Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Milla Jovovich
5.7
The Million Dollar Hotel (2000)
The Million Dollar Hotel (2000)IMDb Rating (5.7) ဒီဇတ်ကားမှာတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆန်(Mel Gibson) မီလာဂျိုဗိုဗစ်ချ် ( Milla Jovovich) နဲ့ ဂျယ်ရမီဒေးဗစ်(JeremyDavid)တို့ ပါဝင်ထားကြပါတယ်။ဒါရိုက်တာက Wim Wenders ဖြစ်ပါ တယ်။2000ခုနှစ်ဘာလင်ရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်းလော့စ်အိန်ဂျယ်လိစ် မြို့လယ်မှာ “မီလီယံဒေါ်လာလို့”ခေါ်တဲ့ဟိုတယ်တစ်ခုရှိပါတယ်။ဟိုတယ်မှာနေတဲ့သူတွေက လော်ဘီ(ဧည့်သည်စောင့်တဲ့ခန်းမ)လို့ခေါ်တဲ့နေရာမှာ တီဗွီကြည့်ရင်း ခေတ်ဟောင်းတုန်းကအကြောင်းတွေပြောရင်း အချိန်ဖြုန်းတတ်ကြတဲ့ ခပ်ကြောင်ကြောင်လူတစ်စုရှိပါတယ်။သူတို့အထဲမှာ အများက တွမ်တွမ်(ဂျယ်ရမီဒေးဗစ်)လို့ခေါ်တဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုနိမ့်နေတဲ့ကောင်လေးလည်းပါပါတယ်။တစ်နေ့မှာ ဟိုတယ်မှာနေနေတဲ့ အစ်ဇီဂိုးလ်ကစ်လို့ခေါ်တဲ့လူတစ်ယောက်ဟိုတယ်ခေါင်မိုးပေါ်ကပြုတ်ကျပြီးသေသွားပါတယ်။သူ့ကို အိမ်မဲ့ယာမဲ့လို့သိထားပေမဲ့သူက မီဒီယာသူဌေးကြီးတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။ကိုယ့်ကိုကိုယ်သတ်သေတာမဖြစ်နိုင်ဘူးဆိုပြီးသူဌေးကြီးကဆီးနိတ်အမတ်ကိုပြောတဲ့အတွက်အက်ဖ်ဘီအိုင်နဲ့လော့စ်အိန်ဂျယ်လိစ်ရဲဌါတို့အမှုကိုလိုက်ပါတယ်။အက်ဖ်ဘီအိုင်က စုံထောက်စကင်းနား(မဲလ်ဂစ်ဘ်ဆင်)က အစ်ဇီနဲ့ရင်းနှီးတဲ့သူတွေကို လူသတ်သမားလို့သံသယထားပြီး အမှုကိုစုံစမ်းပါတယ်။ဟိုတယ်ကလူကြောင်အုပ်စုကစကင်းနားကိုသူတို့ထက်ပိုရူးတယ်လို့သတ်မှတ်လိုက်ပြီးကြောက်သွားကြပါတယ်။မီဒီယာသူဌေးကြီးရဲ့သားအမှုဖြစ်တဲ့အတွက် မီဒီယာတွေကလည်း