Channel Myanmar

2022

Inside Man (2022) 6.6
Inside Man (2022) Inside Man (2022) =============== IMDb Rating - 6.6./10Games of Thorne , Sherlock Holmes စတဲ့ အကောင်းဆုံး ဇာတ်လမ်း တွဲတွေကို ထုတ်လွှင့်ခဲ့တဲ့ BBC ကနေ တာဝန်ယူထုတ်လွှင့်ထားတဲ့ စုံထောက် လူသတ်ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းတွဲ ဆိုပေမယ့် ၄ ပိုင်းထဲပါပြီး ၄ နာရီကြာဇာတ်ကားတစ်ခုလို အတော်လေးကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး British မင်းသား David Tennat နဲ့ ရာဇ ဝတ်ကားတွေဆို နောက်ကွယ်ကဉာဏ်ကြီးရှင် Master mind နေရာမှာပါဝင် နေကြ Stanley Tucci တို့က ပါဝင်အားဖြည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရာဇဝတ်မှုပိုင်းဆိုင်ရာပညာနဲ့ ပါရဂူဘွဲ့ရခဲ့ပြီး မှုခင်းလောကရဲ့ နာမည်ကြီးစုံထောက်ကြီး...ဂျက်ဖာဆင်ဟာ ကိုယ့်မိန်းမကို သတ်မှုနဲ့ ထောင်ကျနေခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ရိုးရိုးသတ်တာမဟုတ်ဘဲ ခေါင်းပါ ဖြတ်ခဲ့လို့ သေမိန့်ကျထားခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပညာဟာ ထောင် ထဲရောက်သွားတောင် အကျိုးပေးနေပါသေးတယ်။ အပြင်လောကက မနိုင် တော့တဲ့ အမှုမှန်သမျှကို ရဲ, စုံထောက်တွေက ...
6.6
TMDb: 6.6/10 36000 votes
tv

Inside Man (2022)

2022
Trigger Point (2022) (Season 01 + 02 Complete) 7.9
Trigger Point (2022) (Season 01 + 02 Complete) Trigger Point (2022) (Season 01 + 02 Complete) ~ IMDb - 6.2/10, Rotten Tomatoes- 80% ~ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်တဲ့ အဖွဲ့တွေရဲ့ အားပြိုင်မှုတွေအကြောင်း ဇာတ်လမ်းပေါင်းများစွာကြည့်ဖူးပြီးလောက်ပါပြီ။ ဒီတစ်ခါတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ထောင်တဲ့ဗုံးတွေကို ဖြုတ်ချည်ရှင်းချည်လုပ်ရတဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ကြားက အားပြိုင်မှုအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုထွက်လာပါတယ်။ လာနာဝါရှင်တန်လို့ခေါ်တဲ့ စစ်သမဟောင်းနဲ့ အာဖဂန်စစ်ပွဲစစ်မှုထမ်းဟောင်းဟာ လန်ဒန်က ဗုံးရှင်းလင်းရေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာပါတယ်။ သူ့အတွေ့အကြုံတွေ စကေးတွေကိုသုံးပြီး အကြမ်းဖက်ဗုံးထောင်သူတွေနဲ့ ဗုံးတွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတယ်။ အကြမ်းဖက်သမားတွေရဲ့ လှည့်ကွက်တွေနဲ့ သူတို့ရဲ့ အတွေ့အကြုံကြားက ဉာဏ်ကစားကြတာတွေကိုလည်း တွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ဗုံးရှင်းလင်းရေးအဖွဲ့တွေရဲ့ လုပ်နည်းလုပ်ဟန်တွေ ဗုံးရှင်းလင်းရေးတွေအကြောင်း အသေးစိတ် သေချာတွေ့မြင်ရမှာဖြစ်ပြီး လက်ရှိမှာ Season 1 ထွက်ရှိထားပြီး ၆ပိုင်းသာပါရှိပါတယ်။ Season 2 ဆက်လက်ထွက်ရှိလာမယ်လို့လည်း အတည်ပြုပြီးဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ...
7.9
TMDb: 7.9/10 19 votes
tv

Trigger Point (2022) (Season 01 + 02 Complete)

2022
Quantum Leap Season 1 + 2 7.923
Quantum Leap Season 1 + 2 Quantum Leap  Season 1 (2022)(function(f,b,n,j,x,e){})();IMdb rating 4.9/101989 ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ Quantum Leap ဆိုတဲ့ series လေးကတော့ ယခု 2022 ခုနှစ်မှာ sequel ထွက်လာပါပြီ။နှစ်ပေါင်း ၃၀ကျော်ကြာမှ ထွက်လာတဲ့ sequel ပေမဲ့ ဇာတ်ကောင်အသစ်တွေနဲ့ သွေးသစ်လောင်းထားတာမို့ ခုက စကြည့်လည်း အဆင်ပြေပါတယ်။ ဇာတ်လမ်းကတော့ Quantum Leap ဆိုတဲ့ အတိုင်း အချိန်ခရီးသွား ဇာတ်လမ်းပါပဲ။ တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေနဲ့ မတူတာက ဇာတ်ကားမှာ ခရီးသွားရတာက တခြားသူရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတာပဲ။ ဒါကို leap(ခုန်)တယ်လို့ ခေါ်ပါတယ်။ မူလအချိန်ပြန်ရောက်ချင်ရင်တော့ ကိုယ်ဝင်နေတဲ့ ခန္ဓာကိုယ်အတွက် ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်မှ ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီလို စက်အဆန်းကြီးကို တီထွင်တာက ‌ဒေါက်တာ ဆမ်ဘက်ကတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ခဲ့တဲ့ အနှစ်၃၀ က အဲ့စက်မှာ ခရီးသွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။ ခု ၂၀၂၂ ခုရောက်တော့ ‌ရူပဗေဒပညာရှင် ...
7.923
TMDb: 7.923/10 13 votes
tv

