The Kollective (2025) Review
The Kollective ဟာ ၂၀၂၅ ခုနှစ်မှ ပူပူနွေးနွေးထွက်ရှိထားတဲ့
Crime Thriller စီးရီးတစ်ခု ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းကိုမှ
အကြိုက်တွေ့ကြတဲ့ပရိသတ်တွေအတွက် ရဲတွေ၊ FBI တွေ မပါဝင်ဘဲနဲ့
ဂျာနယ်လစ်သူငယ်ချင်း အုပ်စုတစ်စုရဲ့ အမှုမှန်ပေါ်ပေါက်အောင် ကြိုးပမ်းပုံတွေကို တင်ဆက်ထားပါတယ်။
သတင်းအမှားတွေကို တိုက်ဖျက်ဖို့နဲ့ အမှီအခိုကင်းတဲ့ ဂျာနယ်လစ်ဇင်ကို ဖွံဖြိုးစေချင်တဲ့ ရည်ရွယ်ချက်နဲ့
The Kollective ကို ဂျော်ရှူအာ၊ ဒီလီယာ၊ အာရွန်၊ အီတီရန်း နဲ့ လူးကတ်စ် တို့ (၅) ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။
သက်တမ်း (၁) နှစ်အကြာမှာပဲ အဆိုပါရည်ရွယ်ချက်ဟာ တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီး
The Kollective ဟာလည်း စာနယ်ဇင်းလောကမှာ စောင့်ကြည့်ရမယ့် အဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာကြီးမှာရှိသမျှ ကော်တန်တွင်းထွက်ပစ္စည်း မိုင်းတွင်းတွေထဲမှာမှ ၈၀% ဟာ ကွန်ဂိုနိုင်ငံမှာ တည်ရှိနေပါတယ်။
ကွန်ဂိုရဲ့မိုင်းတွင်းတွေအကြောင်းကို စုံစမ်းခဲ့တဲ့ သတင်းထောက် စတိဗ်လက်ရှ် လိုက်ပါလာတဲ့လေယာဉ်ဟာ
ကော်တန်မိုင်းတွင်းတစ်ခုနားမှာပဲ ပျက်ကျခဲ့ပြီး စတိဗ်လက်ရှ်လည်း တစ်ပါတည်း သေဆုံးသွားခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုကို သံသယဝင်စရာတွေ ရှိလာတဲ့ ဂျော်ရှူအာက အာရွန်ရဲ့နေအိမ်ရှိရာ လန်ဒန်မှာ
အားလုံး တွေ့ဆုံကြဖို့ တိုင်ပင်ပြီးတော့ The Kollective အဖွဲ့ဟာ ပထမဆုံးလူချင်းတွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုဓာတ်ပုံတွေကလည်း ကွန်ဂိုအစိုးရဆီကပဲ သီးသန့်ထုတ်ပြန်တဲ့ ဓာတ်ပုံတွေချည်းသာရှိပြီး
အနီးအနားက ကော်တန်မိုင်းတွင်းဆီက အလုပ်သမားတွေဟာ ကြောက်ရွံစရာမရှိရင် ဓာတ်ပုံရိုက်ယူထားနိုင်မှာ
ဆိုတဲ့ အတွေးဝင်လာခဲ့ပေမယ့် အားလုံးက အစိုးရရဲ့ထုတ်ပြန်ချက်ကိုသာစောင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။
နောက်တစ်နေ့မနက်မှာ The Kollective ဟာ ဂျော်ရှူအာရဲ့ဖခင်ဖြစ်သူရဲ့ မိတ်ဆွေဟောင်း မာယာ နဲ့ တွေ့ဆုံခဲ့ပါတယ်။
မာယာက သူလည်း စတိဗ်လက်ရှ်ရဲ့ ကွန်ဂိုခရီးစဉ်အကြောင်းကို သိရှိနေပြီး The Kollective ကို အဆိုပါ လေယာဉ်ပျက်ကျမှုကို
စုံစမ်းဖို့ အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိသတင်းပေးဆီကနေ အချက်အလက်ရယူဖို့အတွက် သူတို့ရဲ့ ယုံကြည်ရနိုင်စွမ်းကို
အလျော့ပါးမခံနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျော့ရှ်ကလွဲပြီး အားလုံးက ငြင်းဆန်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဂျော့ရှ်ဟာ သူငယ်ငယ်က ဖခင်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ဆင်တူနေတဲ့ အဆိုပါလေယာဉ်ပျက်ကျမှုကို
စုံစမ်းနိုင်ဖို့ အားလုံးရဲ့ သဘောကိုဆန့်ကျင်ပြီး ကွန်ဂိုနိုင်ငံကို ထွက်ခွာလာခဲ့ပါတယ်။
ကွန်ဂိုအစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ လေယာဉ်ပျက်ကျမှုနောက်ကွယ်က အကြောင်းရင်းမှန်ကို
The Kollective ရဲ့ စွန့်စားဖော်ထုတ်ပုံတွေကို အပိုင်း (၆) ပိုင်းအတွင်းမှာပဲ ကြည့်ရှုနိုင်မယ့်
Mini-series လေးတစ်ခုကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
Complete
=====================
File size… 1.6 GB / 600MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 57m
Genre ….. Crime/Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by CM Team
Season 1
Ep 1
1080p – YoteShin / UserDrive / Megaup
720p – YoteShin / UserDrive / Megaup / Telegram
Ep 2
1080p – YoteShin / UserDrive / Megaup
720p – YoteShin / UserDrive / Megaup / Telegram
Ep 3
1080p – YoteShin / UserDrive / Megaup
720p – YoteShin / UserDrive / Megaup / Telegram
Ep 4
1080p – YoteShin / UserDrive / Megaup
720p – YoteShin / UserDrive / Megaup / Telegram
Ep 5
1080p – YoteShin / UserDrive / Megaup
720p – YoteShin / UserDrive / Megaup / Telegram
Ep 6
1080p – YoteShin / UserDrive / Megaup
720p – YoteShin / UserDrive / Megaup / Telegram
Completed
=============================
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။