တွေ့ဆုံတာတွေမေးမြန်းရုပ်သံလွှင့်တာတွေလုပ်လာပါတယ်။ရက်ဒ်အင်ဒီးယန်းဂျီရွန်နီမိုကိုအင်တာဗျူးရိုက်ရင်းနဲ့နောက်ခံကကတ္တရာစေးနဲ့ပုံဖော်ထားတဲ့ ပန်းချီကားကို အစ်ဇီဆွဲတာလို့ချန်နယ်၆ရုပ်သံကထုတ်လွှင့်လိုက်တဲ့အခါသူတို့အုပ်စုလည်းချော်လဲရောထိုင်ပြီးလူတွေကိုယုံအောင်လုပ်ပြီးပန်းချီကားတွေကိုစျေးကြီးကြီးနဲ့ရောင်းနိုင်ရင် သူတို့ရဲ့ဘဝတွေလည်းပြောင်းလဲမယ်ဆိုပြီးတက်ညီလက်ညီနဲ့ဇတ်လမ်းထွင်ကြပါတယ်။အဲဒီအတောအတွင်းတွမ်တွမ်ကသူတစ်ဖက်သတ်ကြိုက်နေတဲ့ ညငှက်မလေးအယ်လွိစ်(မီလာဂျိုဗိုဗစ်ချ်)နဲ့ရင်းနှီးသွားပါတယ်။စကင်းနားကအယ်လွိစ်ကိုတွမ်တွမ့်အခန်းကိုလွှတ်ပြီးသူတို့ပြောတာတွေကိုအသံဖမ်းစက်နဲ့ခိုးနားထောင်ပါတယ် ။တွမ်တွမ့်ကို စားသောက်ဆိုင်ခေါ်ကျွေး အစ်အောက်ပြီးဂျီရွန်နီမိုကလူသတ်သမားလို့စကင်းနားကကောက်ချက်ချပြီးဖမ်းလိုက်ပါတယ်။ဂျီရွန်နီမိုပိုင်တဲ့ အစ်ဇီဆွဲတာလို့ဂျင်းထည့်ထားတဲ့ပန်းချီကားရောင်းမယ့်အစီအစဥ်ပျက်မလိုဖြစ်လာတဲ့အခါဂျီရွန်နီမိုအစား လူသတ်တရားခံအဖြစ်တွမ်တွမ်ကိုဝန်ခံပေးဖို့တိုက်တွန်းလို့တွမ်တွမ်ကသူခေါင်မိုးကနေတွန်းချတဲ့အကြောင်းရုပ်သံရိုက်ကူးပြီးဝန်ခံလိုက်ပါတယ်။လူကြောင်အုပ်စုရဲ့ပန်းချီကားရောင်းတဲ့ကိစ္စအောင်မြင်မလား တရားခံအစစ်ကဘယ်သူလဲ မထင်မှတ်တာတွေဘာဆက်ဖြစ်မလဲဆိုတာဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ထူးခြားချက်ဇတ်ညွှန်းရေးသူတွေနဲ့ဒါရိုက်တာကတော့ အက်ဘီအိုင်(FBI) ပန်းချီဆရာလောက ပန်းချီကားအရောင်းအဝယ်လုပ်တဲ့သူတွေရဲ့လောက ရုပ်သံလွှင့်မီဒီယာတွေအကြောင်းနဲ့တေးဂီတဝိုင်းတွေရဲ့အကြောင်းကိုပါးပါးလေးသရော်ထားပါတယ်။သရော်ထားပေမဲ့အရှိတရားတွေလည်းဖြစ်နေနိုင်ပါတယ်။အတွေးစတွေချန်ပေးထားခဲ့ပါလိမ့်မယ်။“ဘုရားသခင်က လူဖြူဖြစ်ရမယ်”ဆိုတာလေးရဲ့နောက်မှာလည်းပြောချင်တာတွေအများကြီးရှိပါလိမ့်မယ်။လူတွေနဲ့ အတ္တမာန( Ego)အကြောင်းတစ်စေ့တစ်စောင်းတွေ့ရမှာဖြစ်သလိုအကြောင်းပြချက်မရှိတဲ့ unconditionallove ...