Quantum Leap Season 1 + 2

2022
Halo (2022) Season 2 8.306
Halo (2022) Season 2 Halo ဂိမ်းတွေကိုအခြေခံပြီး ကွာလတီအမြင့်နဲ့ ရိုက်ထားတဲ့စီးရီး Season 2 ထွက်လာပါပြီဇာတ်လမ်းနောက်ခံကျယ်ပြန့်တဲ့ဂိမ်းတွေမို့ စီးရီးလည်း ဇာတ်အိမ်ကြီးကြီးမားမားနဲ့ရှေ့ဆက်ပါလိမ့်မယ်စွမ်းရည်မြင့် Spartan တပ်သားတွေထဲက Master Chief ဦးဆောင်တဲ့ Silver အဖွဲ့နဲ့ Covenent ဂြိုလ်သားမျိုးနွယ်တွေရဲ့တိုက်ပွဲတွေဟာ အစပြုရုံပဲရှိပါသေးတယ် Master Chief က စစ်ဆင်ရေးတစ်ခုမှာ Covenent တွေနဲ့ရင်ဆိုင်ခဲ့ရပြီး Covenent တွေမှာ ဂြိုလ်တွေကိုဖျက်စီးရုံထက် ပိုကြီးမားတဲ့အကြံအစည်ရှိနေသလို မသင်္ကာစရာလှုပ်ရှားမှုတွေတွေ့ခဲ့ရပေမယ့် ခေါင်းဆောင်တွေကမယုံကြည်တဲ့အခါမှာ Master Chief ကိုယ်တိုင် Covenent တွေရဲ့ အစီအစဉ်ကိုသိရဖို့ ကြိုးစားရပါတော့တယ် File size…(778 MB)/(396 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:58:00 Genre...Action, Adventure, Scifi and Fanatasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein   Season 2Episode 1 720p  -  Yoteshin ...
8.306
TMDb: 8.306/10 2152 votes
tv

Halo (2022) Season 2

2022
SPY x FAMILY 8.6
SPY x FAMILY Spy X Family (2022)==============(function(f,b,n,j,x,e){})();သိပ်မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ Anime စီးရီးတခုပါပါ IMDB Rating အနေနဲ့ 9.1/ 10ကို User 1.5kထိပေးထားပြီး အတော်လေးခွီရတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ....ဇာတ်လမ်းအကျဉ်းကတော့ သိပ်ကိုတော်တဲ့ စပိုင်တစ်ယောက်ဟာ ရုပ်ပေါင်းများစွာဖျက်ပြီး မစ်ရှင်တွေကို တခုပြီးတခုအောင်မြင်စွာ ဆောင်ရွက်နေနိုင်ခဲ့ပါတယ် သူ့နာမည်ဝှက်ကတော့ "ဆည်းဆာ"ပါ.... တနေ့တော့ သူ့အတွက်မစ်ရှင်ကို ကုတ်ဖော်ပြီး သူရလိုက်တဲ့မစ်ရှင်က စောင်တလွဲဆိုတာသိလိုက်ရပါတယ်အဲ့ဒီမစ်ရှင်က သူကလေးတစ်ယောက်ကို တပတ်အတွင်းမွေးပြီး သူစပိုင်လုပ်ရမယ့် လူကြီးတစ်ယောက်ပိုင်တဲ့ကျောင်းမှာ သတင်းသွားယူဖို့ပါပဲ....အမြဲတမ်းကမ္ဘာကြီးကိုလျှို့ဝှက်စွာကယ်တင်နေတဲ့ ဆည်းဆာတစ်ယောက် မိဘမဲ့ဂေဟာကနေ ကလေးတစ်ယောက်ကို အလွယ်တကူမွေးစားလိုက်ပြီး အဲ့ဒီကလေးက သာမန်မဟုတ်တဲ့အခါမှာတော့ ဘယ်လိုဘယ်ပုံ အလွဲအချော်တွေနဲ့ ဇာတ်အိမ်တည်ဆောက် သွားဦးမလဲဆိုတာကို Action / Comdeyအပြည့်နဲ့ ကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်........... File Size –300MB / 150MB @EpisodeQuality –1080p / 720pDuration – minute (@Episode)Total Episodes: 38Subtitle – Myanmar HardsubFormat – Mp4Genre : Animation / Action / ComedyTranslator – Venti / Thura AungEncoder ...
8.6
TMDb: 8.6/10 1479 votes
tv

