Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rai Fiction
9
The Kollective (2025)
The Kollective (2025) ReviewThe Kollective ဟာ ၂၀၂၅ ခုနှစ်မှ ပူပူနွေးနွေးထွက်ရှိထားတဲ့Crime Thriller စီးရီးတစ်ခု ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းကိုမှအကြိုက်တွေ့ကြတဲ့ပရိသတ်တွေအတွက် ရဲတွေ၊ FBI တွေ မပါဝင်ဘဲနဲ့ဂျာနယ်လစ်သူငယ်ချင်း အုပ်စုတစ်စုရဲ့ အမှုမှန်ပေါ်ပေါက်အောင် ကြိုးပမ်းပုံတွေကို တင်ဆက်ထားပါတယ်။သတင်းအမှားတွေကို တိုက်ဖျက်ဖို့နဲ့ အမှီအခိုကင်းတဲ့ ဂျာနယ်လစ်ဇင်ကို ဖွံဖြိုးစေချင်တဲ့ ရည်ရွယ်ချက်နဲ့The Kollective ကို ဂျော်ရှူအာ၊ ဒီလီယာ၊ အာရွန်၊ အီတီရန်း နဲ့ လူးကတ်စ် တို့ (၅) ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။သက်တမ်း (၁) နှစ်အကြာမှာပဲ အဆိုပါရည်ရွယ်ချက်ဟာ တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီးThe Kollective ဟာလည်း စာနယ်ဇင်းလောကမှာ စောင့်ကြည့်ရမယ့် အဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။ကမ္ဘာကြီးမှာရှိသမျှ ကော်တန်တွင်းထွက်ပစ္စည်း မိုင်းတွင်းတွေထဲမှာမှ ၈၀% ဟာ ကွန်ဂိုနိုင်ငံမှာ တည်ရှိနေပါတယ်။ကွန်ဂိုရဲ့မိုင်းတွင်းတွေအကြောင်းကို စုံစမ်းခဲ့တဲ့ သတင်းထောက် စတိဗ်လက်ရှ် လိုက်ပါလာတဲ့လေယာဉ်ဟာကော်တန်မိုင်းတွင်းတစ်ခုနားမှာပဲ ပျက်ကျခဲ့ပြီး ...
9
TMDb:
9/10
2 votes
tv
The Kollective (2025)
2025
7.7
The Count of Monte Cristo (2025)
The Count of Monte Cristo (2025)IMDb Rating (7.8) ဒီတစ်ခုကတော့ ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထု မွန်တီခရစ်စတိုမြို့စားကြီးကိုပဲ တစ်ဖန်ပြန်လည်အသက်သွင်းထားတဲ့ အင်္ဂလိပ်စကားပြော mini series လေးပါ။ဇာတ်လမ်းအစပျိုးကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယန် အယ်ဗာကျွန်းကို နယ်နှင်ဒဏ်ပေးခံရချိန်ကာလမှာစတင်ထားပါတယ်။နပိုလီယန်ရဲ့သူလျှိုဆိုတဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အက်ဒ်မွန်ဒန်တစ်စ်ဟာ ခုံရုံးမတက်ရ မစုံစမ်းမစစ်ဆေးရပါပဲ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ချိတိုဒိစ်ကျွန်းမှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ အဖမ်းခံလိုက်ရပါတယ်။အဲ့လိုဖမ်းခံလိုက်ရတာရဲ့နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ထားတဲ့လူသုံးယောက်ရှိနေပြီး အဲ့ဒီသူ့အပေါ်မလိုမုန်းထားစိတ်တွေကြောင့် အက်ဒ်မွန်ဟာ အိမ်၊မိဘ၊ချစ်ရသူ၊ဘ၀ အကုန်လုံးကိုဆုံးရှုံးလိုက်ရပါတော့တယ်။သူကျွန်းကနေထွက်လာနိုင်ပြီးတဲ့အခါမှာတော့ သူ့အပေါ်မကောင်းကြံခဲ့တဲ့လူသုံးယောက်ကို လက်စားချေဖို့အကြံစတင်ပါတော့တယ်။အပြင်လောကမှာ ဒီလိုမတရားမှုမျိုးက တရားမျှတမှုရဖို့မလွယ်ပါဘူး။ ဒါပေမယ့် အကယ်၍ဆိုတဲ့အခြေအနေမျိုးမှာ အက်ဒ်မွန်နဲ့အတူသူ့ရဲ့ကလဲ့စားခရီးမှာ လိုက်ပါခံစားကြည့်လိုက်ကြပါ။ဘယ်ပြန်ရိုက်တာမျိုးကမှ ၀တ္ထုကိုမမှီဖူးပါဘူး။ ဒါပေမယ့် Adaptation တစ်ခုအနေနဲ့တော့ အချိန်ပေးဖို့တန်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။Cast တွေအနေနဲ့လည်း The Hunger Games , Me before you တို့နဲ့နာမည်ကျော်ခဲ့တဲ့ Sam Claflin က အက်ဒ်မွန်ဒန်တစ်စ် ...
7.7
TMDb:
7.7/10
19 votes
tv
The Count of Monte Cristo (2025)
2025