movie
The Million Dollar Hotel (2000)
2000
5.7
The Three Musketeers (2011)
ဒီဇာတ်လမ်းဟာ Alexandre Dumas ရဲ့ သူရဲကောင်း ၃ ယောက်ဝတ္ထုကို အခြေခံထားပြီးမှ ဇာတ်ညွှန်းဆန်းသစ်ပြီး ပြန်ရိုက်ထားတာပါ။၂၀၁၁ ထွက်ဖြစ်တာမို့ မြင်ကွင်းတွေနဲ့ ရိုက်ချက်တွေက ကောင်းမွန်ပါတယ်။ ဇာတ်လမ်းကတော မူရင်းလောက်မကောင်းတာအမှန်ပါပဲ။ အက်ရှင် စွန့်စားခန်းကောင်းတွေကို အားပေးချင်သူတွေအတွက် အဆင်ပြေမှာပါ။ File size…(1.7 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bo Phway
movie
The Three Musketeers (2011)
5.4
Hellboy (2019)
ဒီရုပ်ရှင်ကတော့ အရင်တုန်းက ထွက်ခဲ့တဲ့ Hellboy ၁ နဲ့ ၂ ရဲ့ အဆက်မဟုတ်ပါဘူး။အစကနေ ပြန်ရိုက်တဲ့ reboot ဖြစ်ပါတယ်။Dark Horse Comic ရဲ့ Hellboy ဇာတ်ကောင်ကို ကြည့်ဖူးတဲ့သူအတော်များပါတယ်။ဒီတစ်ခါတော့ R rated ဖြစ်တဲ့အတွက် သတ်ဖြတ်ခန်းတွေ နည်းနည်းတော့ ကြမ်းပါလိမ့်မယ်။ဇာတ်လမ်းကတော့ မြှပ်ထားတာတွေ အများကြီးပါလို့ မပြောပြတော့ပါဘူး။action, adventure, fantasy အမျိုးအစားဖြစ်ပါတယ်။စောင့်နေတဲ့လူများကြည့်လို့ရပါပြီနော်... File size… 4GB / 2 GB / 996 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 2hrs Genre ..... Action , Adventures , Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Littleneo
movie
Hellboy (2019)
2019
4K HEVC
6.3
Paradise Hills (2019)
အရာအားလုံး နေသားတကျလှပနေတဲ့ နေရာလေးတစ်ခု...နတ်ဘုံနတ်နန်းလို့တောင် တင်စားလို့ရတဲ့ဒီနေရာလေးနာမည်က သုခဘုံတဲ့။ဒီသုခဘုံက ပင်လယ်ကြီးရဲ့ အလည်ကျွန်းတစ်ခုမှာသီးခြားကမ္ဘာလေးတစ်ခုလိုတည်ရှိနေတာပါပြင်ပကမ္ဘာက မလိမ္မာတဲ့ အဆင်မပြေတဲ့ ကလေးတွေကိုဒီသုခဘုံကိုမိဘတွေကပိုက်ဆံများများပေးကာပို့ကြပါတယ်။ထူးဆန်းတာက ဒီသုခဘုံကိုရောက်တဲ့ မိန်းကလေးတိုင်းမိဘတွေလိုချင်သလို နှစ်လအတွင်းဖြစ်သွားကြတာပါပဲ။တစ်နေ့မှာတော့မိဘပေးစားတဲ့သူနဲ့မယူချင်လို့ကလန်ကဆန်လုပ်နေတဲ့ မိန်းကလေး အူမာဟာလဲဒီသုခဘုံကို ရောက်လာခဲ့ပါတော့တယ်။အရာအားလုံးပြီးပြည့်စုံတဲ့ဒီသုခဘုံရဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို တဖြည်းဖြည်းသိလာတဲ့အခါ...အူမာတစ်ယောက်ဘာတွေဆက်လုပ်မလဲ?သုခဘုံကရော ဘာတွေဖြစ်နေတာလဲ?စတဲ့မေးခွန်းတွေနဲ့အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးရဲ့ နာမည်ကတော့Paradise Hills (2019)ပါ။နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့Emma Roberts, Milla Jovovich စတဲ့မင်းသမီးတွေပါဝင်ပြီးဇာတ်လမ်းဇာတ်အိမ်ထူးခြားတဲ့ ဒီကားလေးကတော့Imdb Rating 6.3/10 Rotten Tomatoes 63%ရရှိထားပါတယ်။စိတ်လှုပ်ရှားစရာကားကောင်းကောင်းလေးတွေမျှော်လင့်နေတဲ့ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ File Size : ( 888 MB , 303 MB)Quality : WEB-DL 720pRunning Time : 1 hr 35 ...