SPY x FAMILY

2022
I Hate Christmas (2023) Season 1 6.3
I Hate Christmas (2023) Season 1 ဂျာနာက ခရစ်စမတ်ကို အရမ်းမုန်းတယ်။ မိသားစုတွေ ကိုယ်စီ ကိုယ်စီနဲ့ ပျော်ရွှင်နေတဲ့ ခရစ်စမတ် အချိန်အခါက အသက် သုံးဆယ်အရွယ် ရည်းစားမရှိ ကလေးမရှိတဲ့ ဂျာနာလို အပျိုဟိုင်းကြီး အတွက် တကယ့် ငရဲလိုအချိန်ပဲ။ မိုးမိုးရဲ့ သီချင်းလိုမျိုး မိသားစုတွေကလည်း ဒီတသက် မျှော်လင့်ချက် မရှိတော့ဘူးလို့ထင်ကြတယ်။ထီလက်မှတ်ရောင်းတဲ့သူတွေကလည်း သနားကြတယ်။ ထမင်းစားပွဲမှာတောင် ဘက်ပဲ့နေလို့ ကလေးတွေကြားပါ ထိုင်ရတဲ့အထိပဲ။ရည်းစားဟောင်း ဖရန်ချက်စကိုနဲ့ပြတ်ပြီး သုံးနှစ်ဆက်တိုက် ဒီ စိတ်ဒုက္ခကို ခံစားလာရတဲ့ ဂျာနာ တယောက် သည်းမခံနိုင်တော့ပဲ ရည်းစား ရှိတယ်လို့ လိမ်ပြောလိုက်မိတဲ့နောက်မှာတော့ ခရစ်စမတ်အမှီ ရည်းစား ရှာပုံတော်ဖွင့်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဂျာနာ တယောက် သူ့ရဲ့ အချိန်နှောင်းနေတဲ့ အချစ်ရှာပုံတော်ခရီးမှာ ဘာတွေဖြစ်ဦးမှာလဲ။ ဘာတွေ တလွဲဖြစ်ဦးမလဲ။ ခရစ်စမတ်မတိုင်ခင် သူ့ရဲ့ အချစ်စစ် ဘ၀လက်တွဲဖော်ကို ‌ ရှာတွေ့သွားနိုင်ပါ့မလား ဆိုတာကို CM ပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး‌ခင်ဗျ။Quality : NF WEB DL 1080pTotal Episodes : ...
6.3
TMDb: 6.3/10 45 votes
tv

I Hate Christmas (2023) Season 1

2022
Shining Vale (2023) Season 02 Complete 8.023
Shining Vale (2023) Season 02 Complete Shining Vale (2023) S02 Complete ~ IMDb - 7/10, Rotten Tomatoes - 71% ~ FRIENDS ထဲက မမ မိုနီကာရဲ့ ရှိုင်းနင်းဗေးလ် ဒုတိယတွဲလာပါပြီ။ ပတ်တစ်ယောက် တစ်မိသားစုလုံးကို(ဂျိတ်နဲ့ ခွေးမပါ) ပုဆိန်နဲ့ လိုက်ခုတ်သတ်ဖို့လုပ်ပြီးတော့ စိတ္တဇဆေးရုံကို ရောက်သွားပြီး ဒီ Season မှာတော့ ဆေးရုံက ဆင်းလာပါပြီ။ ရို့စ်မေရီကို ဆေးရုံက ပတ်ရဲ့ခေါင်းထဲကထွက်သွားအောင် ရှော့တိုက်ထုတ်လိုက်ပါတယ်။ တယ်ရီကတော့ ရထားတဲ့ ဒဏ်ရာတွေကြောင့် ခေါင်းထိပြီး အတိတ်မေ့သွားပါတယ်။ အတိတ်မေ့သွားပြီးတော့မှ သူက ဆေးလိပ်သမားဆိုတာကို ပြန်သတိရသွားပါတယ်တဲ့။ သူ့မိန်းမ ပုဆိန်ရေး ပြသွားတာကိုတော့ သတိမရသေးပါဘူး။ ဂျိတ်ကတော့ ထုံးစံအတိုင်း ကြောင်တောင်တောင်ပါပဲ။ ဒါပေမဲ့ သူတို့ ဘောလုံးအသင်းရဲ့ လာဘ်ကောင်ဖြစ်လာပြီး လူချစ်လူခင်များလာပါတယ်။ ကြောင်တောင်တောင် ဘော်ဒါတွေလည်း ရလာတာပေါ့။ သူ့ရဲ့ VR ထဲက ကလေးမလေးကလည်း ...
8.023
TMDb: 8.023/10 43 votes
tv

