့ရဲ့ villain တစ်ယောက်လည်း ပါလာမယ့်အပြင် လက်စ်လူသာလည်း ပါလာမှာဖြစ်တဲ့အတွက် ဇာတ်ကောင်စုံစုံလင်လင်တွေ့ရမယ့်ဒီseason ကို ရူစားကြပါတော့....File size…800 ...
8.3
TMDb: 8.3/10 964 votes
tv

Superman & Lois Season 1+2+3 (2021-2022)

2021
The Penguin (2024) 8.721
The Penguin (2024)  The Batman (2022) ထဲက ဘန်မန်းရဲ့ ရန်သူကြီး အော့ဇ်ဝဲကော့ (ခေါ်) ပင်ဂွန်းရဲ့ Spin-off တစ်ကိုယ်တော် စီးရီးဖြစ်ပါတယ် လတ်တလော Rating နဲ့ ကြည့်ရှုနှုန်းတွေအရမ်းကောင်းနေပြီး 8.1 ထိရထားတဲ့ HBO series ဖြစ်ပါတယ် The Batman ထဲမှာ ရစ်ဒလာက ဂေါ်သမ်မြို့ကြီးကို ရေမြှုပ်လိုက်ရင်းနဲ့ အဆုံးသတ်သွားခဲ့ပြီး ဒီစီးရီးမှာတော့ အဲ့ဒီဖြစ်ရပ်ရဲ့ တစ်ပတ်အကြာ Timeline ကနေ စတင်ထားတယ်Batman နဲ့ထိပ်တိုက်တွေ့ဆုံအပြီး အရေးနိမ့်ခဲ့ရတဲ့ အော့ဇ်ဝဲဟာ သူ့ဆရာ ဖယ်ကွန်း မူးယစ်ဂိုဏ်းမိသားစုက ကာမိန်းဖယ်ကွန်းသေဆုံးပြီးနောက် ဆက်ခံလာမယ့် သားဖြစ်သူ အဲဘတ်တိုဖယ်ကွန်းကို သတ်ပစ်လိုက်ပါတယ်..ဒါပေမယ့် အာခန်ထောင်ကနေ လွတ်လာတဲ့ အဲဘတ်တိုရဲ့ ညီမ ဆိုဖီယာဖယ်ကွန်းကနေ ပင်ဂွန်းနောက်ကို လိုက်လံလက်စားချေရင်း ဂေါ်သမ်က သောင်းကျန်းလာတဲ့ မူးယစ်ဂိုဏ်းတွေကို အုပ်စိုးဖို့အတွက် ကင်းပင်ကြီးဖြစ်ဖို့ ပင်ဂွန်းတစ်ယောက်ကြိုးစားပါတော့တယ်...ပင်ဂွန်းအဖြစ် the batman ထဲကအတိုင်းပဲ ...
8.721
TMDb: 8.721/10 68 votes
tv

The Penguin (2024)

2024
Shrinking (2023) 7
Shrinking (2023) Shrinking (2023) S01 Complete ~ IMDb - 8/10, Rotten Tomatoes - 93% ~ လူတစ်​​ယောက်က Negative Vibe လို့​ခေါ်တဲ့ အပူ​တွေ စိတ်​​သောက​တွေကို သိပ်ပြီးများများစားစား ခံနိုင်ရည်မရှိလှပါဘူး။ အ​တော်​လေးခံနိုင်ရည်ရှိတဲ့ ပါရမီထူးတဲ့ လူတွေက​တော့ စိတ်ကုထုံးပညာရှင်​တွေအဖြစ်နဲ့ လာသမျှ လူနာ​သောင်း​ခြောက်​ထောင်ရဲ့ လူမှု​​ရေး စီးပွား​ရေး အချစ်​ရေး စုံစီနဖာရဲ့ သောက​ဗျာပါဒ​တွေကို ဒိုင်ခံနား​ထောင်​​​ပေးပြီး အကြံဉာဏ်​​တွေပေးကြတာ​ပေါ့။ ဒါ​ပေမဲ့ စိတ်​ကုထုံးဆရာတွေလည်း လူ​တွေပဲ​။ သူများ​ထက်ထူးပြီး နဖူးမှာ ချိုတက်​ပေါက်​နေတာမှ မဟုတ်ဘဲ​လေ။ အဲဒီ​တော့ သူတို့မှာလည်း သူများရဲ့အပူဒဏ်ကို ခံနိုင်တဲ့ Limit လေး ရှိတယ်ပဲ ဆိုပါ​စို့။ ဒီ Series က​တော့ အဲဒီ Limit လွန်သွားတဲ့ ကုထုံးဆရာတစ်​ယောက်ရဲ့အ​ကြောင်းပါ။ Shrinking လို့​ခေါ်တဲ့ ဒီ Series က Comedy Drama အမျိုးအစားပါ။ ...
7
TMDb: 7/10 16 votes
tv

Shrinking (2023)