movie
Paradise Hills (2019)
2019
5.5
The Rookies ( 2019 )
Zawgyi*******ဒီကားလေးဟာတရုတ်နိုင်ငံမှာ 2019 julyကမှထွက်ထားတဲ့တရုတ်နဲ့အင်္ဂလိပ်တို့ဖက်စပ်ရိုက်ကူးထားတဲ့ အထူးအေးဂျင့်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီကားထဲမှာ အမြင့်တက်ပြပြီးလိုင်းပေါ်မှာပရိသတ်အခိုင်အမာရရှိထားတဲ့ ဖျော်ဖြေရေးသမားကျောက်ဖုန်းဟာဇီဝလက်နက်လဲလှယ်ဖို့လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ကြားထဲကိုမတော်တဆဝင်ရောက်မိသွားရကနေ နိုင်ငံတကာအထူးအေးဂျင့်ဖြစ်တဲ့Bruceလက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါ....Budapestမြို့မှာ Bruceအပါအဝင်သူ့ရဲ့သူငယ်ချင်းတီထွင်ပညာရှင်တင်းစန်းနဲ့အလုပ်ကနေနားထားတဲ့ဆရာဝန်မ LVတို့အပြင်တရုတ်ဘက်ကအရာရှိမလေး မြောက်မြောင်တို့နဲ့အတူBudapestမြို့လေးမှါအေးဂျင့်အဖြစ်တါဝန်ထမ်းဆေါင်ဖို့ဖြစ်လာတဲ့အခါကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ သံမဏိလက်သီးကိုနှိမ်နင်းနိုင်ပါ့မလား..Actionကားကြိုက်သူတွေအတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ခုပါပဲ.. Translated & Review By Phyo ZawEncoded By LK Unicode********ဒီကားလေးဟာတရုတ်နိုင်ငံမှာ 2019 julyကမှထွက်ထားတဲ့တရုတ်နဲ့အင်္ဂလိပ်တို့ဖက်စပ်ရိုက်ကူးထားတဲ့ အထူးအေးဂျင့်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီကားထဲမှာ အမြင့်တက်ပြပြီးလိုင်းပေါ်မှာပရိသတ်အခိုင်အမာရရှိထားတဲ့ ဖျော်ဖြေရေးသမားကျောက်ဖုန်းဟာဇီဝလက်နက်လဲလှယ်ဖို့လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ကြားထဲကိုမတော်တဆဝင်ရောက်မိသွားရကနေ နိုင်ငံတကာအထူးအေးဂျင့်ဖြစ်တဲ့Bruceလက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါ....Budapestမြို့မှာ Bruceအပါအဝင်သူ့ရဲ့သူငယ်ချင်းတီထွင်ပညာရှင်တင်းစန်းနဲ့အလုပ်ကနေနားထားတဲ့ဆရာဝန်မ LVတို့အပြင်တရုတ်ဘက်ကအရာရှိမလေး မြောက်မြောင်တို့နဲ့အတူBudapestမြို့လေးမှါအေးဂျင့်အဖြစ်တါဝန်ထမ်းဆေါင်ဖို့ဖြစ်လာတဲ့အခါကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ သံမဏိလက်သီးကိုနှိမ်နင်းနိုင်ပါ့မလား..Actionကားကြိုက်သူတွေအတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ခုပါပဲ..Translated & Review By Phyo ZawEncoded By LK