Shining Vale (2023) Season 02 Complete

2022
Wicked City (2022) – Season (01) 6
Wicked City (2022) – Season (01) Wicked City (2022) - Season (01)=============================== ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ စီးရီးလေးကတော့ လတ်တလောလူမေးများနေတဲ့ မှော်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆယ်ကျော်သက်ကောင်မလေး ခမေးလ် ဟာ သူ့အိမ်ကိုပြန်ရောက်တော့ အမေဖြစ်သူက ဗိုက်မှာဓားဒဏ်ရာနဲ့ ကြမ်းပြင်မှာသေလုဆဲဆဲဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မိခင်ရဲ့အသက်ကိုလုဖို့ အတတ်နိုင်ဆုံးကြိုးစားပေမဲ့လည်း သူ့အမေက ခမေးလ်မှာ အန္တရာယ်ရှိနေပြီဆိုတဲ့အကြောင်းနဲ့ ဂျော်ဂျီယာ က အက်တလန်တာမြို့မှာ ကေဒန် ဆိုတဲ့သူကိုသွားရှာဖို့သာ နောက်ဆုံးအနေနဲ့မှာခဲ့ပြီး အသက်ထွက်သွားခဲ့ပါတယ်။ ခမေးလ် ကို သူ့အမေပေးခဲ့တဲ့လိပ်စာက မှော်ပညာနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေရောင်းတဲ့ စတိုးဆိုင်လေးဖြစ်ပြီး အဲ့ဒီဆိုင်ကို တက်ဘသာ ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးက ပိုင်ပါတယ်။ တက်ဘသာ ဟာ စုန်းမတစ်ယောက်ဖြစ်ပြီးတော့ ခမေးလ် နဲ့ မတိမ်းမယိမ်း တပည့်လေးယောက်လည်းရှိပါတယ်။ သူတို့ဟာ မတူညီတဲ့မှော်စွမ်းအားအသီးသီးပိုင်ဆိုင်ကြပေမဲ့ ဂျော်ဒန် ဆိုတဲ့စုန်းမလေးကတော့ မှော်စွမ်းအားကို အသုံးချလို့မရဘဲ အာရုံခံလို့သာရတဲ့အတွက် ရှေ့ဖြစ်ဟောအတတ်မှာသာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပြီး သူ့ကိုယ်သူ အားမလိုအားမရဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်သေဆုံးရတဲ့ နောက်ကွယ်ကအကြောင်းကိုစုံစမ်းဖို့ ခမေးလ် ...
6
TMDb: 6/10 3 votes
tv

Wicked City (2022) – Season (01)

2022
Duranga (2023) Season 2 5.8
Duranga (2023) Season 2 Duranga 2-2023 (အတိတ်နဲ့ ပစ္စုပ္ပန်ကြားက အားပြိုင်မှု)IMDb-7.5/10မနှစ်က CM ကနေတင်ဆက်ပေးခဲ့တဲ့ Psychology Thriller ကား Duranga ရဲ့ Season 2 လည်းထွက်ရှိလာပြီမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးတင်ဆက်ပေးလိုက်ပါတယ်Season 1 မှာ လူသတ်မှု အယောင်ဆောင်မှု စိတ္တဇလူသတ်သမားကျူးလွန်တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ သပွတ်အူဆန်ဆန်ရှုစားခဲ့ရပြီး အခုထွက်လာတဲ့ ၈ ပိုင်းကတော့ ရှေ့အတွဲမှာပါခဲ့တဲ့ မြှုပ်ကွက်တွေ ဇာတ်အလှည့်အပြောင်းလေးတွေကို တစ်ခုချင်းဖြေထုတ်ပြသွားမှာပဲဖြစ်ပါတယ်အတိတ်ကို ပြည်ဖုံးကားချပြီး ဆာမစ်ဗာဒယ်အသွင်နဲ့ ဘဝကိုမိသားစုအတွက်ရှင်သန်တော့မဲ့အဘီရှက်ခ်ဘန်နီ... အဲဒီချိန်မှာပဲ ဆာမစ်ဗာဒယ်အစစ်အမှန်က ကိုမာကနေနိုးထလာခဲ့ပြီး အဘီရှက်ခ်ဘန်နီရဲ့ ဇနီးဖြစ်သူရဲအရာရှိကလည်း သူအရင်ကကျူးလွန်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကအမှုတွေရဲ့တရားခံကို လိုက်ဖော်ထုတ်နေတယ်မိသားစုအေးချမ်းရေးအဓိကထားနေချိန်မှာမှ သမီးဖြစ်သူကလည်း ကျောင်းမှာအနိုင်ကျင့်စော်ကားခံနေရတယ်ပြောင်းလဲဖို့ကြိုးစားနေပေမဲ့ ဟိုးအတိတ်ကိုပဲ ပြန်‌ဆွဲခေါ်နေတဲ့ အခြေအနေပေါင်းများစွာကြားမှာ ဘဝကို မယိမ်းမယိုင်ရပ်တည်နိုင်မလား အတိတ်တစ်ဖန်ပြန်လည်သွားဦးမလားစိတ္တဇဆန်ဆန်လူသတ်မှုတွေထက် လူတစ်ယောက်ရဲ့ အကောင်းအဆိုးစိတ် လွန်ဆွဲမှုတွေ ၊ မိသားစု ဇနီး ခင်ပွန်းကြားကကွဲလွဲနေတဲ့ အလွှာပါးလေးတွေကြား ရင်ဆိုင်တိုက်ခိုက်မှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ Alex ~ Yunni ~ V ~ ...
5.8
TMDb: 5.8/10 5 votes
tv

