Channel Myanmar

Holliday Grainger

Tulip Fever (2017) 6.2
Tulip Fever (2017) Tulip Fever (2017)IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် - ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့... ဒီရုပ်ရှင်ဟာ သမိုင်းမှာ "ကျူးလစ်ပန်း ရူးသွပ်မှု" (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်... တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်... အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ ...
movie

Tulip Fever (2017)

2017
Mickey 17 (2025) 7.0
Mickey 17 (2025)  Mickey 17 (2025)IMDb Rating (7.0) / Rotten Tomatoes (77%) 'Mickey7' ဆိုတဲ့ ဝတ္ထုကိုမှီးပြီး Parasite ဒါရိုက်တာ Bong Joon Ho က ဇာတ်ညွှန်းရေးရိုက်ကူးပြီးဘတ်မန်းအသစ်ကြီး Robert Pattinson နဲ့ ဟော့ခ်ကြီး Mark Ruffalo တို့နဲ့အတူ Hereditary မင်းသမီးကြီး Toni Collette တို့ ပါဝင်ထားတဲ့ ရုံတင်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။သိပ္ပံ စိတ်ကူးယဉ် ဂြိုလ်သား ဇာတ်လမ်းကိုမှ ရယ်ရခက်ငိုရခက် ဟာသအမျိုးအစား ရိုက်ကူးထားတာဖြစ်လို့ ကိုးရို့ကားယားနဲ့ အတော်ကြည့်ကောင်းမဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနာဂတ်ကာလ ကမ္ဘာပေါ်မှာ နေလို့ အခြေအနေမကောင်းတော့တဲ့အချိန်၊ ဂြိုလ်တွေကို နယ်ချဲ့ခရီးတွေ ထွက်ကြတဲ့အချိန်ပါ။အဲဒီအချိန်မှာ လူသားကို ကလုန်းပွားတဲ့ နည်းပညာလည်း ပေါ်နေပြီဖြစ်ပြီး ကျင့်ဝတ်နဲ့မညီလို့ ကမ္ဘာပေါ်မှာ ပိတ်ပင်ထားပါတယ်။ဒါပေမဲ့ ဂြိုလ်အသစ်တွေမှာ ရှာဖွေရေးထွက်တဲ့ အချိန်မှာတော့ အန္တရာယ်များလွန်းလို့ အဲဒီနည်းပညာကိုသုံးပြီး လူတစ်ယောက်တည်းကို ...
movie

Mickey 17 (2025)

2025
4K HEVC
The Finest Hours (2016) 6.7
The Finest Hours (2016) The Finest Hours (2016)~ IMDb - 6.7/10, Rotten Tomatoes - 64% ~၁၉၅၂ ခုနှစ်က ကိပ်ကုပ် မြို့အနီးမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး မှောက်တဲ့အချိန် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ဖို့ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။မာဆာ နဲ့ ပင်ဒယ်တန် ဆိုတဲ့ သင်္ဘောနှစ်စီး မှောက်သွားတာပါ။ မာဆာ သင်္ဘောမှောက်တာကို သတင်းစောစောရလို့ ကယ်ဆယ်ရေးတွေ စုပြုံပြီးသွားကြတဲ့အတွက် ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ရေးလွှတ်ဖို့အတွက် အဖွဲ့သား အလုံအလောက်မရှိတော့ပါဘူး။အဲဒါကြောင့် အနီးစပ်ဆုံး မြို့က ကမ်းခြေစောင့်တပ်ကို အကူခေါ်ပါတယ်။ အဲဒီစခန်းမှာလည်း သင်္ဘောတစ်စင်းက မာဆာသင်္ဘောကယ်ဆယ်ရေး လိုက်သွားလို့ မရှိတဲ့အတွက် ကျန်တဲ့ သင်္ဘောတစ်စင်းနဲ့ သင်္ဘောသားလေးယောက်က ပင်ဒယ်တန်သင်္ဘောကို ကယ်ဆယ်ဖို့ထွက်ရပါတော့တယ်။ဒါပေမဲ့ သူတို့ထွက်ရမယ့်နေရာကနေ သင်္ဘောပျက်ဆီသွားမယ်ဆိုရင် ရေတိမ်ကို ဖြတ်ရမှာပါ။ ပုံမှန်အချိန်ဆို ပြဿနာမရှိပေမဲ့ ဟာရီကိန်းအဆင့်နီးနီး နှင်းမုန်တိုင်းတိုက်နေတဲ့အချိန်မှာတော့ အဲဒီနေရာကို ကျော်ဖို့က အန္တရာယ်များပါတယ်။ သူတို့အတွက် ...
movie

The Finest Hours (2016)

2016
Bel Ami (2012) 5.4
Bel Ami (2012) Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie

Bel Ami (2012)

2012
My Cousin Rachel (2017) 6.2
My Cousin Rachel (2017)  ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားအသစ်လေးကတော2017 မှာ ထွက်ထားတဲ့ My Cousin Rachel ဆိုတဲ့ ဒရမ်မာကားလေးပါMe before you မင်းသား Sam Claflin ကအဓိကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပြီး IMDB 6.2 ထိရထားတဲ့ဇာတ်ကားလေးပါဒီထဲမှာ ဖိလစ်အက်ရှလေဆိုတဲ့ အင်္ဂလိပ် ကောင်လေးဟာမိဘမဲ့ဖြစ်ပြီး သူ့အစ်ကိုဝမ်းကွဲဖြစ်သူ အမ်ဘရို့စ်က မွေးစားထားခဲ့ပါတယ် တစ်နေ့တော့ အမ်ဘရို့စ်တစ်ယောက် အီတလီသူ ရေချယ်နဲ့ အိမ်ထောင်ကျသွားပါတယ် အဲနောက် သိပ်မကြာခင်ပဲ အမ်ဘရို့စ်ဆုံးပါးသွားခဲ့ပါတယ်ဖိလစ်ဟာ သူ့အစ်ကိုသေရတာ ရေချယ်ကြောင့်ဆိုပြီးစွပ်စွဲဖို့ ကြိုးစားနေရာက ရေချယ်ကိုတွေ့လိုက်တဲ့အခါရေချယ်ရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ အလှအပတွေကြောင်ဆင်ခြင်တုံတရားကင်းမဲ့လာတဲ့အထိ ရေချယ်အပေါ်စွဲလမ်းရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြပါဦးတကယ်ကို ကြည့်ထိုက်တဲ့ဇာတ်ကားလို့ ညွှန်းပေးပါရစေ(ဘာသာပြန်သူကတော့ မေသရဖီလွင်ပါ)File Size : (780 MB) and (300 MB) Quality : 720pBluray Running Time : 1hr 46minutes Format : Mp4 Genre : Drama, Mystery, ...
movie

My Cousin Rachel (2017)

2017