movie
The Rookies ( 2019 )
2018
5.1
[18+] Two Moon Junction (1988)
Two Moon Junction (1988) တောင်ပိုင်းရဲ့ ဂုဏ်ရှိန်ကြီးပါတဲ့ မိသားစုတစ်ခုက Aprilဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့ကတော့ ဘွဲ့ရပြီး မကြာခင် ဆောင်တော့မယ့် သူ့မင်္ဂလာဆောင်ရက်ကလေး မတိုင်ခင်မှာ ပေါ်ပေါက်လာပါတယ်။ အကြောင်းကတော့ ထရပ်ကားတစ်စီးပေါ်မှာ ခွေးတစ်ကောင်နဲ့ပဲ အမြဲအတူရှိနေတတ်တဲ့ လေလွင့်လူတစ်ယောက် သူ့ဘဝထဲဝင်လာခြင်းပါပဲ။ ဆရာကြီးပီမိုးနင်း မိန်းမစိတ်ကျမ်းထဲထည့်ရေးဖူးသလို မိန်းမစိတ်ဟာ ဆန်းပါတယ်။ သူုပြခဲ့တဲ့ ဥပမာဆိုရင်တော့.. "မိန်းမတစ်ယောက်ဟာ ပုံပျက်ပန်းပျက်ရုပ်ဆိုးပြီး ဗလကောင်းနေတဲ့ လူတစ်ယောက်ကို လှမ်းအမြင်မှာ အလိုလိုချစ်သွားပြီး အနီးကပ်မှ သူ့ယောကျာ်း မျက်နှာဒဏ်ရာရလာတာမှန်း သိရတော့ စိတ်မပါတော့တာမျိုုးပါ"။ အရာရာရွှေအတိကျပြီးခဲ့တဲ့ အနာဂတ်ရယ် ဆန္ဒအလိုလိုက်မှုတွေရယ် ကြားမှာ ဂုဏ်သရေရှိပညာတတ် Aprilဆိုတဲ့ကောင်မလေးတစ်ယောက် ကလေကချေ အရိုင်းအစိုင်းတစ်ကောင်ကို ဆက်ဆံတဲ့ပုံတွေကတော့ တကယ့်ကို နားလည်ရခက်ခက်ပါပဲ။ မိန်းမဆိုတဲ့ ကျမ်းကြီးကို လူအတော်များများကတော့ အနှေးနဲ့အမြန်လေ့လာရမှာပါပဲ...ဒီဇာတ်လမ်းကတော့ နားလည်ရခက်မယ့်မိန်းမစိတ်အကြောင်း လေ့လာရာမှာ တစ်ထောင့်တစ်နေရာက အထောက်အကူုဖြစ်စေမှာပါ ထုံးစံအတိုင်း ပညာယူရင်း မင်းသမီးချောလေး SHEIRLYN FENNရဲ့ တစ်ကြောင်းမျဉ်းအလှတရားပေါင်းများစွာကို တဝကြီးတွေ့ရမှာပါ... ၁၈+အခန်းပေါင်းများစွာပါသဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ.... File Size : (900 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre ...
movie
[18+] Two Moon Junction (1988)
1988
5.1
Return to the Blue Lagoon (1991)
၁၉၉၁မှာထုတ်လုပ်ရိုက်ကူးတဲ့ အမေရိကန်ရိုမန့်ဇာတ်ကားဖြစ်တဲ့ Return to the Blue Lagoonဆိုတဲ့ဇာတ်ကားဟာ သူ့အရှေ့မှာထွက်ထားဖူးတဲ့ဇာတ်ကားနဲ့ကွဲပြားစွာရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးမှာ ရစ်ချတ်ဆိုတဲ့ပင်လယ်ပြင်မှာကောက်ရတဲ့ကောင်လေးနဲ့ လီလီဆိုတဲ့ကလေးမလေးတို့သဘောင်္ပျက်ရာကနေ လီလီလေးရဲ့အမေနဲ့အတူ ကျွန်းတစ်ကျွန်းပေါ်ကိုရောက်သွားပါတော့တယ် အမေဖြစ်တဲ့သူလေးကိုလီလီတစ်ယောက် ကျွန်းပေါ်ရောက်ပြီးတော့ ၁၀နှစ်အကြာမှာပဲ ဆုံးရှုံးလိုက်ရပါတယ်။ နောက်တော့ ရစ်ချတ်လေးနဲ့လီလီလေးတို့နှစ်ယောက်ကျွန်းပေါ်မှာ တူတူရင်ဆိုင်ဖြေရှင်းရင်းနဲ့ပဲနေထိုင်လာတာ ဆယ်ကျော်သက်ဘဝကိုရောက်ရှိလာပါတော့တယ် ရစ်ချတ်လေးကအီစတာပွဲတော်နေ့မှာ လီလီလေးကိုပုလဲလေးတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ် လက်ဆောင်ရတဲ့ပုလဲလုံးလေးကိုလီလီတစ်ယောက်မှန့်ရှေ့မှာရပ်ပြီးတော့ အလှဆင်ဖို့ပြင်တဲ့အချိန်ကတကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ် ကျွန်းသူလေးလီလီရဲ့အလှကိုမြင်ရတဲ့ရစ်ချတ်တစ်ယောက်စိတ်တွေလှုပ်ရှားနေခဲ့တာတော့ အမှန်ပါပဲ မထင်မှတ်ထားတဲ့အချိန်မှာ သူတို့နေတဲ့ကျွန်းလေးကိုမြို့ပြကလူတွေလို့သူတွေခေါ်ဝေါ်တဲ့သူတွေရောက်လာပါတယ် အဲ့အချိန်မှာ လီလီနဲ့ရစ်ချတ်တို့ကြားဘယ်လ်ုတွေဆက်ဖြစ်လာမယ်ဆိုတာဆက်လက်ကြည့်ရှုရအောင်ပါ ဘာသာပြန်ပေးတာတော့Aye Chansuဖြစ်ပြီးsithuကencodeပေးထားပါတယ်
movie
1991
3.8
Future World (2018)
၂၀၁၈ထဲမှာထွက်တဲ့ကားတွေမှာ အနာဂတ်မှာဘာတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေးတောရိုက်ထားတဲ့ကားတွေအတော်များသားဗျအခု Future World ဆိုတဲ့ကားကလဲ နာမည်အတိုင်း အနာဂတ်ကမ္ဘာမှာ အခြေတည်ထားပါတယ်လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ခဲ့ကြတယ် သေကြေပျက်စီးကုန်ကြတယ်ဘယ်လောက်ထိအကြီးအကျယ်ဖြစ်ခဲ့သလဲဆိုရင် ပစ်စရာကျည်ဆံတောင်မရှိတဲ့ခေတ်ဖြစ်သွားတယ်အဲ့တော့ စစ်ပွဲကြီးအပြီးကျန်ခဲ့တဲ့လူတွေကရော ဘယ်လိုရှင်သန်နေထိုင်ကြလဲလောကကြီးရဲ့ထုံးစံအတိုင်း ကောင်းတာလုပ်တဲ့လူနဲ့ဆိုးတာလုပ်တဲ့လူပဲရှိတာဆိုတော့ သူ့ဘာသူအဖွဲ့လေးတွေနဲ့ဖွဲ့နေကြတယ်ပေါ့ဗျာဆိုးတဲ့လူတွေက အဖွဲ့လေးတွေနဲက သူ့တို့သူတို့ စစ်ခေါင်းဆောင်(warlord)လို့ခံယူပြီးသောင်းကျန်းနေကြတယ်ပေါ့ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ အိုအေစစ်လို့ခေါ်တဲ့နေရာမှာနေကြတဲ့လူစုထဲက မင်းသားပေါ့သူ့အမေဖြစ်သူ စစ်ပွဲရဲ့အကျိုးဆက်ဖြစ်တဲ့ ရောဂါကိုခံစားနေရသူ သေလုမျောပါးဝေဒနာသည်အဖြစ် တရုတ်မင်းသမီး (Lucy Lui)ကသရုပ်ဆောင်ထားပါတယ်မင်းသားက