Brilliant Minds 2024
IMDb – 6.8/10
နာမည်ကျော်အာရုံကြောဆရာဝန် စာရေးဆရာ Oliver sackရဲ့
သူ့ရဲ့ဆရာဝန်သက်တမ်းတစ်လျှောက်မှာ ကြုံရတဲ့
ထူးဆန်းတဲ့caseတွေအကြောင်း ရေးထားတဲ့စာအုပ်နှစ်အုပ်ကို အခြေခံရိုက်ကူးထားတဲ့ Brilliant Minds
ဒီကားလေးနဲ့ တခြားဆရာဝန်ဇာတ်လမ်းတွဲတွေ မတူတဲ့အချက်ကတော့
ဒီဇာတ်လမ်းမှာပါမယ့် caseတွေလူနာတွေက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့mastermindလည်းဖြစ်
ဆေးပညာမှာ လေ့လာနေသမျှထဲမှာ လေ့လာလို့မဆုံးနိုင်သေးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့
ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာ ထူးထူးခြားခြားcaseတွေကိုပဲ ကြည့်ရှုခံစားရမှာပါ။
ဒေါက်တာဝုဖ်ဟာ ပါရမီရှင်လို့တင်စားရလောက်တဲ့ ဦးနှောက်အာရုံကြောပါရဂူတစ်ယောက်၊
ပါရမီရှင်ပီပီ ကိုယ်မှန်တယ်ထင်ရာကို တဇွတ်ထိုးလုပ်တတ်သလို လူတိုင်းနဲ့လည်းအဆင်မပြေတဲ့ လူ့ဂွစာကြီးပေါ့။
ကုသရေးအတွက် လူနာအကျိုးအတွက် လိုအပ်လာမယ်ဆိုရင် စည်းကမ်းဆိုတာလည်း ချိုးဖောက်ဖို့ ဝန်မလေးတဲ့သူပီပီ
လောလောလတ်လတ် အလုပ်ပြုတ်လာတဲ့ဝုဖ်ကို သူငယ်ချင်း ကယ်ရိုလ်က ဘရွန့်စ်ဆေးရုံမှာ လာလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။
ဝုဖ်တစ်ယောက် အစပိုင်းမှာတော့ ခါးခါးသီးသီးငြင်းနေပေမဲ့ ဝုဖ်ကိုနားလည်နေတဲ့ကယ်ရိုလ်ရဲ့စည်းရုံးရေးနဲ့ တစ်သက်လုံး
လူနာတွေအတွက်ပဲ ဘဝကိုမြှုပ်နှံထားသူပီပီ လူနာတွေကို မကုသရရင် မနေနိုင်တဲ့ ဝုဖ်တစ်ယောက်
ဘရွန့်စ်ဆေးရုံမှာ အလုပ်သင်တစ်သိုက်နဲ့ လူနာတွေကို ကုသပေးဖို့ ဖြစ်လာတဲ့အခါ….
ဘရွန့်စ်ဆေးရုံအသံကြားတာနဲ့ ဒေါက်တာဝုဖ်တစ်ယောက် ဘာလို့အကြောက်အကန်ငြင်းနေတာလဲ။
သူ့ရဲ့ မျက်နှာတွေကို မမြင်ရတဲ့ရောဂါကရော ဘယ်လိုဖြစ်လာတာလဲ။ ထူးဆန်းတဲ့စရိုက်
ထူးဆန်းတဲ့ရောဂါရှိနေတဲ့ဆရာနဲ့ အလုပ်သင်တပည့်တစ်သိုက်ကရော
ဘယ်လိုဆန်းပြားတဲ့လူနာတွေနဲ့caseတွေကို ကုသမှုပေးကြမလဲဆိုတာ ရှုစားကြရအောင်ပါ။
File Size – 789 MB(Appx;)@Episode
Quality – 1080p WEB DL
Duration –43minute (@Episode)
Total Episodes:6Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator – Alex
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။