Duranga (2023) Season 2

2022
Star Wars: Tales of the Jedi (2022) 8.068
Star Wars: Tales of the Jedi (2022) ဒီ စီးရီးကတော့ Star Wars ဖန်တွေအတွက် ရွှေပါပဲ။ ဂျပန်ကာတွန်းစီးရီးတွေမှာလို ဆိုရင်တော့ filler အပိုင်းတွေလို့ ပြောရမယ်ထင်ပါတယ်။ အပိုင်းတစ်ပိုင်းချင်းဆီဟာ မူရင်း Prequel သုံးကားရဲ့ခေတ်ကို အခြေခံပြီးတော့ Count Dooku နဲ့ အာဆိုးကာတာနိုတို့ရဲ့အတွေ့အကြုံနဲ့ အမြင်တွေကို ပြသသွားတာပါ။ကွိုင်-ဂွန် ဂျင်းနဲ့ ဒိုကူတို့ရဲ့ စွန့်စားခန်းကနေ ပြည်ထောင်စုအပေါ် အမြင်စောင်းလာပုံ၊ ကွိုင်ဂွင်ဂျင်နဲ့ ဆစ်သ်တစ်ယောက်စတွေ့ပုံ Darth Maul သတ်တာခံလိုက်ရပြီးတော့ ဒိုကူရဲ့ အမြင်၊ အာဆိုးကာ နဲ့ ဆရာ အနာကင်စကိုင်းဝေါ်ကာတို့ရဲ့ အတွေ့အကြုံ၊ အော်ဒါ-၆၆ ကနေ အာဆိုးကာလွတ်လာရတဲ့အကြောင်းရင်း၊ အာဆိုးကာ အင်ပါယာတော်လှန်ရေးမှာ ပါလာပုံ၊ စတာတွေကို ဝေဝေဆာဆာလေး ဖော်ပြထားပါတယ်။ဒီစီးရီးကို လူကြိုက်များသွားလို့ နောက်ခေတ်တွေအတွက် Tales of Jedi Season 2 ကိုတောင် ဖန်တွေ မျှော်နေကြပါသေးတယ်။ စတားဝေါရ်စကြဝဠာကို လိုက်ကြည့်ချင်တယ်ဆိုရင် ...
8.068
TMDb: 8.068/10 234 votes
tv

Star Wars: Tales of the Jedi (2022)

2022
Power Book IV: Force (2023) Season 2 8.422
Power Book IV: Force (2023) Season 2 CM ပရိသတ်ကြီးတို့ကို ဒီတစ်ခါမှာတော့ American crime series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Series ရဲ့နာမည်ကတော့ Power Book IV : Force ဖြစ်ပြီးတော့ ဒီတစ်ခါတင်ဆက်ပေးမှာက Season 2 ပါ။ IMDb rating 8.1/10 နဲ့ Rotten tomatoes 100% ရရှိထားတဲ့ series ဖြစ်တာမလို့ မကောင်းမှာကို စိတ်ပူစရာမလိုပါဘူး။ ဒီ series က Courtney A. Kemp ဖန်တီးခဲ့တဲ့ Power series ရဲ့ sequel ဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ တွမ်မီက နယူးယောက်ခ်က ထွက်လာပြီးနောက် ချီကာဂိုကို ရောက်လာတယ်။ သူက မူးယစ်ဆေးအရောင်းအဝယ်ထဲ ပါဝင်ပတ်သက်မိရာကနေ ဘိန်းရာဇာဖြစ်လာဖို့ ဆုံးဖြတ်လိုက်ရင်း နယ်မြေအတွင်းက ဂိုဏ်းကို ဝင်ထိန်းချုပ်လိုက်ပါတယ်။တွမ်မီက မြို့မှာရှိတဲ့ လူဆိုးတွေနဲ့ အကျင့်ပျက် နိုင်ငံရေးသမားတွေ အပါအဝင် ...
8.422
TMDb: 8.422/10 102 votes
tv

Power Book IV: Force (2023) Season 2

2022
Shoresy (2022) Season1+2 Complete 7.9
Shoresy (2022) Season1+2 Complete ကနေဒါနိုင်ငံလို့ပြောတာနဲ့ ကျွန်တော်တို့ပထမဆုံးပြေးမြင်တာကတော့ ဟော်ကီပါပဲ။ ဟုတ်ပါတယ်။ ဒီကနေဒါဇာတ်လမ်းတွဲကတော့ IMDB 8.5 နဲ့ Rotten Tomatoes 100% ရထားတဲ့ ဟော်ကီနဲ့ပတ်သက်တဲ့ Sitcom ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDB 8.6 ရထားတဲ့ နောက်ထပ်နာမည်ကြီး Sitcom ဇာတ်လမ်းတွဲဖြစ်တဲ့ Letterkenny ရဲ့ spinoff လည်းဖြစ်ပါတယ်။နာမည်ကြီးကနေဒါသရုပ်ဆောင် Jared Kesso ကိုယ်တိုင်ရေးပြီး Shoresy နေရာမှာ ကိုယ်တိုင်သရုပ်ဆောင်ထားလည်းဖြစ်ပါတယ်။ Shoresy ဟာကျေးလက်ဒေသကနေ ဟော်ကီအသင်းတစ်ခုမှာ ဝင်ကစားဖို့ ဆတ်ဒ်ဘူရီမြို့ကို ပြောင်းလာပါတယ်။သူဝင်ကစားတဲ့အသင်းက Bulldogs ဖြစ်ပြီး သူဝင်မကစားခင်မှာ ဆတ်ဒ်ဘူရီမြို့ရဲ့ ထိပ်တန်းဟော်ကီအသင်းတစ်ခုဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ သူဝင်လာတဲ့အချိန်ကစပြီး ပွဲ 20 ဆက်တိုက်ရှုံးပြီး နည်းပြဖြစ်သူက ထွက်သွားရုံတင်မကဘဲ မန်နေဂျာဖြစ်သူကပါ အသင်းကိုဖျက်သိမ်းတော့မယ့်အထိ အခြေအနေဆိုးလာပါတယ်။ရှုံးရမှာကို သေလောက်အောင်မုန်းတဲ့ Shoresy ဟာ သူ့ရဲ့နည်းပြအတွေ့အကြုံနဲ့ စွန့်စားမှုများတဲ့ အစီအစဉ်တစ်ခုကို မန်နေဂျာကိုပြောပြပြီး အသင်းကိုမဖျက်သိမ်းဖို့နဲ့ ပြိုင်ပွဲကိုနိုင်အောင်လုပ်ပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ လေးသင်းလိဂ်မှာ အဆင့်လေးဖြစ်နေတဲ့ Bulldogs က ဆတ်ဒ်ဘူရီမြို့ရဲ့ ...
7.9
TMDb: 7.9/10 29 votes
tv