2023
Supernatural (2005-2020) 8.295
Supernatural (2005-2020) နာမည်ကျော်စီးရီး Supernatural ကို BluRay 1080p/720p Quality နဲ့ CM Version အဖြစ် စဆုံးပြန်လည်တင်ဆက်လိုက်ပါပြီ။ Supernatural စီးရီးကို ၂၀၀၅ ခုနှစ်ကနေစတင်ထုတ်လွှင့်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဇာတ်သိမ်းနိုင်ပါတယ်။ စီစင်အနေနဲ့ ၁၅ ခုထိရှိပြီး အပိုင်းပေါင်း ၃၂၇ ပိုင်းရှိပါတယ်။ အညွှန်းကိုတော့ Myanmar Varient Entertainment FB Page ကနေ ခံစားရေးဖွဲ့ထားတာနဲ့မိတ်ဆက်ပေးခဲ့ချင်ပါတယ်။ +++++++++++++++++++++++ 🎬 Supernatural သို့ လွမ်းခြင်း (၁၅ နှစ်တာ အမှတ်တရ)နိုဝင်ဘာ ၃၀၊ ၂၀၂၂။◼ CW ရဲ့ အပိုင်းအများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Supernatural ဟာ မြန်မာပရိသတ်တွေကြားမှာ နေရာတစ်ခုအမြဲရယူခဲ့တယ်ဆိုတာ ငြင်းစရာအကြောင်းမရှိခဲ့ပါဘူး။ အများစုက "မိစ္ဆာမုဆိုး" "ပညာသည်နှစ်ဦး" စတဲ့ နာမည်အသီးသီးနဲ့သိကြသလို တချို့တွေကလည်း Supernatural နာမည်နဲ့ပဲ ကြည့်ခဲ့ကြပေမယ့် ကာလတစ်ခုအထိ Supernatural ဟာ ပရိသတ်ရဲ့ဘဝအစိတ်အပိုင်းတစ်ခုအထိ ရှိနေဦးမှာပါပဲ။◼ ...
8.295
TMDb: 8.295/10 7372 votes
tv

Supernatural (2005-2020)

2005
Presumed Innocent (2024) 8.064
Presumed Innocent (2024)  Presumed Innocent စီးရီးကတော့ လူသတ်မှုတခုကတဆင့်ကြည့်ရှုသူတွေကို ဖမ်းစားနိုင်တဲ့ မီနီစီးရီးတစ်ခုဖြစ်ပါတယ်။အဓိကဇာတ်‌ဆောင်မင်းသား Jake Gyllenhaal က အစိုးရရှေ့နေRusty Sabich နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတော့အီသီယိုးပီးယား-အိုင်းရှစ်ရှ်မင်းသမီး Ruth Negga ကသူ့ရဲ့ဇနီးနေရာကနေ တွဲဖက်သရုပ်ဆောင်ထားပါတယ်။တရားခွင်တစ်ခုရဲ့တရားခံနေရာမှာထိုင်နေရသူတိုင်းဟာတရားသူကြီးက အပြစ်ရှိတယ်လို့စီရင်ချက်မချမချင်းအပြစ်မရှိသူတွေအဖြစ်သာယူဆရမှာဖြစ်ကြောင်းမီးမောင်းထိုးပြချင်တာက ဇာတ်ကားရဲ့ဆိုလိုရင်းတစ်ခုဖြစ်နိုင်ပါတယ်။ချီကာဂိုအစိုးရရှေ့နေ Rusty Sabich ကို ဗဟိုပြုထားတဲ့ဒီစီးရီးမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့မိန်းမလှလေး Carolyn Polhemus ဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့အခါ Rusty ဟာ အဓိက လူသတ်သမားတရားခံအနေနဲ့ စွပ်စွဲခံရပါတော့တယ်။သက်သေအထောက်အထားတွေအားလုံးက Rusty ဟာလူသတ်တရားခံဖြစ်ကြောင်း သူ့အပေါ်မှာ တဆင့်ပြီးတဆင့်အထပ်ထပ်ချည်နှောင်လာတဲ့အခါ သူတည်ဆောက်ထားတဲ့မိသားစု၊ အိမ်ထောင်ရေးနဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရရှိဖို့Rusty တယောက် ဘယ်လိုတိုက်ပွဲဝင်သွားမှာလဲ၊ တရားရုံးမှာသူ့ရဲ့ပြစ်မှုတွေက ပိုပြီးထင်ရှားလာမှာလား၊ ကိုယ်ကျင့်တရားပျက်ပြားမှုအပေါ် သူ့ရဲ့မိသားစုကရော ဘယ်လိုအတူတကွရင်ဆိုင်ပေးသွားမှာလဲဆိုတာ အာဏာ၊ နိုင်ငံရေး၊ အချစ်ရေး၊အိမ်ထောင်ရေးသံယောဇဉ်၊ လိင်မှုကိစ္စတွေနဲ့ အဆင့်ဆင့်ချိတ်ဆက်ထားတာကြောင့် ဇာတ်အိမ်ခိုင်မာပြီး ကွင်းဆက်မိမိနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမယ့် လျှို့ဝှက်သဲဖို စုံထောက်မှုခင်းစီးရီးကောင်းတခုဖြစ်ပါတယ်။   File Size – ...
8.064
TMDb: 8.064/10 47 votes
tv

Presumed Innocent (2024)

2024