Channel Myanmar
Ye Liu
Liar, Liar, Love is on Fire (2025) 5.8
Liar, Liar, Love is on Fire (2025) ချစ်စရာကောင်းတဲ့ Influencerမလေးတစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါးဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှောင်လိနဲ့ဟောက်ကျားတို့ဟာ အများအမြင်မှာတော့အရမ်းကိုချစ်ကြတဲ့ အားကျရတဲ့ချစ်သူစုံတွဲဖြစ်ပြီးတော့ တကယ်တန်းမှာတော့ သူတို့ကဝင်ငွေရဖို့အတွက် ဟန်ဆောင်ပြီးVlogတွေရိုက်နေကြတာပဲဖြစ်ပါတယ်။Followersတွေတဖြည်းဖြည်းနဲ့ကျလာတော့ သူတို့ရဲ့ဝင်ငွေထိခိုက်လာတော့ ရှောင်လိက အကြံကုန်ဂဠုန်ဆားချက် သူတို့ရဲ့မင်္ဂလာဆောင်ကို Liveလွှင့်မယ်ဆိုပြီးတော့ စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် ဟောက်ကျားက ဘယ်လိုမှသဘောမတူပါဘူး။ ဟောက်ကျားသဘောတူလာအောင် အမျိုးမျိုးလှည့်ပြောရင်း ရှောင်လိကသစ္စာကျိန်ဆိုမိရာကနေပြီးတော့ လုံးဝလိမ်ပြောလို့မထွက်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ဘယ်လိုမှလက်မခံနိုင်တဲ့ဟောက်ကျားက ဇာတိမြို့လေးကိုပြန်သွားခဲ့တော့။ အရင်က Viewer တိုးဖို့အရေးဘာမဆိုလုပ်ပြီး အလိမ်အညာတွေကို လှည့်ပတ်ပြောတတ်တဲ့ ရှောင်လိတစ်ယောက် ဟောက်ကျားရဲ့ဇာတိကို လိုက်သွားပြီးတော့ လိမ်မပြောပဲ ဟောက်ကျားကလက်ထပ်ဖို့ သဘောတူအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။ Filesize : 1.36 GB / 778 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Liar, Liar, Love is on Fire (2025)
My Family (2025) 6.2
My Family (2025) EVကားတွေအပြိုင်အဆိုင်ခေတ်စားလာတဲ့ခေတ်နဲ့အညီ EVကားတစ်စီးကို အကြောင်းပြုပြီးတော့ တင်ဆက်ထားတဲ့ စိတ်အပန်းပြေစေမယ် ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။အသက်(၃၅)နှစ်အရွယ် လီထုံဖုန်းဟာ တစ်ပတ်ရစ်ကားရောင်းတဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီးတော့ EVကားတစ်ခုကိုတစ်ဦးတည်းသော အရောင်းကိုယ်စားလှယ်စာချုပ်ချုပ်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ မိသားစုနဲ့အတူအလုပ်နဲ့ နိုင်ငံခြားကိုခရီးထွက်ကြရပါတယ်။အဲဒီနိုင်ငံကိုရောက်တော့ အငှားကားကုမ္ပဏီကနေ သူကိုယ်စားလှယ် ယူမယ့်EVကားကိုငှားစီးရာကနေအလွဲတွေစတော့တာပါပဲ။ မော်ဒယ်သစ်ဖြစ်တဲ့တစ်သက်မှာတစ်ခါပဲအားသွင်းရတဲ့ ဒီလျှပ်စစ်ကားကိုစီးပြီးသူတို့မိသားစုဟာ လေဆိပ်ကနေဟိုတယ်ကို (၃)နာရီကြာမောင်းရမှာဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးတဲ့နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ဒီကားက ခေတ်ရှေ့ပြေးလွန်ပြီးတော့ ရပ်မရဖြစ်လာတဲ့အခါ အမြန်လမ်းပေါ်မှာ အရှိန်နဲ့ပြေးနေတဲ့ဒီကားလေးပေါ်မှာ ရှိနေတဲ့မိသားစုအတွက် မိနစ်တိုင်းဟာအရေးပါလာပါတယ်။ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် အလွဲလွဲအချော်အချော်တွေနဲ့ ရယ်ရတဲ့ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ Filesize : 1.90 GB / 1.02 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy, Family, Adventure Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
My Family (2025)
Tiger Wolf Rabbit ( 2024 ) 6.5
Tiger Wolf Rabbit ( 2024 ) ကလေးခိုးခံရတဲ့အတွက် ရင်ကွဲနေရတဲ့ အမုန်းတရားတွေနဲ့ပြည့်နေတဲ့ လူ(၃)ယောက်ရဲ့ ကလေးရှာဖွေတဲ့ ခရီးစဉ်အကြောင်းကို ရိုက်ထားတဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘာမှမသက်ဆိုင်တဲ့ သာမန်မိဘ(၃)ယောက်ဟာ တူညီတဲ့ရည်ရွယ်ချက်တစ်ခုအတွက် အတူဆုံလာခဲ့ကြတယ်။ သူတို့ကတစ်လမ်းလုံးမှာ တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့ မှန်းဆရင်းကနေ တစ်ဖြည်းဖြည်းတစ်ယောက်နဲ့တစ်ယောက်ယုံကြည်လာခဲ့ကြတယ်။အများအမြင်မှာတော့ အသက်မဲ့တဲ့အကြည့်တွေနဲ့ ကလေးပျောက်ဆုံးသွားတဲ့ မိဘတွေလို့ထင်ကြပေမယ့် တကယ်တမ်းတော့ သူတို့ဟာ ကိုယ့်သားသမီးအတွက် ခေါင်းမာတဲ့၊ သန်မာတဲ့၊ ဇွဲမလျှော့တဲ့ မိဘတွေဖြစ်ကြောင်းကိုပြသွားခဲ့ပါတယ်။ အခက်အခဲတွေ အန္တရာယ်တွေအမျိုးမျိုးကျော်ဖြတ်ရတဲ့ သူတို့ရဲ့ကလေးပျောက်ရှာတဲ့ခရီးဟာ အဆုံးမှာဘယ်လိုရလာဒ်တွေကစောင့်ကြိုနေမှာလဲ။ဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ချီးကျူးခံရတဲ့ မမZhao Li Ying က ဒီရုပ်ရှင်မှာပါ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုချပြထားပါတယ်။ Filesize : 9.30 GB / 1.97 GB / 846 MB Quality : WEB-DL 4K HEVC,  1080p HEVC , 720p Format : mkv / mp4 Genres : Drama , Crime  Runtime : 2h 6 min Subtitle : Myanmar Subtitle ( ...
movie
Tiger Wolf Rabbit ( 2024 )
4K HEVC
The Last Supper ( 2012 ) 6.1
The Last Supper ( 2012 ) ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။ Filesize : 1.63 GB / 831 MB Quality : WEB-DL HEVC 1080p , 720p Format : mkv  Genres : Action , History Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie
The Last Supper ( 2012 )
Day Dreaming ( 2024 ) 5.9
Day Dreaming ( 2024 ) ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်... ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ..ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော...Baby's Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့... ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို... စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်...ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်... အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်... Filesize : 1.08 ...
movie
Day Dreaming ( 2024 )
Night Peacock (2016) N/A
movie
Night Peacock (2016)
2016
Curse of the Golden Flower (2006) 7.0
Curse of the Golden Flower (2006) IMDb (7/10)Rotten Tomatoes (66%)StorylineAD 928 ခုနစ် တရုတ်ပြည် မှာပါ။ ပြည့်ရှင်ဘုရင်ကြီးက သိုင်းပညာနဲ့ နိုင်ငံရေးတွေမှာ တတ်ကျွမ်းသလောက် ရက်စက်ကြမ်းကြုတ်တဲ့သူလည်းဖြစ်တယ်။ သူ့မိဖုရားကြီးကို မချစ်လို့ သူသောက်နေကြ ဆေးရည်ထဲမှာ ကြာကြာသောက်ရင် ရူးသွားစေတဲ့ ပစ္စည်းတွေထည့်တိုက်ပြီး တဖြည်းဖြည်း အဆိပ်ခတ်လုပ်ကြံတယ်။ ဒါကို မိဖုရားကြီးနဲ့ စစ်တပ်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဒုတိယသားတော်တို့ သိသွားတဲ့အခါမှာတော့ အမေကို ရက်ရက်စက်စက် သတ်ဖို့ကြိုးစားနေတဲ့ အဖေကို ပန်းပွဲတော်ကျင်းပတဲ့အချိန်မှာ ရှင်းလင်းပြီး တိုင်းပြည်အာဏာလုဖို့ ဖြစ်လာပါတယ်။ အဲအပြင် တော်ဝင်မိသားစုတစ်ခုလုံးမှာလည်း တခြား အရှုပ်တော်ပုံတွေနဲ့ ရှုပ်ရှက်ခတ်ပြီး ထိန်းမရသိမ်းမရဖြစ်လာပါတော့တယ်။ … Review ဒီကားကို ကျော်အရင်ဆုံးကြည့်ဖူးတော့ ခုတ်တဲ့ထစ်တဲ့ အခန်းကလွဲလို့ ဘာကိုမှသဘောမကျခဲ့ပါဘူး။ ရုပ်ရှင်မကြည့်တတ်သေးတဲ့ အရွယ်ကိုး။ နောက်မှ စကားပြောခန်းတွေကိုလည်း စိတ်ဝင်စားပြီး ရုပ်ရှင်ကြည့်တတ်သလိုဖြစ်လာတော့မှ ပြန်ကြည့်မိတော့ အင်မတန်ကို လက်ရာမြောက်တဲ့ကားတစ်ကားဖြစ်နေပါတယ်။ ရုပ်ရှင်တစ်ကားလုံးရဲ့ 70% လောက်က နန်းတွင်းအဆောင်တွေထဲမှာတင် စကားပြောနေကြလို့ သာမန်အပျင်းပြေကြည့်မဲ့သူတွေအတွက်တော့ ...
movie
Curse of the Golden Flower (2006)
2006