Shoresy (2022) Season1+2 Complete

2022
Kleo (2022) 7.034
Kleo (2022) Kleo (2022) =========== IMDb Rating - 7.5/10Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92% ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့ အစဉ်အလာရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက် လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက် ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန် ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ...
7.034
TMDb: 7.034/10 89 votes
tv

Kleo (2022)

2022
Karen Pirie (2022) 6.583
Karen Pirie (2022) Karen Pirie (2022) ==============Crime, Drama ဇာတ်လမ်းကောင်း ကြိုက်တဲ့သူတွေအတွက် Rotten Tomatoes 91%, IMDb 7.6/10 ရရှိထားတဲ့ စုံထောက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခု Season 1 မှာတော့ အပိုင်း ၃ပိုင်း တည်း ပါဝင်တာမို့ အပိုင်းအများကြီး ကြည့်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ဇာတ်အိမ်ခိုင်မာပြီး ကြည့်နေကြ Hollywood production တွေက မဟုတ်ဘဲ UK ကမို့လို့ မတူညီတဲ့ရသကို ခံစားနိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကယ်ရန်ပီရီဟာ ရာဇဝတ်မှုဌာနသို့ ရာထူး တိုးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က တရားခံ မပေါ်ခဲ့တဲ့ လူသတ်မှုဟောင်း တစ်ခုကို ပြန်လည်စုံစမ်းဖို့ရာ ဖြစ်လာပါတယ်။ အဆိုပါအမှုကတော့ ရိုစီ ဒက်ဖ်ဆိုတဲ့ မိန်းကလေး အသတ်ခံရမှုပါ။ ရိုစီအသတ်ခံရတဲ့ညမှာ အဲလက်စ်၊ တွမ်နဲ့ ဇစ်ကီဆိုတဲ့ ကျောင်းသားလေး သုံးယောက်ဟာ ဒဏ်ရာတွေနဲ့ လဲ နေတဲ့ ရိုစီ့ကို တွေ့ခဲ့ပြီး ရဲတွေကိုအကူအညီတောင်းခဲ့ပါတယ်။ မျက်မြင် သက်သေ သုံးယောက်ကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပြီး ...
6.583
TMDb: 6.583/10 29 votes
tv

Karen Pirie (2022)

2022
Minx Season 1 + 2 7.9
Minx Season 1 + 2 Season 1HBO Maxက ထွက်ထားတဲ့ ဒီ Minxဆိုတဲ့ seriesဟာ အခုလိုအိုင်ဒီယာခပ်ဆန်း​ဆန်းနဲ့ ထုတ်​ထားတဲ့ Eroticမဂ္ဂဇင်းMinxဟာဒီ​​​နေ့​ခေတ်​လောက် လိင်ကိစ္စအ​ပေါ်ပွင့်လင်းမှုမရှိ​သေးတဲ့၊ ဖိုဝါဒီအင်မတန်စိုးမိုး​နေ​တဲ့ အ​မေရိကန်နိုင်ငံမှာ ဘယ်လို ခက်ခက်ခဲခဲရပ်တည်သွားမလဲ၊ Sexနဲ့ Policyတွဲ​နေတဲ့ မဂ္ဂဇင်းတစ်အုပ်က​​နေဂျွိုက်စ်တစ်​ယောက် သူချပြချင်တဲ့ မက်​​ဆေ့ဂျ်ကို ​အောင်မြင်စွာ​ဖော်ထုတ်ပြနိုင်မလားဆိုတာကို အရွှန်း​ဖောက်ကြည့်ရှုရမှာပါ၊သတိ​ပေးလိုတာကTV-MA seriesဖြစ်သလို ဇာတ်လမ်းသ​ဘောကိုက18+ ဆန်တာမို့လို့ 18+ပြကွက်​တွေကို ဗွင်းဗွင်းရှင်းရှင်း၊ကွက်ကွက်ကွင်းကွင်း မြင်ရကြားရမှာ အ​သေအချာပါပဲ၊ ဟာသကားဟဲ့လို့ မိသားစုနဲ့အတူသွားကြည့်ရင်​​​​တော့ ငါးပါး​​မှောက်မှာ​အ​သေအချာပါပဲ၊ ၁၉၇၀ပြည့်နှစ် မဟာ့မဟာပုရိသဝါဒီ​တွေ အ​တော်အမြစ်တွယ်​နေ​သေးတဲ့အချိန် ဂျွိုက်စ်ပရစ်ဂါဆိုတဲ့ ကညာတစ်​ယောက်ကကျား/မ အခွင့်အ​​ရေးတန်းတူရရှိမှု၊ တန်းတူတန်ဖိုးထားမှုတို့ကို​ဖော်ညွှန်း​ပေးတဲ့ Feminismဝါဒီကို "နှုတ်တစ်ရာ စာတစ်လုံး"ဆိုတဲ့အတိုင်း မဂ္ဂဇင်းထုတ်ကာ ဝါဒရိုက်သွင်း​ပေးချင်သူ​ပေါ့၊​လူ ငယ်ငယ် အကြံကြီးကြီး၊ ​ရှေးရိုးစွဲနဲ့ လူမျိုးကြီးစိတ် လွန်စွာပြင်းလှတဲ့ အဲဒီ​ခေတ်စာအုပ်ထုတ်​ဝေသူ အဘိုးကြီးများအကြားFeminismဆိုတဲ့စကားဟာ ​​ရေခမ်း​​တည်ထားတဲ့ ဆေးခါးကြီးထဲကြက်ဟင်းခါးမှုန့် ထည့်စပ်ထားသလို အင်မတန်အဝင်ဆိုးလှတာကိုး၊ ဒီလိုမျိုး ဣတ္တိယတို့အဖို့ ဝါဒဖြန့်ဖို့ လမ်းပျောက်​နေတဲ့ ဂျွိုက်စ်ဆီဆိုက်မြိုက်မြိုက်​ရောက်လာသူက ဒေါ့ဂ်၊ ...
7.9
TMDb: 7.9/10 9 votes
tv