အမေ့ကိုဆေးကုသဖို့အတွက် နတ်ပြည်ကမ်းခြေ(Paradise Beach)ကိုသွားချင်နေတယ် အဲ့နေရာမှာဆေးရတယ်ကြားထားတာကိုးအဲ့လိုနဲ့ မင်းသားရဲ့ဆေးရှာပုံတော်ခရီးစဉ်စရတော့တာပေါ့ဇာတ်လိုက်မင်းသမီးကတော့ အက်ရှ်လို့ခေါ်တဲ့ စက်ရုပ်မလေး သူကဟိုးစစ်ပွဲကြီးကတည်းက ရှိနေခဲ့တာ သူကသတ်ဖြတ်ရတာတွေကိုမုန်းတီးနေတယ် သူကိုယ်တိုင်ဘဝတစ်ခုပိုင်ဆိုင်ချင်နေတယ်မင်းသားတစ်ယောက် ဆေးကိုရှာတွေ့သွားမလားသူရှာနေတဲ့ဆေးကရောတကယ်ပဲရှိနေလို့လား စက်ရုပ်မလေးနဲ့ရောဘယ်လိုနှစ်ပါးသွားမလဲဆိုတာတွေကတော့ဇာတ်ကားဒေါင်းကြည့်ကြပါကုန်ဒီကားရဲ့ Cast List ကတော့ အလန်းဗျဗီလိန်အဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ James Franco, Resident Evil မင်းသမီး Milla Jovovich တို့ပါဝင်ထားတယ်ပြီးတော့ ထူးခြားချက်အနေနဲ့ Snoop Dogg တောင်ပါလိုက်သေးတယ်ဗျဒီဇာတ်ကားထဲမှာ အဖော်အချွတ်အခန်းအချို့နဲ့ စကားလုံးရိုင်းရိုင်းတချို့ပါဝင်နေတာကြောင့် ချင့်ချိန်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျ(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size ...
movie
Future World (2018)
2018
6.2
Lucky Trouble (2011)
ဇာတ်ကားအမျိုးအစားက sport and romance အမျိုးအစား ဖြစ်ပြီး၂၀၁၁ ခုနှစ်က ဖြန်ချီခဲ့ပါတယ်။ IMDb Rating ၆.၂ နဲ့  Phim hd 9 ရရှိထားပါတယ်။တစ်ကားလုံးကြာချိန် ၉၇ မိနစ် ရှိပါတယ်။ရှရှားကားမို့  ရှရှား စကားပြောနဲ့ ဆို တော့ နားထောင်ရတာ တစ်မျိုးတော့ဖြစ်နေပါလိမ့်မယ်။ Budget ၇.၈ မီလီယံနဲ့ ရိုက်ကူးထားခဲ့ပါတယ်။ဒီကားလေးက ထူးထူးခြားခြား Resident Evil ရဲ့  အဓီကဇာတ်ကောင် ဖြစ်တယ့်မင်းသမီး Milla Jovovich ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားက သူရဲ့ ရုရှားရုပ်ရှင် လောကထဲကို ခြေလှမ်းစချလိုက်တဲ့ဇာတ်ကား လဲဖြစ်ပါတယ်။ မင်းသားက Konstantin Khabensky ပါ သူတို့ နိုင်ငံမှာတော့ သူကပြေတီဦးပေါ့နာမည်ကြီးတာကိုပြောတာပါ။ တခြား သရုပ်ဆောင်တွေ က ရုရှား သရုပ် ဆောင်တွေ ပါဘဲ။ပေါ့ပေါ့ပါးပါးလေးနဲ့  ရိုက်ကူးထားတယ့်ဇတ်လမ်းပုံစံဖြစ်ပြီး မင်းသမီး ဖြစ်တယ့် Milla Jovovich က အရင်action ပုံစံမဟုတ်ဘဲလုံးဝကွဲထွက်နေတဲ့ romance ပုံစံကို သရုပ်ဆောင်ထားပါတယ်။ ...
movie
Lucky Trouble (2011)
2011