၁၉၉၁မှာထုတ်လုပ်ရိုက်ကူးတဲ့ အမေရိကန်ရိုမန့်ဇာတ်ကားဖြစ်တဲ့
Return to the Blue Lagoonဆိုတဲ့ဇာတ်ကားဟာ
သူ့အရှေ့မှာထွက်ထားဖူးတဲ့ဇာတ်ကားနဲ့ကွဲပြားစွာရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားလေးမှာ ရစ်ချတ်ဆိုတဲ့ပင်လယ်ပြင်မှာကောက်ရတဲ့ကောင်လေးနဲ့
လီလီဆိုတဲ့ကလေးမလေးတို့သဘောင်္ပျက်ရာကနေ
လီလီလေးရဲ့အမေနဲ့အတူ ကျွန်းတစ်ကျွန်းပေါ်ကိုရောက်သွားပါတော့တယ်
အမေဖြစ်တဲ့သူလေးကိုလီလီတစ်ယောက်
ကျွန်းပေါ်ရောက်ပြီးတော့ ၁၀နှစ်အကြာမှာပဲ ဆုံးရှုံးလိုက်ရပါတယ်။
နောက်တော့ ရစ်ချတ်လေးနဲ့လီလီလေးတို့နှစ်ယောက်ကျွန်းပေါ်မှာ
တူတူရင်ဆိုင်ဖြေရှင်းရင်းနဲ့ပဲနေထိုင်လာတာ
ဆယ်ကျော်သက်ဘဝကိုရောက်ရှိလာပါတော့တယ်
ရစ်ချတ်လေးကအီစတာပွဲတော်နေ့မှာ
လီလီလေးကိုပုလဲလေးတစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်
လက်ဆောင်ရတဲ့ပုလဲလုံးလေးကိုလီလီတစ်ယောက်မှန့်ရှေ့မှာရပ်ပြီးတော့
အလှဆင်ဖို့ပြင်တဲ့အချိန်ကတကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်
ကျွန်းသူလေးလီလီရဲ့အလှကိုမြင်ရတဲ့ရစ်ချတ်တစ်ယောက်စိတ်တွေလှုပ်ရှားနေခဲ့တာတော့ အမှန်ပါပဲ
မထင်မှတ်ထားတဲ့အချိန်မှာ သူတို့နေတဲ့ကျွန်းလေးကိုမြို့ပြကလူတွေလို့သူတွေခေါ်ဝေါ်တဲ့သူတွေရောက်လာပါတယ်
အဲ့အချိန်မှာ လီလီနဲ့ရစ်ချတ်တို့ကြားဘယ်လ်ုတွေဆက်ဖြစ်လာမယ်ဆိုတာဆက်လက်ကြည့်ရှုရအောင်ပါ
ဘာသာပြန်ပေးတာတော့Aye Chansuဖြစ်ပြီးsithuကencodeပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။