Minx Season 1 + 2

2022
Kung Fu Panda: The Dragon Knight 10
Kung Fu Panda: The Dragon Knight Kung Fu Panda : Dragon Knight (2022)ကွန်ဖူးပန်ဒါ ကာတွန်းစီးရီးထွက်လာပါပြီ။ ကာတွန်းရုပ်ရှင်လိုပဲ ရုပ်ထွက်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်လို့ တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအစမှာတော့ ကလောက်စ်နဲ့ ဗရူကာဆိုတဲ့ ဖျံလူဆိုးနှစ်ကောင်ဟာ တရုတ်ပြည်ရဲ့ အစွမ်းထက်တဲ့ ရှေးဟောင်းလက်နက် ဝူကောင်းလက်အိတ်ကို လာလုပါတယ်။ အဲဒါကို နဂါးဆရာသခင် ပိုက တားဆီးရင်နဲ့ ထုံးစံအတိုင်း တလွဲတွေဖြစ် ရွာပါပျက်စီးပြီး လက်အိတ်လည်းပါသွားပါတယ်။ ဒါကြောင့် မင်းကြီးက ပို့ဆီက နဂါးဆရာသခင်ဘွဲ့ကို ရုတ်သိမ်းတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ အဲဒီဖျံနှစ်ကောင်နောက်ကို လိုက်ဖမ်းနေတဲ့ အင်္ဂလန်သူရဲကောင်း လေလွင့်ဓားမိမယ် လူသယ်ရာနဲ့အတူ ပေါင်းမိပြီး တလွဲတွေ စွန့်စားခန့်ဖွင့်ကြတဲ့အခါ .....စုစုပေါင်း ၁၁ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action & Adventure, Animation, Comedy Quality…. 1080p | 720p File size… 600MB | ...
10
TMDb: 10/10 1 votes
tv

Kung Fu Panda: The Dragon Knight

2022
The Bastard Son & the Devil Himself (2022) 7.761
The Bastard Son & the Devil Himself (2022)  Rating ကောင်းကောင်းရထားတဲ့ Netflix ရဲ့ 2022 ထွက် fantasy-drama စီးရီးလေးတစ်ခု လာပါပြီ။ Rotten tomatoes မှာ ခရမ်းချဥ်သီးပုပ် 93% အထိရထားပြီး 1MDb မှာလည်း rating 7.5 ရထားတာဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်အဆင့်ထက်လွန်တယ်လို့ ပြောလို့ရတဲ့ စီးရီးတစ်ခုပါ။ ဇာတ်အိမ်ကလည်း လူငယ်ဇာတ်ကောင်အများစုနဲ့ ပေါ့ပေါ့ပါးပါးတည်ဆောက်ထားလို့ မိသားစုနဲ့ကြည့်လို့ရပါတယ်။ Titans(2018) နဲ့ The Batman(2022) မှာပါဝင်ထားတဲ့ သရုပ်ဆောင် Jay Lycurgoကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Nadia Parkes၊ Emilien Vekemans၊ Isobel Jesper Jones စတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Colm McCarthy၊ Debs Paterson၊ Rachna Suri တို့က ပူးတွဲရိုက်ကူးပေးထားပြီး ဇာတ်အိမ်ကတော့ Sally green ရဲ့ Halfbad ...
7.761
TMDb: 7.761/10 90 votes
tv

The Bastard Son & the Devil Himself (2022)

2022
Magpie Murders (2022) 7.097
Magpie Murders (2022)  ဆူဆန်ရိုင်လန်ဆိုတဲ့အမျိုးသမီးဟာ စာအုပ်ထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီရဲ့အယ်ဒီတာတစ်ယောက်ဖြစ်ပြီးတော့ သူ့လုပ်ကိုင်နေတဲ့နယ်ပယ်မှာကျွမ်းကျင်ထူးချွန်တဲ့သူတစ်ယောက်ပါ…..တစ်နေ့မှာ သူမဟာ ရေးတဲ့စာအုပ်တိုင်းပေါက်တဲ့အထိ နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အန်လန်ခွန်းဝေးရဲ့ စာမူကိုလက်ခံရရှိခဲ့ပါတယ်….ထုံးစံအတိုင်း ပုံနှိပ်ထုတ်ဝေဖို့အတွက် မူကြမ်းကိုဖတ်ကြည့်တဲ့အခါဆန်းကြယ်စွာပဲ စာမူရဲ့နောက်ဆုံးဇာတ်သိမ်းခန်းက ပါမလာခဲ့ပါဘူး….တဖက်မှာလည်း ဒီစာအုပ်ဟာ ဆူဆန်တို့ကုမ္ပဏီရဲ့ကံကြမ္မာကို ကယ်တင်ပေးနိုင်မယ့်တစ်ခုတည်းသော လက်နက်ဖြစ်တာကြောင့် ဆူဆန်တစ်ယောက်ဇာတ်သိမ်းခန်းရှာပုံတော်ကိုစတင်ခဲ့ရပါတယ်……ဆူဆန်တစ်ယောက် ရှာပုံတော်ခရီးမှာ ဘာဆန်းကြယ်မှုတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးမှာ ပျောက်နေတဲ့ဇာတ်သိမ်းကို ရှာတွေ့သွားမှာလား ?ဇာတ်သိမ်းခန်းကရော ဘာလို့ပျောက်သွားရတာလဲ?စာအုပ်ထဲမှာရော ဘာအကြောင်းအရာတွေကိုရေးထားတာလဲ?စတဲ့အကြောင်းအရာတွေကို ပဟေဠိဆန်စွာ တင်ဆက်ပြသထားတာမို့ဒီကားဟာ စုံထောက်ဇာတ်လမ်းတွေကိုသဘောကျတဲ့သူတွေ ဦးနှောက်အစားခံပြီးဇာတ်လမ်းထဲမှာပါတဲ့ မှုခင်းတွေရဲ့အဖြေကိုလည်း ခန့်မှန်းရှာဖွေရတာကိုလည်းခုံမင်နှစ်သက်သူတွေအတွက် “Magpie Murders” က ကြည့်ရတန်တဲ့ဇာတ်ကားကောင်းတစ်လက်ပါပဲ...... ( ဒီစီးရီးအတွက် ဘာသာပြန်ပေးသူကတော့ " Thinn , Chevy " ဖြစ်ပြီးအညွှန်းကိုတော့ Thinn  မှ ရေးသားပေးထားပါတယ် )  File Size –  780 MB/ 317 MBQuality –NF WEB-DL 1080p , 720pDuration – 45 ...
7.097
TMDb: 7.097/10 31 votes
tv

Magpie Murders (2022)

2022
Black Butterflies [Les papillons noirs] (2022) 7.5
Black Butterflies [Les papillons noirs] (2022) Black Butterflies [Les papillons noirs] (2022) ================================ဇာတ်လမ်းဇာတ်အိမ်နက်နက်နဲနဲနဲ့ စိတ်ဝင်တစားကြည့်ရမယ့် ပြင်သစ် Thriller စီးရီးတစ်ခုပါ။ IMDb Rating - 7.5/10 ရ ထားတာမို့ ကောင်းမကောင်းကိုစိတ်ပူစရာလိုမယ်မထင်ပါဘူး။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းတွေတော့ ပါပါတယ်။ဘဝဇာတ်ကြောင်းကိုရေးထားတဲ့ဝတ္ထုတစ်ခုနဲ့ အောင်မြင်ထားတဲ့ စာရေးဆရာ အေဒရီယန်ဟာ နောက်စာအုပ်အတွက် အကြံဉာဏ် ရဖို့ခက်နေတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ဆီကဖုန်းဝင်လာပါတယ်။ လူ့လောကမှာသိပ်မနေရတော့တဲ့သက်ကြီးရွယ်အိုတစ်ယောက်က သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးပေးဖို့ တောင်းဆိုလာတဲ့နောက်မှာ အေဒရီယန်တစ်ယောက် ထိုလူရဲ့ဖွင့်ဟချက်တွေကိုမှတ်တမ်းယူရင်း သူတစ်ပါးရဲ့အတိတ်က မှောင်မိုက်တဲ့အရိပ်မည်းတွေနဲ့ ပတ်သတ်မိ သွားတဲ့အခါမှာတော့ . . .စုစုပေါင်း(၆)ပိုင်း ပါရှိတဲ့ ဒီစီးရီးကို cm မှ ဆက်တိုက်တင်ဆက်ပေး သွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်။)File Size.............(400 Mb) / (1.4 GB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama, Mystery Translator..........Pyi T. Nyein Encoder..............SWM 720P (400 MB)-----------------------------------Episode(1) - Yoteshin /  Megaup / MegaNZ ...
7.5
TMDb: 7.5/10 4800 votes
tv

Black Butterflies [Les papillons noirs] (2022)

2022
The Ipcress File (2022) Complete 7.3
The Ipcress File (2022) Complete The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb: 7.3/10 40 votes
tv

The Ipcress File (2022) Complete

2022